Monday, January 20, 2014

ကမ္ဘာ့သရဲအခြောက်ဆုံး သဘောင်္ကြီး)The Queen Mary Haunted Ship

November 6, 2013 at 9:44pm
CTRL + Q to Enable/Disable Go Photo.itကမ္ဘာ့သရဲအခြောက်ဆုံး သဘောင်္ကြီး)The Queen Mary Haunted Ship

အမေရိကန် နိုင်ငံမှာ ရှိတဲ့ ခြောက်ခြား စရာနေရာ ၁၀ခုထဲက ထိပ်တန်ဝင် တစ်ခုဖြစ်တဲ့ သရဲပေါင်း ၁၅၀ကျော် ကျက်စား နေတဲ့ သဘောင်္ကြီး The Queen Mary အကြောင်း ဖတ်ကြည့်ပါဦး။

The Queen Mary သင်္ဘော ကြီးဟာ ဒုတိယ ကမ္ဘာစစ် တုန်းက ပို့ဆောင်ရေး သင်္ဘော အနေနဲ့ရော၊ ဇိမ်ခံ သင်္ဘော အဖြစ်နဲ့ပါ ဆယ်စုနှစ် ပေါင်း များစွာ တိုင်အောင် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ စစ်ပွဲ ကာလ ရေပြင်မှာ တိတ်တဆိတ် သွားလာ နိုင်ဖို့ မီးခိုးရောင် သုတ်ထားတဲ့ အတွက် မရည်ရွယ် ဘဲနဲ့ သူမဟာ "The Grey Ghost" ဆိုတဲ့ နာမည်ကို ရခဲ့ပါတယ်။ အဲ့အချိန်က The Queen Mary သင်္ဘောဟာ လှိုင်းမူး နေတဲ့ သင်္ဘော သားတွေ၊ စားရမဲ့ သောက်ရမဲ့ ဘ၀ရောက် နေတဲ့ သင်္ဘော ခိုးစီးသူ တွေနဲ့ ချမ်းသာ ကြွယ်ဝတဲ့ အပန်းဖြေ လည်ပတ်သူ တွေကို သယ်ဆောင် ခဲ့ပါတယ်။ ဒီလို သမိုင်း ကြောင်းတွေ ရှိခဲ့တဲ့ အတွက် သင်္ဘောပေါ်မှာ သေဆုံး မှုတွေ (အယောက် ၅၀ လောက်) ဖြစ်ပျက် ခဲ့တာ အံ့သြဖို့ မလိုတော့ ပါဘူး။ တကယ် တော့ သင်္ဘောရဲ့ အစိတ် အပိုင်း တချို့ကို ပြည်သူ လူထု တွေကို ချမပြဘဲ ဖုံးကွယ် ထားရ လောက်အောင်ကို ခြောက်ချား စရာတွေ အများကြီး ရှိနေခဲ့ တာပါ။ သို့ပေမယ့်လည်း သဘာဝလွန် ဖြစ်ရပ်တွေကို စူးစမ်း လေ့လာဖို့ အတွက် အသေ ကောင်တွေ ရှိနေတဲ့ ခန်းမ တွေနဲ့ သင်္ဘော အခန်းငယ် တွေကို ခြောက်ချား ဖွယ် သွားရောက် မှုတွေ ရှိနေဆဲပါ။ ကိုယ်တိုင် လည်း The Queen Mary မှာ တစ်ည လောက် သွား လေ့လာ နိုင်ပါတယ်။ ဒါပေမယ့် ဒီစာကို ဆုံးအောင် ဖတ်ပြီး ရင်တော့ အတွေး တွေ ပြောင်း လောက်မယ် ထင်ပါရဲ့။
