******အမှောင်ခေတ်ရဲ့ မှော်ဝင်ဒဏ္ဍာရီ သတ္တ၀ါ များ*****
November 6, 2013 at 10:01pm
******အမှောင်ခေတ်ရဲ့ မှော်ဝင်ဒဏ္ဍာရီ သတ္တ၀ါ များ*****အားလုံး မင်္ဂလာမနက်ခင်းပါခင်ဗျာ... အနောက်နိုင်ငံက ဒဏ္ဍာရီလာ မကောင်းဆိုးဝါးတွေ အကြောင်းလည်း သိချင်ကြမယ်လို့ ထင်ပါတယ်...
ရွှေမြို့တော် Blog က ကိုကြိုးကြာနီ ရဲ့ဇာတ်လမ်းလေးပါခင်ဗျာ....။
သမန်းဝံပုလွေ တို့၏အစ(Were Wolf)
လူတိုင်းလူတိုင်းသမိုင်းတွေ ဒဏ္ဍာရီတွေ လျှို့ဝှက်ဆန်းကြယ်တဲ့ ဒဏ္ဍာရီတွေကို စိတ်ဝင်စားကြမယ်လို့ထင်တယ်။ဒဏ္ဍာရ
ီတွေ ထဲမှာ မမြင်ရတဲ့ မှော်စွမ်းအားတွေ၊ခြောက်ခြားဖွယ် ဇာတ်လမ်းတွေနဲ့
မမြင်နိုင်တဲံ အရာတွေက တစ်ခုနဲ့ တစ်ခုအားပြိုင်ရင်းဖြစ်ပေါ်လာကြတယ်။ အမှောင်ခေတ်ရဲ့ ချောက်ချားဖွယ်ရာ ကောင်းတဲ့ ဇာတ်လမ်းတွေထဲမှာ သူတို့ကလည်း အဓိက ဇာတ်လမ်းတစ်ခု အဖြစ်ပါဝင်ခဲ့တယ်။ဒီအကြောင်း ကို လူတွေက ပြောနေကြတုန်းပဲ။ အဲဒီ အရာနဲ့ ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်နေကြတုန်းပဲ။ဒီလို ထိတ်လန့် ကြောက်ရွံ့မှုတွေ ကြားမှာပဲ ဒီ အကြောင်းကရှင်သန်နေခဲ့တယ်။ ဘယ်လောက်ပြောပြော ရိုး မသွားနိုင်ကြဘူး။ သိပ္ပံ ပညာတွေ္ပ ဘယ်လောက်ပဲ ထွန်းကားထွန်းကား သူ့တို့ရဲ့ အကြောင်းကိုတော့ ဆက်ပြောနေကြဦးမယ်။ ဒါဟာ ဒဏ္ဍာရီ ဇာတ်လမ်းလို့ လည်းပြောကြတယ်။တကယ်လို့ လည်းမှတ်ယူကြတယ်။ သူတို့ဟာ ဘယ်တော့မှ ပျောက်ကွယ် မသွား တော့မယ့်ဒဏ္ဍာရီ ဇာတ်လမ်း တစ်ပုဒ်ပဲ ။ဒီဇာတ်လမ်းကို ထိတ်လန့် ဖွယ်ရာ အဖြစ်တွေနဲ့ အစပြုခဲ့တယ်။
ခုနှစ်ကအလယ်ခေတ်ပိုင်းထဲက၁၅ရာစုနဲ့၁၇ရာစုအကြားပေါ့။ဥရောပတစ်ခုလ
ုံးကမသိနားမလည်မှုနဲ
့ထူးခြားဆန်းပြားလှတဲ့သဘာဝလွန်ဖြစ်ရပ်တွေရဲ့အမှောင်ထုကြီးကြီးစိုးတာကိုခံနေရတယ်။မြို့တွေဟာမဖွံ့ဖြိုးမတိုးတတ်သေးဘဲလူတွေကသစ်တောတွေအနီးမှာနေထိုင်ခဲ့ကြတယ်။အဲဒါကြောင့်ဝံပုလွေကို ကြောက်ရမှုကသူတို့အတွက်အိပ်မက်ဆိုးတစ်ခုလိုပဲ။ဝံပုလွေတွေကမကြာခဏဆိုသလိုတိုက်ခိုက်တတ်ကြပြီးအလွန်ဆိုးဝါးရက်စက်တတ်တာကြောင့်လူတွေတစ်နေရာနဲ့တစ်နေရာခရီးမသွားရဲသလောက်ပဲ။မနက်မိုးလင်းတိုင်းမှာ ကျေးလတ်တောရွာကလူတွေကသူတို့ရဲ့လယ်ကွင်းတွေထဲမှာတစ်ဝက်တစ်ပျက်အစားခံထားရတဲ့လူတွေရဲ့လက်တွေခြေထောက်တွေ နေရာအနှံ့ ပြန့်ကျဲနေတာကိုထိတ်လန့်တကြားတွေ့ရလေ့ရှိတယ်။
