***** "ဂါဝန်ဖြူလေးနဲ့ကောင်မလေးရယ်... ...." ******
November 6, 2013 at 9:37pm
***** "ဂါဝန်ဖြူလေးနဲ့ကောင်မလေးရယ်... ...." ******ဇာတ်လမ်းရေးသားတင်ဆက်သူ-ကိုZay Yar
ဒါက ကျွန်တော် တကယ်ကြုံခဲ့ရတာလေးပါ ကြောက်စရာနဲ့ ၀မ်းနည်းစ၇ာ အဖြစ်အပျက်ကလေးပေါ့
ကျွန်တော်တို့အချစ်ဆုံးသူငယ်ချင်း ၄ ယောက်ရှိပါတယ် ။ တစ်နေ့ ၉ တန်းစာမေးပွဲ အစိမ်ကြီး ဖြေတော့ သူငယ်ချင်း တစ်ယောက်အိမ်မှာ စာစု ကျက်ကျမယ်ဆိုပီး အိမ်ကို အကြောင်းပြ ကြ ကာ ထိုသူငယ်ချင်းတစ်ယောက်အိမ်မှာ သွားအိပ်ကျတယ် ။ စာကတော့ မကျက်ဖြစ်ပါဘူး ၄ ယောက်လုံး ဂိမ်းနိုပ်နေကျတာပေါ့ ။ ပထမတော့ ကျွန်တော်က မထွက်ရတော့ ဂိမ်းထဲမှာပဲတော်တော် အာရုံရောက်နေတယ် ။ ကျွန်တော် လည်းရှုံးရော ရေသောက်မယ်ဆိုပီး နောက်ဘေးမှာထားတဲ့ ရေခဲသေတ္တာ စီကိုသွားတာပေါ့ ။ အော် အဲ့အိမ်က သူငယ်ချင်းမှာ သူရယ်သူအမ ရယ် မောင်နှမ ၂ယောက်ပဲရှိပါတယ် ။ ရေခဲသေတ္တာစီသွားတဲ့လမ်းမှာ ဂါဝန်လိုအ၀တ်ဖြူနဲ့ ဆံပင်ဖားလား ကျထားတဲ့ မိန်းကလေး တစ်ယောက် ရေခဲသေတ္တာ ဘက်ကနေဖြတ်ပီး အိမ်သာဘက်ကိုထွက်သွားတာကိုတွေ့လိုက်ကော ကျွန်တော်လည်း ကျက်သိမ်းတော့နည်းနည်းထသွားတယ် အော် သူအမ ပဲထင်ပီး ဆက်ပီးဝင်သွားလိုက်တယ် အိမ်ရှေ့ကမီးရောင်နဲ့ပဲဆိုတော့ မမြင်ရတော့ဘူး အဲ့ဒါနဲ့ ကျွန်တော်လည်း ရေသောက်ပီး ပြန်ထွက်လာတယ် သူငယ်ချင်းတွေဆီလည်းေ၇ာက်ေ၇ာ ထိုအိမ်က သူငယ်ချင်းကို မေးကြည့်လိုက်တယ် ဟေ့ရောင်မင်း အမ ဘ ယ်မှာအိပ်တာလဲပေါ့ အဲ့ဒါကို တစ်ခြားသူငယ်ချင်း၂ ယောက်က နောက်နေတယ်ထင်ပီး ရီနေကျတယ် ကျွန်တော်လည်းထက်မမေးတော့ပါဘူး။ ကျွန်တော် အနောက်ဘက်ကိုပဲအာရုံ စိုက်နေမိတယ် ။ ထိုအိမ်က သူငယ်ချင်းကတော့ သိတယ် ဂိမ်းမှာသူပြန်ဝင်ရမဲ့အလှည့်လည်းကျရော မင်းဆော့လိုက်တဲ့ ကျွန်တော်လည်း ပြန်ပီးတော့ ဂိမ်းမှာပဲ အာရုံ ရောက်သွားတယ် ပီးလဲပီးရော ၂ နာရီလောက်တော့ ရှိပီထင်တယ် ၀င်အိပ်ကျရော ကျွန်တော်က အိပ်အိပ်ဆော့တတ်တော့ ကုတင်အစွန်းမှာ အိပ်လို့မရတော့ ထိုအိမ်က သူငယ်ချင်းက အစွန်းမှာအိပ်တယ် သူ့ဘေးက တော့ ကျွန်တော့ပေါ့ ဗျာ ။ကျွန်တော်က ညဘက်တော်ရုံနဲ့အိပ်မပျော်တဲ့ အကျင့်ရှိတယ် မနက်သာမထနှိုင်တာပေါ့ ။ သူငယ်ချင်းတွေကအိပ်ပျော်ကုန်ကော ကျွန်တော်လည်း မနက်စာမေးပွဲရှိတယ် ဆိုတော့ မရရအောင်အိပ်တာပေါ့ ဗျာ မျက်လုံးစုံမိပ် ပီးတော့ပေါ့ ။ ခဏလည်းကြာရော ဘေးနားကနေ အသံကြားလိုက်တယ် ကျွန်တော်လည်း မျက်လုံး ဖွင့်ကြည့်လိုက်ကော ဆောနက ဂါဝန်လိုအ၀တ်ဖြူနဲ့ ဆံပင်ဖားလား ကျထားတဲ့ မိန်းကလေးက ကျွန်တော်သူငယ်ချင်းဘေးက ကုတင်စွန်းလေး မှာ ကျွန်တောကို ကြောပေးပီးထိုင်နေတယ် ကျက်သိမ်းတွေတော်တော်ထသွားတယ် ဇောချွေးတွေလဲကျတာပေါ့ ဘာလုပ်လို့ဘာကိုင်ရမှန်းလဲမသိတော့ဘူး ဘုရားစာလဲမရတော့ ဘာရွှတ်လို့ရွတ်ရမှန်းလဲမသိဘူး ဖြစ်ချင်ရာဖြစ်ဆိုပီးတော့ မျက်လုံးကိုတင်းတင်းမိတ်ပီး မရမကအိပ်တော့တာပဲ ။ ဘယ်လို ဘယ်လိုအိပ်ပျော်သွားမှန်းတောင်မသိတော့ဘူး မနက်မိုးလင်းသွားကော အဲ့ဒါနဲ့ ကျွန်တော်လည်း ညက အကြောင်းကိုမနက်စာစားတော့ သူအမေ နဲ့အဖေ ကိုပြောတာပေါ့ သူအမေနဲ့ အဖေက အဲ့ဒါ သူ့သိုက်ကလာတဲ့အမ တဲ့ ။ ကျွန်တောသူငယ်ချင်း က မင်းကို ငါ ည ကတည်းကပြောမလို့တဲ့ မင်း ကြောက်သွားမှာစိုးလို့ ငါမပြောတော့တာတဲ့ ။ အဲ့ဒီနေ့ကတည်းက ထိုသူငယ်ချင်းအိမ်မှာ သွားကိုမအိပ်တော့ပါဘူး ။ ကျွန်တော်တို့ ၁၀ တန်းပီးလို့တော်တော် ကြာတဲ့ အခါမှာ သူငယ်ချင်းလေးယောက် ရေသွားကူးကျကော ။ ထိုအိမ်က သူငယ်ချင်းက ကျွန်တော်တို့ထဲ မှာ ရေကူးအကျွမ်းဆုံးဆိုတော့ သူကခေါ်တာပေါ့ ။ ကျွန်တော့ တို့ရပ်ကွက် အစွန်အဖျားလောက်မှာချောင်းတစ်ခုရှိတယ် အဲ့ဒီမှာသွားကူးကျတာပေါ့ ။ ကျွန်တောကတော့ ရေမကူးတတ်ဘူးဆိုတော့ ဘေးနားကနေသူတို့ အ၀တ်တွေကို ကြည့်ပေးရတယ်။ ဖြစ်ချင်တော့ ထိုအိမ်ကသူငယ်ချင်းက ဒိုင်ပင်ထိုးချလိုက်ကော ပြန်မပေါ်လာဘူး ကျွန်တော်တို့လည်း ရေငုတ်တယ်ထင်တာပေါ့ ။ တော်တော်လည်းကြာကော ရေထဲက