Monday, January 20, 2014

### အပေါ့အပါး လျှောက်မသွားနဲ့.... ###

November 6, 2013 at 10:08pm
### အပေါ့အပါး လျှောက်မသွားနဲ့.... ###

အဲဒီနေ့က မိုးတွေ ဖွဲဖွဲလေးကျနေတယ်..။ ည ရှစ်နာရီလောက်ပဲ ရှိသေးပေမယ့် မိုးအေးတော့ဗျာ... လူသွားလူလာတွေ မရှိသလောက်ဖြစ်နေတာ..။ သိတယ်မလား.. တောင်ကြီးမြို့ရဲ့ မိုးအကုန်ဆောင်းအကူးကာလလေ.. စက်တင်ဘာပေါ့..။ မိုးလေး စိမ့်ကနည်းကျလိုက်ရင် တစ်လောကလုံးက အေးနေရော..။ ကျွန်တော်လဲ မနက်က ထီးယူပြင်းတာနဲ့ မိုးထဲပြန်လာရတယ်..။ နေတဲ့အိမ်နဲ့ ကားဂိတ်နဲ့က ဆယ့်ငါးမိနစ်လောက်တော့ လျှောက်ရတယ်..။ ကားက အောက်ဈေးလို့ခေါ်တဲ့ စဝ်ဆံထွန်းဈေးရဲ့ အရှေ့တောင်ဘက်မှာ ရှိတာလေ..။ အဲဒီတုန်းက အခုလို သေချာတိုက်ခန်းတွေ မရှိသေးဘူး..။ ဈေးသိမ်းထားပြီးတဲ့အချိန်ဆို..
ည အမှောင်ထဲမှာ အဲဒီ ဈေးဆိုင်ခန်းတွေဟာ တစ္ဆေတွေ အစည်းအဝေး ကျင်းပနေတယ်လို့ ထင်ရလောက်အောင် ခြောက်ခြားဖို့ကောင်းတာ..။ လျှပ်စစ်မီးကလဲ ဈေးလယ် လမ်းလောက်လေး မစို့မပို့ ထွန်းထားပေးတာဆိုတော့ အဲဒီ ခရမ်းချဉ်သီးသာသာ မီးရောင်လေးနဲ့ လှုပ်လှီလှုပ်လဲ့ တာလပတ် စတွေဟာ တကယ့် ပလဲပနံသင့်လှတဲ့ ပရလောက အခင်းအကျင်းတစ်ခုလိုပဲ..။
အဲဒီဘေးကနေ ကွေ့ဝိုက်ပြီးပြန်လာတဲ့ ကျွန်တော့စိတ်အခြေအနေကို မှန်းလို့ရလောက်ပြီထင်ပါတယ်..။ အဲဒီတုန်းက ဈေးဘေးနားမှာ ဈေးရေကန်ကလဲ မဖို့ရသေးဘူး..။ တော်တော်လေး နာမည်ကြီးတဲ့ကန်ပါ..။ ညညဆိုရင် ရေကန်ထဲကနေ မကောင်းဆိုးဝါးတွေ ထွက်လာပြီး လမ်းသလားတယ်ပြောကြတာပဲ..။ ကန်ကိုတော့ သံဆူးကြိုးတွေနဲပ သေချာ ခတ်ထားတယ်.. ။ ကလေးတွေ ဝင်ဆော့ပြီး ကျကုန်မှာစိုးလို့ထင်ပါရဲ့..။ အဲ.. စကားကောင်းနေလိုက်တာ ဈေးနားကနေ မခွာနိုင်ဘူး ဖြစ်နေတယ်..။ အဲဒီ ဈေးဘက်နားက ဆင်းလာလိုက်တော့.. အခု စေတနာလား ဘာလား စင်တင်တေးဂီတ စားသောက်ဆိုင် ဖွင့်ထားတဲ့ နေရာနားမှာပေါ့. အရင်က ညောင်အိုပင်ကြီးရှိတယ်.။ အဲဒီဘက်နဲ့ ကင်းကွာတာ ကြာနေပြီဆိုတော့ လမ်းနာမည်၊ ဆိုင်နာမည်၊ နေရာနာမည်တွေ သိပ်တော့ မမှတ်မိတော့ဘူး..။ စေတနာက ဆေးရုံဖြစ်ဖို့ ပိုများတယ်.။ ထားလိုက်ပါ..။ ဘာပဲပြောပြော အဲနားလေးမှာ အရင်က ညောင်အိုပင်ရှိတယ်ဗျာ..။ ပြောချင်တာ အဲဒီ ညောင်အိုပင်ပဲ..။
မိုးဖွဲလေးထဲမှာ လှမ်းလာလိုက်တာ အဲဒီ ညောင်အိုပင်နားရောက်လာတယ်..။ အဲဒီ ညောင်ပင်နဲ့ မျက်နှာချင်းဆိုင်မှာ စာအုပ်ဆိုင်လေးတစ်ဆိုင်ရှိတယ်..
