******သေဘာၤေပၚက "စက္ခ်ဳပ္သရဲ"********
November 6, 2013 at 10:43pm
******သေဘာၤေပၚက "စက္ခ်ဳပ္သရဲ"********Member-ကိုသက်လွင် ရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန်ပါ
သင်္ဘောပေါ်က ကိုယ်တွေ့လည်း ဖတ်ပေးပါဦးဗျို့။
ကျနော် OSM ARENA ဆိုတဲ့ သင်္ဘောပေါ်ကို ၂၀၁၀၊ ၈လပိုင်း ၄ ရက်နေ့မှာ Sign in လုပ်ပါတယ်။ ရောက်တာနဲ့ လူမမာနဲ့ တန်းတွေ့တာပဲဗျ။ စက်ချုပ် ( Chief Engineer ) ပါ။ ကျနော်အပါအဝင် မြန်မာ ၆ယောက်ပေါ့။ ကျနော်က ရှေ့လူဆီက စက်ချုပ် ရဲ့ ဆေးမှတ်တမ်းတွေ ကို handover လုပ်ပြီး ဆက်ကုရတယ်။ စက်ချုပ်ကလည်းကျနော့ကို
တော်တော်လေးခင်ပါတယ်။ ညဆို သူ့ကို ဆေးတိုက်ပြီး သူ့ဘေးမှာ ပဌာန်း အကျယ် ကိုရွတ်ပေးရင် တော်တော်သဘောကျတာ။
ဒီလိုနဲ့ ၉ ရက်မြောက်နေ့ မနက် ၁၀ နာရီလောက်မှာ သူသတိလစ်သွားတယ်။ အားလုံးက သွားပြီလို့ထင်နေတာ။ ၂နာရီလောက်ကြာတော့ ပြန်သတိလည်လာတယ်ဗျ။ ဒါပေမယ့် ပြောဆိုပုံ အမူအရာနဲ့ စားသောက်ပုံက အစပြောင်းသွားတယ်။ အရင်က ဆန်ပြုတ်တိုက်တယ်။ သတိလစ်ပြီးနောက်ပိုင်း လုံးဝမစားဘူး။ အသားပဲတောင်းတယ်။ စားရင်လည်း အငမ်းမရပုံစံဗျ။ ၁၁ မြောက်ည မှာ ၁၀ နာရီလောက် ကျနော်အိပ်နေတုန်း စက် ၁ ( First Engineer ) က လာခေါ်တယ်။ ကျနော်လည်းဘုတောတာပေါ့။ ၁၂ မှာ duty ဝင်ရမှာလေ။ ဒီတော့ ကျနော်လည်း ဟေ့လူ မနောက်နဲ့။ ဒိုးဒိုး ဆိုတော့
ကုန်း ၂ ကျုပ်တစ်ကယ်ပြောတာ ဘိုးတော် အခြေနေမကောင်းဘူးဆိုမှ
ကျနော်လည်း အသည်းအသန်ပြေးကြည့်ရတာ။ အမောလည်းဖောက်နေပြီ။ Pressure လည်း အရမ်းကျနေပြီဗျ။ ကျနော်လည်း Captain ကို အကြောင်းကြားလိုက်တယ်။ ပြီးတော့ သူ့ဘေးမှာ ထိုင်ပြီး ပဌာန်းအကျယ်ကိုစရွတ်တာနဲ့ ကျနော့ကို ဆဲတော့တာပဲ။ မောင်းထုတ်တယ်။ စက်၁ ကလည်း ဆက် ရွတ်ပေးပါဆိုတော့ ကျနော်လည်းဆက်ရွတ်တာပေါ့။ တော်တော် မခံမရပ်နိုင်တဲ့ပုံစံဖြစ်လာတယ်ဗ
ျ။ နောက်တော့ ၁၁း၄၅ မှာ ကျနော်လည်း ဂျူတီဝင်ရတော့တယ်။ မနက် ၄ နာရီမှာ ဂျူတီ ပြန်ထွက်တော့ သူ့အခန်းဝင်ကြည့်သေးတယ်။ အိပ်နေတယ်။ ကျနော်မှားတာအဲဒီမှာပဲဗျာ။ သေချာစစ်ဆေးခဲ့ရမှာ။ ဝန်ခံရရင် ကြောက်နေတာလည်းပါတယ်။ မနက်၆း၁၀နာရီမှာ စက်၃ကလာပြောတယ်။ စက်ချုပ် Expire တဲ့။ ရင်ထဲမကောင်းဘူးဗျာ။ ကိုယ့်နိုင်ငံရဲ့အဝေးမှာလေ။ ဘာတတ်နိုင်မလည်းလေနော။ သွားကြည့်တော့ ဘုရားဘုရား သေပုံက တော်တော်ဆန်းတယ်ဗျာ။ ခါးအောက်ပိုင်းက ကုတင်ေါ်မှာ ခါးအပေါ်ပိုင်းက ခုတင်အောက်မှာ ပက်လက်အနေထားပေါ့။ မျက်လုံးကအဆမတန်ပြူးထွက်နေတာ။ ဘယ်သူမှမကိုင်ရဲဘူး။