သေဆုံးမှု များစွာ ထဲကမှ ပထမဆုံး တစ်ခု ကတော့ The Queen Mary မှာအလုပ် တစ်နေရာ ရဖို့ အသက် လိမ်ခဲ့တဲ့ John Henry ဆိုတဲ့ သင်္ဘောသား ငယ်လေးဟာ မကြာခင်မှာပဲ သင်္ဘော မီးလောင်မှု တစ်ခုကနေ ထွက်ပြေးဖို့ ကြိုးစားရင်း တစ်စုံတစ်ခုနဲ့ ဖိမိပြီး သေဆုံးခဲ့ ရပါတယ်။ အဲနေ့မှာ ဒီလူငယ်လေး အကြွေ စောခဲ့ရတဲ့ အင်ဂျင်ခန်း၁၃ တစ်ဝိုက်မှာ အလင်းရောင် တောက်တောက် တွေနဲ့ တံခါး ခေါက်သံ တွေကို ကြားရပါတယ်။ အင်ဂျင်ခန်း တံခါးကို ကိုင်မိရင် ပူလောင် နေပြီး အလင်းလုံး တွေနဲ့ မီးခိုးတန်း တွေကိုပါ ရောပြီး တွေ့ရတယ် လို့တောင် မှတ်တမ်း တွေထဲမှာ တွေ့ရ ပါတယ်။ The Shinning ဇာတ်ကားထဲက ဇာတ်ကောင် တွေလိုမျိုး ကြောက် စရာ မိန်းမ ငယ်လေး တွေကိုမှ သင်က ကြောက် တတ်တယ် ဆိုရင်တော့ ရေကူးကန် အနီး အနားကို ရှောင်ရှားချင် မိပါလိမ့်မယ်။ တတိယ တန်းက ကလေး မလေး တစ်ယောက် ဟာ လှေကား လက်ရန်း တွေပေါ်ကို လျှောစီး ကစားရင် ပျော်ရွှင်ရ လိမ့်မယ်လို့ ထင်မိဟန် တူပါတယ်။ ဒါပေမယ့် ရုတ်တရက် အားလှိုင်း တစ်ခုက ရိုက် ခတ်လိုက် တဲ့နောက် လမ်းချော်၊ ပြုတ်ကျပြီး ဇတ်ကျိုး ကာ သေဆုံးခဲ့ ရပါတယ်။ အခုတော့ သူမဟာ ကလေး ကစား ခန်းနဲ့ ရေကန် အနီးတ၀ိုက်မှာ သူမအမေ ဒါမှမဟုတ် အရုပ်ကို ရှာရင်း စူးစမ်း သွားလာ နေတယ်လို့ ဆိုရ ပါမယ်။ သူမ တစ်ယောက် တည်း တော့ မဟုတ်ဘူး ပေါ့လေ။ ၃၀ နဲ့ ၆၀ ခုနှစ်တွေမှာ ရေကန်နား ကံဆိုးစွာ သေဆုံး ခဲ့ကြတဲ့ မိန်းမကြီး နှစ်ယောက် ဟာလည်း ရေကန် ပတ်ပတ် လည်မှာ ပုံမှန် တွေ့နေရ တတ်ပါ တယ်တဲ့။
စစ်ပွဲ ဆိုတာ ကြမ်းကြုတ် ရက်စက်မှု တွေကို ယူဆောင်လာ စမြဲပါ။ ဒါပေမယ့် သင်္ဘောပေါ် ပါလာတဲ့ စစ်တပ်က သူ ချက်တာကို မကြိုက်လို့ ဟင်းအိုးထဲ ထည့်ချက် ခံရတဲ့ စားဖိုမှူး တစ်ယောက် အကြောင်း ကြားရ ရင် ဘယ်လို နေမှာပါလိမ့်။ သူတို့က စားဖိုမှူးကို ဟင်းအိုးထဲ သိပ်ထည့်ပြီး အရှင် လတ်လတ် မီးမြိုက် ကြပါတယ်။ သူတို့အတွက် ဟင်း ကောင်းကောင်း မချက် ပေးတဲ့ အပြစ်အတွက် သင်ခန်းစာ ပေးတဲ့ သဘောပါ။ အဲ့ စားဖို မှူးရဲ့ အော်သံ တွေဟာ ဒီနေ့ အချိန်ထိ သူရဲ့ ထိတ်လန့်ဖွယ် သေဆုံး မှုကို ပဲ့တင်ထပ် ဖော်ပြနေ ဆဲပါပဲ။ The Queen Mary ပေါ်မှာ တစ်ည လောက် အိပ်ဖို့ ခုချိန်ထိ သတ္တိရှိ သေးတယ် ဆိုရင်တော့ သင်္ဘော စားပွဲထိုး တစ်ယောက် ကို ငွေပေးပြီး သူနဲ့ ညအတူ အိပ်ဖို့ အမျိုးသမီး ခရီးသည် တစ်ယောက် ရှာခိုင်းတဲ့ လူ တစ်ယောက် အကြောင်း မှတ်တမ်း ရှိပါ သေးတယ်။ သူ့အထုပ် အပိုး