*****အမဲသားစားတာမကြိုက်တဲ့ မကျွတ်လွတ်ရှာသူ******
November 6, 2013 at 9:36pm
*****အမဲသားစားတာမကြိုက်တဲ့ မကျွတ်လွတ်ရှာသူ******Member-ကို လူလှကြီး ရေးသားပေးပို့သောဇာတ်လမ်းလေးပါ...
ကျနော်တို့ မြို့ က ဧရာဝတီတိုင်း ရေကြည်မြို့ နားက မြို့ လေးတစ်မြို့ ပါ။ နယ်မြို့ တွေဆိုတော့ လယ်သမား၊ အလုပ်သမားပေါတာပေါ့။ တနေ့ ကျနော့် သူငယ်ချင်းရဲ့အိမ်ကို အလည်သွားတော့.. သူ့ အဖေက အရက်သောက်တတ်တယ်ဗျ.. ညနေဘက် အလုပ်ဆင်းရင် အမြဲသောက်ပီးမှ အလုပ်က ပြန်တတ်တယ်... ကျနော်သွားတဲ့ နေ့ က သူမူးနေပီ... အပြင်မှာမသောက်ပဲ အိမ်မှာသောက်တဲ့ နေ့ ဖြစ်နေတယ်။သူမူးတာကလဲ အဆန်းဗျ.... အိမ်ရှေ့ မှာ ထိုင်သောက်နေရင် ခြံအပြင်ကို လက်ညှိုးထိုးပီး " ဟို ၂ကောင် ရန်ဖြစ်မနေနဲ့ ... ရန်ဖြစ်ရင် မင်းတို့ ၂ကောင်ကို မကျွေးတော့ဘူး " ဆိုပီး ထပြောတော့.. ကျနော် ကြက်သေသေသွားတယ်... ဒီဘဲကြီးတော့ ဂွတ်နေပီထင်တယ်ပေါ့။ နောက် မရပ်သေးဘူးဗျ... သူက ဆက်ပီး " အောင်မယ် လှည့်မကြည့်နဲ့  မင်းကိုပြောနေတာ " ဆိုပီး အိမ်အပြင်ကို ဆက်ပီး လက်ညှိုးထိုးနေတုန်း.... ည ၇နာရီလောက်ဖြစ်နေပီ... ကျနော် နည်းနည်းလန့် လာပီဗျ... ဟီး.... ဟုတ်တယ်လေ ကျနော်က သရဲကြောက်တတ်တယ်ဗျ။ အဲ့ဒါ နဲ့ သူက ဆက်ပီး " အေး... အဲ့လို လိမ္မာမှ ငါကကြိုက်တာ''ဆိုပီး သူမြည်းနေတဲ့  အမဲသားဖက်လေးတွေ ပစ်ကျွေးနေလေရဲ့... အခြေအနေမကောင်းဘူး ငါလစ်မှလို့ ကြံတုန်း....သူ့ မိန်းမ က ကတုန်ကယင်ဖြစ်လာပီး...."နင်ဘာတွေလုပ်နေတာလဲ ငါမကြိုက်ဘူး..." ဆိုပီး ပြောတယ်ဗျ... အသံကလူသာမန် အသံမဟုတ်ဘူး။ တမျိုးကြီးပဲ...။ ပီးတော့ ကျနော့် ဘော်ဒါက ကျနော်နဲ့ အပြင်သွားမလို့ ထမင်းစားပွဲမှာ ထိုင်ကြိတ်နေတာ..။ အဲ့ဒါကို အဲအဒေါ်ကြီးက" ငါလည်းစားချင်တယ်တဲ့ '' ဟိုကောင်ကလည်း " အမေ ဘာဖြစ်နေတာလဲ စားချင် လာစားပေါ့ " လို့ လည်းပြောရော... ထမင်းစားပွဲကို ကမူးရှူးတိုးပြေးလာရော... အဲ့ဒါကို ကျနော် ဘော်ဒါက သိလိုက်တယ်.. ချက်ချင်း ထမင်းစားပွဲကို အုပ်ဆောင်းနဲ့ ပိတ်လိုက်ပီး သူ့ အမေကို အတင်းပြေးဖက် ပရိတ်ရေ နဲ့ လောင်းတော့မှ သူ့ အမေငြိမ်သွားတယ်......