Monday, January 20, 2014

### ဆိုင်ကယ်လိုက်စီးကြသူများ ###

November 6, 2013 at 4:24pm
### ဆိုင်ကယ်လိုက်စီးကြသူများ ###

သူက မေမြို့က အဆောင်မှာနေတာ။ သူအဆောင်ကို သွားတဲ့ လမ်းမှာ အကွေ့တစ်ခုမှာ မန်ကျည်းပင် အပင်အကြီးကြီး တစ်ခု ရှိတယ်တဲ့။ အရင်ကလဲ အဲနားကနေ ဆိုင်ကယ်နဲ့ ဖြတ်သွား ဖြတ်လာနေကြပဲ။ ဘာမှ မဖြစ်ဖူးဘူးတဲ့။

ဒီလိုနဲ့ တစ်နေ့ သူ မန္တလေးကို အလည်သွားတော့ သူငယ်ချင်းတွေနဲ့ ဆုံပြီး နည်းနည်းပါးပါး သောက်လိုက်၊ လေပေါလိုက်ဆိုတော့ အပြန်မိုးချုပ်သွားတယ်။ ဖြစ်ချင်တော့ အဲနေ့မှပဲ သူ့ဆိုင်ကယ် ရှေ့မီးက လာလိုက်၊ မလာလိုက် ဖြစ်နေတော့ သူလဲ မေမြို့ အပြန်လမ်းကို ဖြည်းဖြည်းချင်းတက်လာရတာ တော်တော် ကြာသွားတယ်။ ဒါနဲ့ အဲအဆောင် အကွေ့နားက သစ်ပင်ကြီးရောက်တော့ မိုးတော်တော် ချုပ်နေပြီဆိုပါတော့။