တွေကို နေရာချ ပြီးချိန်မှာပဲ အမျိုးသမီး အဖော်ကို တွေ့ပါတယ်။ ဒါနဲ့ပဲ သူတို့ တစ်ညလုံး အတူတူ အပန်းဖြေ လိုက်ကြ ပါတယ်။ မိုးလင်းတော့ ထမင်း စားခန်း ထဲမှာအဲဒီ အမျိုးသားကို မတွေ့ တာနဲ့ သင်္ဘော စားပွဲထိုး တွေက သူ့ကို သွားရှာ ကြရော။ သူတို့ တွေ့လိုက် တာက အမျိုးသမီးရဲ့ အလောင်း ကြီးပါ။ အမျိုးသား ခရီးသည် ကိုတော့ ဘယ်လိုမှ ရှာမတွေ့ ခဲ့ပါဘူး။ သူ့ရဲ့ မှတ်တမ်း မှတ်ရာ တွေရော အထုပ် အပိုး တွေရော မရှိတော့ တာပါ။ သင်္ဘော ပေါ်က လူတွေ ကတော့ ဒီလူနဲ့ ပတ်သက်တဲ့ အထုပ်အပိုး တွေကို သူတို့ သေချာ နေရာ ချခဲ့ပြီး မှတ်တမ်း ကိုလည်း သေချာ ရေးမှတ် ခဲ့တယ်လို့ ကျိန်ပြောခဲ့ ကြပါတယ်။ အဲဒီလူဟာ သွေးတွေနဲ့ ကောလ ဟာလ တွေကို ချန်ထားခဲ့ပြီး ရိုးရိုး လေးပဲ ပျောက်ကွယ် သွားခဲ့ ပါတယ်။
The Queen Mary ဟာလူသေ ၄၉လောင်းရဲ့ အိမ်ဖြစ် ပေမယ့် ပတ်ပတ်လည် မှာလည်း လူသေတွေနဲ့ ၀န်းရံထား တာပါပဲ။ ရန်သူ သင်္ဘော တွေကို ရှောင်ရှားဖို့ ကြိုးစား ရာမှာ သူမဟာ ဘေးက သင်္ဘောရဲ့ လမ်းကြောင်းထဲကို ကွေ့ကောက် ၀င်သွားပြီး နှစ်ပိုင်း ကျိုးလုနီးပါး ဖြစ်စေခဲ့ ပါတယ်။ ဒီဖြစ်ရပ်က လူ၃၀၀ လောက်ကို ရေနစ် သေစေ၊ ဒါမှမဟုတ် ငါးမန်းစာ ဖြစ်စေ ခဲ့ပါတယ်။ The Queen Mary ရဲ့ဘေးဘောင် တွေကို ပဟေဠိ ဆန်ဆန် တဒုံးဒုံး ထုနေတဲ့ အသံတွေဟာ သင်္ဘောပေါ် ပြန်တက်ဖို့ ကြိုးစားနေ သူတွေရဲ့ အချက်ပေး သံတွေလို့ မှတ်တမ်း တွေက ဆိုပါတယ်။ ကိုယ်တွင်း ၀ိညာဉ် ဆက်သွယ်သူ Peter James ကတော့ သင်္ဘော ပေါ်မှာ အမျိုး မတူတဲ့ တစ္ဆေသရဲ ၁၅၀ကျော် လောက်နဲ့ ဆက်သွယ် ဖူးတယ်လို့ ပြောပါတယ်။ သူက နှစ်လကို တစ်ခါ လောက် သင်္ဘော ပေါ် သွားပြီး မကောင်း ဆိုးဝါး တွေနဲ့ ထိတွေ့ ဆက်သွယ် မှုတွေ လုပ်ဖို့ တောင်းဆို ထားပါ တယ်။ အပေါ်က သရဲတွေ အပါအ၀င် ပေါ့လေ။ သေဆုံးမှု ပုံစံ အများအပြား၊ သေဆုံးသူ အများ အပြားကို လေ့လာမှာ ဆိုတော့ သူ့တောင်း ဆိုမှုက ဖြစ်နိုင် ပါတယ်။ ဒီတော့ The Queen Mary သင်္ဘောကြီးဟာ လက်ရှိခေတ် အမေရိကရဲ့ ကြောက်မက် ဖွယ် အကောင်း ဆုံး နေရာ တွေထဲက တစ်ခု ဖြစ်တယ် ဆိုတာ အသေ အချာပါပဲ။

Admin:မိုးတိမ် ပုံပြင်
Credit to:MYMC

No comments:

Post a Comment