Monday, January 20, 2014

******စုန်းကဝေမစားသောကြောင့်သေဆုံးရသောကလေးငယ်တစ်ဦးနှင်....*******

November 6, 2013 at 10:03pm
************စုန်းမ၊ကဝေမစားသောကြောင့်သေဆုံး၇တဲ့သနားစ၇ာကောင်းသောကလေးငယ်တယောက် နှင့်သူပြုစားသောကြောင့်သေဆုံး၇သောသူများအကြောင်း**************

Member-မ Nang Bo Kham ရေးသာတင်ဆက်သည်..။

ဒို့ နေတဲ့ရွာဘေးကပ်လျက် ရွာတရွာ မှာဖြစ်ပျက်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ပါ။

ဒို့နေတဲ့ရွာနာမည်ကိုတော့မပြောတော့ပါဘူး။ဒို့အ၇င်တင်တဲ့ပိုစ်တခုမှာတော့ပြောဖူးပါတယ်။ ပအိုဝ့်တိုင်း၇င်းသား တွေဘဲနေတဲ့ရွာပေါ့။ ဒို့၇ွာဘေးကရွာလည်း ပအိုဝ့် ရွာပါဘဲ ။ပအိုဝ့်ဆိုတော့ သိတဲ့အတိုင်းဘဲ တောင်ယာတွေနဲ့ဘဲ အသက်မွေးကြတဲ့သူတွေကြီးဘဲပေါ့။အခုပြောပြမယ့်ဖြစ်၇ပ်က ဒို့ရွာ၇ဲ့မြောက်ဘက်ကပ်လျက်ရွာမှာ ဖြစ်ပျက်ခဲံတာတွေပါ။

