### ဘီလူးဆိုတာ ###
November 6, 2013 at 9:59pm
### ဘီလူးဆိုတာ ###ဘီလူးကတကယ်ရှိတယ်ဆိုတာ ဇောတိကသူငှေးရဲ့ အိမ် ကိုစောင့်ရှောက်တာနတ်ဘီလူးတွေလိ
ု့ ဘုရားဟောထဲမှာ ကြည့်ရင်သိနိုင်ပါတယ်။
ဘီလူးဆိုတာကတော့အားလုံးသိတဲ့အတု
ိင်းပဲ အသားစားကြုးတယ်။
လူစင်စစ်ကနေ သားစိမ်းငါးစိမ်းပဲ နေ့စဉ်စားရင် ဘီလူးဖြစ်တတ်ပါတယ်ဗျာ။
ပြီးတော့ ကျိန်စာတခုခုကြောင့်လည်း ဘီလူးဘ၀ ပြောင်းသွားနိုင်ပါတယ်။
စိတ်ဓာတ်က ရုန့်ရင်းကြမ်းတန်း လူကလည်းရုန့်ရင်းကြမ်းတန်း အစားကလည်းကြူး
ဒီလိုလူတွေဟာလည်း ဘီလူးဖြစ်သွားနိုင်တယ် ဒီဘ၀မဟုတ်တောင် နောက်ဘ၀ပေါ့။
အခုပြောချင်တာကတော့ ဒဏာရီလို ပုံပြင်လို ကျွန်တော်ကြားဖူးတဲ့လူစင်စစ်က ဘီလူးမွေးတဲ့အကြောင်းပေါ့ဗျာ။
==============================
=============
သားသည်အမေတွေ ကိုယ်ဝန်ဆောင်ရင်ချင်ခြင်းတက်တာ
သိမှာပေါ့။အမျိုးမျိုးပဲလေ
တစ်ယောက်ကိုတစ်မျိုးပေါ့။ဒါမဲ့ အခု အဲ့ရွာက အမျိုးသမီးက ချင်ခြင်းတက်တာ သားစိမ်းငါးစိမ်းပဲစားချင်သတဲ့ဗ
ျ။သူ့ယောကျာ်းမသိအောင် နဂိုကစားတာပေါ့။
နောက်တဖြည်းဖြည်းရင့်လာတော့ ထိန်းလို့မရတော့ဘူး။ယောကျာ်းကလည်း ချစ်တော့ဘာမှမပြောဘူးပေါ့ဗျာ။ဒီ
လိုနဲ့ မွေးရက်စေ့တော့ ။
မွေးပြီ ကလေးလေး မွေးမွေးချင်း လက်သည်က ကိုဟိုဒင်း လာပါဦးဆိုပြီး။
မီနေခန်းအပြင်ကို ကလေးကိုချီသွားတာပေါ့.။ကလေးအမေက
ို မသိစေဘူးဗျ။
ဟာ....ကလေးက လူနဲ့မတူဘီလူးနဲ့တူနေတယ်။အစွယ်ေ
လးနဲ့ ။အမွေးတွေက တကိုယ်လုံးပဲ။
ဒါနဲ့ နီးစပ်ရာ တတ်သိနားလည်တဲ့ လူကိုခေါ်ခိုင်းတာပေါ့။အဲ့ဒီအချိန်မှာ ကောင်လေးက တဖြည်းဖြည်းကြီးလာတာ လသားလောက်ရှိနေပြီ။အဖေ့လက်ထဲမှာ
နော်။
ဟို လူကြီးလည်းရောက်ရော .။ဟ အဲ့ဒါလူမဟုတ်ဘူး ဟေ့ သတ်ပစ် ဘီလူးကွ။ဆိုပြီး
ကလေးကိုယူ ဒါးနဲ့ခုတ် ပစ်တာ ခေါင်းတခြားကိုယ်တခြားဖြစ်ရော။ပြီးတော့သူက ဆရာတော့်သွားလျှောက်ချေလို့ပြော
ပြီး အိမ်ခနပြန်မယ်ဆိုပြီး ပြန်သွားတယ်။
ဆရာတော်လည်း ကြွလာရော ဟိုငနာလေးက အကောင်းပကတိ နှစ်သားလေးဖြစ်နေပြီ။
ဆရာတော်လည်း ဒကာကြီးပြန်မလာသေးဘူးလားလို့မိန
့်တာပေါ့။
ပြီးတော့ ဟဲ့နင်တို့ကလည်း လေကွယ်ရာထား သူက လေတိုက်တိုင်းကြီးတာဟဲ့လို့မိန်
့သတဲ့။
ဟို လူကြီးက ပြီးမှကမန်းကတန်းပြန်လာတယ်။သူပြ
န်လာတော့ ကောင်လေးကစောင်ပုံထဲမှာ အုပ်ထားရတယ်။ဆရာတော်လည်း ၀ိနည်းနဲမညီလို့လားမသိဘူး ခုနတခွန်းမိန့်ပြီး ပြန်ကြွသွားရော။အဲ့တော့မှ အဲ့လူကြီးက ကဲကောင်လေးကိုမ ခုနှစ်ပိုင်းပိုင်း အိုးခုနှစ်လုံးထဲထည့်ပြီး ရွာပတ်လည် မြုပ်ပစ်ဟ ဆိုပြီး သူကိုယ်တိုင် ခုနှစ်ပိုင်းပိုင်းပြီး သူယူလာတဲ့ အိုးလေးခုနှစ်လုံးထဲ ထည့် ယောက်ျားခုနှစ်ယောက်ကို သေသေချာချာမှာပြီး
ရွာပတ်လည်မြုပ်ခိုင်းလိုက်တယ်။ပြီးတော့ဘာမြင်မြင် ဘာကြားကြားကိုယ့်အလုပ်ကိုယ်လုပ်
ဟဆိုပြီး အမြန်လုပ်ခိုင်းတယ်။
အားလုံးကိစ္စလည်းပြီးတော့မှ ကလေးအမေကို အသေလေးမွေးကြောင်းပြော ကလေးအဖေကိုတော့ ရေမန်းတိုက် ဆရာတော့်ကျောင်းသွားပြီးတော့ အစောင့်အရှောက်ခံခိုင်း အိမ်ကိုလည်း သန့်အောင်လုပ်ပေးခဲ့သတဲ့။
ဒါမဲ့သိပ်မကြာပါဘူး။ ရွာထဲက မိန်းမတစ်ယောက်ကို အိမ်မက်ပေးသတဲံ
"နင်တို့ဦးလို့ပေါ့ကွာ ငါဦးရင်နင်တို့မလွယ်ဘူး" တဲ့ဗျားးး
----------------------------------------------------------
အခုလို သိတာလေးတွေပြောပြပေးတဲ့ Tzy Enome ကို ကျွန်တော်တို့ Admin များမှ ကျေးဇူးအထူးတင်းပါတယ်ဗျာ.....။ ။
Credit by Tzy Enome
ADMIN - Htut Htet
No comments:
Post a Comment