******ရွာသို့အလည်တစ်ခေါက်******
November 6, 2013 at 9:45pm
******ရွာသို့အလည်တစ်ခေါက်******Member-ကိုYelin Phyo ရေးသားပေးပို့သော ဇာတ်လမ်း
၂၀၀၀ ခုနှစ်လောက်က ပေါ့ ရန်ကုန်တိုင်း ထန်းတစ်ပင် အပိုင် ထဲမှာ ရှိတဲ့ စာဖြူစုရွာ က လေးက ဦးလေး အိမ်သို့ ကျွန်တော် အလည်သွားခဲ့ပါတယ် ။ ဦးလေးလုပ်တဲ့သူက မြို့သို့ကိစ္စနဲ့သွားနေသဖြင့် ကျွန်တော် တစ်ယောက်တည်း နေခဲ့ရပါတယ်။ ထိုအချိန်က အဘွားလဲ ဆုံးပြီးကာစဆိုတော့ အိမ်မှာလဲ ကျွန်တော် တစ်ယောက်တည်းဖြစ်နေ တော့တာပေါ့ ။ ပထမ ရောက်ခါစ ညက တော့ သူငယ်ချင်းတစိချို့က လာအိပ်ပေးပြီး ဘေးနားက ဆွေမျိုးတွေကလဲ ဘာမှ မ ပြောတော့ ကျွန်တော်လဲ ဘာမှမသိ သေးဘူးပေါ့။ အဲ ဒုတိယည နေ မှ စ တော့ တာပဲ ကျွန်တော် တစ်ယောက် ထဲ အိမ် ထဲမှာ လမ်းလျှောက် နေတုန်း နောက်က နေ ဒုန်းဆို အသံ ကြားလိုက် တော့ လူက ကြက်သီးများဖြန်းခနဲနေ အောင် ထသွားပါတယ် ။ ကြည့်လိုက်တော့ဆေးပုလင်း ပြုတိကျ နေတာ တွေ့လိုက် တယ်။ အဲံ့ဒါနဲ့ပြန်ကောက်တင်ပြီး ကြမ်းပြင် ကို ခြေ ထောက်နဲ့ခပ်ကြမ်းကြမ်းနင်းကြည့်တော့ ဆေးပုလင်းက တင် ထားတဲ့နေရာ မှာပဲတုပ်တုပ်မျှ မလှုပ်ဘူး စိတ်ထဲမှာတော့ ဇ ဝေဇဝါနဲ့ပေါ့ မသိသေးဘူး ။ ည မှောင် တော့ သူငယ်ချင်းတွေကလဲ တစ်ယောက်မှမလာ တော့ အ မှောင် ထဲ တံခါးတွေ လိုက်ပိတ်ပြီး အိပ်ဖို့လုပ် တော့တယ်။ ဟိုစဉ်းစားဒီစဉ်းစားနဲ့ ည ၁၀ လောက် ရှိမယ် ထင် တယ် အဲ့ချိန် လောက်က စ တော့တာပဲ ဗျာ ။ အိမ်နောက်ဖက် က နေ တဒုန်းဒုန်းနဲ့ လမ်းလျှောက်လိုက် တာ အိမ်ပေါ်ကို ရောက် လာပါလေ ရော ကျွန်တော်က ခြင် ထောင် ထဲမှာဆိုတော့ ဘယ်သူလဲလို့မေးလိုက်တော့ ဘာမှ မ ပြောပဲ ခြင် ထောင် နား ရပ် နေ ရာက နေ ထွက်သွားတယ် ။အဲ့ဒါနဲ့ခြင် ထောင် ကို လှန်ကြည့်လိုက်တော့ ဘာမှ မ တွေ့ဘူး။ ဒီလိုနဲ့ခြင် ထောင် လဲပြန်ချလိုက် ရော တဒုန်းဒုန်းနဲ့နောက်ဖေးကို လျှောက်သွားပြီး အိုးတွေခွက် တွေလှန်တဲ့အသံက ဆူညံနေ တော့တာပဲ။ တောအိမ်တွေဆိုတော့ ဝါးကြမ်းခင်းထားတော့ လမ်းလျှောက်တဲ့အသံက အတိုင်းသားကြားနေရတယ်။အိမ်ပေါ်ကိုပြန်တတ်လာပြီးလျှောက်သွားလိုက
် ခြင် ထောင် နားလာရပ်လိုက်နဲ့ တစ်ညလုံးကို အိပ်လို့မ ရဘူး
ကျွန်တော်လဲကြောက်ကြောက်နဲ့ဘုရားစာတွေရွတ်ပြီး မိုးလင်းခါနီးမှဘယ်လိုဘယ်လိုမောပြီးအိပ်ပျော်သွားလဲမသိတော့ပါဘူ
း။ မနက်လဲ ရောက် တော့ ဘေးအိမ်က မေးတယ် ညက နင် တို့တွေဘာလုပ် နေကြတာလဲတဲ့ ကျွန်တော်လဲကြောင် ပြီးတော့ ဘာပြောရမှန်းတောင် မသိဘဲ ဖြစ်သွားတယ်။ ကျွန်တော်တစ်ယောက် ညက တွေ့ခဲ့ရတဲ့အဖြစ်က တော့ ဘယ်တော့မှ မေ့လို့မရ တဲ့ ရွာက အဖြစ်အပျက် လေးပဲဖြစ်ပါတယ်။
ကျေးဇူးတင် ပါတယ် ခင် ဗျာ
ဇာတ်လမ်းပေးပို့သော -Member ကိုရဲလင်းဖြိုးကို အက်ဒမင်များမှ အရမ်းအရမ်းကို ကျေးဇူးတင်ပါသည်..။(ရိုးသွားလို့ စကားလုံးတွေပြောင်းသုံးကြည့်သည်..)
Admin:မိုးတိမ် ပုံပြင်(ဒီအတိုင်းလေးပဲ တင်ဆက်ပေးလိုက်သည်..)
No comments:
Post a Comment