သမန်းဝံပုလွေတွေနဲ့ပတ်သတ်တဲ့အစောဆုံးမှတ်တမ်းကတော့၁၅၉၁ခုနှစ်မှာဂျာမန်မြို့တွေဖြစ်တဲ့ကာလုံး( ခ် ) (Colongne)နဲ့ဘားဘတ် (Bedberg)မြို့တို့မှာ ဖြစ်ပွားခဲ့တယ်။အဲဒီခေတ်ကမှတ်တမ်းတင်ထားတဲ့စာစောင် ( pamphlet ) တစ်ခုကဒီတုန်လှုပ်ခြောက်ခြားဖွယ်ကောင်းတဲ့ဖြစ်ရပ်ဟာတော်တော်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားခဲ့တယ်လို့ဆိုထားတယ်။တစ်နေ့မှာလူတွေကကြီးမားတဲ့ဝံပုလွေကြီးတစ်ကောင်ကို ချောင်ပိတ်ဖမ်းမိခဲ့ပြီးသူတို့ရဲ့ခွေးတွေကိုအဲဒီ့ဝံပုလွေကိုကိုက်ခိုင်းကြတယ်။သူတို့က မြားတွေ၊လှံတွေနဲ့လည်းဝံပုလွေကိုဝိုင်းထိုးကြတယ်။
အံ့သြစရာကောင်းတာကအဲဒီ့ရက်စက်ကြမ်းကြုတ်တဲ့ဝံပုလွေကအဝေးကိုလည်းထွက်မပြေး၊သူကိုယ်သူလည်းကာကွယ်ဖို့မကြိုးစားဘဲနဲ့မတ်တတ်ထရပ်လိုက်တယ်။ပြီးတော့လူတစ်ယောက်ရဲ့အသွင်သဏ္ဍာန်ကိုပြောင်းလဲသွားတယ်။အဲဒီလူကတခြားလူမဟုတ်ဘူး။ဝိုင်းဖမ်းကြတဲ့လူတွေနဲ့တရွာတည်းသားချင်းဖြစ်တဲ့ပီတာစတာဘယ်( Peter Stubbe ) ဆိုတဲ့လူဖြစ်နေတယ်။
စတာဘယ်ကိုနိုပ်စက်ညှင်းပန်းတဲ့ဘ
ီးကြီး
( torturewheel)ပေါ်မှာတပ်ပြိးနိုပ်စက်တော့သူက ကိုယ်ဝန်ဆောင် အမျိုးသမီးနှစ်ဦးနဲ့ကလေးငယ်ဆယ့်သုံးယောက်တို့အပါအ၀င်လူပေါင်း၁၆ ယောက်သတ်ခဲ့တယ်လို့ဝန်ခံခဲ့တယ်။သူအဖမ်းမခံရခင်ကသူ့ရဲ့ ဖြစ်ရပ်တွေက တော်တော်ကိုဆန်းဆန်းပြားပြားနို
င်တယ်။သူက အောက်လမ်းပညာ
၊မှော်ပညာတွေကိုအသက်ဆယ့်နှစ်နှစ်သားအရွယ်ကတည်းကစကျင့်ခဲ့တယ်။သူအဲဒါကိုစွဲလန်းတာကဘယ်လောက်တောင်ပြင်းထန်သလဲဆိုရင်မကောင်းဆိုးဝါး(Devil)နဲ့တောင်သဘောတူညီချက်တွေ ပြုလုပ်နိုင်မယ်လို့ယုံကြည်ခဲ့တ
ဲ့အထိပဲ။
လပေါင်းများစွာကြာတဲ့အခါမှာသူက၀ံပုလွေ ယောင်ဆောင်ပြီးသူ့ရဲ့မကောင်းဆို
းဝါးအလုပ်တွေကိုပိုပိုပြီးတော့
