Monday, January 20, 2014

******လာမခြောက်နဲ့နော်....၀င်တိုက်ပစ်မယ်******

November 6, 2013 at 4:55pm
******လာမခြောက်နဲ့နော်....၀င်တိုက်ပစ်မယ်******

Member-Poesone Kyue တင်ဆက်ရေးသားပါသည်..။

ဖြစ်တာက အဒေါ်အိမ်မှာပါ။ညီမ အလွန်ဆုံးရှိ ၅တန်း၆တန်းလောက်ပေါ့။ ညီမတို့ အိမ်ရှေ့ မှာလူမနေ
တဲ့ နှစ်ထပ်တိုက်တစ်လုံးရှိတယ် မျက်စောင်းထိုးမှာ
တော့ အဒေါ်အိမ်။ အဲ့နေ့ က ညီမတို့ မောင်နှမဝမ်းကွဲတွေ၆
ယောက် နွေရာသီ ကျောင်းတွေလည်းပိတ်ထားတော့ စုပြီး အဲ့အိမ်က အကို အခန်းထဲမှာ မီးတွေပိတ်စောင်
တွေခြုံ တစ်ယောက်နဲ့တစ်ယောက်ပူးကပ်ပြီး ခုတင်ပေါ်
ကကြည့်ကြတယ်။ မောင်နှမတွေကအကုန်တူတယ်။
သရဲဆိုသေအောင်ကြောက် စိတ်ဝင်စားတာလဲနှစ်
ယောက်မရှိဘူးး။ အဲ့လိုစုပြီးကြည့်ကြတာ ၄ ၅ရက်
လောက်တော့ရှိပီ ဘာမှမဖြစ်ဘူးး မှတ်မှတ်ရရ အဲ့တုန်း
အရမ်းခေတ်စားနေတဲ့ အွန်စောသရဲကားငှားကြည့်ကြ
တယ် ဇာတ်လမ်းလေးကသနားဖို့ကောင်းတယ်
ကျောင်းသားကားလေးးပါ အားလုံးဈန်ဝင်နေတဲ့ အချိန်မှာပဲ ရုတ်တရက်ကြားလိုက်ရတယ်။ အပေါ်ထပ်
လှေကားပေါ် ကို တစ်ဒုန်းဒုန်းနဲ့ ပြေးတက်လာတဲ့ခြေသံ
ကြီးပါ။ ပထမတော့အားလုံးဘာသိဘာသာပါပဲ။ ဇာတ်
လမ်းကလဲ ကောင်းနေသည်လေ။ နောက်တော့ တစ်ခါလဲမဟုတ် နှစ်ခါလဲမဟုတ် ခြေသံကကြားရတာ ပိုစိတ်လာတယ်။ ထူးဆန်းတာက အတက်ခြေသံပဲကြားရပီး အဆင်းခြေသံမကြားရတာပဲ။
ညီမတို့ ရှိတဲ့ အခန်းက အောက်ထပ်နဲ့ဆက်ထားတဲ့
လှေကားနဲ့ ဘေးချင်းကပ်အခန်း နောက်ဖေးနဲနဲကျပေ
မယ့် အကုန်အတိုင်းသားကြားနေရတာ။ အကြီးဆုံးအမ(၁၈ နှစ် တောင်မပြည့်သေးဘူး)
ကပြောတယ် ကြားလားတဲ့ သူ့လေသံကတိုးတိုးလေး
ရယ်။ အဲ့အိမ်ကအကိုက ပြန်ပြောတယ် အမ အောက်
ထပ်က စန်းပေါ် ခုန်နေတာနေမှာပါတဲ့ ။ ဖြစ်နိုင်စရာကို
မရှိတာ စန်းပေါ်ဆိုတာ အဲ့အိမ်က တယ်ရီယာခွေးလေး
အောက်ထပ်မှာကြိုးနဲ့ချည်ထားတာပါ။အရေးထဲစန်းပေါ်ကသူ့အသံစူးစူးလေးနဲ့ဟောင်နေတာ ကြိုးချည်တိုင်းဟောင်နေကျကမထူးဆန်းပေမဲ့ တွေးမိပီလေ လှေကားမှာတစ်ခုခုမြင်လို့ဆိုပီး
းးး ဒီခြေသံကလူခြေသံကြီးပါ။ အောက်ထပ်မှာအိမ်ကကား
မောင်းတဲ့ ဦးကြီးတစ်ယောက်တော့ရှိတယ်။သူကလ

