******မေတ္တာခြုံ၍ လုံခဲ့သည်*****
November 6, 2013 at 4:44pm
******မေတ္တာခြုံ၍ လုံခဲ့သည်*****မကြာသေးခင်အချိန်ရဲ့အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်တော် တို့ရဲ့စီနီယာ တစ်ယောက်ဖြစ်ပျက်လေးပါ။ ဧရာဝတီတိုင်း ရဲ့ရွာလေးတစ်ရွာပါ နာမည်တော့ထည့်မရေးတော့ပါဘူး ။အကိုကြီး ဘုရားတရားသမား သူကသက်ဝင်ယုံကြည့်လို့လုပ်တာပါ ။ ကိုယ်ကျင့်တရားတော့အတော်ကောင်းတယ်။ သူကပအို့ဝ်လူမျိုးပါ။ ကျွန်တော်တို့တပ်ရင်း ပင်လယ်ပြင် စိုးမိုးရေးအနေနဲ့ ၇ွာတွေဘက်ကို လုံခြုံရေးထွက်ရတယ် ။ တပ်ခွဲလိုက် စခန်းတွေယူရတယ်။အကိုကြီး ယူရတဲ့ စခန်းက ပြသနာစတာဘဲ ။အကိုကြီးစကားပြောပြတ်တယ်။ မဟုတ်မခံတုတ်ထိုးအိုးပေါက်စကားပြောတတ်လို့ တည့်တဲ့သူကရှားတယ်။ ဘုရားတရားတော့ အတော်ကိုလုပ်တယ်.။ စခန်းတွေကိုရောက်ရောက်ချင်း နဂိုရှိတဲ့တပ်ရင်းတွေနဲ့ချိန်းတော့ စခန်းမှာဘယ်သူမှမနေဘူး။ အဲဒါနဲ့သူကမေးတယ်။ ဘာဖြစ်လို့မနေတာလဲလို့ရှိနေတဲ့တပ်ရင်းကိုမေးတော့ နောက်တစ်ရက်ဆိုရင်သိမှာပေါ့ဆိုပြီးချိန်းသွားတယ်။သူကလည်း ရောက်တော့ စခန်းမှာ မြတ်တွေချည်းဆိုတော့ အားလုံးကိုလုပ်အားပေးဆိုပြီးကျွန်တော်တို့ပါ ကူလုပ်ရတယ်။ ကျွန်တော်က သူစခန်းကနေပြီးတဆင့်သွားရတာကိုး။ သူစခန်းမှာတစ်ညအိပ် သူနဲ့အတူတူ ၀ိုင်းပြီး မြတ်ရှင်းရတယ်။ ပြီးတော့ သူနေမဲ့အခန်းကလည်း ပင်ကူမျှင်တွေ ချည်းဘဲ။ ဘုရားဆောင် (စင်လို့ မသုံးရပါဘူး ဆောင်လို့သုံးတာ ပို့သင်လျော်သည်.နတ်စင် ရေစင် တန်းတူမသုံးရပါဘူး ဘုရားဆောင်လို့သုံးရပါသည်)ကလည်း ပန်းတွေခြောက်ကပ်ပြီး ပင်ကူမျှင်တွေနဲ့မို့ သူကလည်း ဘုရားဆောင်ကိုသန့်ရှင်းလုပ်ပါတယ်။ ဘုရားပန်းကပ် ဆီမီးပူဇော် ပြီးတော့ အိပ်ယာတွေဘာတွေ ခင်းနဲ့တစ်နေကုန်သွားတယ် ။ အဲဒီအချိန်မှာ ကံကောင်းတာလား တိုက်ဆိုင်တာလားတော့မသိဘူး။ ညနေစောင်းတော့ လိုင်း ပြေးဆွဲနေတဲ့ သင်္ဘော နဲ့ကျွန်တော်စခန်ကိုသွားရပါတယ် ။ ညမအိပ်ဖြစ်ပါဘူး ။အဲဒါနဲ့ ကျွန်တော်လည်း အကိုကြီးကိုနှုတ်ဆက်ပြီးတော့ ဆက်သွားခဲ့ပါတယ်.. ။ အကိုကြီးစခန်းနဲ့ရွာနဲ့က အတော်လှမ်းပါတယ်။ ..