******နည်းတာမဟုတ်တဲ့ကောင်ကြီး...******
November 6, 2013 at 4:36pm

### ကိုယ်တွေ့ဖြစ်ရပ်လေးကို ပြောပြပေးသော ကို Yar Zar Ko Ko အား ကျွန်တော်တို့ Admin များမှ ကျေးဇူးအထူးတင်ရှိပါတယ်..........။ ။ ###
အဖြစ်အပျက်ကဒီလိုဗျ လွန်ခဲ့တဲ့၆နှစ်လောက်ကပေါ့... ကျွန်တော်နေတာကမြောက်ဥက္ကလာမှာပါ တစ်နေ့ပေါ့ဗျာ ည၇:၀၀လောက်ပေါ့ ကျွန်တော်တို့လမ်းထဲက (ဒီနေရာမှာနာမည်လွှဲပါရစေ )ဦးအေးပေါ့ သူကအရက်ဆိုဘာအရက်လာလာအကုန် ကြိုက်အကုန်သောက်ဆိုတဲ့လူစားမျိုးဗျ ဖြစ်ချင်တော့အဲ့နေ့မတိုင်မီ၂ရက်၃ရက်လောက်ထဲကအောင့်တယ်အောင့်တယ်ဆိုပြီးဆေးခန်းသွားပြထားရတာ ဆရာဝန်ကတော့ပြောတာပေါ့ အရက်ဆက်မသောက်ဖို့ ဒါလည်းဒီလူကမရပါဘူး ဖြစ်တဲ့နေ့ကသူ့ဘော်ဒါတွေကလည်းနယ်ကပြန်လာတော့လူစုံတုန်းဆိုပြီးဆိုင်သွားကြပါရော အပြန်အိမ်လည်းရောက်ကောဆရာသမားကအောင့်ရုံတင်မကတော့ဘူးအန်ပါအန်တော့တာအန်တာမှသွေးတွေချည်းပဲ အဲ့ဒါနဲ့အိမ်နီးနားချင်းတွေဆေးရုံပို့မှရမယ်ဆိုပြီးဆေးရုံပို့ဖို့လုပ်ကျတာပေါ့ လမ်းထဲကလူငယ်တွေကျွန်တော်အပါအဝင်ပေါ့ သူ့ကိုဆေးရုံပို့ဆိုက္ကားခေါ်ပြီးပို့ကျတာပေါ့ အဲ့မှာကျွန်တော်ရယ်ကျန်တဲ့လမ်းထဲကကိုကျော်ကြီးနဲ့နောက်၂ယောက်က နောက်မှထမင်းပို့ရင်းနဲ့လိုက်ခဲ့မယ်ဆိုပြီးနေခဲ့ကျတာပေါ့ င်္ဒီလိုနဲ့ ည၉:၃၀လောက်မှ၎ယောက်သားဆေးရုံလိုက်သွားတဲ့လူတွေအတွက်ထမင်းထုတ်တွေထုတ်ပြီး ဆိုက်ကား ၁စီးနဲ့လိုက်သွားကျတာပေါ့ ဆိုက်ကားကို ကိုကျော်ကြီးကနင်းတာပါကျွန်တော်ကတော့အနောက်ခုံ မှာထိုင်လာတာပေါ့ ဆေးရုံနားနီးတော့မှသသတိထားမိတာ ထည့်လာတဲ့ထမင်းထုပ်တွေက ဝက်သား အမဲကြော် နဲ့ဝက်အူချောင်းတွေဟ ဒါနဲ့ သတိရပြီးကိုကျော်ကြီးကိုပြောလိုက်သေးတယ် ဟင်းတွေကရှယ်တွေဆိုတော့ ဖြစ်ပါ့မလားလို့ပေါ့ အဲ့မှာစတာပဲဇာတ်လမ်းက သွားပြောမိတဲ့ကျွန်တော်ကိုကမှားတာပါ ပြောလိုက်မှပဲဆရာသမားက ဘာလည်းမင်းကကြောက်လို့လားတဲ့ ဒါနဲ့ကျွန်တော်ကလည်းမကြောက်ပါဘူးလို့ပြောလိုက်တာပေါ့ ဟုတ်တယ်လေ ဆိုက်ကားမှာကလူ၎ယောက်တောင်ပါတာကိုး