Monday, January 20, 2014

### ထမင်းခူးမကျွေးတဲ့ သရဲ... ###



ဒီဇာတ်လမ်းလေးက ကျွန်တော့်အဖေရဲ့ ဖြစ်ရပ်မှန်ကိုယ်တွေ့ဇာတ်လမ်းလေးပေါ့ဗျာ...
အဲ့ဒီအချိန်တုန်းက ကျွန်တော့်ကိုမမွေးသေးဘူးဗျ... ကျွန်တော်က ဗိုက်ထဲမှာရှိသေးတယ်...
ကျွန်တော့်အဖေတို့နေတာက မန္တလေးဘီယာစက်ရုံလိုင်းခန်းဗျ... အဘိုးက ဝန်ထမ်းဆိုတော့ လိုင်းခန်းမှာနေရတာပေါ့ဗျာ... အဲ့ဒီ သရဲအခြောက်ခံရတဲ့နေ့က
ကျွန်တော့်အဖေနဲ့အမေရန်ဖြစ်ထားတဲ့နေ့လေ... တစ်ယောက်နဲ့ တစ်ယောက်လည်း မခေါ်ကြဘူးတဲ့ဗျာ...
ဖြစ်ချင်တော့ညနေ နေဝင်ရီတရောအချိန်မှာ အဖေက သူထမင်းစားဖို့ ဝက်သားဟင်းဝယ်လာတယ်.. လမ်းမှာအမေနဲ့ အဖေ့ညီမတို့တွေ့ကြတယ်..
အဲ့ဒါနဲ့အဖေက အမေရန်ဖြစ်ထားတာဆိုတော့ သူ့ညီမသူခေါ်ပြီး ထမင်းခူးကျွေးဖို့ခေါ်တယ်...
အမေကလည်း လိုက်မသွားနဲ့.. ငါနဲ့သွားပြီး မုန့်ဟင်းခါးသွားစားမယ်ဆိုပြီး ခေါ်သွားပါလေရဲ့ ... အဲ့ဒီအခါမှာအဖေ့နောက်လိုက်လာတာက သရဲဖြစ်နေတယ်... အိမ်ရောက်တော့အဖေက သူ့ညီမထင်ပြီး ထမင်းခူးခိုင်းလိုက်တယ်... သရဲကလည်း ထမင်းမခူးပေးဘဲ အဖေ့ကို ဟိုထောင့်ကပ်လိုက် ဒီထောင့်ကပ်လိုက်နဲ့ စနေတယ်.....
အဖေက စိတ်တိုသွားပြီး သူ့ခန္ဓာကိုယ်ကို ဖိချလိုက်တဲ့အခါမှာတော့
အဲ့ဒီသရဲက ဖျတ်ကနဲပျောက်သွားပါလေရော.....
အဲ့ဒီအခါကျမှ အဖေလဲငယ်သံပါအောင်အော်ပြီး ထွက်ပြေးလာတယ်……
အဲ့ဒီ အဖြစ်ပျက်လေးကို ကျွန်တော့်တို့အမေ
ကျွန်တော်တို့ကို ပြောပြတာပါ..........။ ။ ။

အခုလိုပြောပြပေးတဲ့ ကို Nyein Htike Oo ကို ကျွန်တော်တို့ Admin များက ကျေးဇူးအများကြီး တင်ပါတယ်နော်.....။ ။

Credit by Nyein Htike Oo

ADMIN - Htut Htet

No comments:

Post a Comment