ကျနော်ကပဲ ကိုယ့် ရွှေတွေစုပြီး လုပ်ပါဟ ကူပါဟပေါ့။ သေဆုံးချိန် အတိုင်းပုံမပျက် ဓါတ်ပုံတွေရိုက်၊ Company နဲ့ ကျနော်တို့ဝင်မယ့် အိန္ဒိယ Chennai ဆိပ်ကမ်းကို အကြောင်းကြားပေါ့။ အားလုံးပြီးတော့ structure ဆင်တယ်။ Body ကို ကဒ်ပေါ်တင်ပြီး ငွေရောင်တိပ်တွေနဲ့ လိုက်ပတ်တာပေါ့။ ကဲ အားလုံးပြီးတော့ အောက်ကိုချမယ် မ ကြဟေ့
ဆိုပြီး မ တယ် လုံးဝမရဘူး။ မြန်မာတွေဝိုင်းမတယ်မရဘူး။ မြန်မာ ၅ယောက်အားကမသေးပါဘူး။ ဒါပေမယ့် မ လိုက်တဲ့ အခါ တစ်ထွာလောက်ပါတယ်။ ပြီးရင်အပေါ်ကနေ တစ်ယောက်ယောက်ကဖိချလိုက်သလိုဖြစ
်ပြီး ပြန်ကျသွားတာ။ ဂျပန်တွေက မယုံဘူး။ ဝင်မတယ်။ လုံးဝမရဘူး။ တစ်ချို့ဆို ပြန်ပြေးကြတယ်။ ကျနော်လည်း Captain ကို သွားခေါ်ပြီး ပြောတော့ အဲ သူကလည်းမယုံဘူး။ သူတို့ ဂျပန်ကောင်တွေချည်းပဲမ မယ်တယ်။ မ တယ်။
မရဘူး။ အကြံအိုက်နေပြီ။ အချိန်ကလည်းမှောင်စပျိုးလာပြီဗျ။ ကျနော်အကြံတစ်ခုရတယ်။ Captain နားတိုးတိုးကပ်ပြီးပြောလိုက်တော့ Ok ဆိုပြီး စက်ချုပ်နာမည်ခေါ်ပြီး အခန်းထဲကထွက်သွားဖို့အမိန့်ပေးတယ်။ ကျနော်တို့ပြန်ပြီး မ ကြည့်တယ်။ ဟေးဟေး ၂ယောက်တည်း တောင် သာသာလေးဗျ။ အဲဒါနဲ့ အောက်ကိုချပြီး မရွေ့အောင် ကြိုးနဲ့သေချာချည်ခိုင်းထားလိုက
်တယ်။ ည ၈ နာရီလောက်မှ အားလုံး ညစာ စားရတော့တယ်။ ဇာတ်လမ်းစပြီနော်။
Officer Mess Room က စက်ချုပ်ထိုင်တဲ့ခုံက အလိုလိုနေရင်းရွေ့နေတယ်။ လူမမာနံ့ကလည်း သေလောက်အောင်နံတာဗျ။ ကျနော်၊ ကုန်း ၃၊ Captainနဲ့ Chief Officer အကုန်လုံးထပြေးရတာ။
အဲဒီအချိန်မှာ သင်္ဘောတစ်စီးလုံး Black Out ( မီးပြတ် ) ကျသွားတယ်။ ငွားးးးးးးး သေသာ သေလိုက်ချင်တယ်။ လုံးဝမဖြစ်နိုင်တဲ့အရာတွေပါ။ သင်္ဘောတစ်စီးလုံး အုတ်အော်သောင်းနင်းပဲဗျ။ စက် ၁ က စက်ချုပ် ဦး ........... ရေ မနောက်ပါနဲ့။ အကုန်သေကုန်လိမ့်မယ်။ BOB ကိုဖြတ်နေရတာဆိုပြီးအော်တော့ စက်တွေအကုန်လုံးသူ့အလိုလိုပြန်နိုးလာတာ။ Captain လည်း fu..... Chief ဆိုပြီး ဆဲပြေး ပြေးတော့တာ။ ကဲ ကျနော့ duty ချိန်နီးလာပြီ။ အိန္ဒိယဝင်ဖို့ ၄နာရီလောက်ပဲလိုတော့တယ်။ ကျနော် ကျွတ်နေပြီ။ Bridge ( ပဲ့စင် ) ကို စက်ချုပ်အခန်းရှေ့ကဖြတ်တက်ရမှာ။
