********ရေသူမ အကြောင်းတစ်စေ့တစ်စောင်း****
November 6, 2013 at 10:01pm
********ရေသူမ အကြောင်းတစ်စေ့တစ်စောင်း(၁)******
Member -မ Than Dar ရေးသားတင်ဆက်သည်...။
အမတို့ ရွာက မြိတ်ကျွန်းစု ကရွာလေးတစ်ရွာပါ ဆလုံ လူမျိုး နဲ့ ဗမာလူမျိုး တွေ နေထိုင်ပါတယ် .
ကျွန်မတို့ ရွာလေးက မြိတ်ကျွန်းစုက ရွာလေးတစ်ရွာပါ .။ဆလုံလူမျိုးတွေနဲ့ မြန်မာလူမျိုးတွေနေထိုင်ကြပါတယ်..။ ကျွန်မတို့ ရဲ့အရှေ့မြောက်ဘက်မှာ ဘုရားကျွန်းလေး ဆိုတာရှိတယ်..။ အဲ့ဒီကျွန်းမှာ လူမနေဘူး...ကျွန်ကသိပ်လည်းမကြီးပါဘူး..။ ကျွန်မမြင်ဖူးသမျှ နေရာတွေအားလုံးထဲမှာ အသာယာဆုံးနေရာလေးတစ်ခုပေါ့..။ သောင်ပြင်ဖွေးဖွေးလေးတွေ၊ပင်လယ်ပြာပြာကြီး..နဲ့ တိတ်ဆိတ်ငြိမ်သက်နေတာပဲ...အဲ့ဒီကျွန်းလေးကိုသွားလိုက်ရင် စိတ်အေးချမ်းမှု့အပြည့်ရှိသလိုလဲခံစားရပါတယ်..။ ဘုရားကျွန်လေးလို့ ဘာလို့ခေါ်ရသလဲ ဆိုတော့ အဲ့ဒီကျွန်းပေါ်မှာ စေတီလေးတစ်ဆူရှိတယ်..။ ဒီတော့လွယ်လွယ်ကူကူပဲ ဘုရားကျွန်လေးလို့ပဲခေါ်ကြတာပေါ့..။ အရင်ကတော့ အဲ့ဒီစေတီလေးနားမှာ ရသေ့တစ်ပါးရှိတယ်..။ အခုတော့ ဘာကြောင့်ရယ်မှန်းမသိပါဘူး..။အဲ
့ဒီ ရသေ့ကတော့မရှိတော့ဘူး..။
အဲ့ဒီဘုရားကျွန်းလေးရဲ့ပတ်ဝန်းကျင်ကိုရောက်ရင် ဘယ်သူမှ ညစ်ငြမ်းတဲ့ စကားပြောတာတို့ ၊အပေါ့အလေးခွင့်မတောင်းပဲသွားတာတို့ လုပ်လို့မရဘူး။ လုပ်ရင် စက်လှေတွေကို နာနာဘာဝတွေပေါ်လာပြီး မှောက်ပစ်တာတစ်မျိုး၊ရေထဲက ဘာမှန်းမသိ မမြင်ရတဲ့ သတ္တ၀ါ မည်းမည်းကြီးတွေကမှောက်ပစ်တာတစ်မျိုါ် လုပ်ပြီးလူ့အသက်ကိုရန်ရှာတတ်တယ်
..။
အဲ့ဒီဘုရားကျွန်းလေးနဲ့ ကျွန်မတို့ကျွန်းလေး ကြားကဖြတ်သွားရတဲ့ရေပြင်နဲ့ ကမ်းခြေကို မသာလမ်းလို့ ခေါ်တယ်..။
"ဗဟုသုတ အနေနဲ့ပြောပြမယ်နော်..ကျွန်မတို့ ကျွန်းကလူတွေသေရင် အလောင်းကို အခုလက်ရှိနေတဲ့ကျွန်းမှာ မမြုပ်ဘူး သီးသန်ကျွန်းတစ်ကျွန်းမှာ သွားမြုပ်ရတယ်..။လူသေမြုပ်တဲ့ ကျွန်းကလည်း တော်တော်လေးသာယာပြီး လှပပါတယ်..။ ဒီကျွန်းလေးကို မြေနီကမ်း ကျွန်းလို့ခေါ်ကြတယ်..။မြေနီလေးတွေနဲ့ ဆိုတော့ အနီရောင်ကျွန်းလေးပေါ့....။ (အီဂျစ်ဘုရင်တွေလိုပေါ့ ကျွန်မတို့အမျိုးတွေ ချည်းထားတာလေ.. ..စတာပါ..တခြားလူတွေလဲ လာမြုပ်လို့ရပါတယ်..အေးအေးဆေးဆေ
းသေချင်ရင်ပြောတာပါ) အဲ့ဒီမသာလမ်းလေးနဲ့ ဘုရားတောင်ငယ်ကျွန်းကြားမှာ ရေသူမတွေနေပါတယ်..။
တစ်နေ့ ကျွန်မနဲပကျွန်မရဲ့ အမအဲ့ဒီ နေရာမှာသွားပြီးဓာတ်ပုံရိုက်ကြတ
ယ်..။အပျော်ပေါ့ .ကမ်းခြေပေါ်ရိုက်လိုက် ရေထဲဆင်းလိုက်နဲပ post တွေ အမျိုးမျိုးပေးနေတုန်း ရေပြင်တစ်ခုလုံး ထူးထူးခြားခြား လှုပ်ခါလာပြီးငါးတွေ ဘုရားတောင်ကျွန်းလေးဆီ ကူးခပ်သွားတာ တွေ့တော့ လိုက်ကြည့်လိုကမိတယ်.....။
အဲ့ဒီဘုရားတောင်ကျွန်းလေးရဲ့ ကျောက်ဆောင်တွေပေါ်မှာ ရေသူမလေးကိုတွေ့တော့တာပါပဲ..။ အမြီးက ငွေရောင်အမြီးလေးနဲ့ နည်းနည်းခပ်ပြည့်ပြည့်လေး..ပုံမှန်ပဲလူရုပ်ပဲ ..ရုပ်ကတော့တော့ ရွက်ကြမ်းရေကြိုမိန်းမတစ်ယောက်လိုပါပဲ..။ အသားကတော့ နည်းနည်းမည်းတယ်..။ ဆံပင်ကကျောလယ်လောက် ရှိပါတယ် ..။ဒါပေမယ့် ရုပ်ရည်ကြီးကတော့ မိန်းမကြမ်းရုပ်ရည်ကြီး နဲ့ကြမ်းတမ်းပါတယ်..။ သူကသူ့အာရုံနဲ့သူနေနေရှာတယ်..။ ရုတ်တရက် ကျွန်မတို့ကိုကျောပေးထားရာ ကနေ..နောက်ကျောမလုံလို့လားမသိဘူး သမင်လည်ပြန်ကြီးလှည့်ပြီး ကျွန်မတို့ကိုပြူးပြီးပြန်ကြည့်တယ်..။ ကျွန်မတို့ ညီအစ်မနှစ်ယောက်လည်း ကိုယ်တွေကပြူးပြီး ကြည့်နေတဲ့အချိန် သူကလည်းပြန်ကြည့်တာဆိုတော့ ကြက်သီးတွေတောင်ထပြီး တစ်ယောက်လက်ကိုတစ်ယောက် အားပေးသလို ဆုပ်ကိုင်ထားမိလိုက်ကြပါတယ်..။ အဲ့ဒီ့မျက်လုံးကြီးတွေကို အခုထိတောင်မမေ့သေးဘူး...နင်တို့ဘာလာရှုပ်ကြတာလဲဆိုတဲ့အကြည့်မျိုးကြီးတွေ...သရဲမကြီး နဲ့တူတယ်တောင်ထင်မိကြပါတယ်..။ ဆယ့်စက္ကန့်လောက်ကြောင်ပြီး ကြည့်နေပြီးမှ ရေထဲကိုဝုန်းကနဲဆိုပြီးခုန်ဆင်းသွားတယ်...။ ကျွန်မတို့ညီ အမနှစ်ယောက်လည်းရုတ်တရက်ကြက်သေသေနေပြီး။ တစ်မိနစ်လောက်ကြာမှ စကားပြန်ပြောနိုင်ကြပါတယ်...။အမကကျွန်မကြောက်မှာစိုးလို့ အားပေးစကားတစ်ခွန်းတော့ပြောရှာပါတယ်..။(ခုနင်ကတွေ့လိုက်တဲ့ရေသူမကလည်းကြောက်စရာကြီးကို)စကားကတစ်ခွန်းတည်း........."ရေသူမကလှလည
်းမလှဘူးနော်.." တဲ့.........
အဲ့ဒီနေ့ ကအပြန်မှာ ကျွန်မတို့ ဘုရားကျွန်းနားကမကျော်မခြင်း ရေပြင်ကိုကြည့်ပြီး ရေထဲကရေသူမပေါ်လာပြီး ငါတို့ကို လာဆွဲလေမလဲဆိုတဲ့အတွေးနဲ့ကြောက်ကြောက်ရွံရွံပြန်ခဲ့ကြရပါတော့တယ်...။(ရေသူမကိုစကားတစ်ခွန်းမပြန်မပြောလိုက်ရပါဘူး... သရဲတို့စုန်းတို့တောင်တွေ့ရင် ရအောင်စပ်စုစကားပြောနိုင်တဲ့ ကျွန်မဟာ ရေသူမကျတော့ခံလိုက်ရပါတယ်...p.s နောက်နေ့ကျရင်သိုက်ကပြန်ခေါ်ပြီးယောက်ျားပေးစားနဲ့အကြောင်းပြောပြမယ်...)
ဇာတ်လမ်းပေးပို့ပေးသော မသန္တာကို အထူးပဲကျေးဇူးတင်ရှိပါသည်..။
Credit by-မိုးတိမ် ပုံပြင်(ပြန်လည်ခံစားရေးဖွဲ့သည်..)
No comments:
Post a Comment