Monday, January 20, 2014

******မကြောက်ပါနဲ့.....မဲလုံးလေးပါ(အဲ့လေ) မဲဝိုင်းလေးပါ******

November 6, 2013 at 9:46pm
******မကြောက်ပါနဲ့.....မဲလုံးလေးပါ(အဲ့လေ) မဲဝိုင်းလေးပါ******

မန်ဘာ-မပိုးစုန်းကြူး ရေးသားတင်ဆက်သည်..။

အဒေါ် အိမ်မှာဖြစ်တဲ့ ဒုတိယ တစ်ခေါက်
ပေါ့ ။ ပထမ ဖြစ်ရပ်အပြီး တစ်လ လောက်အကြာ အဲ့နေ့က ညီမရဲ့ ဒေါ်လေးအငယ်ဆုံး
မိသားစု နောက်နေ့မနက်ဆို နိုင်ငံရပ်ခြား ကိုပြန်တော့မှာမို့
မိသားစုတွေ အားလုံးစုပြီး နှုတ်ဆက်ပွဲ
လေး လုပ်ကြတာပါ ။ ညီမတို့အိမ်မှာ
လူကြီးတွေနဲ့ ရှုပ်နေတာနဲ့ မျက်စောင်း
ထိုးမှာရှိတဲ့ အဒေါ် အိမ်ကို မောင်နှမတွေ
ဆော့ဖို့ချီတက်ခဲ့ကြတယ်။ အိမ်ပိုင်ရှင်
အကိုက ဖဲထုပ်လေးယူလာတယ်
21 ဆော့ကြမယ် တဲ့ ငယ်ကြသေးပေမဲ့
ဂဏန်းပေါင်းရုံ ပဲဆိုတော့ အားလုံး ဆော့တတ်ကြတယ်။ ညီမတို့အိမ်မှာနေတဲ့
အဒေါ် က TV မှာပြတဲ့ တရုတ်သိုင်းကားseries တွေကြိုက်
တယ် ။ အဲ့နေ့က မီးလဲပြတ်နေတော့ အိမ်မှာကြည့်မရတာနဲ့ ညီမတို့ အုပ်စု
နဲ့လိုက်လာတယ်။ အောက်ထပ်မှာ ညီမတို့ကလေးတွေ ဆော့ဖို့ ဝိုင်းလိုက်
ကြတယ် ညီမအဒေါ်ကတော့ TV ကြည့်
ဖို့ အပေါ်တက်သွားတာပေါ့ ။ အဲ့အိမ်က လှေကားပုံစံ က L ပုံစံ။ ဧည့်ခန်းထဲမှာ
ထိုင်ဆော့နေတဲ့ ညီမနေရာက လှေကားကိုဘေးတိုက်မြင်ရတဲ့နေရာပ
ါ။
ရုတ်တရက် လှေကားဘက်က ဒုန်းဒုန်း
နဲ့ ပြေးတက်တဲ့ ခြေသံကြားလိုက်ရတယ်
ဘာရယ်မှမဟုတ်ပဲ ဆော့နေရင်း လှေကားဖက်လှမ်းကြည့်လိုက်မိတယ်။
မြင်လိုက်ရတာက လှေကားပေါ်တစ်လှမ်းချင်းတက်သွားတ
ဲ့
အဒေါ်ရဲ့ဘေးနားကပြေးတက်သွားတဲ့ လို့ပြောပြန်ရော ပြောနေတဲ့အကိုပုံစံ
ကမျက်လုံးတွေက ဂဏှာမငြိမ်ဘူးး
မဖြစ်နိုင်တာတွေဇွတ်ပြောပြီး ကြောက်
စိတ်ကိုဖြောက်နေသလိုပဲ ညီမလဲရိပ်မိ
ပြီးဘာမမေးတော့ပဲငြိမ်နေလိုက်တယ