အဲဒါနဲ့ အဲအပင်အောက်လဲ ရောက်ရော ဆိုင်ကယ်က လမ်းပေါ်က ခဲတစ်လုံးကို နင်းမိသွားပြီး လဲမလို ဖြစ်သွားတယ်တဲ့။ သူလဲ မနည်းပြန်ထိန်းလိုက်ပြီး ဆက်သွားမယ်ဆိုတော့ ဆိုင်ကယ်မီးက မလာတော့ဘူးတဲ့။ ဆိုင်ကယ်ကလဲ အရမ်းလေးလာပြီး ထိန်းရတာ အရမ်းခက်လာတယ်တဲ့။ လမ်းဘေးက ချောက်ထဲကို မကြာခဏ ဆွဲသွားသလို ဖြစ်ဖြစ်နေတယ်။ ဒါပေမယ့် သွားနေကျလမ်းဆိုတော့ လမ်းဘက်ကို ပြန်ပြန်ဆွဲပြီး သတိထား မောင်းလာရတယ်တဲ့။ သူ့စိတ်ထဲမှာ ထင့်နေပေမယ့် ခုနက ခဲလုံးတက်နင်းမိပြီး ဆိုင်ကယ်ဘီး ပေါက်သွားတယ်လို့ပဲ ထင်လိုက်တယ်တဲ့။
ဒီလိုနဲ့ အဆောင်ရောက်၊ ဆိုင်ကယ်ကိုရပ်ပြီး အခန်းဝင်ပြီး အိပ်ဖို့ ပြင်တယ်တဲ့။ သူ့မှာ အခန်းဖော်ရှိပေမယ့် အဲနေ့ကကျတော့ သူ့အခန်းဖော်က အဆောင်မှာ ပြန်မအိပ်ဖြစ်ဘူး။ သူလဲ အေးဆေး အင်္ကျီလဲ၊ အိပ်ဖို့ လုပ်တော့ သူကို တစ်ယောက်ယောက် ကြည့်နေသလို ခံစားရတယ်တဲ့။ ဒါပေမယ့် အခန်းထဲလဲ ဘယ်သူမှ မရှိတော့ သူလဲ တံခါးပေါက်တွေ သေချာပိတ်ပြီး အိပ်ရောတဲ့။ ပြတင်းပေါက်ကတော့ အိုက်လို့ ဖွင့်ထားပြီး အိပ်တယ်တဲ့။
သူ အိပ်မပျော် တပျော်သလို ဖြစ်နေတုန်း သူ့ရင်ဘတ်ကြီး လေးလာသလို ခံစားရတယ်တဲ့။ အဲမှာ သူမျက်လုံးဖွင့်ကြည့်လိုက်တော့ ကလေးလေး တစ်ယောက်တဲ့။ သူ့ရင်ဘတ်ပေါ်တက်ပြီး ခုန်ဆွ ခုန်ဆွ လုပ်နေတယ်။ မျက်နှာကလဲ လူသေကောင်လို ဖွေးနေတာတဲ့။ မှင်စာလေးလိုပဲတဲ့။ သူ့ရင်ဘတ်ပေါ် တက်ဖိနေတယ်တဲ့။ သူလဲ ရုန်းဖို့ ကြိုးစားတော့ လှုပ်လို့ မရဘူးတဲ့။ သူ့လက်နှစ်ဖက်ကိုလဲ ဘေးတစ်ဖက်တစ်ချက်စီက မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက်က ဖိပြီး ချုပ်ထားတယ်တဲ့။ ပြီးတော့ အဲကလေး မှင်စာက သူ့ရင်ဘတ်ကို ခွစီးပြီး ခုန်လိုက်၊ ဖိလိုက် လုပ်နေတယ်တဲ့။ ကြာတော့ သူလဲ မခံနိုင်တော့တာနဲ့ ပရိတ်ကြီး ၁၁ သုတ်ကို စိတ်ထဲက ရွတ်တယ်။ သူ အမြဲ ရွတ်နေကျ ပရိတ်ကြီး ၁၁ သုတ်က အဲအခါကျတော့ ဘယ်ကနေ စလို့ စရမှန်း မသိအောင် မေ့သွားတယ်တဲ့။ အဲဒါနဲ့ မဖြစ်ဘူးဆိုဘူး သရဏဂုံ သုံးပါးကို တိုင်တည်လိုက်မှ သူလဲ ပရိတ်ကြီး ၁၁ သုတ်ကို သတိရသွားတယ်တဲ့။ အဲဒါနဲ့ စိတ်ကနေ ရွတ်ပြီး ရုန်းတော့မှ အဲ ကလေးမှင်စာက သူဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ အပြင်ကို ခုန်ထွက်သွားတယ်တဲ့။ နောက် သူထကြည့်တော့ ကလေးမှင်စာကော၊ ခုနက မိန်းမနှင့် ယောက်ျားပါ အဆောင် အပြင်ကနေရပ်ပြီး သူ့ကို စိုက်ကြည့်နေတယ်တဲ့။ ကလေးမှင်စာကတော့ ပါးစပ်က ပွစိပွစိပြောပြီး ခုန်ဆွ၊ ခုန်ဆွ လုပ်နေတယ်တဲ့။ အဲဒါနဲ့ သူလဲ ကြောက်ပြီး ပြတင်းပေါက်ကိုပိတ်၊ တစ်ခန်းလုံး စည်းချ စွတ်မှိတ် အိပ်လိုက်မှပဲ ဘာမှ အနှောင့်အယှက် မရှိတော့ဘူးတဲ့။
နောက်နေ့မနက် အလုပ်က အမကြီးတွေ မေးကြည့်တော့မှ အဲအကွေ့နားမှာ အရင် အပတ်က နယ်ခံ မိသားစု သုံးယောက် ဆိုင်ကယ်မှောက်ပြီး ချောက်ထဲ ကျသွားတာတဲ့။ သုံးယောက်လုံး ပွဲချင်းပြီးပဲတဲ့။ အဲဒါနဲ့ သူလဲ နောက်ပိုင်း မေတ္တာတွေ ဘာတွေ့ပို့၊ အလှုတွေ ဘာတွေလုပ်ပေးလိုက်တယ်တဲ့။ အဲနောက်ပိုင်းတော့ သူ့ကို ထပ်မနှောင့်ယှက်တော့ဘူးတဲ့..........။ ။ ။

ဇာတ်ကြောင်းပြန်လည်ပြောပြသူ မThida Aye ကို ကျေးဇူးအများကြီးတင်ပါတယ်.....။

Credit - ကွင်းပိုင်ကြီး

ADMIN - Htut Htet

### ထိုဆောင်းတစ်ည ###

November 6, 2013 at 4:26pm

### ထိုဆောင်းတစ်ည ###

ဝတ္ထုသဖွယ် ရေးသားပေးပို့ပေးခဲ့သော ကိုစောစိုင်းလတ် ကို ကျွန်တော်တို့ Admin များမှ အထူးကျေးဇူးတင်ပါတယ်..........။


