******အစိမ်းမကြီးငါမကြောက်.... ********
November 6, 2013 at 10:44pm
******အစိမ်းမကြီးငါမကြောက်.... ********Member-ကိုသက်လွင် ရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန်ပါ
ကျနော် ကျောင်းသားဘ၀က ကံအရမ်းနိမ့်လို့ပဲလား အချိန်မတော်လျှောက်
သွားလို့လားမသိဘူး ခဏခဏ သရဲအခြောက်ခံရတယ်ဗျ၊
အဲဒီနေ့က သူငယ်ချင်းတွေနဲ့ ည ၁ နာရီလောက်မှ ဗိုက်စာလို့ဆိုပြီး ကမ်းနား
ကမိုးလင်းပေါက်ဖွင့်တဲ့ဆိုင်မှာမုန့်သွားစားကြတာ၊ ပြီးလို့လူစုခွဲတော့ ၂နာရီကျော်ပေါ့ဗျာ။ ကျနော်က အဲဒီအချိန်က ဆောက်လုပ်ရေးဝန်းထဲမှာနေတာဆိုတေ
ာ့ ည၈နာရီဆို
ဝန်း တံခါးကပိတ်ပြီ။ ဒီတော့ ညစောင့်ကို ညှိပြီး နောက်ဖက်ပေါက်တံခါး
သော့ကိုယူထားလိုက်တယ်။ ထုံးစံအတိုင်း နောက်ဖက်ကလှည့်ဝင်တော့
စိတ်ထဲတစ်မျိုးကြီးပဲဗျ။ တော်တော်လည်းမှောင်တယ်၊ နောက်ဖက်တံခါးရဲ့
ဟိုဖက်ဒီဖက်ကလည်း အပင်ကြီး ၂ ပင်ရှိတယ်။ ခုတ်လို့မရတဲ့အပင်တွေပေါ့။
ကျနော်လည်းသော့ဖွင့်ပြီး အထဲဝင်မယ်လုပ်တော့ ဆိုင်ကယ်ကမရွေ့ဘူးဗျို့၊
လီဗာ ဘယ်လောက်ဆွဲဆွဲ မရဘူး။ ကျနော်ပြန်ဆင်ဲးပြီးကြည့်တော့လည
်း
ဘာနဲ့မှ မငြိဘူး။ တစ်ခါပြန်တက်ပြီးမောင်းတယ်မရဘူး
။ လူလည်းခေါင်းကြီး
နေပြီ။ ပြီးတော့ကျနော့စိတ်ထဲမှာလည်း အပေါ်မှာ တစ်ခုခုရှိနေတယ်လို့ထင်နေတယ်။ ခံစားရတယ်ပေါ့ဗျာ။ အဲဒါနဲ့ လူချည်းပဲ အထဲဝင်တယ်။ ၀န်း တံခါးပြန်ပိတ်တယ် နောက်ဆုံးအချက် ကျနော်ပြေးမယ်လမ်း ရှင်း မရှင်း ကြည့်ပြီးမှ အပေါ်ကိုမော့ကြည့်လိုက်တယ်။
ဘာမှမရှိဘူးဗျ။ စိတ်နည်းနည်းအေးလို့ ဘေးကိုလှည့်လိုက်တော့မှ
ဝါးးးးးးး ကျနော်နဲ့ တစ်လံလောက်ပဲကွာတယ် ဖြူဖြူကြီးမတ်တတ်ရပ်နေတာ။
အော်ပြီးအသားကုန်စွတ်ပြေတာဗျို့
။ အိမ်ရောက်တော့ကျနော့အစ်ကို ကို
ဆိုင်ကယ်သွားယူခိုင်းရတယ်ဗျာ။
နောက်တစ်ခုက အဲဒီဝန်းထဲမှာပဲဖြစ်တာပါ။ ကျနော်တို့အိမ်ရှေ့ကကောင်လေးပါ။