အိမ်ကအိမ်ကူကောင်မလေးအနှိပ်ခံနေ
တာညီမတို့လာကတည်းက အိပ်ပျော်နေတာ။ လူကြီးတွေ
ကလဲ အပြင်သွားကြတာ ပြန်မရောက်ကြသေးဘူးး။
အကုန်လုံးလဲ တီဗီ ထဲ အာရုံမရှိကြတော့ဘူးး အားလုံး
လဲလန့်နေကြပီ။ အသံကကြားနေရတုန်းးပဲ။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့် ပြီး မတိုင်ပင်ရ
ဘဲ ဝရုန်းသုံးကားးအော်ပြီး အုပ်စုလိုက်ပြေးဆင်းကြတာ
ကံကောင်းလို့ လှေကားပေါ်ကပြုတ်မကျတယ်။ အောက်ထပ်လဲရောက်ရော မောင်နှမတွေ ကားသမားကြီးကို ရန်သွားတွေ့တာပေါ့ ဦးလေးမလားး?
ကျွန်တော်တို့ကို ခြောက်တာ ဘာဖြစ်တယ်ညာဖြစ်တယ်
ပေါ့ ။ ကားသမားကြီးက ရယ်တဲ့ ဘယ်နှယ့်ဒီကလေး
တွေ ကိုယ်ဘာသာပင်ပန်းလို့အိပ်နေတာ အလုပ်မရှိအ
လုပ်ရှာမင်းတို့ကိုခြောက်စရာလား
းတဲ့ ။ ဒါပေမဲ့ အားလုံး
မကျေနပ်ကြပါဘူးး ။ ဒါဆို ဦးကြီး ခြေသံမကြားဘူးး
လားး ဆိုတော့ ကြားပါဘူးးကွာတဲ့ ဟာမဖြစ်နိုင်တာ
အသံအကျယ်ကြီးကို ဦးကြီးညာတာ ဆိုပီးတစ်ယောက်
တစ်ပေါက်ဝိုင်းအော်ကြတာ ပေါ့ ဟုတ်တယ်လေ ဒီလောက်ခြေသံပြင်းပြင်း အလုံပိတ်ထားတဲ့အခန်းက
တောင်ကြားရတာာာာ..ဦးကြီးကတဟားဟ
ား ရယ်ပြီး
ငါမလုပ်ပါဘူးးကွာ ဘုရာပေးပေး ကျမ်းပေးပေးပါ ကဲ မိသီ ကလေးတွေကိုအပေါ်ထပ်လိုက်ပို့ပေး လိုက်တဲ့။ ဒါနဲ့ အိမ်ကူအမကြီးနောက်ကတန်းစီးပြီးေ
တာင်ကြည့်
မြောက်ကြညိ့နဲ့ ခပ်ကုပ်ကုပ်လိုက်လာကြတယ်။ အခန်းထဲလဲရောက်ရော အားလုံး ခုတင်ပေါ်တက်စောင်
ပြန်ခြုံနဲ့ အလှုပ်တွေရှုပ်သွားကြတယ် ။ အဲ့အမကြီး ပြန်ဆင်းသွားပြီး ခဏနေတော့ စောနကခြေသံကထပ်
တက်လာပြန်ရော။ တစ်ဒုန်း ဒုန်းနဲ့ အဆင်းခြေသံမကြားရဘူးး ။ အတက်ကို ပြန်ဆင်းပြီး အဆင်းခပ်ဖွဖွ ခြေသံမကြားရအောင်ဆင်းပြီးပြန်တက