ဇန်နဝါရီလ၏အေးစက်လှသောဆောင်းတစ်ည မြူနှင်းတွေကမသဲမကွဲ နှင့် မှောင်ရီဝိုးတဝါး ညမှာ ဆိုင်ကယ်တစ်စီးက ညရဲ့တိတ်ဆိတ် မှုအမှောင် ထုအား ဆူညံလှတဲ့ စက်သံနဲ့အတူထိုးခွင်းလိုက်သည် . . . အချိန်ကည ၁၁ နာရီဝန်းကျင် . . . ရှမ်းပြည်၏ ဆောင်းအအေးလွန်ကဲမှုက ဝတ်လာ သော ဂျင်းဘောင်းဘီနှင့်လည်သာဂျာ ကင်တို့ပင် မခံနိုင်တော့. . .အရိုးထိအောင် ခိုက် ခိုက်တုန်ချမ်းလှသည် . . သူငယ်ချင်း တစ်ယောက်ဆိုင်ကယ် အက်စီးဒင့် ဖြစ်လို့ ဆေးရုံကိုသတင်းသွားမေးရာမှ ဆေးရုံတွင်မိတ်ဟောင်းဆွေဟောင်း ဘော်ဒါဟောင်းတွေနဲ့တွေ့ဆုံကြ လေရာ ဆိုင်တစ်ဆိုင်မှာ ဝိုင်းကလည်း ကောင်း စကားကလည်းဟောင်း ရှေးဟောင်ဲး့ နှောင်းဖြစ်တွေနှင့် အချိန်တွေ ကုန်မှနိးမသိ ကုန်ခဲ့သည် . . ဝိုင်းလည်းပြီးတော့ ဘော်ဒါတွေကသူတို့ဆီမှာအိပ်ဆိုတာ မအိပ်ပဲ ပေကပ်ပြီးပြန်လာခဲ့သည် . . .မပြန်လို့လည်းမရပါ . .မနက်ဖြန် ဂျူတီရှိသည် မဟုတ်ပါလား. . ဒီလို လမ်းမ ကြီးပေါ်မှာ ငါတစ်ယောက်တည်းပါလား ဟူသောအတွေးတစ်စတို့ဝင်လာမှ ကျောထဲ အထိကျက်သီးမွှေးညှင်းများကစိမ့်ခနဲ . .တစ်ခါတစ်ခါလမ်းဘေးဝဲယာမှ သစ်ပင် ကြီးများက ရှဲခနဲ ရှဲခနဲ ဖြင့် မြင့်မားရှည် လျားလှတဲ့ တ စ္ဆေ ကြီးများ အလား . . မည်မျှပင်သတ္တိ ကောင်းလှသူဆို ပါစေ ဦး . . .အမှောင်ထုမှာ အဖော်မပါ တစ် ယောက်တည်း သွားကြည့်ရင်တော့ အနည်းငယ်တော့ ချောက်ချားမိမှာအမှနိပင် . . .တစ်ခါ တစ်ခါ သစ်ပင်ကြီးများ ကြားက ရိပ်ခနဲ ရိပ်ခနဲ နှင့် တ စ္ဆေကြီးများပြေးလွှားမြူး တူးနေသယောင် . .သောက်လာသော အရှိန်လေးများပင် ကွယ်ပျောက်လာချင်သလိုလိုပင် .မြို့တစ်မြို့ နျင့် တစ်မြို့ကြား အကွာအဝေးက လေးငါး ခြောက်မိုင်ဆိုပေမယ့် . . ကြားမှာ မည် သည့်ရွာမှမရှိ . . .တော်ရုံလူအသွားအလာလည်းမရှိလှ . .ကြိုကြားကြိုကြား ကုန်တင်ကားကြီးများ တစ်စီးစ နှစ်စီးစ . . .အစောကတည်းက ဘော်ဒါတွေစကားနားထောင်ခဲ့ရမှာ . . သို့ပေမယ့်မထူးတော့ . .ခရီးတစ်ဝက် လောက်ကကျိုးနေပြီ . .ခိုက်ခိုက်တုန် အောင် အေးလှသော အရှိန် ကြောင့် ကျွန်တော် ဆိုင်ကယ်အရှိန်ကိုလျှော့ကာ ပုံမှန်လေးမောင်းခဲ့တော့သည် . . လမ်း အကွေ့လေတစ်နေရာအရောက်တွင်တော့ . . .လူတစ်ယောက်အဝေးမှ လက်လေး တပြပြနှင့် မိမိဆိုင်ကယ်အားတားနေသ ယောင် . .ဘုရား . .ဘုရား . .ဒီအချိန်ကြီးဘယ်သူကများ လမ်းမကြီး မှာတစ်ယောက်တည်း . .မဟုတ်မှလွဲ ရော . .ဖွ . .လွဲပါစေ ချော်ပါစေ . . စိတ်ထဲကသာကျိတ်ဆုတောင်းနေ ပေမယ့် ကျက်သီးမွှေးညှင်းများက ဖျန်းကနဲ ဖျန်းကနဲ . . .အဝေးကကြည့်တုန်းက သာ . .ဝိုးတစ်ဝါးနှင့် တဖြည်းဖြည်း နီး လာလေ ဆိုင်ကယ်မီးအရောင်နှင့်ထင်ရှား လာလေ . ဟုတ်ပါသည် ကျွန်တော် အ့မြင်မှာ့းခြင်းမဟုတ်ပါ် . . ကျွန်တော့ ဆိုင်ကယ်အား အမှန်တကယ်ပင်လက်ပြ ကာတားနေသည် .စိတ်ထဲကလည်းရသော ဘုရားစာမှန်သမျှ အကုန်ရေရွတ်နေမိသည် . . ဆိုင်ကယ်ဆက်မောင်း ရင်ကောင်းမလား . .ရပ်းပေးလိုက် ရင် ကောင်းမလားကို ဝေခွဲမရဖြစ်နေသည် . .ထိုသူအနားရောက်တော့ . . အိုး . . .ဘုရားရေ . . . ဒီအချိန်ကြီးကောင်မလေးတစ်ယောက် ပါလား . .မဟုတ်မှလွဲရော . .ဥစ္စာစောင့် လား . . .နာနာဘဝ လား . . .လမ်းမှာက လည်း လူဆိုလို့ သူနဲ့ကျွန်တော်နှစ်ယောက်တည်း . . ဒါမှမဟုတ် ငါ့ကို ဓါးပြ တိုက်ဖို့လား . . စိတ်ထဲဝေခွဲမရဖြစ်နေစဉ် . .ကောငိမ လေးကလမ်းပေါ်သို့တက်လာကာ ဆိုင် ကယ်ရှေ့မှ ပိတ်ရပ်ကာ ဆိုင်ကယ်အား တား လိုက်သည် . . .ကျွန်တော် ဆိုင်ကယ် အားမရပ်ပေးလို့မရတော့ . . .ဆိုင်ကယ် မီးရောင်ရှေ့ဝယ် သေသေချာချာကြည့်မိ တော့ . .အသက်က ကျွန်တော်တို့နှငိ့ မတိမ်းမယိမ်း ရွယ်တူကောင်မလေး . . ထိုမိန်းကလေး၏ ဖြောင့်စင်းသောဆံ ကေသာ. . .ဝိုင်းစက်နေသောမျက်ဝန်း . . ဖြောင့်စင်းသောနှာသံ . . .ပြေပြစ်နုနယ်သောမျက်နှာ . သွယ်လျ သော ခန္ဓာကိုယ်ကို ဂျင်းဘောင်းဘီအနက် နှင့် ကိုးရီးယား ကုတ်တို့က သူမ၏အလှကို ပိုမိုပေါ်လွင်စေသည် . . . အိုး . . .လှလိုက်တဲ့ ကောင်မ လေးပါလား . . မိန်းကလေး၏အလှတွင် တဒင်္ဂ ယစ်မူး နေမှုကြောင့် မိန်းကလေး ပါးလေးတွေ ရှက်သွေ့းဖြာကာ ရဲတက်လာပြီးမျက်လွှာ လေး အောက်ချသွားသည် . . . ပြီးမှ . .