( မယုံကြည်သူများ လိပ်စာ နှင့် အမည်
ကိုအချိန်မရွေးပေးပါမည်။ ဘာကြောင့်လည်းဆိုတော့ ကျနော်လည်း ကိုယ်တိုင်မြင်တွေခဲ့တာမဟုတ်ရင်
ယုံဖို့ခက်လို့ပါ)
အဲဒီအချိန်က ကောင်လေးက ရှိမှ ၃ ၄ တန်းပေါ့၊ ငယ်သေးတဲ့ အရွယ်ဆိုတော့
မသိနားမလည်ပဲ သူတပါး ခေါစာပစ်ထားတာကိုသွားစားမိတယ်။ အဲ့နေ့ညပဲ
ကိုယ်ပူတွေကြီးပြီး ကယောင်ကတန်းတွေအော်တော့တာ။ ကျနော့အဖေက
ကားစီစဉ်ပေးပြီး ဆေးရုံသွားခိုင်းလိုက်တယ်။ ဟိုရောက်တော့လည်းဘာ
ရောဂါမှမရှိဘူး။ ကိုယ်ပူလည်းကျသွားတာချက်ချင်းပဲ
။ တစ်ခါအိမ်ပြန်ရောက်တော့ ပြန်ဖြစ်ပြန်ရော။ နေ့ဆိုအကောင်း နေ၀င်တာနဲ့
စတော့တာပဲ။ အော်တာကလည်း အမေ့နောက်မှာ အစိမ်းမကြီး သူ့ဘေးမှာသရြဲကီးဆိုပြီးတော့ကိုအော်တာ။ သူတို့အိမ်ကလည်းဘာသာရေးသိပ်မကိုင်းရှိုင်းကြဘူး။သိပ်မသန့်ဘူးလို
့
အမေကပြောပြဘူးတယ်။ မိဘတွေကတော့ ကိုယ်ပူကြီးလို့ လျှောက်အော်
တယ်ပဲထင်နေတာ။ ကျနော်လည်းစမ်းကြည့်ချင်တာနဲ့ ညနေ၄နာရီလောက်ကတည်းက သူ့ကိုအပြင်ခေါ်ထုတ်သွားပြီး လဖက်ရည်ဆိုင်မှာ သွားထိုင်နေတာ။ အပြင်မှာဆိုဘယ်လိုနေမလည်းပေါ့
နော။ မရဘူး။ ၆နာရီလောက်ကျတော့ ချမ်းတယ် ချမ်းတယ် ဆိုပြီးညည်း
လာတာနဲ့ ပြန်လာရတယ်။ သူတို့အိမ်ထဲဝင်တာနဲ့ကိုတန်းအော
်တော့တာ။
ကျနော့အဖေကလည်း မင်းတို့ဒီပုံစံဆိုမလွယ်တော့ဘူး
။ ဆရာနဲ့မေးကြည့်ဆိုတော့ သူတို့စုံစမ်းပြီး အိမ်ပင့်ကြတယ်။ ကျနော်လည်းသွား
နားထောင်လိုက်သေးတယ်။ အိမ်ပေါ်မှာထိုင်တာနဲ့ အဲဒီဆရာက တန်း
ပြောတာ ၃ ယောက်တောင်ရှိတယ်ဆိုပဲဗျ။ အဲဒီတော့မှ ကောင်လေးက
ခေါစာပစ်တာစားမိတာတွေ၊ ကလေး အချင်းချင်း အစိမ်းမကြီးငါ
မကြောက်ဆိုပြီး ပြောတာတွေကို သိရတာ။ ပြီးတော့ သူတို့အိမ်မှာရှိနေ
တာကိုကောင်လေးကဟိုးအရင်ထဲကသိနေတ
ာတဲ့ဗျာ။ ပြောတော့လည်း
မိဘတွေက ဆူတော့ မပြောရဲတော့တာတဲ့။ ဆရာကလည်းပွင့်ပွင့်လင်း
လင်းပဲ သူလည်းမနိုင်ဘူးတဲ့၊ ဘယ်သူမှလည်းနိုင်မှာမဟုတ်ဘူးတဲ့