သူငယ်ချင်း ၂ ယောက်ကလိုက်ရှာတော့တာပေါ့ ဗျာ ။ ဘယ်သူမှမတွေ့ကျဘူး ။ ကျွန်တော်လည်းသူအိမ်ကလူတွေကို သွားခေါ်တာပေါ့ သူအမေနဲ့အဖေ ပါလာတယ်။ ဟို၂ကောင်ကတော့စပ်ရှာနေတာပေါ့။ ကျွန်တော်က သွားခေါ်၇တဲ့သူဆိုတော့ တစ်လမ်းလုံးသူ့အမေ က ကောနေပါလေရော ။ ဟိုလည်းရောက်ကော အဲ့ချောင်းနားက လူတွေကလိုက်ရှာပေးလို့ပြန်တွေ့တယ် ဒါပေမယ့် နဘူး မှာ ညိုနေကော ဒိုင်ပင်ထိုးလိုက်တဲ့အချိန်မှာ အောက်ကစောင်းနဲ့စောင့်လို့တဲ့ အသက်တော့ပြန်မပါလာတော့ပါဘူး ရေစီးကြောင့်တော်တော်ဝေး၂မှာပြန်တွေ့တာပါ သူအမေဆို ငိုနေလိုက်တာ တော်တော်ကိုသနားဖို့ကောင်းပါတယ် ။ သူ့ရက်လည်မှာလုပ်ပေးနေတုန်းသူ့ အမေ ကပြောတာပါ သူကို ဂါဝန်လိုအ၀တ်ဖြူနဲ့ ဆံပင်ဖားလား ကျထားတဲ့ မိန်းကလေးက အိမ်မက်လာလာပေးတယ်တဲ့ သူ့မောင်ကိုပြန်ခေါ်သွားတော့မယ်တဲ့ စောင့်ရှောက်ပေးထားတာကျေးဇူးတင်ပါတယ် ဆိုပီးပေါ့ သူ့အမေက လည်း မထည့်ဘူးပြောတာပေါ့ ဗျာ ။ ကျွန်တော်သူငယ်ချင်းက ထိုရက်တွေမှာ ညဘက်ဆိုဆိုင်းသံဘုံသံတွေကြားနေရတယ်တဲ့ သူအမေကိုပြောတာပေါ့ ။ သူ့အမေက အောက်လမ်းဆရာတွေ အထက်လမ်းဆရာတွေကော ဘုန်းကြီးတွေပါမကျန်ပေါ့ သူ့သားကိုပြန်ခေါ်လို့မရအောင် လုပ်ကော နောက်ညလည်းကျကော ဂါဝန်လိုအ၀တ်ဖြူနဲ့ ဆံပင်ဖားလား ကျထားတဲ့ မိန်းကလေးက သူ့အမေကို ဒေါသထွက်စွာနဲ့ပြောတယ်တဲ့ ရှင်တို့မိသားစု ဒုခ ရောက်ရမယ်တဲ့ ။ ကျွန်တော်သူငယ်ချင်းလည်းဆုံးပီး၁လလောက်လည်းနေကော သူ့တိုမိသားစုတစ်ကယ် ဘ၀တွေ ပျက်ကုန်ကော ။ သူအမေ က သူ့သားကိုချစ်လွန်းအားကြီးတော့ သူ့သားဝင်ထွက်လို့ရအောင်တဲ့ အိမ်တွင်းစင်ကို ခွင့်မတောင်းပဲ ဒီအတိုင်း ဖြုပ်ထားတယ် ၁ ပတ်လောက်လည်းကြာကော သူ့အမေ ဆုံးတဲ့ အသံကို ကြားရတာပါပဲ ။ ဒါကျွန်တော်ကြုံတွေ့ရတဲ့ ကြောက်စရာနဲ့ ၀မ်းနည်းစရာ အဖြစ်အပျက် ကလေးပါ ။
ဇာတ်လမ်းပေးပို့တင်ဆက်သူ ကိုဇေယျာကို Admin Team မှအထူးကျေးဇူးတင်ရှိပါသည်..။
Admin:မိုးတိမ်ပုံပြင်
No comments:
Post a Comment