Monday, January 20, 2014

******စုန်း၊ကဝေတို့၏ပြုစားမှု့နည်းလမ်း အချို့*******

November 6, 2013 at 9:49pm
******စုန်း၊ကဝေတို့၏ပြုစားမှု့နည်းလမ်း အချို့*******

ဇာတ်လမ်းရေးသားတင်ဆက်သူ-ကို Tzy Enome

သရဲအကြောင်းမပြောတော့ဘူးစုန်းကဝေတွေအကြောင်းနည်နည်းဝေမျှကြည့်မ
ယ်နော်
------------------------------------------------------------------------------------------
--
ဗိုက်အောင့်လို့ဆိုပြီးသွားခွဲတာ ဆံပင်ညှီတွေအထုံးလိုက်ကြီးတွေ့တာတို့ ခုံဖိနပ်တွေတွေ့တာတို့ အဲ့ဒီပါးစပ်ရာစ၀င်တွေကြားဖူးမှာ
ပေါ့။
အဲ့ဒါက စုန်းပြုစားတာလို့လူကြီးတွေကပြောကြတယ်နော်။
ကျွန်တော်သိချင်တာ စုန်းတွေက ဘယ်လိုပြုစားတာလဲ ??????
ဘာလို့ပြုစားတာလဲ။နယ်ဘက်တွေမှာ ပိုပေါတယ်လို့တော့ပြောတယ်။ထားပါ
လေ။
အခုပြောမှာက ကျွန်တော်ကိုယ်တိုင် မြင်ရတွေ့ရတာမဟုတ်ပေမဲ့ လူကြီးတယောက်က
ပြောပြထားလို့သိရတာပါ.။အဲ့ဦးလေ
းကြီးက စကားတည်တယ်။လိမ်မပြောတတ်သလို
ဖြီးဖြန်းပြောတာတွေလည်းမရှိဘူး။
ဒါ့ကြောင့် သူပြောတဲ့အတိုင်းပဲတင်လိုက်တယ်။
==============================
================
လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်ရယ် သယ်ရင်းတယောက်ရယ် တခြားကောင်တွေမရှိတော့သရဲအကြောင်းပြောနေတဲ့ လူကြီးတွေဝိုင်းဝင်နားထောင်တော့
ဦးလေးတယောက်က
"မင်းတို့ယုံမယုံတော့ ငါမသိဘူးကွာ။ငါ့မျက်စိရှေ့မှာ ပဲ ကြောင်သတ်ပြတာမြင်ဖူးတယ်ကွ"
ဦးလေးကြီးက ပြောပြတယ်။"ဟာဗျာ သရဲကြောင်းပြောပါတယ်ဆို ဘာတွေလာပြောနေတာလဲ လာနောက်နေတယ် ကြောင်သတ်တာတော့ ဦးလေးပြောမှလား ဟီး"စသည်ဖြင့် အကုန်ဝိုင်းပြောတာပေါ့။သူကတော့ရ
ုပ်တည်နဲ့
"အာ အဲ့လိုသတ်တာမဟုတ်ဘူးကွ မင်းတို့ကလည်း"ဆိုပြီးပြောတယ်။က
ျွန်တော်တို့လည်း
ဝိုင်းမေးတာပေါ့"ဒါဆို ပြောပြ ဘယ်လိုသတ်တာလဲပေါ့"။"အေး ဒီလိုကွာ ငါနဲ့တွေတော့
သူကိုကြောင်တကောင်က လှမ်းကိုက်တယ်ကွာ သူများအိမ်မှာလေ။သူကအေးဆေးပဲ ကြောင်လေးကို ပခုံးပေါ်တင်တယ်။ပြီးတော့ ခါးပုံစထဲထည့်ပြီး ချက်ချင်းပြန်ထုတ်တာ။
အသေလေးပဲထွက်လာတယ်ဟ။"အဲ့လိုလြဲေ
ပာရော "ဟာ ဒါပဲလားပြီးတော့ကော"
ဆိုပြီးထပ်မေးတာပေါ့"အေး ကျန်သေးတယ်ကွ အဲ့ဒီ အဘက လိမ္မော်ခြံရှိတယ်ကွ။
သူတို့ဘက်ကခြံဆိုတာ အကျယ်ကြီးတွေကွာ။မင်းတို့သိပါတယ်။ဒီဘက်က အော် ဟိုဘက်ကမကြားရဘူးလေ"တဲ့သူကပြောတ
ယ်။ပြီးတော့"အေး အဲ့လောက်ကျယ်တဲ့
ခြံကို ခြံစောင့်မထားဘူးကွ။သူကပြောတယ် စားချင်ရင် မခူးခင်တောင်း ပြီးရင်အ၀သာစားတဲ့ ဘာမှဖြစ်ဖူးတဲ့။မတောင်းပဲယူလို့