ဖို့ အချိန် မရှိလောက်အောက် အတက်ခြေသံက ၃ ၄ စက္ကန့်လောက်ပဲ ကြာတယ်။ အကြီးဆုံးအမက မသိချင်
ယောင်ဆောင်နေတဲ့ ။ ခေါင်းတွေပုပြီး ခြေသံ မသိချင်ယောင်ဆောင်ပီး အကြီး၃ ယောက်က ကြည့်နေတဲ့သရဲကားအကြောင်း ရောက်တ်ရာရာပြောနေကြတယ် ၃ ၄ ခေါက်လောက်ကြားရပြီးနောက် ပြောက်သွားတယ်။
နှစ်မိနှစ်လောက်နားစွင့်ပြီး ထပ်မကြားရတော့။ ဟဲ သူလဲမောသွားပြီထင်တယ် လို့ညီမ စပ်ဖြဲဖြဲပြော တော့
အကြီးတွေက မျက်လုံးပြူးပြီး နှုတ်ခမ်းကို လက်ညိုးနဲ့ပိတ်ပြတယ် ရှုးတိုးတိုးတဲ့ ။ ရုပ်ရှင်ကိုပြန်အာ
ရုံရောက်လာပြီး ပီးခါနီး မှာလှေကားပေါ်ကို တစ်ရှပ်ရှပ်နဲ့
ပုံမှန်တက်လာတဲ့ ခြေသံကြားလိုက်ရတော့ အားလုံး
ခေါင်းတွေထောင်ကုန်တယ် ပိုဆိုးတာကခြေသံကမရပ်
သွားပဲ အခန်းရှိရာ ဦးတည်လာနေတယ်။ စေ့ထားတဲ့
တံခါးးက ကျွီကနဲမြည်ပီးး ခေါင်းတစ်လုံးထွက်လာတယ်
မျက်စိစုံမှိတ်ပီးအော်လိုက်ကြတာ
မှဝက်ဝက်ကွဲ။
ဟ ဘာလို့အော်နေကြတာလဲ ငါပါဟ
ကြည့်လိုက်တော့ သာကေတက အကိုနဲ့မောင်လေးတို့။
မနက်ဖြန် အိမ်မှာအလှူရှိလို့ ညီမတို့အိမ်မှာလာအိပ်ကြ
တာပါ။ ခုနကအကြောင်းစုံပြန်ပြောပြတော့ အကိုက
ရယ်တယ် ကြားရတဲ့ ခြေသံကလှေကားက ပြေးဆင်း
ကြတော့လဲ ဒီလှေကားပဲ သရဲကြောက်လို့အော်ပြီးဆင်း
ပြေးတာ သရဲခြောက်တဲ့နေရာကို ပဲပြေးရသလားး
တဲ့ အဲ့တော့မှ အားလုံးရယ်နိုင်ကြတော့တယ်။
ပြောလို့တော့မရဘူးးနော် ညီမတို့အုပ်စုလိုက်ကြီးပြေး
ဆင်းလာတုန်းက သရဲကိုဝင်တိုက်ချင်တိုက်ခဲ့မှာပ
ဲ ။
အဲ့တုန်းက ကြောက်ခဲ့ပေမဲ့ ပြန်တွေးကြည့်လိုက်တိုင်းးး
ပျော်ဖို့တော့ကောင်းးသားး ။

နောက်တစ်ခါ အဲ့အိမ်မှာထပ်ဖြစ်သေးတယ်
ဒါကြောင့်သရဲလို့ပြောနိုင်တာပါ
အဲ့ဒါကျတော့ ညီမ တစ်ယောက်ထဲမြင်ရတာ.....
ခုတော့ ညောင်းသွားပီ ။
နောက်နေ့မှထပ်ပို့ပေးပါ့မယ် ရှင့်။

ဇာတ်လမ်းရေးသားပေးပို့သော မန်ဘာ-ပိုးစုန်းကြူး ကိုအထူးကျေးဇူးတင်ရှိပါသည်ခင်ဗျ
ာ....Admin Team
Admin-မိုးတိမ် ပုံပြင်

No comments:

Post a Comment