*******ကျတ်ရွာသို့ အလည်တစ်ခေါက်*******
November 6, 2013 at 9:53pm
*******ကျတ်ရွာသို့ အလည်တစ်ခေါက်*******ဇာတ်လမ်းရေးသားပေးပို့သူ-ကို Si Thu Tun
ကျနော်အသက်၁၆နှစ်ကျော်လောက်ကပေါ့ ၁၀ တန်းစာမေးပွဲကျတော့ အရမ်းစိတ်ညစ်နေတဲ့အချိန်ပေါ့ အဲဒီအချိန်မှာပဲ အစ်ကိုဝမ်းကွဲ တစ်ယောက်က အိမ်ရောက်လာတယ် သူက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတယ် ၊အကိုကပြောတယ် ညီလေးထိုင်းကိုလိုက်မလားတဲ့ ဟိုမှာအလုပ်လုပ်ပေါ့တဲ့ ဘဝအကြောင်းလည်းသိအောင်ပေါ့တဲ့ ကျနော်လည်းရေငတ်တုန်းရေတွင်းထဲကျသလို ဝမ်းသာလိုက်တဲ့ဖြစ်ချင်း စဉ်တောင်မစဉ်းစားဘူး လိုက်မယ်ပေါ့ အိမ်ကိုပြောတော့ မင်းအကိုတာဝန်ယူတယ်ဆိုလိုက်သွားပေါ့တဲ့ ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက် ရန်ကုန်ကနေ ကော့သောင်းကို လေယဉ်စီးသွားကြတယ် ကော့သောင်ကနေ ရနောင်းဘက်ကိုလှေနဲ့ကူးကြတယ် ရနောင်းဖက်ရောက်တော့ ဘန်ကောက်ပို့ပေးမယ့် ကားကလမ်းမှာယဉ်တိုက်မှူဖြစ်လို့ မပို့နိုင်တော့ဖူး၊ အဒီမှာ အကိုက သူ့မှာ ဘတ်ရှိတယ် (နေထိုင်ခွင့်ကတ်လို့ပြောတယ်) သူအရင်လိုင်းကားနဲ့သွားနှင့်မယ် ဟိုရောက်ရင် ကားလွတ်ပေးလိုက်မယ်တဲ့ အဲ့ဒီအချိန်အခါတုန်း ခုခေတ်လို တရားဝင် အလုပ်သမားတွေ မရှိသလောက်ပဲ အောက်လမ်းကနေခိုးဝင်ကြရတယ် ၊ ဒါနဲ့ အကိုအရင်သွားနှင့်တယ်ပေါ့ဗျာ အဲဒီမှာ ဒုက္ခစရောက်တော့တာပါပဲ ကျနော်တည်းနေတဲ့ အိမ်ကို ထိုင်းရဲတွေဝင်ဖမ်းကြတယ် ကျနော်လည်းကြောက်ကြောက်နဲ့ ထွက်ပြေးမိတယ် အချိန်ကညနေစောင်းလောက်ရှိနေပီ၊ခဏလောက်ဆိုမိုးချုပ်တော့မယ် ကျနော်လည်းခြေဦးတည်ရာပြေးလိုက်တာ တောင်ယာတွေဖက်ရောက်လာတယ် ရနောင်းဖက်မှာက တောင်တွေများတယ် တောင်ကုန်းတွေမှာ ယာစိုက်ကြတဲ့သူတွေများတယ် ၊ ဒီလိုနဲ့မိုးချုပ်လာတော့ ဗိုက်ကလည်းဆာ ကြောက်ကလည်းကြောက်နဲ့ တောင်ကုန်းတစ်ခုပေါ ကြည့်လိုက်တော့ မီးရောင်လေးတွေ့တယ် တဲလေးတစ်ခုကနေထွက်လာတဲ့မီးရောင်းလေးဗျ ကျနော် ဝမ်းသာအားရနဲ့ တဲလေးရှိရာကို တက်သွားခဲ့တယ် အပေါရောက်တော့ တဲလေးထဲမှာ မိသားစုတွေ ထမင်းစားနေတဲ့ အသံတွေကြားနေရတယ် ကျနော်အကူညီတောင်းကြည့်မယ်ပေါ့ ခက်တာက ထိုင်းစကားမတတ်တော့ ဘာပြောရမလဲ မသိဖူး အဒါနဲ့ သူတို့ကို အကူညီမတောင်းတော့ပဲ ဘေးနား တဲတစ်လုံးမှာ ငုတ်တုတ်လေးထိုင် ဘုရာစာလေးရွတ်ရင်း အိပ်ပျော်သွားတယ် ၊မနက်မိုးလင်းတော့တောင်ကုန်းပေါကနေ လှည့်ပတ်ကြည့်လိုက်တော့ ညတုန်းကတောင်ကုန်းတွေပေါ်မှာ တွေ့တဲ့တဲလေးတွေ က လူမနေတဲ့ တဲတွေဖြစ်နေတယ် ကျနော်လည်း ညကတွေ့တဲ့တဲလေးကို သွားကြည့်တာ တဲက အကာရံမရှိ ဖုန်တွေတက်နေတယ် တဲရဲ့ တုတ်တန်းအလည်ကနေ ကြိုးတစ်ချောင်းက တွဲလဲကျနေတယ် အဒီတော့မှ ညက သရဲခြောက်ခံရမှန်းသိတော့တယ် ညတုန်းကသာ ထမင်းဝင်စားမိရင် ဘာတွေဆက်ဖြစ်မလဲ မစဉ်းစားရဲတော့ဖူး ၊ကျနော်ထင်တာ ကျတ်တွေနေတဲ့နေရာရောက်သွားတာဖြစ
်မယ် ဒါပထမဆုံး သရဲခြောက်ခံရတဲ့ အတွေ့အကြုံပါ။
။ admin များခင်ဗျာ ကနော်စာသိပ်မရေးပါဖူး အဆင်ပြေမယ်ဆို ရင် လည်းတင်ပေးစေချင်ပါတယ် ၊ ဖတ်လို့အဆင်မပြေရင်လည်း ချန်ထားခဲ့လိုက်ပါ စိတ်မဆိုးပါဖူး အတွေ့အကြုံလေးတွေကို ရေးချင်တဲ့စိတ်ရှိလို့ပါ
ဇာတ်လမ်းရေးသားပေးပို့သော ကိုစည်သူသူထွန်းကို အထူးကျေးဇူးတင်ရှိပါသည်..။
Admin:မိုးတိမ် ပုံပြင်
No comments:
Post a Comment