အဲဒီလိုနဲ့အုပ်ချုပ်မှုတွေလုပ်ပြီးတော့ ဒီလိုဘဲညအိပ်လိုက်ကြတယ် ။ မနက်တော့ ရွာက အကြီးအကဲတွေကမေးတယ်။ ဗိုလ်ကြီးတို့ညက ဘာမှမဖြစ်ဘူးလားတဲ့။ သူကဘာမှဖြစ်ပါဘူး။ အေးချမ်းပါတယ် ဘာဖြစ်လို့လဲမေးတော့ ဘာမှမဟုတ်ပါဘူးတဲ့ စခန်းထဲမှာ အသောက်အစားမလုပ်ပါနဲဆိုပြီး ပြောပြီး ပြန်သွားတယ်တဲ့။ ..နောက်နေ့ကျတော့ ရွာက လူကထပ်မေးတယ် ဘာမှဖြစ်ဘူးလားတဲ့ ။ သူကစိတ်ဆိုးပြီးဘာဖြစ်ရမှာလဲတဲ့ ပြန်မေးတော့ ဘာမှမပြောဘဲပြန်သွားတယ်တဲ့ ။ သူတို့စိတ်ထဲမှာမသိုးမသန့်ဖြစ်လာတယ်တဲ့ ။ သူက သူကိုယ်သူယုံကြည်ပြီးသားသူဆိုတော့ အေးဆေးပါဘဲ ။ စခန်းထဲမှာဇီးပင်တစ်ပင်ရှိတယ်။ ဇီးပင်အောက်မှာလဲ ပုလင်းကွဲ တွေ ဇီးပင်ရဲ့အကိုင်းတွေနဲ့ ၇ှုပ်ပွနေတာဘဲ။ အဲဒါနဲ့သူက ဒါလေးကိုရှင်းပြီး ညခင်းထိုင်လို့ရအောင် ခုံရိုက်ကြမယ်ဆိုပြီးသူကိုယ်တိုင်ဦးဆောင်ပြီး ပုလင်းကွဲတွေရှင်း ..ခုံတွေရိုက် အပင်တွေရှင်းထုတ်ပြီး တော့အားလုံးထိုင်ပီးစကာပြောကြတယ်။ တစ်ခုရှိတယ် သူကေ၇ာက်ကတည်းက စခန်းထဲကို မိန်းကလေးပေးမ၀င်ပါဘူး ..အခြားကိစ္စတော့မဟုတ်ပါဘူး စခန်းထဲပေးဝင်ရင် အများအမြင်မတင့်တယ်တာရယ်..အပြောအဆိုခံ၇မှာရယ်ဒါကြောင့် ကိစ္စကြီးငယ်ကို စခန်းစည်းရိုးရဲ့အပြင်မှာ တဲလေးတစ်ခုရှိတယ်။ အဲဒီမှာဘဲပြောဆိုလေ့ရှိပါတယ်။ မိန်းကလေးတွေနဲ့ပတ်သတ်တဲ့ကိစ္စဆိုရင် လုံးဝလုံးဝပေးမ၀င်ပါဘူး..။ ။ညခင်းဆိုရင် စခန်းထဲမှာသူက မေတ္တာပို့တယ်။ လမ်းလျောက်ပြီးရင်ဇီးပင်အောက်မှာလက်ဖတ်ရည် ထိုင်သောက်တယ်။ ပြီးရင် ဘုရားရှိခိုးပြီးအိပ်တယ် တစ်ပတ်လောက်ကြာတော့ ပြဿ နာ စဖြစ်တာဘဲ .. ။သူအခန်းထဲကို နေခင်းကြီးမိန်းမတစ်ယောက်ဝင်လာလို့ သူအရမ်းစိတ်ဆိုးသွားတယ်။ ဘာဖြစ်လို့ပေးဝင်တာလဲဆိုပြီး.ပြီးတော့ပိုဆိုးတာ သူအခန်းထဲထိအောင်ရောက်တယ်။ ၀င်လာတော့သူအရမ်းစိတ်ဆိုးပြီး ဘယ်သူပေးဝင်တာလဲ ဆိုပြီးအော်ခေါ်တယ် ..။ အဲဒီအချိန်မှာ သူကိုတောင်းပန်တယ်။ မဟုတ်ပါဘူး သူ ၀င်လာတာဘယ်သူမှမသိပါဘူးတဲံ။ အဲဒီလိုအမိန်ကြီးမထုတ်ထားပါနဲ့ နေလို့မရလို့ပါတဲ့။ ..ပုဆစ်တုပ်လေးထိုင်ပြီးတော့သူကိုပြောတယ်တဲ့။သူ မျက်နှာကိုကြည့်တော့ ဘာမှမပေါ်ဘူးတဲ့။ ပြီးတော့ အဖြူအစိမ်းနဲ့ တဲ့။ သူဝင်ဖို့ကြိုးစားတာခဏခဏရှိပြီး ၀င်လို့မရဘူး။ အခု အတတ်နိုင်ဆုံးကြိုးးစားပြီးဝင်တာပါတဲ့။ သူနေရာလေးကို ရှင်းပေးထားလို့ ကျေးဇူးတင်ပါတယ်တဲ့ ။ အရင်တုန်းက ဒီမှာအရက်တွေသောက်တယ် သူ့နေရာကိုလည်း သေးတွေနဲပန်းတယ်တဲ့။ ပြီးတော့ ဘုရားတရားလည်း မရှိကြဘူးတဲ့ ။ အဲဒီတုန်းက လုပ်လို့ရတယ်တဲ့ ။ ဗိုလ်ကြီးကျတော့ လုပ်လို့ကိုမရတာ ဆိုပြိးပြောတယ်။ ဟာမရဘူး ဒါက သင့်လျော်တဲ့အမိန့်ဆိုပြီးပြောလိုက်တဲ့အခါမှာ ဘာမှမပြောဘဲပြန်သွားတယ်တဲ့ ..