။ သူလဲ မိုးအေးလို့လားမသိ.. အဲဒီနေ့မှ ရှစ်နာရီပဲ ရှိသေးတယ်.. ပိတ်ပြီဗျ..။ ဆိုတော့ အဲဒီလမ်းက ရှင်းနေတာပေါ့.. လတ်တလော..။ တစ်ချက်တစ်ချက် ဖြတ်သွားတဲ့ ဆိုင်ကယ်တို့ ကားတို့လောက်ပဲ ရှိတာ..။ လမ်းလျှောက်နေတာဆိုလို့ ကျွန်တော် တစ်ယောက်ထဲ..။ ညောင်ပင်နားရောက်တော့ ဗွေဖောက်လာတယ်..။ ကျွန်တော် မြို့ထဲက ပြန်လာတာ ကိစ္စ မရှင်းလာရဘူးလေ..။ မိုးကလဲအေးတော့ တော်တော်လေးကို တင်းနေပြီ..။ ဆီးသွားချင်နေတာ..။ ညောင်ပင်ကြီးနားရောက်တော့ ကြက်သီးတွေ ထသွားတယ်..။ သိတဲ့အတိုင်းပဲ အဲလို ကြက်သီးများထသွားရင် သွားချင်နေတဲ့ဆီးက ထိန်းလို့ကို မရချင်တော့လောက်အောင်ကိုပဲ..။
ကျွန်တော် အကြံတော်တော်လေး အိုက်သွားတယ်..။ ဆီးသွားဖို့ကလဲ လမ်းဘေးအကာဆိုလို့ အဲဒီ ညောင်ပင်နဲ့ သူ့ဘေးမှာရှိတဲ့ ကုလားပန်းခြုံလေးပဲ ကွယ်နေတာ..။ အဲထဲမှာမှ မရှင်းရင် မဖြစ်တော့ဘူး..။ စာအုပ်ဆိုင်ကလဲ ပိတ်နေပြီဆိုတော့ သူတို့ကို အကူအညီ တောင်းလို့လဲ မရနိုင်ဘူး..။ ဒီတိုင်းသွားရင် မိုးရည်တင်မကဘူး.. အောက်ပိုင်းတစ်ခုလုံး ရှူရှူးတွေနဲ့ ရွှဲရွှဲစိုသွားနိုင်ခြေရှိတယ်..။ အဲဒါနဲ့ အဲဒီညောင်ပင်နဲ့ ကုလားပန်းကြားထဲဝင်ပြီး အထုပ်ဖြေရတာပေါ့..။ အဲ.. မဖြေခင်တော့ ခွင့်ပြုပါ ဘာညာတော့ ပြောရသေးတာပေါ့..။ ဒါပေမယ့် ခွင့်တောင်းတာ မဆုံးသေးဘူး.. ဇာတ်လမ်းက စသွားတယ်..။ ဆီးသွားပြီးတော့ လူက တော်တော်ပေါ့သွားတယ်..။ အသာလေး ခြုံထဲက ပြန်ထွက်လာလိုက်တော့ ကြက်သီးထပ်ထသွားတယ်..။ မိုးအေးရင် ဖြစ်နေကျပဲမို့ အလေးမထားလိုက်မိဘူး..။ အဲ.. ထတဲ့ ကြက်သီးက မပြီးနိုင်မစီးနိုင်ဖြစ်နေတဲ့အြ
ပင်.. ရုတ်တရက် ခေါင်းကြီးက ပုခုံးနှစ်ဘက်ထက်ကို ကြီးထွက်လာသလို ခံစားလိုက်ရတယ်..။
ဒီလောက်တော့ ဘယ်နုံပါ့မလဲ..။ သိလိုက်ပြီလေ..။ ဒါကောင်းသော ကြက်သီးထခြင်းမဟုတ်ဘူးဆိုတာကို.