စိတ်ထဲမှာတော့တေးထားလိုက်တယ်
သရဲပဲနေမှာ ငါမှန်တယ်ဆိုပြီးးးး!!!
ဒါနဲ့ အိပ်ချိန်ရောက်တော့ ကိုယ်အိမ်ကို
ပြန်လာကြတယ်။ အိမ်ရောက်တော့ TV တက်ကြည့်တဲ့ အဒေါ်ကို ပြောပြတော့
မျက်လုံးကြီးပြူးပြီးကြောင်ကြည်
့နေတယ်။ သူ့ ပုံစံက တအားအံ
သြသွားတဲ့ပုံစံပဲ။ အဲ့မှာတစ်ခုခုထူးပြီးမှန်းသိလို
က်ရတယ်။
သူလှေကားပေါ်တက်သွားတော့ နောက်
ကတစ်ဒုန်းဒုန်းနဲ့ ပြေးတက်လာတဲ့ခြေ
သံကိုကြားတယ်တဲ့ ဒါနဲ့ ညီမတို့ထဲက
တစ်ယောက်ယောက်နောက်ကလိုက်
လာတာပဲထင်တာတဲ့ ဒါပေမဲ့ အပေါ်ထပ်မှာ သူကလွဲပြီး ဘယ်သူမှမရှိ
ဘူးး TV ကြည့်နေရင်းးအလိုလိုနေရင်းး ကြက်သီးတစ်ခါနှစ်ခါတော့ထမိတယ်တဲ

ကြော်ငြာဝင်ပြီဆို ဘေးပတ်ပတ်လည်ကိုတော့သတိထားမိတယ် တစ်မျိုးတော့တစ်မျိုးကြီးပဲတဲ့ရ
ုပ်ရှင်ကြည့်တာမို့ ဘာသိဘာသာပဲ
နေလိုက်တာတဲ့ အဲ့တော့မှအားလုံးသ
ဘောပေါက်သွားကြတယ် အဲ့အဒေါ်အိမ်
ပေါ်ထပ်ကိုရောက်ပီဆို ဘယ်လိုကြီးလဲမသိဘူးးး
နောက်ကျောကိုမလုံဘူးး ဘုရားကျောင်းဆောင်ကိုလှမ်းကြည့်
ရင်လဲကိုယ့်စိတ်ထဲမှာမှိုင်းမှို
င်းကြီးဖြစ်
နေသလိုပဲ အဲ့တုန်းကထင်မိတာကအဲ့
အိမ်မှာနေတဲ့မိသားစုဝင်က နဲတော့ (
၎ ယောက်) အောက်ထပ်မှာနေတာများ
ပြီးးအပေါ်ထပ်က လူအငွေ့အသက်မရ
လို့ပဲဖြစ်မှာလို့ ခြေသံကတော့လက်သည်ပေါ်သွားပါပြီ ဒင်းပဲနေမှာ အသံကတစ်
ထပ်တည်းကိုးး ညီမပြောပြတဲ့အကြောင်းကို မိသားစု
တွေကောက်ချက်ချတာနားထောင်နေရင်း
း မျက်လုံးတွေက အိမ်ရှေ့ မှာရပ်ထား
တဲ့ အဒေါ်တို့အိမ်က ကားးအောက်ပိုင်း
ကိုရောက်သွားတယ် ။ဘောလုံးတစ်လုံး
စာလောက်ရှိတဲ့ မဲမဲဝိုင်းဝိုင်းကြီးတစ်ခု
ညအမှောင်ကိုအကာအကွယ်လုပ်ပီး
ကားဘီးတစ်ဘီးမှတစ်ဘီးကို လိမ့်ပီးကူးနေတာ.....
သိလိုက်ပါပြီ ညီမကံနိမ့်နေပြီမှန်းး ငယ်သေးပေမဲ့ ဒီလောကအကြောင်းး အမြဲလိုလိုစပ်စု
နေတော့ နားလည်နေတတ်ပါပီ
အဲ့နေကဘယ်မှထပ်မကြည့်တော့ပဲမျက်
လုံးစုံမှိတ်ပီး အမေတို့ကြားကြောက်ကြောက်နဲ့ ဘယ်သူ့မှပြောမပြတော့ဘဲ
ထဲဝင်အိပ်တော့တာပဲ။သထုံမှာ အခြောက်ခံရတဲ့အကြောင်းကို
ထပ်ပို့ပေးပါအုံးမယ် ရှင့်။

ဇာတ်လမ်းရေးသားပေးပို့သော -မပိုးစုန်းကြူးလေကို အထူး ကျေးဇူးတင်ရှိပါသည်..။

Admin:မိုးတိမ် ပုံပြင်

No comments:

Post a Comment