အဲ့ဒါကိုအပြင်ဘေးခှာံထိုင်တဲ့တစ်ယောက်ကအေးမကြောက်ရင်ထမင်းထုတ်မင်းကိုင်ဆိုပြီးကျွန်တော့်လာပေးရော ကိုကျော်ကြီးကလည်းဆိုက်ကားကိုဆေးရုံဝင်ပေါက်ကမဝင်ပဲ ရေခဲတိုက်လမ်းကဝင်ပါလေရော ဘာဖြစ်လို့လည်းမေးတော့ မြန်အောင်လို့တဲ့အဝင်ပေါက်ကဝင်ရင် အပေါက်စောင့်တွေက ရစ်ချင်တယ်ဗျ ဒါနဲ့အဲ့ ရေခဲတိုက်လမ်းကဝင်တာပေါ့ စဝင်လိုက်ပြီဆိုကတည်းကနှာခေါင်းထဲအနံ့အသက်ကသိပ်မကောင်းချင်ဘူး ဆိုက်ကားကလည်းကိုကျော်ကြီးတမင်လုပ်နင်းနေလားအောက်မေ့ရတယ်အိပဲ့အိပဲ့နဲ့ အဲ့အချိန်မှာဗျာအူလိုက်တဲ့ခွေးတွေ ဘာကိုတွေ့လို့အူမှန်းကိုမသိတာ လူတောင်ကြက်သီးနည်းနည်းထသွားတယ် ဆိုက်ကားကလည်းနှေးချက် ဒါနဲ့ကျွန်တော်ကကိုကျော်ကြီးကို ဟေ့လူမြန်မြန်နင်းပါဟလို့ပြောတော့ သူကလည်းဟငါလည်းနင်းနေတာပဲတဲ့ ဆိုက်ကားကအနောက်ကတစ်ယောက်ယောက်ဆွဲထားသလိုပဲတဲ့လေးတယ်ဟ လို့ပြောပြီးအံကျိတ်နင်းနေတယ် ကျန်တဲ့၂ယောက်ကတော့မျက်စိမျက်နာပျက်နေပြီ ကျွန်တော်ဆိုမပြောနဲ့ထမင်းထုတ်ကိုလက်နှစ်ဖက်နဲ့ပိုက်ပြီးအရှေ့ကိုလှည့်နေတာနောက်ကိုမကြည့်ရဲဘူးအဲ့မှာဘေးကတစ်ယောက်ကထအော်ပါလေရော အောင်မလေးဗျသရဲဆိုပြီး အော်လည်းအော်ဆင်းလည်းပြေးတာတန်းနေတာပဲဆေးရုံဝင်းထဲကို ကျွန်တော့်မှာတော့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အရှေ့ကလူကိုဖမ်းဆွဲထားရတယ်ပါးစပ်ကလည်းကိုကျော်ကြီးနင်းဟနင်းဆိုပြီးဇွတ်ကိုနင်းခိုင်းတော့ဒီလူကလည်းနင်းချက်ကချိန်းပျက်မထွက်ပဲရှယ်ကိုနင်းတာ ဝီခေါ်နေတာပဲဒါပေမယ့်ဆိုက်ကားကထင်သလောက်မသွားဘူးဗျ အခုမှသတိထားမိတာ ကျွန်တော့်လက်တစ်ဖက်ကရှေ့ကလူကိုဆွဲထားတော့ ကျန်လက်တဖက်ကကော ဘယ်မှာလည်းငါ့လက်ဆိုပြီးကြည့်လိုက်မိမှ ဟိုက် ကျွန်တော့်လက်ကြီးကလေထဲမှာတန်းလန်းကြီး ထမင်းထုတ်ကြီးကိုင်လို့ လူကလည်းတချက်တချက်ကြွကြွသွားတာများ အမငှီးရေးရင်းနဲ့တောင်ဒူးတုန်တယ် ဒါနဲ့ကျွန်တော်လည်းအော်ပါလေရောဟလုပ်ကျပါအုံးဘာတုံးဟဘာလည်းဟဆိုပြီး အရှေ့ကလူတွေကိုပြောတော့ သူတို့လှည့်အကြည့် အားလားလားအဲ့ဒါမှပိုကျန်းတော့တာလေထဲကလက်က ဘယ်ညာကိုရမ်းပြီးတော့ဆွဲခါနေတော့တာကျွန်တော်ကြောက်ချက်က9လောက်ရှိတယ်မလွှတ်ဘူး