.။ ဘာလုပ်ရမှန်းလဲ တစ်ကယ်မသိတာ..။ စဉ်းစားကြည့်လေ.. ကိုယ်က တစ်ယောက်ထဲလေဗျာ..။ မသိချင်ယောင်ဆောင်ပြီး ရှေ့ဆက်တိုးဖို့ပြင်တယ်..။ “ဒေါက်... ကလောက်.. ကလောက်.. ” ခဲကျသလို ဘာလိုလိုနဲ့ နောက်ကနေ အသံကြားလိုက်ရတယ်..။ ခနနေတော့. “ကလောက်.. ကလောက်.. ကလောက်..” ဆိုပြီး ဘေးကနေ ခဲလိုလို ဘာလိုလို လိမ့်ပြီး ဖြတ်သွားတယ်ဗျ..။ ချွေးတွေ ပြန်ထွက်လာတယ်..။ ကျနေတဲ့ မိုးရည်ထက် မျက်နှာမှာ သီးလာတဲ့ ချွေးတွေက ပိုပြီး အပေါက်ကြီးတယ်ဗျ..။
အားတင်းပြီး ဆက်လှမ်းတာပေါ့..။ အဲဒီမှာ နောက်ကနေ ခြေသံအလေးကြီးကို ကြားရတာဗျာ..။ အလေးကြီးလို့ ဘာလို့ထည့်ပြောလဲဆိုရင် အဲဒီခြေသံဘုတ်ကနည်း ထွက်လာတိုင်းမှာ မြေကြီး တုန်ခါသွားတာကို ကျွန်တော့ခြေဖုဝါးတွေ ခံစားလို့ရနေလို့ပဲ.။ မြေတောင်ခါအောင် လျှောက်နိုင်တယ်ဆိုတော့ မျက်စိထဲမှာ ဧရာမ ဘီလူးရုပ်ကြီးသွားမြင်တယ်..။ ရုပ်ရှင်ထဲကလို ဘီလူးရုပ်ပေါ့..။ တကယ့်ဘီလူး အပြင်မှာ ဘယ်လိုရှိလဲ ကျွန်တော်လဲမှမသိတာကိုး..။ အစွယ်ကြီးတကားကားနဲ့များလားပေါ့..။ လှည့်လဲ လှည့်ကြည့်ချင်တယ်..။ ကြည့်လဲ ကြည့်ရဲဘူးဗျ..။ အဲဒါနဲ့ ရှေ့ကို ဆက်လှမ်းတယ်.။ နောက်ကနေ ထပ်ပြီး ခြေသံကလိုက်လာတယ်..။ တကယ့် အလေးကြီးဗျာ..။ မနေနိုင်တော့ဘူး.. ကျွန်တော် ချာကနဲ လှည့်ကြည့်လိုက်တယ်..။ အထင်နဲ့ အမြင် ပါစင်အောင်လွဲသွားတယ်.။ ကြောက်နေတာတောင် ခနမေ့သွားတယ်..။ နောက်မှာ ကောင်လေးတစ်ယောက်ဗျ..။ လေးနှစ်သားလောက်ပဲ ရှိမယ်ထင်တယ်..။ မျက်လုံးတွေကတော့ စူးတောက်နေတာပဲ..။ ဘယ်လိုပြောရမှန်းကိုမသိဘူး..။ စဉ်းစားကြည့်ဗျာ.. ထင်ထားတာ အကြီးကြီး.. တော်သေးတယ်တန်းပြီး မော့မကြည့်မိတာ..။ အခုမြင်နေရတာ သေးသေးလေး..။ လက်တောက်လောက်လေး.. ။ ကြောက်ရမှာတောင် အားနာသွားခဲ့တယ်.။ ခုနက ပြေးမလို ဖြစ်နေတဲ့ ခြေလှမ်းတွေကို ပြန်ထိမ်းလိုက်တယ်.။ အေးဆေးပေါ့..။ လက်တောက်လောက်လေး...ပေါ့..။ ဒါပေမယ့် စောင့်တော့ စောင့်ရဲဘူးဗျ..။ ရှေ့ဘက်ကို ပြန်လှည့်လိုက်တော့.. အရှေ့ဘက်မှာ ခွေးနက်တစ်ကောင်ဘယ်ကရောက်နေတယ်မ
