********စုန်းမတယောက်၇ဲ့မကျေနပ်ချက်*******
November 6, 2013 at 9:48pm
********စုန်းမတယောက်၇ဲ့မကျေနပ်ချက်*******Member -Nang Bo Kham ရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေး...
ဒို့က၇ှမ်းပြည်နယ်တောင်ပိုင်းက၇ွာလေးတ၇ွာမှာနေပါတယ်။ဒို့နေတဲ့၇ွာကပအိုဝ်းလူမျိုးတွေနေတဲ့၇ွာပေါ့။ပအိုဝ့်ဆိုတော့တောင်ယာဘဲလုပ်စားကြတယ်ပေါ့။ဒို့တတွေလည်းထုံးစံအတိုင်းတောင်ယာဘဲလုပ်စားကြတာပေါ့။ဘိုးဘွားဘောင်ဆက်ပေါ့။ထားလိုက်ပါတော့အင်ထ၇ိုဝင်နေတာနဲ့ရှည်သွားပီ။ဒို့ပြောချင်တာကစုန်းမတယောက်အကြောင်းပါ။ဒို့တတွေကတောင်ယာလုပ်တော့သူ၇င်းငှားတွေကို၇ွာကလူတွေနဲ့မလောက်၇င်တခြားအပြင်ရွာကလူတွေကိုခေါ်၇တာပေါ့နော်။ဒို့၇ွာကလူတိုင်းအမြဲတမ်းသူ၇င်းငှားကိုအဲတိုင်းခေါ်နေကျဆိုတော့ဒို့လည်းအဲလိုခေါ်၇တာပေါ့။ဒို့ခေါ်တဲ့သူ၇င်းငှားနေတဲ့ရွာကဒို့ရွာနဲ့တော့၂မိုင်လောက်ဝေးမယ်ထင်တယ်။အဲဒီ၇ွာကသူ၇င်းငှားတွေကိုအဘိုးအဘွားတွေကခေါ်တော့အမေတို့လည်းအဲ၇ွာကလူတွေကိုလိုက်ခေါ်တယ်ပေါ့။အဲ၇ွာမှာစုန်းမညီအမလေးယောက်ရှိတယ်။အဲ၇ွာတ၇ွာလုံးကလည်းသူတို့စုန်းမမှန်းသိတယ်။သူတို့ညီအမလေးယောက်လုံးကတအားကြမ်းတယ်။ကြမ်းမှန်းလည်း သိတယ်။ကြောက်လည်းကြောက်ကြတယ်သူတို့တွေကို။ ကြောက်လည်းဆက်ဆံကြ၇တယ်။မဆက်ဆံ၇င် သူတို့ပညာနဲ့လုပ်မှာစိုးလို့။ကြောက်လျက်နဲ့အောင့်ကာနမ်းဆိုတဲ့ပ
ုံမျိုးပေါ့။
တခုအနေနဲ့ပြောရအုံးမယ်စုန်းတွေကချစ်၇င်လည်းပညာနဲ့ပြုစားတတ်တယ်။မုန်း၇င်လည်း ပညာနဲ့ပြုစားတတ်တယ်လို့ပြောကြတယ
်။တခါတလေသူတို့ချစ်တဲ့လူကို သူတို့ရဲံပညာတွေ ထည့်ပေးတတ်ကြတယ်တဲ့ ။အဘွားပြောပြလို့သိ၇တာပါ။
ကဲထားပါတော့။
ဒို့တွေခေါ်တဲ့သူ၇င်းငှားတွေထဲမှာသူတို့ညီအမလေးယောက်လည်းပါလာတယ်။အစကတော့သူတို့အဲလိုဆိုတာ ဒို့မိဘတွေမသိဘူးပေါ့။နောက်တော့မှ အဲ၇ွာကလူတွေ တိုးတိုးသိပ်သိပ်ပြောပြမှသိ၇တယ်။သူတို့အကြောင်းပြော၇င်လည်း သူတို့အဝေးမှာ၇ှိနေ၇င်လည်းသူတို့ကြား၇တယ်။သူတို့သိတယ်တဲ့နော်။အဲဒါနဲံအမေကသူတို့အဲလိုဆိုတာသိေ၇ာ သူတို့ကိုလုံးဝ သူ၇င်းငှား အနေနဲ့ မခေါ်၇ဲတော့ဘူးပေါ့နော်။ဒါပေမယ့် သူတို့ကမခေါ်လည်းလာတယ်။လာလည်းမလာနဲ့လို့ဘယ်သူမှမပြော၇ဲဘူးပေါ့နော်။ကြောက်ကြောက်နဲ့ဆက်ဆံ၇တာပေါ့နော်။အဲကြောင့်အမေ က သူတို့တွေနဲ့ ထမင်းစား၇င် ဘု၇ားစာ၇ွတ်ပီးမှစား။အင်္ကျီလက်မောင်းတင်ပီးမှစားလို့သတိပေးတယ်။ အဲဒါနဲ့ဘာမှမဖြစ်သေးပါဘူး။ဒို့တွေက တောင်ယာလုပ်တဲ့လူတွေဆိုတော့ အလုပ်များ၇င်တောင်ယာမှာညအိပ်ပီးတော့လုပ်တယ်။အဲလိုညအိပ်ပီးမှလုပ်၇င်အလုပ်လည်းပိုပီးလို့လေ။အဲလိုနဲ့ဒို့တွေလည်း အလုပ်များတော့ တောင်ယာမှာအိပ်ဖို့စီစဉ်တယ်။သူ၇င်းငှားတွေလည်းလိုက်အိပ်တယ်ပေါ့။သူတို့တွေကိုဒို့တွေကထမင်းချက်ကျွေး၇တယ်ပေါ့သူတို့လိုက်အိပ်၇င်ပေါ့။အဲဒီမှာ သူတို့တွေထဲက ဒုတိယတယောက်ပေါ့ ဒို့၇ဲ့မိဘမခေါ်ဘဲနဲ့သူက လိုက်အိပ်တယ်။ သူလည်း လိုက်အိပ်မယ်လို့ပြေတယ် မပေးအိပ်ဘူးလို့လည်းမပြော၇ဲဘူးပေါ့နော်။အဲဒီမှာ အိပ်တော့သူနဲ့ဘယ်သူမှကပ်ပီးမအိပ်၇ဲကြဘူးပေါ့နော်။ခွာပီးအိပ်ကြတယ်။သူဘေး နားကိုဒို့၇ွာကသူ၇င်းငှားကောင်မလေးတယောက်အိပ်တယ်လေ။ သူနာမည်ကိုတော့မနီဘဲဆိုပါတော့ပေါ့နော်။လေးငါးခြောက်ည မှာဘာမှမဖြစ်သေးဘူး။ ဒါပေမယ့် နောက်ဆုံးညမှာပေါ့နော် ဒို့တွေအလုပ်တွေအကုန်လုံးပီးတဲ့ညပေါ့နော်။အဲညမှာ ဒို့အမေက သူ၇င်းငှားတွေကိုဝက်သားဟင်းချက်ကြွေးတယ်။ အဲမှာထမင်းစားကြတော့ သူ့ဘေးမှာအိပ်တဲ့တယောက်ကဟင်းနှိုက်လိုက်တယ်။သူနဲ့တ၀ိုင်းတည်းအကုန်လုံးတူတူ စားကြပါတယ်။ အဲဒါသူဘေးမှာအိပ်တဲ့ကောင်မလေး မနီ နှိုက်တဲ့ဟင်းက ၀က်သားတုံးအကြီးကြီးပေါ့နော်။အဲမှာသူကလည်းဟင်းနှို်က်မလို့လုပ်တုန်းကောင်မလေးကခူးသွားတော့သူကမျက်တောင့်နီကြီးနဲ့ကြည့်နေတယ်။ကောင်မလေးကလည်းသတိမထားမိဘူးပေါ့နော်မနီလဘေးကအဒေါ်ကြီးတယောက်ကတွေ့တယ်အဲဒါကို။စားပီးတော့ ခဏလောက်စကားထိုင်ပြောကြ၇င်းနဲ့ပင်ပန်းကြတာနဲ့အစောကြီးအိပ်၇ာဝင်ကြတယ်။ အဲမှာည တစ်နာ၇ီလောက်မှာသူဘေးနားအိပ်နေတဲ့ကောင်မလေးကအသက်၇ှူကြပ်တယ်လည်ပင်းနားဘာခံနေလဲမသိဘူးဆိုပီတော့ထပီးငိုနေ၇င်းနဲအာခေါင်ကိုကလော၇င်းနဲ့ထိုးထိုးအန်တာ။အလုံးကြီးတလုံးခံနေသလိုဘဲတဲ့။အန်လည်းမတက်သာဘူးပေါ့နော်။ အဲဒါနဲ့အမေက ဘု၇ားစင်ပေါ်တင်ထားတဲ့ပ၇ိတ်ေ၇ကိုတိုက်ပီးတော့သူ့ကိုဘု၇ား၇ှိခိုးခိုင်းလိုက်မှလုံးဝကိုသက်သာသွားတာ။အဲဒီမိန်းမကတော့ သူမဟုတ်သလိုဘဲ ကောင်မလေးကိုတောင်သက်သာပီလားဘာလားမေးနေသေးတယ်။ပီးတော့ သူအကြောင်းကိုသိတဲ့အဒေါ်တယောက်က သူကိုကြည့်လိုက်တော့မျက်ထောင့်ကြီးနီပီးမထီမဲ့ပြုံးနေသလိုထင်၇တာပေါ့နော်။အဲဒီကောင်မလေးဖြစ်ပီးေ၇ာဘယ်သူမှဆက်ပီးမအိပ်၇ဲကြတော့ဘူးပေါ။အကုန်လုံးဘဲမသိသလိုနဲ့ လန့်လန့်နဲ့ဘဲမိုးလင်းတဲ့အထိမီးဖိုပီးဘု၇ားစာ၇ွတ်၇င်းနဲ့ထိုင်နေကြတော့တယ်။ မနက်ေ၇ာက်မှဒို့တွေအကုန်လုံး အကြောက်သက်သာကြတော့တယ်ပေါ့နော်။
(အဲဒါကတော့တကယ်ကိုယ်တွေ့ဖြစ်၇ပ်ပါ။စာမတင်ဖူးတော့အမှားပါ၇င်ခွင့်လွတ်ပေးကြပါ၇န်.....)
ဇာတ်လမ်းရေးသားပေးပို့သောမန်ဘာNang Bo Kham ကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်.
.။ ယခုလိုဇာတ်လမ်းလေးများ ထပ်မံပေးပို့ရန်လည်း တောင်းဆိုချင်ပါသည်..။
Special Thank : မိုးတိမ် ပုံပြင်
P.S..ထူးခြားချက်။ ။ ယခုဇာတ်လမ်းကို ပိုတ့်စ်တင်ရန်ကြိုးစားစဉ်သုံးကြိမ်လုံး အက်ဒမင် ၏လက်တော့မှာ သုံးကြိမ်လုံးအကောင်းကြီးမှ ပိတ်သွားပါသည်..။ အခြားပို့တ့်စ်များပြောင်းတင်သောအခါ မည်သည့်အခက်အခဲမှမရှိပါ...။ယခုပိုတ့်ကို ရုံးမှကွန်ပြူတာနှင့်တင်လိုက်ပါသည်..။
No comments:
Post a Comment