။
ဒီတော့ အိမ်မှာပရိတ်ရွတ်ပြီး ဆရာတော်တွေကို မေတာရပ်ခံပေးဖို့
လျှောက်ပေါ့ဆိုပြီး ပြန်သွားတယ်။ သြော်မေ့လို့ ပရိတ်ရွတ်ပြီးတဲ့ညမှာပဲ
အိမ်အနောက်ဆင်းတဲ့ အပေါက်ဝမှာ မိန်းမစီးဖိနပ်၁ရံ နဲ့ ယောက်ျားစီး
ဖိနပ်၂ရံချထားပါ။ ဆရာတော်တွေရဲ့ စကားကိုလက်ခံရင် ဆင်းသွားတာ
ကိုတွေရလိမ့်မယ်တဲ့။ ပြီးရင် အဲဒီဖိနပ်တွေကို ဘုန်ကြီးကျောင်းမှာ သွား
ထားပါတဲ့၊ ( မကောင်း ကျောင်းပို့ ဆိုတာ ဒါမျိုး )။ ချက်ချင်းစီစဉ်ကျတော့တာပေါ့။ ကျနော်နဲ့အဖေက ဘုန်းကြီးကျောင်း
သွားလျှောက်၊ လိုအပ်တာတွေဝယ်ပေးပေါ့ဗျာ။ သူတို့ကသိပ်လည်းအဆင်မပြေကြဘူး။ အဲ မနက်ရောက်တော့ ပရိတ်ရွတ်တယ်
ကမ၀ါ ဖတ်ချိန်ကြတော့ နောက်ဖေးဘက်က ဗြောင်းဆန်တော့တာပဲ
ဗျို့။ ဆရာတော်ကလည်း ဆက်မရွတ်ပဲ ရပ်လိုက်တယ်။ တော်ကြာ
သူတို့ပြန်ကြွသွားရင်ပိုဆိုးလာမ
ှာစိုးလို့တဲ့။ တရားဟော မေတာပို့ပြီး
မေတာရပ်ခံတယ်။ ပြီးတော့ပြန်ကြွသွား ကြတယ်။ ညကျတော့ ကျနော်
လည်းသွားစောင့်ကြည့်မယ်ဆိုတော့ အမေကမလွှတ်လို့မသွားရဘူး။
ကောင်လေးအဖေကအကူညီတောင်းလို့ ကျနော့အဖေက သွားစောင့်ပေး
တယ်။ တစ်ကယ်လို့ ဆင်းသွားတာမတွေ့ဘူးဆိုရင် သူတို့အဲဒီအိမ်ကပြောင်းရတော့မှာ
။ ဆက်နေရင်ပိုကြမ်းလာမှာဆိုတော့
လေ။ ( အခုဆက်ပြောပြမယ့် အပိုင်းက ကျနော့အဖေ ပြန်ပြောတဲ့
အပိုင်းပါ။ ) သူတို့လည်း တစ်အိမ်လုံး မီးပိတ် နောက်ဖေးပေါက်ကိုဖွင့်ပြီး
ခြင်ထောင်ထဲကနေကြည့်နေကြတာတဲ့။ ၁နာရီခွဲ လောက်မှာ အပုပ်နံ့
တွေတအားရပြီး လုံချည်ရင်လျှားထားတဲ့ မိန်းမနဲ့ ပုဆိုးခါးတောင်းကြိုက်
ထားတဲ့ယောက်ျား၂ယောက်ဆင်းသွားတယ
်တဲ့။ အိမ်အနောက်ပေါက်
တံခါးကြားထဲကထွက်လာတာနော်။ မနက်လင်းတော့ ဖိနပ်၃ ရံလုံး
ဘုန်းကြီးကျောင်းသွားပို့လိုက်ေ
တာ့တယ်။ အဲဒီဘုန်းကြီးကျောင်းက
ဂေါက်ကွင်းထဲမှာရှိပါတယ်။
Admin-မိုးတိမ် ပုံပြင်
No comments:
Post a Comment