သိဘူး..။ ဒီတိုင်းထိုင်နေတာ..။ ကြည့်နေတာကတော့ ကျွန်တော့ကိုလား နောက်က ကလေးကိုလားမသိဘူး..။ ကျွန်တော်လဲ ယောင်ရမ်းပြီးတော့ နောက်ကို ပြန်ကြည့်မိတာပေါ့..။ အဲ..။ နောက်မှာ ဘာမှ မရှိတော့ဘူး..။ တိန်....။ ကြောင်သွားတာပေါ့.။ ခုနကပဲ သေချာ မြင်လိုက်ရတာ..။ ကလေးလေး..။ အခုဘယ်ရောက်သွားပြီလဲ တွေးနေတုန်းဗျာ..။ ကျွန်တော့် ဘယ်ဘက်လက်ကို တစ်ယောက်ယောက်လာကိုင်တယ်..။ အားပါး.. ငုံ့ကြည့်လိုက်တော့.. ခုနက ကလေးလေးဗျ..။ အနားရောက်မှ ရုပ်သေချာမြင်တယ်..။ ကလေးက မုတ်ဆိတ်တွေနဲ့.။ သေပြီဆရာပဲ..။ ကြောက်တော့ ဆောင့်ရုန်းတာပေါ့လို့..။ ရှေ့ကို အမှတ်မထင်ပြေးတော့.. မာန်ဖီသံထွက်လာတယ်..။ ခွေးနက်ဗျာ..။ လိုက်ဆွဲတော့မလို အသင့်ပြင်နေတာမျိုး..။
ပြေးပေါက်က တစ်လမ်းပဲရှိတာကိုး.. ကိုက်လဲ ကိုက်ကွာဆိုပြီး ပြေးတာပဲ..။ တစ်ဘုန်းဘုန်း တစ်ဘတ်ဘတ်နဲ့ နောက်ကနေ လိုက်လာတာကို ကြားရတယ်..။ လှည့်မကြည့်အားတော့ဘူး ဒီတစ်ခါ..။ နောက်ကျခြေထောက် သစ္စာဖောက်ပဲဟေ့ဆိုပြီး အသားကုန် စွတ်ပြေးတော့တာ..။ တစ်ခုထူးဆန်းတာ.. အဲဒီလမ်းမှာ တစ်လျှောက်လုံး နာမည်ကြီး အိမ်စောင့်ခွေးတွေ တန်းစီနေတာ..။ ရိုးရိုး လမ်းလျှောက်လို့ကတော့ ဘာမှမဖြစ်ဘူး..။ ပြေးများပြေးကြည့်.. အသေလိုက်ဆွဲတဲ့ ခွေးတွေ..။ အဲဒီနေ့ ဘယ်နားမှာ သွားအလေရိုက်နေလဲမသိဘူး..။ ကျွန်တော့်နောက်ကို တစ်ကောင်မှ မလိုက်ဘူးဗျ..။ တစ်လမ်းလုံး ရှင်းထွက်နေတာ..။ အသံဆိုလို့ ကျွန်တော့ပြေးသံနဲ့ နောက်က လိုက်နေတဲ့အသံပဲ ရှိတယ်.။
