Monday, January 20, 2014

******ဘိုမသရဲ....********

November 6, 2013 at 9:53pm
Admin-မိုးတိမ် ပုံပြင်
*******

******ဘိုမသရဲ....********

ဇာတ်လမ်းရေးသားပေးပို့သူ-Hoshi Sora Nang

နန်းကရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ ဇာတိပါ၊ နွေရာသီကျောင်းပိတ်ရင်ပဲဖြစ်ဖြစ် တန်ဆောင်တိုင်ဆိုရင်ပဲဖြစ်ဖြစ် မိသားစုလိုက် ကလော ကိုပြန်ဖြစ်ကြပါတယ်၊ ဒီတစ်ခေါက်နွေရာသီကျောင်းပိတ်ရက် ကလော ကိုပြန်တော့ထူးဆန်းတာတွေကြုံတွေ
့ခဲ့ရပါတယ်
ဖေဖေ့ရဲ မိတ်ဆွေတစ်ယောက်(ဦးစိုင်းထူး)ကအလည်ခေါ်တာနဲ့ ကလော ကနေနည်းနည်းလေးထပ်သွားရတဲ့ရွာတစ်ရွာကိုအလည်ရောက်ရှိခဲ့ပါတယ် အဲဒီ့ရွာကိုလဲရောက်ရော အနားယူထမင်းစားသောက်ပြီး တစ်ရွာလုံးကိုလိုက်ပြီးလည်ပတ်ကြည့်ကြပါတယ် လက်ဖက်အဓိကစိုက်တဲ့ရွာဖြစ်လို့ ဘယ်နေရာကြည့်ကြည့်လက်ဖက်ခင်းတွေကတော်တော်လေးလှပါတယ် ရွာရဲ့ တစ်နေရာရောက်တော့ အိမ်နီနီကြီးတစ်လုံးကိုတွေ့ ရပါတယ် ဧည့်ရိပ်သာလို့ ပဲဆိုင်းဘုတ်ရေးထားပြီးနေချင်စရာကောင်းလောက်အောင်လှပါတယ် အရင်က အရေးပိုင်မင်းတွေလာတဲ့အခါတည်းခိုတယ် အခုတော့ရွာကိုဧည့်သည်တွေလာတဲ့အခ
ါပေးတည်းတယ်လို့ ပြောပါတယ်
ညဘက်ရောက်တော့ နန်းတို့ မိသားစုလေးယောက်နဲ့ ဦးစိုင်းထူးတို့ သားအဖနှစ်ယောက်နဲ့ အိမ်နီကြီးမှာတည်းခိုပြီးအိပ်ကြရပါတယ် နန်းတို့ ကအပေါ်ထပ်မှာတစ်ခန်းထဲစုအိပ်ကြတာပါ အိပ်ရာဝင်ခါနီးမိသားစုလေးယောက်လုံးဘုရားရှိခိုးနေတဲ့အချိန်မှာပဲ ပြတင်းပေါက်နားမှာလှမ်းထားတဲ့အ၀တ်တွေအားလုံးအောက်ကိုပြုတ်ကျကုန်ပါတယ် မေမေကလေတိုက်လို့ ပြုတ်ကျတယ်ထင်ပြီး မမကိုပြတင်းပေါက်သွားပိတ်ခိုင်းလိုက်ပါတယ် နောက်တော့ဆက်ဘုရားရှိခိုးကြပါတယ် ပြတင်းပေါက်မှန်တွေကွဲပါတယ် အယုံအကြည်သိပ်မရှိတဲ့ဖေဖေကတော့င
ှက်တွေဘာတွေတိုးတယ်လို့ ထင်နေပေမဲ့ နန်းတို့ သားအမိတွေကတော့သို့ လောသို့ လောပေါ့...