။ အဲဒိအချိန်မှာသူ အိပ်ယာကလန့်နိုးလာတယ်တဲ့။ နေခင်းဘက်ကြီးသူအိမ်မက်မက်နေတာတ
ဲ့ ..။
သူဘယ်သူကိုမှမပြောပြဘဲနေတယ်.။နေ
ာက်နေ့ကျတော့ သူမေတ္တာကိုပိုပိးပို့လာတယ် ။စခန်းတွင်းစခန်းပြင်မှာ ပိုပြီးမေတ္တာပို့တယ်တဲ့။
နောက်နေ့ကျတော့ ရွာကအကြီးအကဲတစ်ယောက်လာပြီးတော့ ။
"ကျွန်တော်စောင့်နေတာတပတ်ပြည့်ပြီးတဲ့သေနတ်သံကြားရမလားဆိုပြီးတော့ အခုထိမကြားရသေးတော့ အံသြလို့လာပြီးမေးတာ ဗိုလ်ကြီးမှာဘာအဆောင်ရှိလဲ .."တဲ့ ..။ သူကမရှိပါဘူးဘာဖြစ်လို့လဲမေးတော့ မဟုတ်ဘူး။ အရင်တုန်းကတပ်တွေဆိုရင်ေ၇ာက်တာနဲ့ သေနတ်သံကြားရတာဘဲ တဲ့။ နေလည်း ဘယ်သူမှမနေကြဘူး။ ရွာထဲဘုန်းကြီးကျောင်းမှာဘဲတည်းကြတာတဲ့။ ဒီစခန်းက အရမ်းသရဲချောက်တာ ။မိန်းကလေးချောက်တာ ဆိုတော့မှ သူစဉ်းစားမိသွားတယ်။ အဖြူအစိမ်းနဲ့မဟုတ်လားလို့မေးလိုက်တော့မှ ရွာရဲ့ အကြီးအကဲက အံသြသွားတယ် ။ ဟုတ်တယ် အချောက်ခံရတယ်မဟုတ်လားပြောတယ်။ မဟုတ်ဘူးအိပ်နေတုန်းအိမ်မက်ပေးတာ ဆိုတော့ အာ ဗိုလ်ကြီးကျတော့မချောက်ဘူးအရင်တုန်းအသေချောက်တာတဲ့ ။ အဲဒီမှသူလဲလန်သွားပြီး ဘုန်းကြီးတွေပင့်ပြီးပရိတ်ရွတ်တော့တာဘဲ။ ပြီးတော့အမျှအတန်းတွေဝေတယ်တဲ့။ တစ်ခုသူလုပ်ရပ်က ထူးခြားတာက ပရိတ်ရွတ်တော့ မင်္ဂလာသုတ်ရယ် မေတ္တာသုတ်ရယ်ဘဲရွတ်တယ်။ ကျန်တာတွေမရွတ်ဘူး။ ဘာဖြစ်လို့လဲမေးတော့ တကယ်လို့အမျှဝေလို့မကျွတ်ရင် နေစရာမရှိမှာစိုးလို့တဲ့။ ပရိတ်ရွတ်ရင် သူဒီအထဲမှာနေလို့မရတော့ဘူးလေတဲ့။ အဲဒါမို့တဲ့ ..နောက်နေ့ကျတော့ သူအခန်းထဲကိုဝင်လာတယ်တဲ့။ အဲဒါက ညခင်း သူကိုရှိခိုးပြီးတော့ သူအရင်တုန်းက မှားခဲ့တာရှိရင် ခွင့်ွလွတ်ပေးဖို့တောင်းပန်တာပါတဲ့..ဆိုပြီး ပြန်သွားတယ်..။ အဲဒီနောက်ပိုင်း အဲဒီစခန်းက လုံးဝသရဲမချောက်တော့ဘူး .။နောက်တပ်ရင်းတွေလာလည်း မချောက်တော့ဘူး..သူလဲအရင်ကထက်ပိုပြီးဘုရားတရားကို ပိုပြီးလုပ်လာတယ်.....။
Credit To-ကွင်းပိုင်ကြီး
Admin-မိုးတိမ်ပုံပြင်
No comments:
Post a Comment