အိမ်နားရောက်တော့ အားတက်လာတယ်..။ လမ်းချိုးထဲ ပြေးဝင်လိုက်တော့ နောက်က လိုက်နေတဲ့အသံတွေ မပါလာတော့တာကို သိလိုက်ရတယ်..။ အပြေးတော့ မရပ်ရဲသေးပါဘူး..။ သေချာ အောင် ဆက်ပြေးကြည့်လိုက်သေးတယ်.။ ဘာသံမှ လိုက်လာတာ မကြားတော့မှ.. ပြေးတာ ရပ်လိုက်တယ်..။ မောလဲ တော်တော်မောနေပြီကိုး..။ ကြောက်ရဲကြောက်ရဲနဲ့ နောက်ကို လှည့်ကြည့်မိတယ်..။ ဟူး.. ။ အခုမှ သက်ပြင်းချနိုင်တယ်.. ဘာမှ မရှိတော့ဘူး.။ ကျွန်တော်တစ်ယောက်ထဲ အိမ်ပြန်တဲ့လမ်းမှာ...။ အဲဒါနဲ့ အိမ်ဘက်ကို အသာလေး လမ်းလျှောက်လာတယ်..။ ခြံတံခါးဝနားရောက်လာတော့ လန့်လာပြန်ရော..။ စိတ်ထဲမှာ ပေါက်ကရ တွေးမိတာကိုး..။ ငါ့ကို ခြံဝင်းထဲကနေ လာစမ်းဆိုပြီး စောင့်နေရင် ဘယ်လိုလုပ်မလဲပေါ့..။ ဝင်းတံခါးနားရောက်တော့ ဖွင့်ရမှာမရဲတော့ဘူး..။ မဖွင့်ရင်လဲ ဝင်လို့ရတော့မှာမဟုတ်ဘူးလေ..။ ငိုချင်လာတာပေါ့..။ မထူးတဲ့အတူတူတော့ အိမ်နားရောက်နေပြီပဲ.. ဝင်းထဲမှာ ရောက်နေလဲ အိမ်ပေါ် အရောက်ပြေးလိုက်ရင်ပြီးတာပဲဆိုပြီး ဖွင့်ချလိုက်တယ်..။ “ကျွီ....” တံခါးကြီး ပွင့်သွားတယ်..။ ဒုတိယအကြိမ် သက်ပြင်းချလိုက်နိုင်တာ..။ ဝင်းထဲမှာ ရှင်းနေတာပဲ..။ ဟူး....... တော်သေးတယ်ပေါ့..။ သေချာအောင်တော့ ပတ်ကြည့်လို

က်သေးတယ်.။ ဘာမှမရှိဘူး..။ အဲဒါနဲ့ ဝင်းတံခါးကို ပြန်ပိတ်ဖို့ လှည့်လိုက်တယ်..။ “ဝူး... ဝါး...”
အော်သံနက်ကြီးနဲ့ ကျွန်တော့်ဆီ ခုန်ဝင်လာတယ်..။ ဘာကြီးတွေမှန်းကို မသိလိုက်ဘူး..။ ကျွန်တော်သိလိုက်တာ ငယ်သံပါအောင် အော်မိတာပဲ..။ မျက်စိတွေပြာဝေသွားပြီး.. ကျွန်တော် ဘာဖြစ်သွားမှန်းမသိဘူး..။
ပြန်ပြီး သတိကပ်လာတော့ ဘေးနားမှာ စကားသံတွေ ပွက်လောရိုက်နေတာ အရင်ကြားရတယ်.။ အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့.. ကျွန်တော့ကို ဘုရားခန်းနားမှာ သိပ်ထားတာကို သိလိုက်ရတယ်လေ..။ ဘေးမှာက ကျွန်တော့ အဖေ၊ အမေနဲ့ အိမ်နီးနားချင်းတွေ..။ ကျွန်တော့် အော်သံကြီး ကြောက်စရာကြားလိုက်ရလို့ လန့်ဖျန့်ပြီး ထွက်လာတဲ့သူတွေ..။ နောက်ပြီး ခေါင်းရင်းဘက်မှာတော့ ကျွန်တော်တို့ အိမ်နားက ဘုန်းကြီးကျောင်းက ဆရာတော်တစ်ပါး..