ကဲ ရှိသမျှသတ္တိအကုန်စုပြီး တက်သွားတယ်။ စက်ချုပ်အခန်းရှေ့ရောက်တော့ တံခါးက သူ့အလိုလို ဖြည်းဖြည်းချင်းပွင့်လာတယ်။ ကျနော်ကိုယ်တိုင်ညနေက လော့အပြီးချပြီးပိတ်ခဲ့တာ။ အထဲကိုလည်းမကြည့်ရဲဘူး။ မကြည့်လည်းမြင်နေရတာပါပဲ။ ဖြတ်ခနဲလှမ်းကြည့်တော့
အောင်မလေး အထဲက သူ့ကုတင်မှ စက်ချုပ် ငုတ်တုတ်ကြီးဗျို့။ ကျနော်လည်း ရှိသမျှခွန်အားစုပြီး အွားးးးးးးး အော်ရင်းပြေးလိုက်တာ ဘယ်လိုဘယ်လို Caprain အခန်းထဲရောက်သွားမှန်းမသိလိုက်ဘူး။ နောက်ပိုင်းတောက်လျှောက်ခြောက်တာဗျာ။ အမိန့်စာပြန်လည်းမရ။ သူ့နာမည်နဲ့ sign out letter တွေ တစ်စီးလုံးလိုက်ကပ်လည်းမရဘူး။ ကျနော့ကိုရက်လည်တော့ အိပ်မက်ပေးတယ်ဗျ။ သူမပြန်ချင်သေးဘူး တဲ့။ နောက်ကြာတော့လည်း ရိုးသလိုဖြစ်သွားတာပါပဲ။ ခြောက်ပါများတော့ မမှုတော့ဘူးပေါ့။ ဟင်းတွေကတော့နေ့တိုင်းပျောက်တယ်
။ အမဲသားချက်တဲ့နေဆို lockerထဲထည့်သိမ်းရတယ်။ ဒါလည်းပျောက်တာပဲ။ ကျနော်တို့ ကိုယ့်ရွှေချင်းကတော့ ကျေးဇူးတင်မိတယ်။ လုပ်ငန်းခွင်မှာ ငပုတွေနဲ့ စကားအခြေအတင်ဖြစ်လာလို့မ
နိုင်တော့ရင် ငါ စက်ချုပ်ကိုခေါ်လိုက်ရမလားဆို
Ok Ok easy easy ဖြစ်သွားရော:D။ ဒီလိုနဲ့ ကျနော်လည်း စာချုပ်ပြည့်လို့ပြန်ဖို့ဖြစ်လာ
တယ်။ အဲဒီနေ့ Agent လာအခေါ်စောင့်ရင်း ဘာရယ်မဟုတ်ဘူး ပါးစပ်သရမ်းလိုက်တာ
ဗျို့ ဦး....... ကျနော်ပြန်တော့မှာ တစ်ခါတည်းလိုက်ခဲ့ပါလား။ လို့ပေါ့။ ဝိုးးးးးး အပုပ်နံ့တွေ ထောင်းထောင်းထလာတာဗျို့။ ဟာ ဘာပြောကောင်းမလည်း Captain က ဆဲတာဆိုတာမိုးကိုမွှန်ရော။ အစက ကျနော်ပြန်လို့ လာနှုတ်ဆက်တာလေ။ Agent ရောက်လို့ ကားပေါ်တက်တော့လည်း ဆိပ်ကမ်းနယ်နိမိတ် မလွတ်ခင်အထိကို ကားပေါ်မှာပါနံတာ။ Agent ကလည်းသိနေတော့ ချွေးခဏခဏသုတ်နေလေရဲ့။ ကျနော်လား။ ရှည်ချင်ဦးဟဲ့လျှာပေါ့ဗျာ။ စက်ချုပ်နာမည်ကို သီးခံပါ။ သူနေတာက သာကေတ မှာပါခင်ဗျာ။
ဇာတ်လမ်းရေးသားပေးပို့သူ ကိုသက်လွင်ကို အထူးကျေးဇူးတင်ရှိပါသည်...။
Admin-မိုးတိမ် ပုံပြင်
No comments:
Post a Comment