Monday, January 20, 2014

******ရဟန်းပျိုနဲ့ ငုတ်တုပ်ကြီး******

November 6, 2013 at 9:45pm
******ရဟန်းပျိုနဲ့ ငုတ်တုပ်ကြီး******

မန်ဘာ-ကိုရဲနိုင်ဦးရေးသားပေးပို့သော ဇာတ်လမ်း...

ကျွန်တော်ကိုယ်တွေ့လေးပါ...ကျွန်တော်ရဟန်းဝတ်တုန်းက နေခဲ့ရတဲ့ကျောင်းရဲ့ခေါင်းရင်းမှာ တောပိတောက်ပင်ကြီးရှိတယ်။သက်တမ်းကဘယ်လောက်ကြာပြီလဲ မသိပေမယ့်အသက်တော့တော်တော်ကြီးလောက်တယ်။ဘာလို့လဲဆိုတော့ အပင်ကြီးက အပွေးတွေအတော်ကို တက်နေပြီဖြစ်တဲ့အပြင် လုံးပတ်ကြီးဟာလည်းသာမန်တောပိတောက်ပင်တွေရဲ့နှစ်ဆလောက်ရှိပါတယ်..။ အဲ့ဒီအပင်ကြီး အနားရောက်ရင် တစ်ခါတစ်လေဆိုရင် ကြက်သီးတွေထ ခေါင်းနားပန်းတွေကြီးနဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကို ကြည့်နေသလိုခံစားရတယ်ဗျ..။အဲ့ဒါတောင် သင်္ကန်းဝတ်ကြီးနဲ့နော်..။ရပ်ကွက်ထဲမှာတို့ သူငယ်ချင်းတို့ပြောစကားအရကတော့ ဒီလိုခေါင်းနားပန်း တွေကြီး လာရင်မကောင်းဆိုးဝါးအနားကိုရောက်နေတယ်လို့ပြောကြတယ်ဗျ..။ ဒါပေမယ့် ကျွန်တော်က အခုဘုရားရဲ့သားတော်အဖြစ်ခံယူပြီး သင်္ကန်းဝတ်နဲ့ဆိုတော့ ဒီလိုမကောင်းဆိုးဝါးတွေ အနှောက်အယှက်မပေးနိုင်ဘူးဆိုတာ သိပြီးသားမို့ ကြောက်ရွံမှု့တော့သိပ်မရှိပါဘူး.
..။
ကျွန်တော်ကနေ့တိုင်းနီးပါး အဲ့ဒီအပင်နဲ့ကပ်လျှက်ဝရန်တာမှာ ပက်လက်ကုလားထိုင်နဲပပုတီးစိတ်ဖြစ်တယ်..။ အဲ့ဒီလိုနဲ့ ရိပ်သာလည်းစရော ညဆယ်နာရီလောက်မှ သိမ်းတော့ မစိတ်ဖြစ်ဘူး.။ ဒီလိုနဲ့ သုံးလေးရက်လောက်ကြာသွားတာပေါ့ဗျာ..။ တစ်ရက်ကျတော့ ကျွန်တော်တရားသိမ်းပြီးတော့ ကျောင်းပေါ်တက်ပြီး အပင်နားက ၀ရန်တာမှာ သွားတိုက်နေရင်းအပင်ကိုကြည့်လိုက်မိသည်..။ အပင်နားမှာကမှောင်တယ်ဗျ. အောက်ကမီးဖွင့်ထားတော့ အပင်အောက်မှာ အရိပ်တစ်ခုကိုတွေ့ရတယ်..။ ခါတိုင်းလည်း ဒီလိုမီးဖွင့်ထားရင် ကျွန်တော့်အရိပ်က အဲ့ဒီအပင်အောက်မှာပေါ်နေကျလေဗျာ...။ ဒါနဲ့ ကျွန်တော်လည်း အရိပ်ကိုကြည့်ပြီးသွားတိုက်နေတယ
်ဗျ...။ အဲ့ဒီမှာပဲ ထူးဆန်းတာစတွေ့ပါတော့တယ်...။
ကျွန်တော်ကသာလှုပ်နေတာ အဲ့ဒီအပင်အောက်ကအရိပ်ကြီးကမလှုပ်ဘူးဗျ။ ရုတ်တရက်အရိပ်ကြီးက ပုံစံပြောင်းသွားတယ် အစကအရိပ်ပုံစံက ထနေတဲ့ပုံကနေ ငုတ်တုပ်ကြီးဗျ..။ တကယ့်ကို ငုတ်တုပ်တုပ်ကြီးထိုင်ပြီးကြည့်နေတာဗျာ...။ အရိပ်နဲ့ကိုယ်က တစ်ကိုက်လောက်ပဲကွာတယ်...။ အဲ့ဒါနဲ့ ကျွန်တော်လည်း ရုတ်တရက်ကြီးဆိုတော့ ကိုရင်တွေကိုခေါ်ပြီး အကူအညီတောင်းလိုက်ရတယ်..။ အဲ့ဒီ့တော့မှပဲ ငုတ်တုပ်အရိပ်ကြီးပျောက်သွားပြီး .ကျွန်တော့်အရိပ်လေးပြန်ပေါ်တော့
တယ်..။
ဒါနဲ့မနက်ရောက်တော့ အမြဲနေ သံဃာကိုမေးကြည့်တော့မှ အဲ့ဒီပိတောက်ပင်အိုကြီးမှာ အစောင့်ရှိမှန်းသိရတော့တယ်..။ထင
်ထင်ရှားရှားသိကြရတာဆိုလို့ တစ်ခါကပန်းရံလာလုပ်တဲ့ အလုပ်သမား သမီးရည်းစားနှဏ်ယောက် အဲ့ဒီဘေးကဆင်းလာတာ ဘာမဟုတ်တာလုပ်လဲမသိဘူး.. အဲ့ဒီအပင်အောက်လဲရောက်ရော နှစ်ယောက်လုံး တွန်းလဲခံရတယ်တဲ့ဗျ....။
ပြီးပါပြီ........
ဇာတ်လမ်းပေးပို့သော-ကိုရန်နိုင်
ဦးကို အက်ဒမင်များမှ အထူးကျေးဇူးတင်ရှိပါသည်..။
Admin-မိုးတိမ် ပုံပြင် (အသစ်ပြန်လည်ဖန်တီးသည်)

No comments:

Post a Comment