ကတော့ သူတာဝန်မယူဘူးတဲ့
မင်းတို့ပြောသလိုဆို ကိုယ့်ဘ၀နဲ့ကိုယ်ပေါ့ကွာ"လို့ပြောတော့"ဒါပဲလား ဟွန် ဦးလေးဟာကလည်း တိုတိုတိတိကြီး"လို့ပြောတော့သူ
က"အေး ကျန်သေးတယ် ဒါမဲ့
ငါ့ကိုယ်တွေ့တော့ ဟုတ်ဘူးကွ"တဲံ့။ကျုပ်တို့လည်းသိချင်တော့"ပြောပါဗျ ဗဟုသုတရတာပေါ့"စသည်ဖြင့် ပြောတာပေါ့ဗျာ။သူကအဲ့တော့မှ "အေးဒီလိုကွ သူနဲ့သိတဲ့သူတယောက်ပြောပြတာ။တနေ
့က သူလွတ်ထားတဲ့ သူ့နွားပျောက်သွားတော့ သူက ရွာကလူတွေကိုပြောတယ်တဲ့ ငါ့နွားယူထားရင်ပြန်လာပေးနော် နေ့ကူးရင်တော့
တာဝန်မယူဘူးတဲ့ သိပ်မကြာဘူး သူပြောပြီးအပြန် သူ့ခြံရှေ့မှာ နွားကချည်ရက်သားလေး
ဒါကျတော့ လူတွေကိုဖိန့်တာပါလို့ ထင်လို့ရတယ် ဒါမယ့် သူဘုရားစင်ပေါ်က ဆန်ထုပ်လေးကတော့ နားလည်တဲ့သူတိုင်းသိပါတယ်။သူဘယ်လိုလူလဲဆိုတာ"အဲ့လိုပြောပြီးသူက ငြိမ်နေတယ်ဗျ အဲ့ဒါနဲ့ ကျွန်တော်တို့ကမေးတာပေါ့"ဟ ဘာကြီးတုန်း ဆန်ထုပ်က ပြောပြလေဗျာ"လို့မေးတော့မှသူက"ဆ
န်ထုပ်ဆိုတာ ပညာတတ်တဲ့သူတွေက ဘုရားစင်ပေါ်မှာ တင်ထားတဲ့ဆန်ထုပ်ထဲက ဆန်စေ့တွေနဲ့မှတ်တာ ဘယ်လိုမှတ်လဲဆိုကွာ
ဥပမာ လူတစ်ယောက်ကိုလုပ်တော့မယ်ဆို ဆန်စေ့တစ်စေ့ဖယ် ပေါ့။အေး ဆန်စေ့က သတ်မှတ်ချက်ရှိတယ် ကွာ သက်စေ့လား သုံးစေ့လားငါလည်းမသိတော့ဘူး အဲ့လောက်ကျန်ရင် ကိုယ့်အသက်အန္တရယ်မဖြစ်ဖူး အဲ့လောက်မှမကျန်တော့ရင် သေပြီပဲတဲ့
ငါလည်းမသိတော့ပါဘူးကွာ ပြီးတော့ အဲ့အဘကပြောသေးတယ် ပညာတွေကမရှိပါဘူးကွာ မယုံပါနဲ့တဲ့ ငါကတော့ သူပြောတာယုံဘူးကွာ ပညာရှိုတာလို့ပဲထင်တယ်ကွ ငါ့ရှေ့မှာပဲ သူကြောင်ကိုသတ်ပြသွားတာလေ အေးမင်းတို့ပြောသလို အသက်ရှုကြပ်ရအောင်လည်း တစက္ကန့်လောက်ပဲကြာတာဆိုတော့
လက်တွေ့ရှင်းပြဖို့သိတ်ခက်တယ်။ခြံကျယ်ကြီး အစောင့်ကမရှိတာကော ဘယ်လိုပြောရမလဲ စိတ်ရှုပ်တယ်ကွာ ဒါပေမဲ့ မင်းတို့မယုံရင်နေနော် သွားတော့ပါးစပ်မသရမ်းနဲ့ ဒုက္ခတွေ့သွားမယ်။"လို့ပြောပြီးထ
ပြန်သွားတော့ ကျုပ်တို့လည်း နားထောင်စရာမရှိတော့
ဘာလုပ်တယ်ထင်လည်း ၀ိုင်းပြောင်းပြီး ဒိုတာ အကြောင်းအာပေါင်အာရင်းသန်သန်ပြောလိုက်တာ ကြောက်စိတ်တောင်ဘယ်ရောက်သွားလဲသ
ိတော့ဘူး။
==============================
မကောင်းပေမယ့်အဆုံးအထိဖတ်ပေးတဲ့အတွက်ကျေးဇူးပါ...။

(P.S အရမ်းကောင်းပါတယ်ခင်ဗျာ..ဒီလိုလူသိနည်းတဲ့ဇာတ်လမ်းလေးတွေတင်ဆက်
ပေးတဲ့အတွက် အရမ်းလေးစားမိပါတယ် ခင်ဗျာ.....
မိုးတိမ်ပုံပြင်)

ဇာတ်လမ်းတင်ဆက်ပေးသူကို Tzy Enome ကိုအထူးကျေးဇူးတင်ရှိပါသည်..။
Admin-မိုးတိမ် ပုံပြင်

No comments:

Post a Comment