Monday, January 20, 2014

******မလေးရှား သတင်းတစ်ခုမှာပါတဲ့ရေသူမ အကြောင်းပါ******





ရေသူမဆိုတာ တချို့အတွက် ချစ်စရာ သတ္တ၀ါဟာ တချို့အတွက်တော့ ကြောက်စရာ ဖြစ်နေတတ်ပါတယ်။ ဇင်ဘာဘွေနိုင်ငံ မြောက်ပိုင်း Gokwe မြို့လေးနားက ရေကာတာမှာ ပိုက်လိုင်းတွေတပ်ဆင်တာ အဆင်မပြေဘူး၊ ရေသူမများ နှောင့်ယှက်လို့ အလုပ်သမားတွေ ကြောက်နေကြတယ်။ တစ်ချို့ယောက်ျား အလုပ်သမား
များကိုရေနက်ပိုင်းထဲ အထိဆွဲသွားပြီး သတ်ဖြတ်ကြတယ်...။

ရေအရင်းအမြစ်ဝန်ကြီး Samuel Sipepa Nkom က ဒီကိစ္စကို လွှတ်တော်မှာ တင်ပြထားတယ် စသဖြင့် အစိုးရသတင်းစာမှာ အဲဒီလို ရေးထားတယ်လို့ ဆိုတယ်။ဒီဖြစ်ရပ်အတွက် ဖြေရှင်းနည်းတော့ ရှိပါတယ် တဲ့။ သူ့ဝန်ကြီးဌာနက ရိုးရာနည်းနဲ့ ကိုင်တွယ်ဖို့ နတ်ဆရာငှားလိုက်တယ်၊ နတ်ပွဲလုပ်တယ်၊ အကောင်တွေ ဘာတွေ သတ်ပြီး ယဇ်ပူဇော်တယ်၊ ဒါတင်မကသေး - ရေသူမများ ဘ၀င်ကျစေဖို့ တောအရက်ချက်ပြီး ပသ တယ် တဲ့။

"ကျုပ်ကတော့ ရေသူမတွေ ဘာတွေကို ယုံပါဘူးဗျာ၊ သို့ပေသော်ငြားလည်း အဲဒီမှာတော့ ယုံကြသဗျ" လို့ ၀န်ကြီးက မိန့်ပါတယ်။ အောက်ကပုံကတော့
သူတို့ တွေစိတ်ကူးရေးဆွဲထားတဲ့ရေသူမပါခင်ဗျာ..။

http://www.zimbabwejournalists.com/story.php?art_id=7710&cat=1

Credit To-Free Online Radio Media(Malaysia)

Admin-မိုးတိမ် ပုံပြင်

No comments:

Post a Comment