တိရစ္ဆာန်ဆန်ဆန်နဲ့ဆက်လုပ်နေခဲ့တယ်။ဝံပုလွေပုံစံအနေနဲ့သူကသားကောင်တွေရဲ့လည်ချောင်းတွေကို ဖောက်ပြီး သွေးတွေကို သောက်သုံးခဲ့တယ်။တဖြည်းဖြည်းနဲ့သွေးဆာတဲ့ ဝေဒနာကကြီးလာပြီးတော့လယ်ကွင်းတွေထဲမှာ သွေးသောက်ရဖို့အတွက်သားကောင်တွေကိုလှည့်လည်ရှာနေတော့တယ်။
သူရဲ့ရက်စက်ကြမ်းကြုပ်တဲ့ ဖြစ်ရပ်ကစိတ်ကူးယဉ်နိုင်မှုတွေထက်ကျော်လွန်နေခဲ့တယ်။သူနဲ့ပတ်သတ်ပြီးမှတ်တမ်းတွေကအမျိုးမျိုး ဖော်ပြကြတယ်။တစ်ခါတုန်းကယောက်ျားနှစ်ယောက်နဲ့မိန်းမနစ်ယောက်ကသစ
်တောထဲကို ဖြတ်တဲ့လမ်းကလေး
အတိုင်း လျှောက်လာကြတယ်။စတာဘယ်ကအဲဒီသစ်တောတွေ နောက်မှာပုန်းနေခဲ့တယ်။ပြီးတော့စတာဘယ်က ယောက်ျားတစ်ယောက်ကိုလှမ်းခေါ်လိုက်တယ်။အဲဒီလူကအချိန်တော်တော်ကြီ
းကြာတာတောင်
ပြန်မလာတော့ နောက် ယောက်ျားတစ်ယောက်ကထပ်လိုက်သွားတယ်။သူထဲ တောထဲမှာ ပျောက်ခြင်းမလှ ပျောက်သွားရှာတယ်။ယောက်ျားနှစ်ယောက်စလုံး ပြန်မလာတဲ့အခါမှာအမျိုးသမီးလည်းထိတ်လန့်လာပြီးအလန့်တကြားနဲ့ထွက
်ပြေးတော့တယ်။
အဲဒီနောက်ပိုင်းမှာ တောထဲကနေပြီးရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ယောက်ျားနှစ်ယောက်ရဲ့အလောင်းကို ပြန်ရှာတွေ့ခဲ့ကြတယ်။အမျိုးသမီးရဲ့အလောင်းကိုတော့မတွေ့ခဲ့ကြဘူး။လူတွေကစတာဘယ်ကအဲဒီအမျိုးသမီးကိုစားသောက်ပစ်လိုက်တယ်လို့ယုံကြည်ကြတယ်။
အတူတူကစားလေ့ရှိကြတဲ့မိန်မငယ်လေးတွေ၊လယ်ကွင်းထဲမှာနို့ညှစ်နေလေ
့ရှိတဲ့မိန်းကလေးတွေကစတာဘယ်ရဲ့
သားကောင်ဖြစ်ခဲ့ကြရတယ်။သူကအဲ့ဒီ့မိန်းကလေးတွေကိုအမဲလိုက်သလိုအတင်းပြေးလိုက်ပြီးအနှေးဆုံးတစ်ယေ
ာက်ကို
ဖမ်းလေ့ရှိတယ်။ပြီးတော့အဲဒီမိန်းကလေးကိုမုဒိမ်းကျင့်ပြီးသတ်ပစ်
လိုက်တယ်။
ဒါတွေပြီးတော့မှသူကမိန်းကလေးရဲ့ပူပူနွေးနွေး သွေးတွေကိုသောက်ပြီးအသားတွေကြို
မိန်ရေယှက်ရေစားလိုက်တယ်။
ဒါကသူ့ရဲ့ပုံမှန်လုပ်ရိုးလုပ်စဉ်ပဲ။
ဒါတွေကဒီလောက်ထိတ်လန့်စရာမကောင်းသေးဘူး။တကယ့်ကိုထိတ်လန့်စရာကောင်းတာကသူကိုယ်တိုင်သူ့သားကိုသတ်ပစ်လိုက်တဲ့ကိစ္စပဲ။သူကသူ့သားကို