အဲဒါနဲ့ မပြီးသေးပါဘူး အခန်းအပြင်ကနေ တံခါးကိုထုရိုက်တာတို့ ခြေသံတဒုန်းဒုန်းနဲ့ လမ်းလျှောက်သံတွေကြားနေရပါတယ် အခန်းတံခါးဖွင့်ကြည့်တော့လဲဘာမှမရှိပါဘူး အဲဒါနဲ့ ဖေဖေနဲ့ နန်းနဲ့ အောက်ထပ်မှာရှိတဲ့ဦးစိုင်းထူးတို့ သားအဖကိုသွားခေါ်မလို့ လှေကားကနေဆင်းနေတုန်း တစ်ယောက်ယောက်ကတွန်းချလိုက်သလိုမျိုး ဖေဖေလှေကားကနေပြုတ်ကျသွားပါတယ် ကံကောင်းလို ခါးနဲနဲမျက်သွားတာကလွဲရင်ဘာမှမြ
ဖစ်ပါဘူး မဟုတ်ရင်ခေါင်းကွဲမှာပါ
အဲဒီ့ညကလူအားလုံးစုပြီး အခန်းထဲမှာပဲငုတ်တုတ်ထိုင်နေကြရပါတယ် အခြောက်အလှန့် တွေကတော့မပြတ်ပါဘူး တခါတလေ အနက်ရောင်ဂါဝန်ရှည်ကြီးနဲ့ မိန်းမကြီးတစ်ယောက်ကိုလဲအားလုံ
းမြင်ကြရပါတယ် လှေကားထိပ်နားမှာ တံမြက်စည်းလှဲနေတာပါ ဗမာနဲ့ မတူပဲဘိုမကြီးနဲ့ တူပါတယ်၊ အဲ့ဒီ့နေ့ ညကစကားတွေထိုင်ပြောနေရင်းနဲ့ ပဲမိုးစင်စင်လင်းပါတယ်
မနက်လေးနာရီလောက်ကျတော့ ဦးစိုင်းထူးရဲ့ မိတ်ဆွေရွာလူကြီးကအိမ်နီကြီးကိုလိုက်လာပါတယ် ညတုန်းကဘာဖြစ်သေးလဲလို့ မေးပါတယ် မနက်လင်းအားကြီးချိန်ရောက်တော့အိမ်မက်မက်လို့ ပါတဲ့ အိမ်မက်ထဲမှာသူ့ ကိုဂါဝန်အနက်ရောင်နဲ့ ဘိုမကြီးတစ်ယောက်က ဧည့်ရိပ်သာမှာတည်းတဲ့လူတွေကိုဘုရားစာမဆိုခိုင်းပါနဲ့ လို့ လာပြောတယ်တဲ့ ဖေဖေကလဲညတုန်းကအဖြစ်အပျက်တွေကိုပြောပြလိုက်ပါတယ်။ အရင်တုန်းက အိမ်နီကြီးမှာနေတဲ့သစ်တောအရေးပိ
ုင်ရဲ့ မိန်းမက ဓါတ်လိုက်ပြီးသေသွားတယ်လို့ တော့ကြားဖူးတယ်လို့ ရွာလူကြီးကပြောပါတယ် အရင်တုန်းကတော့အခြောက်အလှန့် ရှိတယ်လို့ မကြားဖူးဘူးတဲ့
အဲဒီ့နေ့ ပဲနောက်တစ်ညထပ်မအိပ်ရဲတော့ပဲ ကလောကိုပြန်လာခဲ့ပါတယ် မယုံကြည်ပေမဲ့လည်း...ပရလောကသားတွေရှိတယ်ဆိုတာကတော့လက်ခံသင့်ပါတယ်

(စာတစ်ခါမှမရေးဖူးလို့ လိုအပ်ချက်တွေရှိရင်တော့သည်းခံပြီးဖတ်ပေးပါလို့ admin အဖွဲ့ ကိုတောင်းဆိုပါတယ် ရွာအမည်ကိုတော့ ပလောင်ရွာလို့ ထင်ပေမဲ့မသေချာလို့ ထည့်မရေးခဲ့တာပါ ကလော အောင်ပန်းသွားတဲ့ကားလမ်းဘေးကနေဆ
က်သွားရင်ရောက်ပါတယ်)
ကျေးဇူးတင်ပါတယ်

ဇာတ်လမ်းရေးသားပေးပို့သူ- မHoshi Sora Nang ကိုအက်ဒမင်များမှ အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ..။

Admin-မိုးတိမ် ပုံပြင်

No comments:

Post a Comment