။ ကျွန်တော့လက်ကို သတိထားမိတော့ လက်မှာ ပရိတ်ကြိုးချည်ထားတယ်..။ ကျွန်တော် မျက်လုံးဖွင့်လာတော့ ဆရာတော်က ကျွန်တော့်ကို ရေတွေနဲ့ ထပ်တောက်တယ်..။ ဘာမှန်းမသိပေမယ့် တော်တော်လေးကို လန့်သွားတယ်.။ ငါသေများသွားပြီလားပေါ့.. ပေါက်ကရအတွေးတွေလေ..။ ချာလပတ်ကို ရမ်းနေတုန်း..။
ဘုန်းကြီးက ကျွန်တော့ကို သေချာ ကြည့်ပြီးတော့ မိန့်တယ်..။ “တကာလေး.. ဘုန်းဘုန်းကို မှတ်မိလား” တဲ့..။ ကျွန်တော် ကြောင်သွားတယ်.။ “တင်ပါ့ဘုရား.. ” လို့ပြန်ဖြေတော့မှ.. ဘုန်းဘုန်းက အဖေ့ဘက်လှည့်ပြီး.. “အဆင်ပြေသွားပါပြီ တကာကြီး.. မစိုးရိမ်နဲ့တော့..” ဆိုပြီး မိန့်တယ်..။ ဘာတွေမှန်းကို မသိပါဘူးဗျာ..။ မူးနောက်လာတာနဲ့ ကျွန်တော်လဲ ပြန်အိပ်ပျော်သွားတယ်..။
မနက် နေတော်တော်မြင့်မှ နိုးလာတယ်..။ အဖေနဲ့အမေက ဘေးမှာ ငုတ်တုတ်..။ ကျွန်တော် နိုးလာတော့ မေးတယ်.။ “ဘာစားချင်လဲတဲ့..”။ “အာ.. အခုမှ နိုးလာတာ.. မျက်နှာလေး ဘာလေး သစ်ပါရစေဦးအဖေရာ..”ဆိုပြီး ထတော့မှ.. အဖေနဲ့အမေ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးသက
်ပြင်းချတယ်.။ “တော်သေးတယ်”တဲ့.. ကျွန်တော်လဲ မနေနိုင်တော့ဘူး..
“အာ. အဖေတို့ ဘာတွေဖြစ်နေကြတာလဲဗျာ..။ လူတောင် ရူးချင်လာပြီ.. နည်းနည်းပါးပါးလေးလဲ ရှင်းပြကြပါဦး..”ဆိုပြီး ဘုတောလိုက်တယ်.။ အဲဒီအခါမှ ဒါတွေကို သိလိုက်ရတာဗျ..။ ကျွန်တော် ငယ်သံပါအောင် အော်တာကြားလိုက်ရတော့ အဖေတို့ကော အိမ်နီးနားချင်းတွေပါ ထွက်လာတာပေါ့..။ သူတို့ မြင်လိုက်ရတာက ခြံထဲမှာ ကျွန်တော် ကင်းမြီးကောက်ထောင်ပြီး လျှောက်သွားနေတာတဲ့..။ ပါးစပ်ကလဲဗျာ..ဝူးဝါးဝူးဝါးအော်နေတာတဲ့..။ ပြီးတော့ ခြံထဲက ထောပတ်ပင်ပေါ်ကို ဇောက်ထိုးကြီး တက်မလို့လုပ်နေတော့.. အဖေတို့က ပြေးဆွဲထားတယ်တဲ့ဗျာ..။ ဘာဖြစ်မှန်းမသိတော့ ဘာလုပ်ရမှန်းလဲ မသိဘူးပေါ့..။ အိမ်နီးနားချင်းတစ်ယောက်က သွေးရိုးသားရိုးမဖြစ်နိုင်ဘူး..
