### ရွှေတောင်ကြားက Studio မှာ ခြောက်တဲ့ သူရဲ... ###
November 6, 2013 at 10:25pm
### ရွှေတောင်ကြားက Studio မှာ ခြောက်တဲ့ သူရဲ... ###လွန်ခဲ့သော ၃ နှစ်လောက်က ကျွန်တော့်ရဲ့ကိုယ်တွေ့အဖြစ်အပျ
က်ပါ...
ကျွန်တော့်ရဲ့သူငယ်ချင်းတစ်ယောက်အိမ်မှာ Home studio လေးဖွင့်ထားပါတယ်... တည်နေရာကတော့ရွှေတောင်ကြား အပိုင်း ဗဟန်းမြို့နယ် မှာပေါ့ ခြံအမှတ်ကိုတော့မပြောပြတာကဘော်ဒ
ါတို့လည်းနားလည်မှာပါ
ထားပါတော့ အဲဒီသူငယ်ချင်းနဲ့က ငယ်ပေါင်းတော့မဟုတ်ပေမယ့် ညီအစ်ကိုလိုပဲခင်ပါတယ် သူငယ်ချင်း studio လေးကသူ့တို့အိမ်လေးပါပဲ ဆိုလိုချင်တာက studio သီးသန့်သက်သက်ခွဲထားတာမဟုတ်ပဲ သူငယ်ချင်းအဖေနဲ့အမေက အပေါ်ထပ် studio လေးကအောက်ထပ်မှာပေါ့ သူငယ်ချင်းတို့နေထိုင်ပုံကနွေးနွေးထွေးထွေးရှိပါတယ် ဘာလို့လဲဆိုတော့သူငယ်ချင်းးရဲ့အဖိုးအဖွားတွေနေတဲ့အိမ်ရော ဦးလေးတွေအဒေါ်တွေနေတဲ့အိမ်ရော သူတို့နေတဲ့အိမ်ရော ကကုန်းပေါ်ကခြံဝန်းအကျယ်ကြီးထဲမှ
ာစုပြီးဆောက်ထားကြတာလေ
အတိအကျပြောရရင်တော့မိသားစု ၄ စုနဲ့အိမ် ၄ လုံးကတစ်ခြံတည်းမှာပဲအတူရှိတယ်ေ
ပါ့ဗျာ
အဲဒီ့အချိန်တုန်းက ကျွန်တော်ဟာအိမ်မှာနေတယ်လို့ကိုမရှိတာ တစ်ပတ်မှာ ၆ ရက်လောက်က ဘော်ဒါရဲ့ studio မှာအိပ် studio မှာစားပဲ များသောအားဖြင့်တစ်ခြားဘော်ဒါတေ
ွပါရှိနေတတ် တာများပါတယ်
အဲ... တစ်နေ့ပေါ့ဗျာ မိုးကလဲအေး Studio မှာကလည်း ဘော်ဒါနဲ့ကျွန်တော်နှစ်ယောက်ထဲရယ် တခြားဘော်ဒါတွေလဲမလာကြဘူး ဒါပေမယ့်ကျွန်တော်တို့ကနှစ်ယောက်ထဲလဲပျင်းစရာမရှိဘူး သီချင်းတွေဖွင့်လိုက် MTV တွေကြည့်လိုက် အချင်းချင်းနောက်လိုက်ပြောင်လိုက် ရယ်လိုက် ခြံထဲဆင်းပြီးဆေးလိပ်သောက်လိုက်နဲ့နေလာလိုက်တာ ညဘက်ကိုရောက်မှန်းမသိရောက်ပါလေရော ညအိပ်တော့ Studio အောက်ထပ်မှာကျွန်တော်တို့နှစ်ယောက်ထဲအိပ်တယ် အိမ်အပေါ်ထပ်မှာတော့ ဘော်ဒါရဲ့အဖေနဲ့အမေအိပ်တယ်ပေါ့ဗ
ျာ
အဲဒီ့မှာဇာတ်လမ်းကစတာပဲ ကျွန်တော်တို့နှစ်ယောက်က Engineer Room မှာအခင်းခင်းပြီးအိပ်ကြတာ မီးတွေလဲအားလုံးပိတ်ထားတယ်ဆိုပေမယ့် လှေခါးမှာထွန်းထားတဲ့မီးရောင်နဲ့က ကောင်းကောင်းတော့အခန်းတွင်းမှာမြင်ရတယ် အိပ်ခါနီးထိစကားပြောပြီးအိပ်ရာထဲမှာဟီးဟီးဟားဟားလုပ်နေရင်းကျွန်တော်လဲအိပ်ချင်လာတာနဲ့ဘေးတစ်ဖက်ကိုစောင်းလိုက်တယ် ဘာမှတောင်မကြာလိုက်ဘူးဘော်ဒါကအေ
နာက်ကနေ ကျောကိုလက်တို့ပြီးတော့ပြောတယ် လေသံကတိုးတိုးနဲ့
''သားကြီးရေငါတို့ခြေရင်းမှာ ဘာကြီးလဲမသိဘူး တို့နှစ်ယောက်ကို မတ်တပ်ကြီးရပ်ကြည့်နေတယ်''တဲ့ ကျွန်တော်ကမျက်လုံးဖွင့်မကြည့်သေးပဲပြန်ပြောလိုက်တယ် ဒီကောင်အိပ်ခါနီးတောင်လာနောက်နေတယ်ပေါ့ ''သားကြီး မနောက်နဲ့တော့ကွာငါအိပ်ချင်နေပြီ'' လို့လဲပြောလိုက်ရောခြေရင်းကနေ သက်ပြင်းချတဲ့အသံကြီးကိုနားနဲ့ဆက်ဆက်ကြားလိုက်ရတယ် ဘော်ဒါကထပ်ပြီး ''သားကြီးငါမနောက်ဘူးအတည်ပြောနေတာ'' ဆိုတော့ သဘောတော့ပေါက်သွားပြီ မရဲတရဲနဲ့ခြေရင်းကို ကြည့်လိုက်တော့ ''အမလေး သောက်ကျိုးနည်း ဘာကောင်ကြီးလဲ'' ဆိုပြီးစိတ်ထဲကအော်ရင်း တစ်ကိုယ်လုံးကြက်သီးတွေဖျင်းကနဲထပြီး ခေါင်းနားပန်းအတော်ကိုကြီးသွားတ