ကျနော်လဲ မသွားတော့ ဇာတ်လမ်းဆုံးတဲ့အထိကြည့်မယ်လို့ တွေးပီး ဆက်နေလိုက်တယ်။ ဒါနဲ့ ညဘက်ကြီး အထက်လမ်းကျွမ်းတဲ့ ဆရာတစ်ယောက်ပင့်ရတာပေါ့... အဲ့လူရောက်လာတော့ သူကသူမွေးထားတဲ့ အစွမ်းနည်းနည်းထက်တဲ့. နာနာဘာဝကို ၀င်ပူးခိုင်းတယ်။ ပီတော့ "ဟဲ့ နင်တစ်အိမ်လုံးလိုက်ကြည့်စမ်း ခုနက ဘယ်သူ ၀င်သွားတာလဲ သိအောင်လုပ်လာခဲ့" ဆိုပီး ပြောတယ်ဗျ။သူ့ အိုက်တင်က တော့ တော်တော်မိုက်တယ်ဗျ။ အဲ့ဒီမှာ ပြောစရာရှိတာက ကျနော့်သူငယ်ချင်း အမေကို တကယ်ပူးတာလား ဘာလားတော့မသိဘူး ကတုန်ကယင်ပြန်ဖြစ်တယ်ဗျ။ သိပ်မကြာဘူး အဲ့ဒေါ်ကြီးက " ခြံထဲမှာ တစ်ယောက်ရှိတယ်တဲ့ ... ခုနက ၀င်ပူးတာလဲ အဲ့တယောက်ပဲတဲ့ " ... အဲ့ဒါနဲ့  အဲ့ဆရာက " ခုနက ၀င်ပူးတဲ့သူ ချက်ချင်း လာစမ်း... ငါ့အကြောင်းသိတယ်မလား "ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဖြဲတယ်ဗျ...။ သိပ်မကြာဘူး အဲ့အဒေါ်ကြီး ငြိမ်ကျသွားတယ်.... ပီးတော့ ထပ်ပီး ကတုန်ကယင်ဖြစ်လာတယ်။ အဲ့အချိန် ဆရာက မေးတော့ သူ့ နာမည်က'' ဒေါ်......ပါတဲ့ ၊ သူက ဒီခြံကို စောင့်တဲ့ သူပါ၊ သူ့ အသက် ၃၀ မှာသေပါတယ်..သေပီးတည်းက ဒီခြံကိုစောင့်နေတာပါလို့ ပြောတယ်ဗျ။ အဲ့ဒါကို ပယောဂ ဆရာက ဘာလို့ နှောက်ယှက်တာလဲ မေးတော့.. သူက အမဲသားစားတာ မကြိုက်ဘူးတဲ့ .... စားနေတာလဲ မပြောပါဘူးတဲ့ ...ဒါပေမယ့် ကိုယ့်ဟာကိုယ် မစားပဲ ဟိုကျွေးဒီကျွေးတော့ မကြိုက်ဘူးတဲ့ ... သူ့ ကိုစော်ကားသလိုဖြစ်နေတယ်တဲ့ ..... သူက မကျွတ်လွတ်ပေမယ့်.. တခြားလို ခြောက်လှန့် တာမျိုးမလုပ်ပါဘူးတဲ့ ... ခြံကို သူခိုး ကပ်တောင် သူနည်းလမ်းပေါင်းစုံနဲ့ ခြောက်လွှတ်ဖူးပါတယ်... ဒီနေ့ တော့ ဘယ်လိုမှသည်းမခံနိုင်လို့ ဝင်ပြောတာပါတဲ့..... အဲ့ဒါနဲ့ အိမ်သားတွေ အဲ့ဒီလို ထပ်မလုပ်ရင် ကျေနပ်ပါပီတဲ့... အဲလိုပြောတော့ ဆရာကလည်း အိမ်သားတွေဆီက ကတိတောင်း... အိမ်သားတွေကတိပေးတော့ ဟိုအဒေါ်ကြီးကိုဝင်ပူးနေတဲ့ တယောက်လည်း ထွက်သွားတော့တယ်..။ နောက်ဆက်တွဲ အနေနဲ့ ကျနော်အဲ့အိမ်ဘယ်တော့မှမသွားတော့ဘူး... သွားတောင် ခြံထဲမ၀င်ဘူး....။ ကျနော်ဘော်ဒါလဲ ညဘက် အိမ်သာမသွားရဲလို အိမ်သားတယောက်နှိုးတာ အခုထိပဲလို့ ပြောရင် နိဂုံးချုပ်ပါရစေ...။ အထက်လမ်းဆရာဆိုတဲ့ တယောက် ဇာတ်လမ်းလည်း ရှိသေးတယ်ဗျ.. နောက်မှ ထပ်ပီးတော့ ပို့ ပေးပါမယ်ဗျာ....
ဇာတ်လမ်းရေးသားပေးပို့သူ-ကိုလူလှကြီးကို အက်ဒမင်အဖွဲ့မှ အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ...။
Admin-မိုးတိမ် ပုံပြင်
No comments:
Post a Comment