### နင်လဲနင့်အစွမ်းနဲ့နင် ငါလဲငါ့အစွှမ်းနဲငါ... ###
November 6, 2013 at 10:29pm
### နင်လဲနင့်အစွမ်းနဲ့နင် ငါလဲငါ့အစွှမ်းနဲငါ... ###အချိန်ကား ၁၉၉၆ ၁၉၉၇ ခုနှစ် တနေ့မှာပေါ့ ... ညနေ နေဝင်ကာနီး ကွန်တော် တစ်ယောက်ထဲ ရွာရဲ့အနောက်ဖက် တမိုင်ကျော်ကျော်လောက်ဝေးတဲ့ ကျုပ်ရဲ့ထန်းတောရှိရာကို နတ်အင်းချောင်းသင်္ချိုင်းဘေး ကိုင်းတောထဲကနေ ခပ်သုပ်သုပ်လေးလှမ်းရင်းရှိခိုက် ဟူးးးးးးးဝှီးးးးးးရှဲးးးးးးးရှဲးးးးးးးလေတိုးသံနဲ့အတူကိုင်းပင်တွေရဲ့အချင်းချင်းပွတ်တိုက်သံကပါ ကျုပ်နားထဲကိုတစောင်းနင်းဝင်ပါရေားးးးးးးဖလူးးးးးးဟာ သောက်ခွေး ဟူးးးးမြေဝပ်တကောင်အလန့်တကြားထပြန်သံနဲ့အတူ ကျုပ်စိတ်ထဲကပဲထင်လိုက်မိ့သလိုရှိလို့လားမသိ့ ခြေသံတစုံ တဖျတ်ဖျတ်နဲ့ကျုပ်နောက်က ကပ်ပါလာရော။ ပြောရအုံးမယ်ဗျ ကျုပ်ထန်းတောဝန်းကျင်ကို စိန်ပန်းကုန်းလို့ရှေးလူကြီးတွေကခေါ်ကြလေရဲ့ ဘာအကြောင်းကြောင့်ဆိုတာတော့ နောင်ကြုံမှ ကျုပ်ထပ်ပြောမယ်။ ခုဟာက ခြေသံ တွေပါ... ဟုတ်တယ် ဒီလူပဲနေမှာ.. ကိုဘကျော် လွန်ခဲ့တဲ့ တပတ်လောက်ကမှ ထန်းပင်ပေါ်ကနေ ဇောက်ထိုးကြပြီး.. ဂုတ်ကျိုးသေသွားတဲ့လူ သေပီးကာစ ၁ ရက် ၂ ရက်က သိပ်ပြီးမခြောက်ဘူး... အဲ ရက်လည်ပြီးတော့မှ ဇာတ်လမ်းကစရောဗျားးး ကျုပ်ထန်းတောနဲ့ ကိုဘကျော့ရဲ့ထန်းတောက ဟိုဖက်ဒီဖက်ဗျ ဒီလူသေပြီးဘာအစွဲနဲ့ရယ်မသိ သူရဲ့ထန်းတောမှာ သရဲဖြစ်နေတဲ့အကြောင်းကို ကျုပ်တို့တရွာလုံးပြောမဆုံးပဲ တစ်ယောက်မကျန် အကုန်နီးပါးအခြောက်အလှန့်ခံတာပဲဗျ.. ဟုတ်တယ် ခုလဲဒီလူ ကျုပ်နောက်မှာပါလာနေတယ်... လာခဲ့လေ သိုင်းမောင် တို့ကတော့ခပ်အေးအေးပဲ.. ခါးကြားက ထန်းလှီးဓါးနဲ့ လက်ထဲက သီးလုံးထိုး ၆ လက်မဓါးမြှောင် ဘကျော့မကလို့ ရှိသမျှသရဲအကုန်လာခဲ့ပဲ အူပွင့်သွားလိမ့်မယ်.... ရှဲးးးရှဲ။။။။ဖျတ်။။။။ဖျတ်။။။ဖျတ်။။။။ဟော။။။။ကျုပ်ထန်းတဲထဲမှာ လှမ်းမြင်လိုက်ရတာက ကျုပ်ကိုကျောပေးထိုင်နေတာ ကိုဘကျော့နဲ့ သူအဖေါ်တစ်ယောက် အောင်မာကွာ ငနာ ၂ယောက်က ကျုပ်ထန်းရည်အိုးလေးကို တွယ်နေကြတာ.. ဘယ်နှယ်ကျုပ်နောက်မှသွားပြီး ကျုပ်အရင်ရောက်နေနှင့်ကြပြီ... ငတ်နေကြတာ.. ကျုပ် တဲ ထဲဝင်လာတာတောင် သတိ့မထားမိ့ကြဘူးဗျာ ဟေးးးးကိုဘကျော့ ကျုပ်ခေါ်သံကြားတော့ ဒီလူကျုပ်ကို ဂုတ်စောင်းပီးလှည်ကြည့်ပါရော လားးးးလားးးးတခြားလူဆိုနေရာတင် ဂစ်းးးဂစ်းးလန်တက်သွားနိုင်တယ်ဗျ... မျက်လုံးတလုံးကို ရေနွေးကြမ်းပုကန်လုံးလောက်ရှိ့တယ်... ပါးစပ်ကနားကို တက်ချိပ်မလိုကြီးနဲ့ .... ဟားးးး သိုင်းမောင် လာကွာတဲ့ တူတူသောက်မယ်တဲ့လေ... ကျုပ်တော်တော်လေးတင်းလာပြီဗျ... ဒီအချိန် ထန်းရေကမရှိဘူးဗျ... အခုချိန်မှာထန်းရေက ရှားသွားပြီဗျ... ကျုပ် ထန်းလှီးဓါးကိုချွတ်လိုက်ပြီး လွဲခုတ်လိုက်တာ... ဟားးးး ဘာပြောကောင်းမလဲ ဘကျော့ ခေါင်းတခြားကိုယ်တခြားပဲ.. ဒါ့နဲ့အဖေါ်က ကျုပ်ကိုဝင်လုံးပါရော..... လားးးးလားးးးမြန်လိုက်တဲ့ဖြစ်ခြင်းလှစ်ကနဲ ကျုပ်အပေါ်ကတက်ဖိထားတာ.. ကျုပ်လဲဓါးတခြားလူတခြားကိုဖြစ်ရောဗျို့ ... ဒါနဲ့ လက်သီးနဲ့ထိုးတော့.. အိုး.. ဖွဲအိတ်ကြီးထိုးရသလိုပဲဗျာ... ကြာတော့ကျုပ်လက်ပန်းကြလာပီဗျ...
သူထိုးတာကိုကြိတ်မှိတ်ခံပီး ကျုပ်အိပ်ကပ်ထဲက ဓါတ်ဆီမီးခြစ်ကိုမရမကယူပြီး.. (ကန်တော့ပါရဲ့ဗျာ) ကျုပ်ရဲ့ အမွှေးကို ရှဲကနဲရှို့လိုက်တာ ဟင်းးးး ငနဲသား လေလျှော့သွား ပူစီဖေါင်းအတိုင်းပဲ... လာပြီကွ.. သိုင်းမောင် တဲ့ဟေးးးး ဆိုပီး သီးလုံးထိုးဓါးမြှောင်နဲ့ စိတ်ကြိုက်ဆွဲတော့တာပဲ လာစမ်းကွာ... ကျုပ်ပါးစပ်ကလဲ အရုတ်တ အနတ္တအကုန်ပြော.. ဟုတ်တယ်ဗျ ကိုယ်ဟာကို ဘီလူးစီးနေသလိုပဲ.. ဒါတောင်ဟို ၂ ကောင်ကတော်တော်နဲ့မညိမ်ဘူးဗျ..
ည ၉ နာရီကျော်လောက်မှ ပွဲကပီးတာ... ဟူးးးးကျုပ်လဲပျော့ပျော့ပဲကျန်တော့တယ်... ကျန်တဲ့ ထန်းရေလေးအိုးဆောင်းသောက်လိုက်တယ်... ပြီးတော့ ရွာကိုအမြန်ပြန်ပြီး ရွာတောင်ဖက်က ဘုန်းကြီးကျောင်းကိုပြေးလျှောက်တော့ ဘုန်းဘုန်းကတော့ ပြောပါတယ်... မနက်ကြရင် မင်းသွားကြည့်ပါတဲ့ ပုတ်သင် ၂ ကောင်ပဲမင်းတွေ့ရမယ်တဲ့ဗျား... အဟုတ်ဗျား မနက်ကြမှ ကျုပ်ပြန်ကြည့်တော့ ပုတ်သင်လေး ၂ ကောင် များ စိ့စိ့ညက်ညက်ကိုကြေလို့... အဲဒီကတည်းက ကျုပ်ရဲ့ထန်းတောက အပြင်လူစိမ်းကို ကျုပ်မခေါ်ဘဲနဲ့ ဝင်လို့မရတော့တာ ခုချိန်ထိပါပဲဗျာ။ ။
ပုံ။။ လင်္ကာဒီပ နတ်ဘီလူး နေရပ်ဇာတိ့ ပခုက္ကူ မြိုင်မြို့နယ် ကိုယ်တွေ့ဖြစ်ရပ်မှန် အစစ်ဖြစ်ပါသည်။
Credit by မဟာလင်္ကာဒီပ နတ်ဘီလူး
ADMIN - Htut Htet
No comments:
Post a Comment