*******မယုံသောသူများအတွက် သရဲခေါ် စမ်းသပ်နည်းလေး ရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်...********
သရဲခေါ်မယ် ဘယ်လိုလဲ ???????? ခုပ္ပိပါသိက ပြိတ္တာ ခေါ်အငတ်ခံ ပြိတ္တာ ကို မျက်မြင် တွေ့ရှိချင်သူများ စမ်းသပ်ချင်သူများ အတွက် ခေါ်ယူကြည့်ရှု နိုင်ရန် လိုအပ်သော ပစ္စည်းများ ဌက်ပျောရွက် တစ်ရွက် ကွမ်းသီးသုံးလုံး အလံဖြူ တစ်ခု ထမင်းတစ်ဆုပ် ဆားတစ်ဇွန်း လူတစ်ယောက်၏ ခြေသည်းခွံ တစ်စ တို့လိုပါတယ်။ ပထမဆုံး ဌက်ပြော ရွက်ကို မြေပေါ်မှာခင်း ဌက်ပြော ရွက်ပေါ် ထမင်းတဆုပ် ထည့် ထမင်းဘေး မှာ ကွမ်းသီးသုံးလုံးပုံထား ဆားတစ်ဇွန်းကို လဲထမင်းဘေးမှာ ထပ်ပုံ ဆားအောက်မှာ ခြေသဲခွံ ကိုမြုပ်လိုက် ပီးရင် အလံဖြူကို ထမင်ပေါ်မှာ စိုက်ထောင် ပါ။ အလံဖြူကို နောက်ဆုံးမှ စိုက်ပါ ။ပြီးလျှင် ထိုနေရာမှ ဆယ့်ငါးပေ အကွာ တွင်စောင့်ကြည့်ပါ။ကိုယ့် မျက်စိကို ပင်မယုံကြည်နိုင်လောက်အောင် တွေ့ရပါမယ်။ ဗုဒ္ဓဟူးနေ့ ည ၉ နာရီမှ မနက်တစ်နာရီ အတွင်း မည်သည့် အချိန် မဆို လုပ်နိုင်ပါတယ်။ အထူး သတိပြုရန်ကတော့ -မိမိ အိမ်ခြံဝင်း ထဲ မှာ ဘယ်တော့မှ မလုပ်ပါနဲ့ -အလံဖြူကို နောက်ဆုံးမှ စိုက်ပါ -လမ်းပေါ်တွင်သာ ပြုလုပ်ပါ -ထမင်းထည့်ထားတဲ့ ဖက်ရွက်နဲ့ ၁၅ ပေ အထက် အကွာ အဝေးမှာသာ နေပါ။ ၁၅ ပေ အတွင်း မဝင်မိပါစေနှင့်။
(မယုံသူများက တော့ အိမ်ထဲမှာလည်း စမ်းကြည့်နိုင်ပါသည်..)
Credit To- ပရလောက သရဲတစ္ဆေဇတ်လမ်းများ
Admin-မိုးတိမ် ပုံပြင်
No comments:
Post a Comment