******ကျောင်းသားဘဝမှ မမေ့နိုင်သော သရဲသဘက်ကြီး******
November 6, 2013 at 9:39pm
******ကျောင်းသားဘဝမှ မမေ့နိုင်သော သရဲသဘက်ကြီး******Member-ကိုHtun Htun Latt ရေးသားပေးပို့သော ဇာတ်လမ်း...
လွန်ခဲ့သော ၁၅နှစ်လောက်ပေါ့ ကျွန်တော်က တောင်ကြီးမြို့ အထက(---)မှာ ၁၀တန်းကျောင်းသားဘဝပေါ့--အဲဒီအတွေ့အကြုံကအခုထိ မြင်ရောင်နေတုန်းဘဲ အဲဒီခေတ်တုန်းက ၁၀တန်းစာမေးပွဲ ၂လလောက်အလို ကျောင်းမှာယောကျားလေး မိန်းခလေးအကုန် ကန့်ဝင်ရတယ် အတိုပြောရင် ကျောင်းမှာညပအိပ်ရတယ် အစောပိုင်းဆရာ/မတွေက စာပြတယ် နောက်ပိုင်ည ၁၁နာရီထိစာကျက်ရတယ် ပျော်စရာကြီးပါ...ဖြစ်ပျက်ပုံကိ
ုပြောပြပါမယ်။
တစ်ရက်မှာည၁၁း၃၀လောက်ပေါ့ ဖြိုးအောင်ဆိုတဲ့ကောင် အိမ်သာသွားတက်ပြီးပြန်အလာ အမောတစ်ကောနဲ့မျက်နှာမှာလည်းချွေးတွေရွှဲလို့အော်ကြီးဟစ်ကျယ်နဲ့ သ ရဲ သ ရဲခြောက်တယ်ဆိုပြီး အပေါ်ထပ်ယောကျားလေးအဆောင်ပြေးတက်လာတယ် ....ဒါနဲ့ ကျောင်းသားတွေနိုးလာပြီး ဘယ်မှာခြောက်တာလဲဝိုင်းမေးတာပေါ့ သူငယ်တန်း(A) အခန်းထဲမှာ အိမ်သာကအပြန်အဲဒီအခန်းထဲမှာ စာရွက်လန်သံတွေကြားနေရတယ်တဲ့ သူမှန်ကနေချောငးကြည့်တော့ဘယ်သူမှမရှိဘူး သူကြည့်မှစာရွက်လှန်သံကပိုမြန်လာတယ်တဲ့ ဒါနဲ့ကြောက်ပြီးပြေးလာတာတဲ့...အဲ့ဒီတုန်းက ကျောင်းသားကလည်းများ လူငယ်အရွှယ်တွေဆိုတော့အားလုံး ........ပဲ"ဘယ်မှာလဲသရဲ လာခဲ့အားလုံးအဲဒီသရဲကို ဝိုင်းစော်မယ်ဆိုပြီး သူငယ်တန်းအဆောင်ဘက် တုတ်တွေကိုင်ပြီး သွားကြတယ် အဲဒီနေရာရောက်တော့ တုတ်တွေနဲ့အဆောင်ကိုရိုက်တဲ့လူကရိုက် ဆဲတဲ့သူကဆဲနဲ့ "ဘယ်မှာလဲ သ ရဲ သတ္တိရှိရင်ထွက်ခဲ့ဆိုပြီး အားလုံးကမာန်တကြွကြွနဲ့
"ဝိုင်းအော်ကြတယ် ဒါနဲ့သိပ်မကြာဘူး ခဏနေတော့အိမ်သာဘက်လမ်းက အ သံ ကြားရတယ် အားလုံးဘဲအာရုံက အဲဒီဘက်ရောက်သွားတယ် ကြည့်ရင်းကြည့်ရင်းနဲ့ အသံကနီးလာတယ် သေချာကြည့်တော့"
ဟကောင်တွေတွေ့လား မြက်က်ပေါ်မှာ ဟာဟုတ်တယ် ခြေနင်းရာတွေ တို့ဘက်ကိုလာနေတယ် အားလုံးအံအားသင့်နေတုန်း ခြေရာကကျွန်တော်တို့ဘက် ပြေးလာတဲ့ပုံပေါ်ပြီး အရိပ်မဲကြီးတစ်ခု လွှားကနဲဆို အားလုံးရဲ့ခေါင်းပေါ်ကကျော်ပြီး သူငယ်တန်းအဆောင်ရဲ့ ကော်ရစ်တာလျောက်လမ်းပေါ်ရှိ ထုတ်တန်းပေါ်ထိုင်ပြီးလွှဲနေတာ ကျောင်းသားအားလုံးလိုလိုမြင်တွေ့ခဲ့တယ် ဒါနဲ့ကျောင်းသားအားလုံး တုတ်တွေလွှတ်ချပြီး... ဒါနဲ့ကျောင်းသားအားလုံး တုတ်တွေလွှတ်ချပြီး အဆောင်ပေါ်ပြေးတက်ကျတာတန်းနေတာဘဲ အဲဒီနေ့ကအားလုံးဘဲအောကကိုမဆင်းရဲကြတော့ဘူး နောက်မေးကြည့်တော့ ဆရာတွေက ဒီကျောင်းကဟိုးအရင်တုန်းက စစ်ဆေးရုံတဲ့ အဒီအဆောင်က ရင်ခွဲရုံထားတယ်ဆိုလား ......ဒီpostကိုဖတ်မိသော အရင် ၁၀တန်းတုန်းက ကဘော်ဘော်တွေ သတိရလျက် ....
ဇာတ်လမ်းပေးပို့သူ -ကိုထွန်းထွန်းလတ်ကို အက်ဒမင်အဖွဲ့မှ အထူးကျေးဇူး
တင်ရှိပါသည်...။
Admin:မိုးတိမ် ပုံပြင်
No comments:
Post a Comment