ယ်
ကျွန်တော်မြင်နေရတာက Studio ရဲ့မျက်နှာကျက်အထိခေါင်းကတိုက်နေပြီး ဆံပင်အကြေကောက်ဖားလားကြီးချထားတဲ့ဖြူဖြူကြီးဗျ လူပုံတော့လူပုံပဲ မှောင်နေတော့မျက်နှာမမြင်ရဘူး သူဖြူတဲ့အဖြူက မီးခိုးငွေ့အဖြူလိုမျိုး ဖြူဖျော့တဲ့အရောင်မျိုး ကျွန်တော်လဲဘာရမလဲ စောင်ကိုခေါင်းမြှီးခြုံပြီးတော့ရတဲ့ ဘုရားစာကို ရွတ်တော့တာပဲ ဒါပေမယ့်ဘော်ဒါပြောလိုက်တဲ့စကားကြောင့်ကျွန်တော်အတော်ကိုအားတက်သွားတယ် သူပြောတာက ''သားကြီး ဘုရားစာမရွတ်နဲ့ သူတို့မကြိုက်ဘူး'' တဲ့ပြီးပါလေရော ဟိုပု ဂ္လိုလ် ကတော့ဘာတွေတင်းနေလဲမသိဘူး အသက်ရှူသံပြင်းပြင်းနဲ့ ရပ်ကြည့်နေတုန်း ကျွန်တော်ကမေးလိုက်တယ် ''ဘယ်လိုလုပ်ရမလဲ''လို့ ဘော်ဒါကပြောတယ် ''ဒီအတိုင်းမေတ္တာပို့ပြီးငြိမ်နေလိုက်''တဲ့ ဘယ်တတ်နိုင်မလဲငြိမ်နေရတော့တာပေါ့ (မငြိမ်လို့လဲရဘူးလေ ဟိုကနည်းတာကြီးမှမဟုတ်တာ) ဒီလိုနဲ့အတော်ကြာတဲ့အထိရပ်နေပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်ပြန်မှိတ်လိုက်နဲ့ ၃ ခါတိတိမှာပျောက်သွားတယ် ဘာပြောကောင်းမလဲ ရှိသမျှမီးတွေအားလုံးဖွင့်ပြီးအ
ိပ်ပြစ်လိုက်တယ်
နောက်မှသိရတာက ဘော်ဒါတို့အိမ်နဲ့သူ့ဦးလေးအိမ်နဲ့ကြားမှာ အရင်ကသစ်ပင်တစ်ပင်ရှိတယ် အဲဒီ့အပင်မှာနေတာတဲ့ အိမ်နှစ်လုံးညှုပ်ဆောက်တော့အပင်ကိုခုတ်လိုက်ရော သူတို့အိမ်ပေါ်ရောက်လာတာတဲ့ လူမျိုးခြားတွေအိမ်လာလည်ရင်မကြိုက်ဘူးတဲ့ ကိုယ်ကလူမျိုးမခြားပေမယ့်အဲဒီ့နေ့ကဘာများမှားပြောမိလဲမသိပါဘူး အဲဒီဘော်ဒါအိမ်မှာကျွန်တော်တို့
သွားလည်သွားအိပ်လုပ်တာကြာပါပြီ အဲဒီ့တစ်ခါပဲ မျက်ဝါးထင်ထင်တွေ့ခဲ့ရတယ်
ကျွန်တော်ရပ်ကွက်ထဲပြန်ရောက်တော့မှ ဘော်ဒါတစ်ယောက်ထပ်ပြောပြတာက ''မင်းကမှတော်သေးတယ် ငါ့တုန်းက Recording Room ထဲမှာအိပ်နေတုန်းစောင်ကိုလာဆွဲတာ''တဲ့ အဲလိုပြောတဲ့သူငယ်ချင်းက အိန္ဒိယဟိန္ဒူစပ်တယ်လေ ဒါပါပဲဗျာ ခုနောက်ပိုင်းတော့အဲဒီ့ဘော်ဒါဆီအကြောင်းအမျိုးမျိုးကြောင့်လုံးဝ မရောက်ဖြစ်တော့ပါဘူး စာဖတ်ပရိတ်သတ်ကိုရော ခုလိုကိုယ်တွေ့ဖြစ်ရပ်လေးကို ပြောပြခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ဗျားးးးးးးးး
ကိုယ်တွေ့အဖြစ်အပျက်လေးကို ပြောပြပေးတဲ့ ကို Ye Phyo ကို ကျွန်တော်တို့ Admin များမှ အထူးကျေးဇူးတင်ရှိပါတယ်လို့ပြောပါရစေခင်ဗျာ... အကြောင်း အမျိုးမျိုးကြောင့် Post တင်ဖို့ နှောင့်နှေးခဲ့တာကို ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်..... နောက်ထပ် ကိုရဲဖြိုးရဲ့ ကိုယ်တွေ့လေးကို သူငယ်ချင်းတွေနဲ့အတူ ဖတ်ချင်ပါသေးတယ်ဗျာ.....။ ။
Credit by Ye Phyo
ADMIN - Htut Htet
No comments:
Post a Comment