*** မမြင်ရတဲ့ ပရလောကသားများ..*****
November 6, 2013 at 10:05pm
*** မမြင်ရတဲ့ ပရလောကသားများ..*****မန်ဘာ-ကို Chan Lay ရေးသားတင်ဆက်ပါသည်..။
ကျွန်တော်ဟာစစ်တက္ကသိုလ်တက်ခဲ့ဘူးသူတစ်ယောက်ပါ...ပထမနှစ်ပဲပြီးလိုက်တယ်...second year မှ ဆေးကျလို့ ထွက်လိုက်ရတာ...ဆေးကျတာကလည်းနှလုံးသွေးကြောကျဉ်းတာပါ....ပြန်ဖို့ အမိန့်ကျတော့ အဖေ နဲ့  အမေ ကလာခေါ်ပါတယ်...မေမြို့ ထိတက်လာကျပါတယ်....အဲဒီတုန်းကဗိုလ်ချူပ်အုန်းမြင့်ကကျောင်းအုပ်ကြီးပါ...ကျွန်တော်ပြန်ရမယ့်နေ့ မှာ ဗိုလ်ချုပ်လက်မှတ်စောင့်နေတာနဲ့ နည်းနည်းကြာသွားတယ်....စစ်တက္ကသိုလ်ကနေထွက်လာပြီး မြို့ ထဲရောက်တော့ မှောင်ရီပျိုးသွားပြီ....တောင်ပေါ်ရာသီ ဆောင်းဝင်ကာစဆိုတော့နည်းနည်းတော့အေးနေတယ်.....မှောင်တာက၆နာရီလောင်ဆိုစမှောင်ပြီလေ....ကျွတ်တော်တို့ လည်းမန္တလေးဆင်းပြီး ရထားစီးဖို့လုပ်ရင် ဆင်းတာနဲ့ ပဲမိုးစုန်းစုန်းချုပ်နိုင်တာမို့ မဆင်းပဲ ပြင်ဦးလွင်မြို့ထဲကဟော်တယ်တစ်ခုမှာပဲ sleep လိုက်ဖို့လုပ်တယ်..အဖေနဲ့ အမေကတစ်ခန်း ..ကျွန်တော်ကတစ်ခန်းပေါ့.....ကျွန်တော်လည်းပင်ပန်းနေတာနဲ့စောစောအိပ်ဖို့လုပ်လိုက်တယ်...ခုတင်တက်ပြီးခဏမှာပဲ အိပ်ပျော်သွားတယ်.....ခဏပဲရှိသေးတယ်ပြူတင်းက၀ုန်းကနဲပွင့်သွားပြီး..လေတွေတိုက်လာတယ်.....တိုက်တဲ့လေတွေကတဖြည်းဖြည်းကြမ်းလာတယ်...ကြမ်းလာတာနဲ့အမျှသဲကြမ်းတွေလည်းပါတာသလိုပဲ...မျက်နှာတွေလည်းစပ်ဖြင်းဖြင်းဖြစ်လာတယ်....ပါတ်ဝန်းကျင်တောင်ကောင်းကောင်းမမြင်ရတော့ဘူး...အဲဒီအချိန်မှာကျွန်တော်လက်ကိုလာဆွဲ့တဲ့မည်းမည်းအရိပ်ကြီး...အမွှေးတွေနဲ့ ....ကျွန်တော်ရသမျှဂါထာတွေတောင်အကုန်ကုန်သွားလားမသိဘူး....အဖေ အမေ ခေါ်ကြည့်တယ်ခေါ်လို့ မရဘူး....လက်အုပ်ချီတာတောင်မနည်းချည်ယူနေရတယ်....လက်အုပ်ချီပြီးဘုရားစာရွတ်နေတုန်း အသံတသံကြားလိုက်ရတယ်...."မင်းကိုငါလာတားတာမင်းမသွားနဲ့ဦး တားမရသွားချင်ရင် ၃ ဂဏန်းတွေကိုရှောင်သွား".......ဆိုပြီးအားလုံးပျောက်သွားတယ်...အခန်းလည်းငြိမ်သွားတယ်...ကျွန်တော်လည်းခုတင်ပေါ်မှာပဲ....ခုတင်အောက်ကိုယောင်ယမ်းပြီးစမ်းကြည့်လိုက်သေးတယ်..ဘာသဲမှ မရှိဘူး.....အိမ်မက်ပဲလေဆိုပြီး..ဆက်အိပ်ပေမယ့်အိပ်လို့မရတော့ဘူး...အိမ်မက်လားတယ်လားရောထွေးရင်းနဲ့ ရင်တွေတုန်နေတာ....********* မနက်မိုးလင်းတော့ တောင်အောက်ဆင်းတဲ့ ဟိုင်းလတ်ကားလေးတွေ စီးဖို့နေရေယူလိုက်တယ်...အဖေက ကားခေါင်းနားကပ်ရပ် ပြီးတော့အမေ အမေပြီးမှကျွန်တော်...တစ်ခြမ်းတည်းမှာ...အတူတူထိုင်စီးလာကြတာ...ပျော်ရွှင်စွာစကားတွေပြောရင်းနဲ့ ပေါ့....မနက်4:30 ကားတက်စီးလာတာ.....ကားစထွက်ပြီး၁၀ မိနစ်အကြာမှာ ကျွန်တော်နေရင်ထိုင်ရင်းမောလာတယ်.....အဲလိုကျွန်တော်မောနေတုန်းပဲ ကားက လမ်းဘေးကမုပေါ်ထိုးတက်သွားတယ်...လူတွေလည်းပြာပြာသလဲဖြစ်ကုန်တယ်....စပယ်ယာက ဒရိုင်ဘာကို လှမ်းမေးတော့ မျက်စိစပ်သွားတာ......... ချမ်းလို့တံခါးပိတ်မောင်းတာတောင့် လေတိုးပြီးမျက်စိထဲ သဲတွေဝင်သွားလို့ ဆိုပြီးပြန်ဖြေသံမှာ ကျွန်တော်ခေါင်းကြီးသွားတယ်...ညတုန်းအဖြစ်အပျက်တွေပြန်သတိရလာပြီး.ချွေးစေးတွေပြန်လာတယ်...မယုံချင်ပေမယ့် ၃ ယောက်မြောက်ဖြစ်နေတဲ့ ကျွန်တော့်နေရာကို အဖေနဲ့လဲလိုက်တယ်...အဲနေ့တစ်ရက်လုံး ၃ ဂဏန်းကို သတိထားပြီးနေလိုက်တယ်...အရာရာအဆင်ပြေသွားတယ်...တော်သေးတာက ကားကအဲလို ဖြစ်နေတုန်းကလမ်းကပြေနေပေလို့သာပေါ့...လုံးဝကွေ့ ကောက်ဆင်းနေတဲ့အချိန်ဆိုသေပြီ.......*********.အဲလိုလူတွေကိုလိုက်ကယ်တင်နေတဲ့ ပရလောကသမားများရှိနေပါသည်ဆိုတာကို ကျွန်တော့်ကိုယ်တွေ့နှင့်ရေးသားဖေါ်ပြပေးလိုက်ပါသည်။..........................................................................................
ဇာတ်လမ်းရေးသားတင်ဆက်ပေးသော မန်ဘာ ကိုချမ်းလေးကို အထူးကျေးဇူးတင်ရှိပါသည်...။
Admin:မိုးတိမ် ပုံပြင်
No comments:
Post a Comment