ဘုန်းကြီး ပြေးပင့်ဦးဟဆိုမှ ဘုန်းဘုန်းကို ပြေးပင့်ကြရတာတဲ့..။
ဘုန်းဘုန်းရောက်လာတော့ .. ကင်းမြီးကောက်ထောင်နေရာကနေ မြေမှာ ဆောင့်ကြောင့်ထိုင်ပြီး ဦးတိုက်တယ်တဲ့..။ နောက်ပြီး ဝူးဝါး ဝူးဝါးနဲ့ ဘာတွေ ပြောနေမှန်း မသိဘူးတဲ့.။ ဘုန်းဘုန်းက ကဲ.. ဘုရားစင်ရှေ့လိုက်ခဲ့ဆိုတော့.. အတင်းငြင်းတယ်တဲ့.။ လူလေးငါးယောက် ဝိုင်းချုပ်တာတောင် လန်ထွက်သွားအောင် ရုန်းနိုင်တယ်ဆိုပဲ..။ အဲဒါနဲ့ ဘုန်းဘုန်းက ပါလာတဲ့ ပုတီးနဲ့ ရိုက်ဖို့ရွယ်မှ ဘုရားခန်းကို လိုက်လာတာတဲ့.။ ဘုရားခန်းထဲရောက်တော့ ဘုန်းဘုန်းက ဘာမပြော ညာမပြောနဲ့ သောက်တော်ရေကို ယူပြီး ကျွန်တော့်ကို ကောက်ပက်လိုက်တာ.. ဝုန်းကနဲ တောင့်တောင့်ကြီး လဲကျသွားတယ်တဲ့...။ နောက်ပြီး လူသေကောင်လို တောင့်တင်းလာတယ်တဲ့..။ အဲဒီအချိန်မှာ ဘုန်းဘုန်းက ကျွန်တော့်ကို မပြီး ဘုရားစင်အောက်မှာ ထားခိုင်းတယ်.. ။ ပြီးတော့ မျက်လုံးမှိတ်ပြီး ကျွန်တော့်နဖူးကို လက်ဝါးနဲ့ အုပ်ထားတယ်တဲ့..။ တအောင့်လောက်ကြာတော့ ကျွန်တော် မျက်လုံးတွေ ပြန်ပွင့်လာတယ်ဆိုပဲ..။ အဲဒီမှာတင် ဘုန်းဘုန်းနဲ့ တိုးတိုး တိုးတိုး ပြောနေကြတယ်တဲ့..။ ဘေးကလူတွေလဲ သေချာရှင်းရှင်းမကြားရဘူးတဲ့.။ နောက်တော့ ကျွန်တော် တဆတ်ဆတ် တုန်လာပြီး ပြန်ငြိမ်သွားတယ်တဲ့..။ နောက်တစ်အောင့်လောက်နေတော့ ကျွန်တော် ပြန်နိုးလာတာပဲ.. ။ ကျန်တာတော့ ကျွန်တော် ပြောပြထားတဲ့အတိုင်းပဲပေါ့..။ ဘုန်းဘုန်းပြောပြလို့သိလိုက်ရတာ
က ညောင်ပင်မှာရှိတဲ့ တစ်ချို့ ရုက္ခစိုးတွေ မကျေနပ်လို့ ဆုံးမတာတဲ့..။ ပြောတာပါပဲ..။ ကျွန်တော်တော့ ဘာမှန်းမသိပါဘူး..။ လက်ဖုဝါးမှာတော့ ခဲတွေ စူးထားလို့ နာလိုက်တာဗျာ..။
အဲဒါနဲ့ မျက်နှာတွေ ဘာတွေ သစ်ပြီးတော့ ဘုန်းကြီးကျောင်းကိုသွားတယ်..။ ဘုန်းဘုန်းကမေးတာပေါ့.. မဟုတ်တာတွေ ဘာလို့သွားလုပ်ရတာလဲ..။ ဘာလို့ သူများဗိမ္မာန်ကို အပေါ့နဲ့ သွားဖျက်ရတာလဲဆိုပြီး ဆူတယ်..။ အဲဒီအခါမှ အဖေတို့ပါးစပ် ဟောင်းလောင်းပွင့်တာ..။ ဘာ..။ မင်းကွာတဲ့..။ ဘုန်းဘုန်းရှေ့မှာမို့ နရင်းအအုပ်မခံရတာ..။ ဘုန်းဘုန်းက နောက်မလုပ်ဖို့ ဆုံးမတယ်.။ ကျွန်တော်လဲ ကတိပေးလိုက်ပါတယ်.။ တမင်ရည်ရွယ်ပြီး လုပ်တာမှ မဟုတ်တာ..။ အဲလောက် စိတ်ဆိုးရတယ်လို့ဗျာ..။ ဘယ်လို နတ်ဖြစ်သွားတယ်မသိပါဘူး..။ ပြောသာပြောရတာ ကြားလို့ကတော့ နောက်တစ်ချိ အတွယ်ခံရကိန်းပဲ...။

အသိ အကိုကြီးတစ်ယောက်ရဲ့ ကိုယ်တွေ့ကို ပြန်မျှပေးတာပါ..။

Credit - ခစ်ခစ်

ADMIN - Htut Htet

No comments:

Post a Comment