Monday, January 20, 2014

******ရင်နင့်ဖွယ်နာဂစ်၏သားကောင်များ*****

November 6, 2013 at 9:33pm
******ရင်နင့်ဖွယ်နာဂစ်၏သားကောင်များ***** နာဂစ်ဖြစ်စဉ်ပြီးလေးလအကြာဖြစ်ရပ်ကိုပြန်လည်ဖော်ပြပေးတာပါခင်ဗျာ ...။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး မြန်မာ့ကမ်းရိုးတမ်း ဒေသများ သို့ ၀င်ရောက် တိုက်ခတ်ခဲ့ပြီး လေးလမျှ ကြာမြင့် နေပြီဖြစ်သော် လည်း မုန်တိုင်းဒဏ်ကို အဓိကခံစားခဲ့ရသည့် ဧရာဝတီတိုင်း အတွင်းရှိ အချို့ဒေသများတွင် တွေဝေ ငေးငိုင်ပြီး ခံစားချက်ကင်းမဲ့နေသည့် အသက်ရှင် ကျန်ရစ်သူများ၊ မမြုပ်နှံရသေးသည့် ရုပ်အလောင်း အကြွင်းအကျန်များ နှင့်အတူ မည်းမှောင်ခြောက်ခြားဖွယ် ညများအတွင်း ညည်းညူအော်ဟစ်ရင်း လှည့်လည်သွား လာနေသော မကျွတ်မလွတ်သည့် တစ္ဆေများနှင့် ပြည့်နှက် နေဆဲဖြစ်ကြောင်း သိရှိရသည်။ အကူအညီများ မရရှိသည့်ဒေသများတွင် ငတ်မွတ်ခြင်းနှင့် ကူးစက်ရောဂါများ ထူပြောနေပြီး အသက်ရှင် ကျန်ရစ်သည့် လေဘေးဒုက္ခသည်များမှာ မရေရာမသေချာလှသော ၄င်းတို့၏ အနာဂါတ် ဘ၀အတွက် ပြင်းအထန် ရုန်းကန်နေကြရသည်။ ကျယ်ပြောသော ရေလွှမ်းဒေသများနှင့် ရွှံ့နွံ များအတွင်း အသက်ရှင်သူများနှင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကြားတွင် ကျဉ်းမြောင်းသော နယ်နိမိတ် ကလေးသာ ကန့်သတ် နေထိုင် နေရသည်။ ထိုဒေသများသို့ ရောက်ရှိခဲ့သည့် မျက်မြင်များ၏အဆိုအရ အလောင်းများစုပုံထားသည့်နေရာနှင့် လူများကြား ကန့်သတ်ထားသော နယ်နိမိတ်အတွင်းတွင် မကျွတ်မလွတ်နိုင် သေးဘဲ တ၀ဲလည်လည်ခြောက်လှန့်နေသည့် တစ္ဆေ၀ိဥာဉ်များ အား ထိတ်ခန့်စဖွယ် တွေ့မြင်ခဲ့ရသည်ဟု သိရှိရသည်။ မေလ (၃) ရက်နေ့က နာဂစ် ဆိုင်ကလုန်း တိုက်ခတ်အပြီး ထိုဒေသများသို့ ရောက်ရှိခဲ့သည့် ဓာတ်ပုံဆရာတစ်ဦးက ဒေသခံများအတွက် ထိုသရဲတစ္ဆေများမှာ မြင်တွေ့ရလွန်း၍ အဆန်း မဟုတ်တော့ကြောင်း ပြောကြားခဲ့သည်။ ၄င်း က ထိုနေရာများသို့ နိုင်ငံခြား သတင်းထောက်များ ရောက်ရှိမလာနိုင်ခြင်းကြောင့် အဆိုပါဒေသများအတွင်း အဖြစ်အပျက်များကို လူအများ သိရှိမှု နည်းပါးကြောင်း ဖြည့်စွက်ပြောကြားသွားသည်။ ထိုဒေသများအတွင်း အသက်ရှင် လွတ်မြောက်ခဲ့သူများမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းအလုံးစုံ ချည့်နဲ့နေပြီး ခံစားချက်မရှိတော့သည့် ပုံသဏ္ဍန်များ ဖြစ်နေကြကြောင်း၊ အများစုမှာ ၄င်းတိုယ့်ကိုယ်ကို ပြန်လည်ထူထောင်ရန် အင်အားမရှိတော့ကြောင်း အဆိုပါ ဓာတ်ပုံဆရာက ပြောပြခဲ့သည်။ မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာမှ ကယ်ဆယ်ရေးဝန်ထမ်းများအား ၀င်ရောက်ခွင့်ပြုရန် ငြင်းဆန်ခဲ့ပြီး ကယ်ဆယ်ရေး ပစ္စည်းများကိုသာ လက်ခံခဲ့သည်။ တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားသည့် အဆိုပ်ဒေသများ အတွင်း မုန်တိုင်းဒဏ်ခံပြည်သူ (၂.