အနီးနားမှာရှိတဲ့ တောအုပ်တစ်ခုထဲကို ခေါ်သွားခဲ့တယ်။
ပြီးတော့သနားစရာကောင်းတဲ့ကလေးရဲ့ဦးခေါင်းခွံရိုးကိုခွဲပစ်လိုက်ပြီးကလေးရဲ့ဦးနှောက်တွေကို ဖောက်စားပစ်လိုက်တယ်။အရမ်းထိတ်လန့်စရာကောင်းတဲ့ ဖြစ်ရပ်တွေပဲ။
ဘယ်လောက်များတဲ့အပြစ်တွေပေးပေးစ
တာဘယ်ကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြန်ချေနိုင်မှာမဟုတ်ဘူး။
လူတွေကသူ့ကိုနီရဲနေတဲ့မီးပူသံချွန်တွေနဲ့သူ့ကိုဝိုင်းထိုးကြတယ်။သူ့ရဲ့ ခြေတွေလက်တွေကိုလည်းဖြတ်ပစ်လိုက်ကြတယ်။ခေါင်းဆုံးမှာသူ့ကို ခေါင်းဖြတ်သတ်လိုက်ကြပြီးသူ့ရဲ့အလောင်းကိုမီးရှို့ပစ်လိုက်ကြတော့တယ်။
ဘားဘတ်မြို့ကလူကြီးတွေကဒီကြောက်မက်ဖွယ်ရာအဖြစ်ဆိုးကြီးရဲ့အထိမ်းအမှတ်အနေနဲ့ကျောက်တိုင်တစ်ခုစိုက်ထူခဲ့တယ်။အဲဒီ့ ကျောက်တိုင်ရဲ့ပုံစံကတုတ်တိုင်အရှည်ကြီးပေါ်မှာစတာတယ်ကိုနှိပ်စက
်ခဲ့တဲ့ဘီးကြီးကိုတင်ထားတယ်။
ဘီးရဲ့ပတ်ပတ်လည်နှုတ်ခမ်းအနားတစ်လျှောက်မှာအသတ်ခံခဲ့ရသူ၁၆ ယောက်အတွက်သစ်သားချောင်း၁၆ချောင်းကိုချိတ်ဆွဲပေးထားတယ်။ဘီးအပေါ်မှာမှဝံပုလွေတစ်ကောင်ရဲ့ရုပ်ထုကိုထုထားပြီးအဲဒီအရုပ်ပေါ်မှာစတာဘ
ယ်ရဲ့ ခေါင်းပုံစံကိုထုလုပ်
ထားခဲ့တယ်။စတာဘယ်ကိုစစ်ဆေးတဲ့အကြောင်းနဲ့သူ့ကိုကွပ်မျက်လိုက်တဲ
့အကြောင်းတွေက နေရာအနှံ့ကိုပျံနှံ့သွားတယ်။
သူရဲ့လူမဆန်မှုတွေ၊မကောင်းဆိုးဝါးဆန်တဲ့ပုံစံတွေနဲ့ရက်စက်ကြမ်းကြုပ်မှုတွေကလူသားတွေရဲ့နားလည်နို
င်မှုတွေထက်
ကျော်လွန်နေခဲ့ပြီးဝံပုလွေတွေရဲ့အပြုအမူတွေနဲ့အတော်ကိုလည်းဆက်စ
ပ်နေတယ်။အဲဒီအချိန်ကစပြီး
လူသားတွေက၀ံပုလွေရဲ့ပုံစံတွေနဲ့လှုပ်ရှားသွားလာနိုင်တဲ့လူတွေရဲ့
ဖြစ်ရပ်တွေဟာသူတို့တွေအကြားမှာ
ရှင်သန်သက်ဝင်လှုပ်ရှားနေပြီလို့ယုံကြည်ခဲ့ကြတော့တယ်။အဲဒီအကောင်
တွေရဲ့လှုပ်ရှားမှုတွေက
ပိုမိုများပြားလာခဲ့ပြီလေ … …။ပြီးတော့လူတွေကအဲဒီအကောင်တွေက
ိုနာမည်စတင် ပေးလိုက်ကြတယ်။
ကြောက်မက်ဖွယ်ရာဇာတ်လမ်းတွေပါဝင်လှုပ်ရှားနေတဲ့နာမည်လေးတစ်ခုပေါ့။သမန်းဝံပုလွေ( Werewolf )တဲ့။
No comments:
Post a Comment