မျက်စိစုံမှိတ်ပြီးတော့ကိုပြန်လုနေတာ ကြားထဲက ကိုကျော်ကြီးက ကျွန်တော့်လက်ကိုအတင်းပြေးပြီးဆောင့်ဆွှဲလိုက်တော့်မှ လူကောထမင်းထုတ်ကောဆိုက်ကားပေါ်ကျတာ ခါးကိုကျိုးပြီမှတ်တယ် ကိုကျော်ကြီးကလည်းကျွန်တော့်လက်ထဲကထမင်းထုတ်ယူပြီး လမ်းဘေးတစ်နေရာချပေးကာ မင်းတို့စားချင်တာဒီမှာစားပြီးနေခဲ့တော့လိုက်မနှောင့်ယှက်နဲ့ဆိုတော့မှ နည်းနည်းငြိမ်သွားတော့တယ် ကျွန်တော်လည်းနာသွားတော့ကိုယ့်များထူမလားဆိုပြီးအရှေ့ကလူကိုကြည့်လိုက်တော့ အောင်မာ ငနဲသားက မတ်တပ်ရပ်ပြီးကြောင်ကြည့်နေတာကျွန်တော့်ကို လှုပ်လည်းမလှုပ်ဘူး ကိုကျော်ကြီးပါး၂ချက်လောက်ရိုက်ပေးလိုက်မှဟမ်ဟမ်ဆိုပြီးသတိပြန်လည်လာတာဗျ မတ်တပ်မေ့တာဒီတစ်ခါပဲမြင်ဘူးသေးတယ် ဒါနဲ့ကိုကျော်ကြီးလည်း ကျွန်တော်တို့၂ယောက်ကိုဆိုက်ကားပေါ်တင်ပြီးတွန်းပြေးခဲ့ရပါလေရောကျွန်တော်တို့လည်း အဲ့ထဲကမှတ်ပြီးနောက်ဆိုဆေးရုံဘက်ကိုညနေစောင်းတောင်ချေဦးမလှည့်ကြတော့ဘူး……။
နောက်နေ့ကျတော့ကျွန်တော်ဖျားပါလေရော ကြောက်တာရောနာတာရောပေါင်းပြီးဖျားလိုက်တာ၅ရက်လောက်ကြာမယ်ထင်တယ်မမှတ်မိတော့ဘူးကိုကျော်ကြီးကတော့လန့်ရုံတင် ဟို၂ရောက်ကတော့ ပထမဆုံးပြေးတဲ့ငနဲကဆေးရုံထဲရောက်မှချော်လဲပြီးထိပ်ပေါက်သွားတယ်နောက်တစ်ယောက် မတ်တပ်မေ့တဲ့တစ်ယောက်ကသူ့အိမ်ပြန်ရောက်တာတောင်စကားပြန်မပြောနိုင်ဘူးဗျာ ဟမ်ဟမ်နဲ့ကြောင်တောင်တောင်ဖြစ်နေတာ ဘုရားစင်ကရေမန်းယူတိုက်လိုက်မှပဲ သက်သာသွားတယ်တဲ့ နောက်နေ့တွေမှသူပြန်ပြောပြတာကအဲ့ညကကျွန်တော်နဲ့အပြိုင်သူဆွဲကိုယ်ဆွဲလုနေတဲ့အကောင်ကတဲ့အားလားလားလက်ကြီးမှမည်းနက်နေတာပဲတဲ့နည်းတဲ့အကောင်ကြီးမဟုတ်ဘူးတဲ့ဗျအမွှေ
းတွေနဲ့တဲ့
ပြန်ပြောရင်းနဲ့တောင်ကျောချမ်းတယ်ဗျ အဲ့ဒါတကယ့်ဖြစ်ရပ်ဗျ မယုံ ရင်ကိုယ်တိုင်သွားကြည့်လို့ရတယ် အဲထမင်းထုတ်တော့မမေ့နဲ့နော်ဒါမှအဆွှဲခံရမှာ မြောက်ဥက္ကလာ ဆေးရုံဘေးက ရေခဲတိုက်လမ်းဗျ ။
နေရပ်လိပ်စာနဲ့လူနာမည်တွေမဖော်ပြရတာတော့ဆောရီးပါ.....။ ။ ။
Credit by Yar Zar Ko Ko
ADMIN - Htut Htet
No comments:
Post a Comment