၄) သန်းခန့်ရှိနေမည်ဟု ကုလသမဂ္ဂမှ ခန့်မှန်းထားသည်။ ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း (၁၃၈၀၀၀) ကျော် သေကြေပျောက်ဆုံးခဲ့ပြီး လူပေါင်း (၈၀၀၀၀၀) ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂမှ ပြောကြားခဲ့ပြီး အင်အားပြင်းထန်သည့် လေမုန်တိုင်းကြောင့် ဆူနာမီလှိုင်းလုံးများ ကဲ့သို့ လူပေါင်းများစွာကို သေကျေပျက်စီးစေခဲ့ကြောင်း ဖော်ပြခဲ့သည်။ ပျက်စီးနေသောအိမ်များ၊ အမြစ်မှ ကျွတ်ထွက်သွားပြီး ပြောင်းပြန်လန်နေသော သစ်ပင်ကြီးများမှာ နာဂစ်ဆိုင်ကလုန်း၏ ကြမ်းတမ်းခက်ထန်မှုကို ပေါ်လွင်စေပြီး ငါးဖမ်းလှေများမှာလည်း နာဂစ်မုန်တိုင်းအတွင်း ဆိုးရွားစွာပျက်စီးခဲ့သည်။ ထို့အတူ စပါး စိုက်ဧကများစွာတို့မှာ ဆားငန်ရေများဝင်ရောက်မှုကြောင့် ပျက်စီးခဲ့ရသည်။ ယခုနှစ်စိုက်ပျိုးရာသီမှာ ကုန်ဆုံးသွား ခဲ့ပြီဖြစ်ပြီး ထိုစိုက်ပျိုးမြေများပေါ်မှီ၍ အသက်မွေးနေရသူများအတွက် နောင်နှစ်များတွင် ပိုမိုခက်ခဲစွာ ရုန်းကန်ရ ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်၊ အချို့ကအိမ်များမှာ ပြန်လည်ပြုပြင်ပြီးဖြစ်၍ အချို့သော လယ်ယာများတွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သော်လည်း မုန်တိုင်းဒဏ်ကို ဆိုးရွားစွာကြုံတွေ့ခဲ့ရသည့် ဒေသအတော်များများမှာ မြို့ပျက်ရွာပျက်များသဖွယ်ဖြစ်နေပြီး လူနှင့်တိရစ္ဆာန်များ၏ အရိုးစုများနှင့် ပုပ်သိုးဆွေးမြေ့နေသည့် ခန္ဓာကိုယ် အကြွင်းအကျန်များမှာ ပြန့်ကြဲတည်ရှိနေကြသည်။ လက်ရှိအနေအထားအရ နာဂစ်ဒဏ်ခံဒေသများအတွင်း ပြန်လည်တည်ဆောက်မှုများမှာ မပြီးပြတ်နိုင်သေးဘဲ ကြန့်ကြာနေမှုများကြောင့် ထိုသို့သော တစ္ဆေသရဲပြဿနာများ အတွက် အချိန်ပေးဖြေရှင်းနိုင်ဖွယ်မရှိသေးပေ။ ထို့ကြောင့် ဒုက္ခသည်များအနေဖြင့် ဧရာဝတီတိုင်း အတွင်းရှိ နံစော်ပုပ်ဟောင်နေသော အမှောင်ထုအတွင်း လှုပ်ရှားသွားလာနေသည့် မကျွတ်မလွတ် နိုင်သေးရှာသော ဝေဆုံးသူတို့၏ ၀ိဥာဉ်များကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်နေ ကြရဦးမည် သာဖြစ်သည်။ Admin-မိုးတိမ် ပုံပြင်

No comments:

Post a Comment