Monday, January 20, 2014

******အရိုးစုသရဲ*******

November 6, 2013 at 10:37pm
******အရိုးစုသရဲ*******
မန်ဘာ-Fox IMu ပေးပို့သော ဇာတ်လမ်းလေးပါ...

ကျွန်တော့်အကိုရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်လေးပါခင်ဗျာ...။ အဲ့ဒီတုန်းက ကျွန်တော်တော့မမွေးသေးဘူးခင်ဗျ.
.။ အစ်ကိုက ငယ်ငယ်တုန်းက အဘိုးအဘွားတို့နဲ့ မြိတ်မြို့မှာနေတယ်..။ အဘိုးတို့က စစ်တပ်ကလေ အကိုက ၆နှစ်သားလောက်ပဲရှိဦးမယ်..။ အရင်တုန်းက အဘိုးတို့စစ်တပ်က တပ်မိသားစုတွေကို ရိက္ခာအပြည့်အ၀ထောက်ပံ့တယ်။ ဆန်ဆီဆားအပြင် အသား၊ငါးစတာတွေပါပေးတယ်ဗျ..။
တစ်နေ့တော့ တပ်က တပ်မိသားစုတွေအတွက် ငါးတွေလာပေးပါတယ်..။ ရိက္ခာပေးတဲ့နေရာ နဲ့ အိမ်နဲပကနည်းနည်းလေးတော့လှမ်းတယ်ခင်ဗျ..။ အဲ့ဒီမှာ အဘွားနဲ့အကိုနဲ့ကသွားယူကြပါတယ်..။ ငါးလည်းယူပြီးကြရော အဘွားက ကိစ္စတစ်ခုပေါ်လာတာနဲ့ အကို့ကို ငါးတွေနဲ့ပြန်လွှတ်လိုက်တယ်..။ ၀င်းထဲမှာ ဆိုတော့ ကလေးပေမယ့်လည်း အခက်အခဲမရှိပြန်နိုင်ပါတယ်..။ အချိန်ကတော့ ည၆နာရီလောက်ဗျ..။ အကိုကလည်း အိမ်ပြန်လမ်းအတိုင်းပြန်ပါတယ်..

လမ်းဘေးမှာကတော့ ရာဘာပင်တွေနဲပအုံ့ဆိုင်းနေတာပါပဲ...။လူကြီးတွေကတော့ အဲ့ဒီနေရာကိုသွားရင် တစ်ယောက်တည်းမသွားနဲ့လို့ပြောဖူးကြတယ်..။ အဲ့ဒီ ရာဘာပင်တွေမှာ မကောင်းဆိုးဝါး အစောင့်တွေရှိတယ်လို့ပြောတယ်ဗျ..။ပြီးတော့ တစ်ချို့ခြံရှင်တွေက မကောင်းဆိုးဝါးတွေကို အစောင့်အဖြစ်မွေးထားတတ်ကြတယ်..။
အကိုကတော့ကလေးဆိုတော့ ဘယ်သိမလဲဗျာ ငါးထုပ်ကလေးကို ဆွဲပြီး အဲ့ဒီအနား ကနေဖြတ်သွားတာပေါ့..။
လမ်းအစပ်လောက်လည်းေ၇ာက်ရော ရာဘာပင်တွေနားမှာ ဖြူဖြူကြီးတစ်ခုကိုတွေ့လိုက်ရတယ်.လေထဲမျောနေတာဗျ.။အကိုကလည်း ထူးဆန်းတယ် ရာဘာပင်တွေနားမှာ ဘာကောင်ကြီးလည်း ဆိုပြီး အနီးကပ်သေချာလေးကိုသွားကြည့်မိတယ်..။ အားလားလား အဲ့ဒီမှာ ပဲအဲ့ဒီဖြူဖြူကြီးက သူ့ကိုငုံ့ကြည့်တာနဲပ တည့်တည့်ကြီးကိုတိုးတာပဲတဲ့ဗျာ..။ နည်းတဲ့အကောင်ကြီးလား မျောက်ဝံအကြီးစားလောက်ကိုရှိတယ်တဲ့ဗျ..။ လေထဲမှာ ပေါလောလောကြီးမျောနေတာ .။အရိုးခေါင်းကြီး...မျက်လုံးနေရာမှာအပေါက်တွေနဲ့ ..။ တစ်ကိုယ်လုံးကလည်း ဖြူဖြူဖွေးဖွေးအရိုးတွေချည်းပဲဗျာ..။ အသားစိမ်းငါးစိမ်းပါလာမှန်းသိလို့ ငါးထုပ်ကြီးကို အရိုးငေါငေါလက်ကြီးနဲ့ထိုးပြပြီ
း အကို့ကိုကြည့်နေတယ်....။
အဲ့ဒီမှာပဲ အကိုကလည်းငယ်သံပါအောင်အော်ပြီး နောက်ပြန်လှည့်ပြေးတာတဲ့..။ ငါးထုပ်ကိုတော့ ကြောက်ကြောက်နဲ့ကျစ်ကျစ်ပါအောင်ဆုပ်လာရှာတယ်..။ အဘွားတို့ဆီ ပြန်ရောက်မှ အိမ်ကရေမန်းတွေဘာတွေတိုက် ဘုရားတွေရှစ်ခိုးခိုင်းပြီးမှ အကြောက်ပြေသွားတော့တယ်..။ အဲ့ဒီအဖြစ်အပျက်လေး ကအကိုငယ်ငယ် ကဖြစ်ခဲ့တာပါ..။ တစ်ခုတော့ ထူးဆန်းတယ် အကိုက အဲ့ဒီအချိန်ကစပြီးသရဲမကြောက်တော့ဘူးတဲ့....။

Admin-မိုးတိမ်ပုံပြင်(ပြန်လည်ခံစားတင်ဆက်သည်)

No comments:

Post a Comment