အဲရွာက ရွာလို့သာပြောတာ အိမ်ခြေက နှစ်ဆယ်တောင်မပြည့်ပါဘူး။ပီးတော့အဲရွာမှာဘုန်းကြီးကျောင်းလည်းမရှိဘူး။စာသင်ကျောင်းလည်းမ၇ှိပါဘူး။ အဲတော့သူတို့က ဒို့ရွာ၇ဲ့ ဘုန်းကြီးကျောင်းဘဲတက်တယ်။ ကလေးတွေလည်း ဒို့ရွာရဲ့ စာသင်ကျောင်း ဘဲလာတက်ကြတယ်ပေါ့။အဲလိုဆိုတော့ နောက်တော့ဒို့ရွာ၇ဲ့ စာ၇င်းဝင်ြ ဖစ်လာတာပေါ့နော်။အလှူလုပ်လည်းတူတူ ကုသိုလ်လုပ်လည်းတူတူ နှစ်ရွာပေါင်းတရွာဖြစ်သွားတာပေါ့နော်။ထားပါတော့ အဲလိုပြောတာနဲ့လို၇င်းကို မေ၇ာက်တော့ဘူး။ အဲ၇ွာကလူ တယောက်က တခြားရွာသူ သူ့ထက်အသက်ကြီးတဲ့သူ တယောက်ကိုလက်ထပ်လိုက်တယ်။အဲလူ၇ဲ့နာမည်ကို ဦးပြုံး ဘဲထားပါတော့။ဘယ်ရွာကလည်းတော့မသိဘူးပေါ့နော်။ ဘယ်သူမှတော့ စိတ်မ၀င်စားကြပါဘူး။အဲချိန်က တောသူ တောင်သားတွေ အလုပ်များတဲ့အချိန်ဆိုတော့ဘယ်သူမှလည်းဂရုမစိုက်အားဘူး ဦးပြုံးလက်ထပ်လိုက်တဲ့သူကို။ဦးပြုံးက အ၇က်သမားကိုး။ လက်ထပ်လိုက်တဲ့သူတော့ဦးပြုံး၇ဲ့ဒဏ်ကို ခံ၇တော့မှာဘဲပေါ့။ ဒါပေမယ့်လည်း အခုပြော အခုမေ့ အလုပ်ရှုပ်တဲ့သူတွေဆိုတာက လူတိုင်းသိမှာပါ။ဦးပြုံးလက်ထပ်တဲ့သူက ဒေါ်စွေပေါ့နော်။ သူပုံစံ မျက်လုံးနဲနဲစွေတယ်။အ၇ပ်က ပုပျက်ပျက် နဲနဲဝတယ်ပေါ့နော်။အဲဒီ ဦးပြုံးကနွားကျောင်းတဲ့အလုပ်လုပ်တယ်။သူက ဒို့၇ွာ၇ဲ့လူတယောက်၇ဲ့နွားကိုကျောင်း၇တာပေါ့နော်။ နွားတွေက များတော့ တယောက်ထဲကျောင်းလို့မ၇ဘူး။နှစ်ယောက်ကျောင်း၇တာပေါ့နော်။တယောက်ကဒီနေ့တယောက်က မနက်ဖြန်အဲလိုပေါ့နော်။ အဲဒီဦးပြုံးနဲ့ နွားကျောင်းတဲ့သူ၇ဲ့မိန်းမ ကဒို့နဲ့ခင်တာပေါ့နော်။သူယောက်ကျားနာမည်က ဦးသိန်းနဲံ့သူံမိန်းမကတော့ဒေါ်စိန်ပေါ့နော်။သူတို့မှာ ကလေးတယောက်ရှိတယ်။အ၇မ်းနဲံချစ်ဖို့ကောင်းတယ်။ဖြူဖြူဖွေးဖွေးလေးနဲ့။ဖအေကဖြူ တော့လေ။၀၀ကစ်ကစ်လေး။သူ့တို့ကဆင်း၇ဲပေမယ့် အ၇မ်း၇ိုးသားပီးသစ္စာလည်း၇ှိကြတယ်။ အဲကြောင့် သူတို့လင်မယားကိုဆို လူတိုင်းက ဘာလိုလို ပေးချေးပေးငှားတယ်။သူ့မိန်းမဒေါ်စိန်ကတော့သူ၇င်းငှားလိုက်တယ်။သူ
ယောက်ကျားကနွားကျောင်းပေါ့နော်
အဲလိုနဲ့ကလေးကိုသူ့မိန်းမက သွားတဲ့နေ၇ာတိုင်းခေါ်သွားတယ်။သူတို့နဲ့ဦးပြုံးတို့လင်မယားတအိမ်တည်းနေတာ။ သူတို့ နွားကျောင်းပေးတဲ့ပိုင်၇ှင်က သူ့နွားတင်းကုတ်၇ဲ့အပေါ်ကိုထ၇ံအိမ်ဆောက်ပေးပြီးနှစ်ခြမ်းခြမ်းပီးတစ်မိသားစုကိုတခြမ်းနေတာပေါ့နော်။အဲလိုနှစ်အိမ်က အ၇မ်းခင်အ၇မ်း၇င်းနှီးသွားကြတာပေါ့နော်။ဦးပြုံးမိန်းမကသူ၇င်းငှား ဆိုသူကသိပ်မလိုက်ဘူး။သူတို့က လင်မယားနှစ်ယောက်တည်းဆိုတော့ ဦးပြုံးနွားကျောင်း၇တဲ့စပါးနဲ့တင် သူတို့စားပီးပိုတဲ့စပါးကိုေ၇ာင်း၇င်းသုံးနဲ့တင်လောက်တယ်ပေါ့နော်။အဲတော့ဒေါ်စွေကဒေါ်စိန်ကိုပြောတာပေါ့နော်။နင်ကလေးနဲ့ သူ၇င်းငှားလိုက်၇တာပင်ပန်းတယ်။ကလေးကိုဆိုလည်းကျောပိုးပြန်၇သေး။အဲတော့ကလေးကိုသူ ထိန်းပေးမယ်ပေါ့နော်။ဒေါ်စိန်ကလည်း အင်းအဲလိုဆိုပိုတောင်ကောင်းသေးကလေးကိုတောင်ယာခေါ်သွား၇င်ခြင်လည်းကိုက်သေး။မိုး၇ွာလို့ တဲမ၇ှိတဲ့တောင်ယာဆို ကလေးနဲ့ဆိုအ၇မ်းဒုက္ခေ၇ာက်တယ်ဆိုတော့ ထိန်းခိုင်းလိုက်တယ်ပေါ့နော်။ တခုပြော၇အုံးမယ် သူတို့နှစ်အိမ်လုံးကအမဲသားဆိုအသေကြိုက်ကြတာနော်။အဲကနေပြသနာစတော့တာဘဲ။ ကလေးက ဒေါ်စွေ နားထားခဲ့ပီးတာကစပီးကလေးက ဘာေ၇ာဂေါမှ မ၇ှိဘဲ တဖြည်းဖြည်းပိန်လာတယ်။ပီးတော့ ကလေးကညညဆို တအားအော်ငိုတယ်။ နောက်ဘယ်နေ၇ာပြပြေ၇ာဂါကမတွေ့ဘူးဖြစ်နေတယ်။ကလေးကလေအ၇မ်းကိုပိန်ပီးတော့အ၇ိုးပေါ်အေ၇တင်လေးဘဲ ကျန်တော့တယ်။ကလေး အဲလိုဖြစ်တော့ဒေါ်စိန် လည်းကလေးနားဘဲတချိန်လုံးစောင့်၇တာပေါ့နော်။အဲမှာထူးခြားချက်က ကလေး လည်းနေမကောင်းဖြစ်ေ၇ာဒေါ်စွေက က ဒေါ်စိန်တို့အိမ်ကိုမလာတော့ဘူး။ ကလေးသတင်းလာမေး၇င်လည်း တံခါးပေါက်ဝ ကနေ၇ပ်ပီးကလေးနေကောင်းသွားပီလား။ ကလေးပြန်ဝလာပီလားလို့ မတ်တပ်၇ပ်လိုက်မေးပီး ပြန်သွားတယ်။အိမ်ထဲခေါ်ဝင်၇င်တောင်မ၀င်ဘူး။ ကလေးကိုသူမေးပီးတာနဲ့ကလေး၇ဲ့အသက်၇ှူသံကမြန်မြန်လာတယ်။ကလေး၇ဲ့ဗိုက်ဆို့ချုင့်နေတာဘဲ။အဲလိုသူလာမေးတယ် သုံး၇က်မြောက်နေ့မှာသူအဲလိုပုံစံနဲ့မေးပီး သူလည်းပြန်ေ၇ာကလေးအသက်လည်း ထွက်ေ၇ာဘဲ။သေသွားတဲ့ကလေးကိုဖျာနဲ့လိပ်ပီးသချိုင်းမှာသွားမြှုပ်ဖို့သူ့အဖေနဲ့၇ွားသားတွေကသွားတော့ ကလေးသေတာကိုမသကာင်္တာနဲ့ဗိုက်ကိုခွဲကြည့်တော့ အား လား ပြောကောင်းမလား ကလေး၇ဲ့အသဲနှလုံးကမ၇ှိတော့ဘူး။ အူတွေလည်းတပိုင်းတစစီပြတ်ထွက်နေတာပေါ့။အဲဒါနဲ့သူအဖေကအသည်းအသန်ငိုတာပေါ့နော်။သူသားသေချိန်မတန်သေးဘဲနဲ့သူများသတ်လို့သေ၇တာပေါ့နော်။ပီးတော့ သူ့ယောက်ကျားကလည်း ၇ွာလူကြီးကိုပြောပြတော့ ရွာသူကြီးက ဒေါ်စွေအကြောင်းကိုစုံစမ်းခိုင်းလိုက်တော့ အဲမှာအကြောင်းစုံသိ၇ပါလေေ၇ာ ။ဒေါ်စွေက သူများအသားကိုစားတဲ့စုန်းမတဲ့။ အ၇င်သူနေခဲ့တဲ့ တောင်ပေါ် ၇ွာတုန်းကလည်းကိုယ်ဝန်ဆောင်အမျိုးသမီးကို သူစားခဲ့လို့ အဲလိုသေ၇တာဆိုတာ၇ွာ သားတွေသိတော့သူ့ကို၇ွာကနေ မောင်းထုတ်လိုက်တာတဲ့။ အဲဒါနဲ့၇ွာသူကြီးနဲ့ဦးသိန်းက ၇ွာသားတွေကိုခေါ်ပီး ဒေါ်စွေတို့နားကိုသွားတယ်။ပီးတော့ဒေါ်စွေကို အိမ်ပေါ်ကနေဆွဲချပီး ၀ိုင်း၇ိုက်ကြတယ်။ပီးတော့ နင်ဒီ၇ွာကနေထွက်သွားပေါ့နော်။တကယ်လို့မထွက်သွား၇င်နင်ကိုတ၇ွာလုံးက၀ိုင်းသတ်ကြမယ်လို့ပြော လိုက်တယ်။ပီတော့ဒေါ်စွေတို့နေတဲ့အိမ်ကိုမီး၇ှို့။အ၀တ်အစားကိုလည်းပစ်ထုတ်လိုက်တယ်။ဦးပြုံးကိုလည်နင်စုန်းမနဲ့ပေါင်းမယ်ဆိုငါတို့၇ွာကနေထွက်သွားလို့ပြောလိုက်တယ်။ အဲမှာ ဒေါ်စွေပြန်ပြောလိုက်တဲ့စကားက ၇ွာသူကြီးနဲ့ ၇ွာသားတွေကိုတုန်လှုပ်ချောက်ခြားစေတယ်။သူပြောလိုက်တာက ၇ွာသူကြီးတဲ့နင်တနေ့ ငါ့အကြောင်းသိစေ၇မယ်။နင်နဲ့
