********..ချီးစားစုန်းတွေ့ရင်ပြောပေးကြပါ.....*****
November 6, 2013 at 9:47pm
********..ချီးစားစုန်းတွေ့ရင်ပြောပေးကြပါ.....*****မန်ဘာ-မသန္တာ ရေးသားတင်ဆက်၍ ဇာတ်လမ်းခေါင်းစဉ်ကို မိုးတိမ် ပုံပြင်စနောက်ကျီစယ်သည်..။
...သရဲ ဆရာကြီးရေ. ငယ်ငယ်ကတည်း ကနေ အခုထိ သရဲတွေနဲ့ခဏခဏ ကြုံခဲ့ ဖူးပါတယ် အဲဒါ ဘယ်ကနေ့စပြောရမလဲ မသိဘူးဖြစ်နေတယ်ကျွန်မတို့ ရွာလေးမှာ နှစ်ချိုး သရဲ
စုန်း အထူးသဖြင်း ချီးစားစုန်း သိပ်ပေါ့ပါတယ်။ရေသူမလဲရှိပါသေးတ
ယ်
သိုက်တွေလဲ အရမ်းပေါ ပါတယ်။ရွာ ရဲ တစ်ဝက်လောက်က ပညာသည်တွေ သာဖြစ်ပါတယ်။
ဘာကြောင်းက စပြောရမလဲ မသိဘူးအဖေ ကြောင်း ကစပြောရရင်ကောင်းမလား အဘွားအကြောင်းက စပြောရမလား ကိုယ် အကြောင်းကိုယ်ပြောရမလား...။ အင်း မန်ဘာတွေအတွက် ကိုယ်တွေ့လေးပဲပြောပြတော့မယ်...
။
အမတို့ ရွာက မြိတ်ကျွန်းစု ကရွာလေးတစ်ရွာပါ ဆလုံ လူမျိုး နဲ့ ဗမာလူမျိုး တွေ နေထိုင်ပါတယ် ကိုယ်ဟာကိုယ်တော့ ဘာလူမျိုးမှန်းမသိပါဘူး၊ရွာက အိမ်တွေဟာခြေတံရှေ အိမ်ဖြစ်ပြီး ကိုယ်ပိုင်တံတား ပါရှိပါတယ် တံတားပေါ်မှာအိမ်သာဆောက်ထားပါတယ်
။အိမ်သာတက်ဖို့အတွက် တံတားကိုဖြတ်ရတယ်။တစ်ညတော့ ည ကြီး အပေါ့သွားခြင်းတာနဲ့ ထလာတယ် အမေနဲ့အဖေကို မနိုးခြင်တာနဲ့ကိုယ်ဟာကိုယ် ထ ပြီးအိမ်ကနေ တံတားပေါ်က တစ်ဆက် အိမ်သာ သွားတော့
တံတားဘေးနားက သစ်ပင်ပေါ်ကနေ နာမည် လမ်းခေါ်သံကြားရတယိ။ပထမတော့ နည်းနည်းလန့်သွားတယ် "ဘယ်သူလဲ ငါနာမည် အော်တာ အားနေလားလို "ပြန်အော်လိုက်တယ်
သူကပြန်ပြောတယ် သူ့ကိုကယ်ပါတဲ့...
အနားတို့ပြီးကြည့်လိုက်တော့ အတော်လေးလန့်သွားတယ်ဘေးအိမ်က အဘွားဖြစ်နေတယ်
အောက်ကိုငုတ်ကြည့်လိုက်တော့ ပိုပြီး လန့်သွားတယ်အဘွားဘယ်လို့ပုံကြီး
ဖြစ်နေတာလဲမေးတော့
စဉ်းစားကြည့်ပါအုံး အဘွားပုံက ခေါင်းပြတ်ကြီးနဲ့ အူးကလီဇာပဲပါတယ်လည်းပင်အောက်ပို
င်းမပါဘူး
အဘွားက ပြောတယ် သူကချီစား စုန်းတဲ့ ညဘက် အိမ်သာတွေထဲမှာ လာစားတာတဲ့ အခုသူကိုဖြုတ်ပေးပါတဲ့ သစ်ပင်ကိုင်းနဲ့ကလီဇာတွေချိတ်နေ
လို ကူညီပါတဲ့
သူအကြောင်းလဲ ဘယ်သူမှ မပြောပါနဲ့တဲ့အဲဒါနဲ့ ကြောက်ကြောက်နဲ့ ဖြုတ်ပေးပြီး ပြန်ပြေးပြီး အိမ်ထဲပြန်ဝင်ပြီး အိပ်လိုက်တယ်။
မနက်ကျတော့ လူကြီးတွေ မေးကြည့်တော့ ဒါမျိုး အကူအညီပေးပြီး ရင် ရွှေငွေ တောင်းလိုရတယ်တဲ့ အခုချိန်ထိ စိတ်မကောင်းဖြစ်ခဲ့ရတယ် ဘာမှ မတောင်းလိုက်ရလို့
အဲဒါနဲ့ ဒီအရွယ်ရောက်တဲ့အထိ ညဆို ထထ ချောင်းပြီးတွေလို တွေငြားရှာနေပါသေးတယ် တွေရင် အကူညီပေးပြီးရွှေတောင်းချင်လို့အမတို့ရွာမှာဒီအကြောင်းတွေပြောပြ
ီး ရင် ဒူးမေ့ ရင်မေ့ ခေါင်းမေ့လိုပြောရတယ် မပြောရင် လာတတ်တယ်တဲ့ဒီနေ့တော့ ဒီလောက်ပဲပြောတော့မယ်
ကြည့်ကောင်းအောင် ပြန်ရေးလိုက်ပေါ့....။
ဇာတ်လမ်းပေးပို့သော မသန္တာကို အက်ဒမင်များမှ အထူးကျေးဇူးတင်ရှိပါသည်..။ အိမ်မက်တွေ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့
လည်းဆုတောင်းပေးလိုက်ပါသည်..။
အက်ဒမင်-မိုးတိမ် ပုံပြင် (ကြည့်ကောင်းအောင်ပြန်ရေးသည်..)
No comments:
Post a Comment