။နင်နဲ့ တ၇ွာလုံးကို ငါမကျေနပ်ဘူးပေါ့နော်။နင်တို့၇ွာလုံးဝ ပျက်စီးစေ၇မယ်ပေါ့နော်။တ၇ွာလုံးဒုက္ခေ၇ာက်စေ၇မယ်ဆိုပီးပေါ့.။သူ့ယောက်ကျားသီးပြုံးကလည်းသူမ အဲဒီလိုဆိုတာ သူလုံးဝ မသိဘူးပေါ့နော် အခုမှသိတာ။ကျွန်တော်သူံနောက်မလိုက်ပါဘူးပေါ့နော်။အဲမှာသူံမိန်းမက သူ့ကို မျက်ထောင့်နဲ့ကြည့်လိုက်တော့ သီးပြုံးလန့်သွားတယ်။ သူလူအုပ်ကြားထဲကိုကြောက်လို့တိုးဝင်လိုက်၇တယ်။အဲတာနဲ့ အဲမိန်းမဒေါ်စွေလည်းသူ့အထုပ်ကိုင်ပီး နာကျည်းပီးမကျေနပ်တဲ့မျက်နှာနဲ့ ပါးစပ်က ဘာတွေ၇ွတ်ပီးလဲမသိဘူး ၇ွာကနေ ထွက်သွားတယ်။သူထွက်သွားပီး တပတ်မှာ သူ့ယောက်ကျားဦးပြုံးက မိုးအ၇မ်းကြီးတဲ့ညမှာအရက်မူးပီးမိုးရေထဲမှာသေနေတာကို မနက်မှ ၇ွာကလူတွေတွေ၇တယ်။ပီးတော့ ဗိုက်ကလည်းဖောင်းကားနေတာဘဲပေါက်ထွက်တော့မယ့်အတိုင်းဘဲ။ဦးပြုံးသေပီးတလလောက်အကြာမှာ ရွာသူကြီးကလည်းဗိုက်အောင့်တယ် ဗိုက်အောင့်တယ်ဆိုပီး အိမ်သားတွေကဆေးဆ၇ာသွားခေါ်တဲ့အချိန်မှာသေသွားပြန်ပါတယ်။ဆေးဆ၇ာစစ်ကြည့်တော့ဘာေ၇ာဂါမှမတွေ့ဘူးတဲ့။အဲနဲ့တ၇ွားလုံးကအဲလိုဆက်တိုက်ဖြစ်နေတော့ လန့်သွားကြတာပေါ့နော်။အဲဒီစုန်းမကိုသွားတောင်းပန် မယ်ဆို လိုက်၇ှာတာ၇ှာလို့မတွေ့တော့ဘူးတဲ့။ ဘယ်နေ၇ာေ၇ာက်နေမှန်းကိုမသိဘူးတဲ့။၇ွားသားတွေ အဲဒီတုန်းကဆို၇ွာပြောင်းတဲ့လူတွေပြောင်း။ ခြံတွေတောင်ယာတွေ၇ှိတဲ့သူတွေ တချို့လူတွေခါကျတော့ကိုယ့်၇ွာကိုယ်မခွဲ နိုင်တဲ့သူတွေကတော့မပြောင်းဘဲ ကျီးလန့်စာစားနေ၇တာပေါ့.နောက်ပိုင်းတော့ဘာမှတော့မဖြစ်တော့ခါကျတော့အားလုံးကမေ့မေ့ပျောက်ပျောက်ဘဲ၇ှိကြတော့တယ်။(အော်ပြော၇အုံးမယ် စုန်းမတွေကလူတွေနဲ့စကားပြောရင် လူတွေရဲ့မျက်လုံးတည့်တည့်ကြည့်ပီးဘယ်တော့မှမပြောဘူးတဲ့နော်။ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့မျက်လုံးကိုလူတွေမြင်မှာစိုးလို့။ဘာကြောင့်လဲဆိုတော့သူတို့၇ဲ့မျက်လုံးထဲကိုကြည့်လိုက်၇င်လူတွေက်ဇောက်ထိုးပုံပေါါ်နေတာတဲ့နော်

ဇာတ်လမ်းတင်ဆက်ပေးသော -မ Nang Bo Kham ကို အက်ဒမင်အဖွဲ့မှအထူးကျေးဇူးတင်ရှိပါသည်...။ နောက်လည်းဒီလိုဇာတ်လမ်းကောင်းတွေကို မျှော်ခြင်းမက မျှော်နေပါဦးမည်..။

Admin:မိုးတိမ် ပုံပြင်

No comments:

Post a Comment