''အကို (- - - )ကို ပြန်မလို့လလားရှင့်''.

''ဟုတ်ပါတယ်ညီမ . .အကို (- - -) ကိုပြန်မလို့ပါ'' . .

''ညီမဆိုင်ကယ် ဟိုဖက်မြို့ အထွက် မှာ ပျက်သွားလို့ . .ဆိုင်ကယ်ထားခဲ့ ရတယ် . . .အဲဒါ ကျွန်မလမ်းကြုံလိုက်လို့ ရမလားရှင့်''. .

ဝဲသဲသဲ အသံအောက်ဝယ် ရိုးသားသော သူမ မျက်ဝန်းတွေက အမှန်တရားကို ဖော်ပြ နေပေသည် . . မိန်း ကလေးစကားပြောပုံ ဆိုပုံ နှင့် ဝတ်စား ထားတာ ကြည့်ရတာ မိကောင်းဖခင် သားသမီးထဲက ဖြစ်မည် . . .လူလူချင်း ပဲ ကူညီကောင်းပါတယိလေ . .အခုလို ညသန်းခေါင်ကြီးမှာမိန်းကလေး တစ်ယောက်တည်းပိုတောင်ကူညီသင့် သေးသည်မဟုတ်ပါလား . . . မတော် လမ်းမှာ မသမာသူတွေနဲ့တွေ့သွားမှ ဖြင့် . . .ဒီလိုနုနယ်လှပသော ကောင်မ လေးဘဝ မတွေးဝံ့စရာ . . . စိတ်ထဲဇဝေ ဇဝါဖြစ်နေတာ တစ်ခုကတော့ လမ်းမှာ တစ်ခြားလူကြုံမတွေ့ဘူးလား . . .သူမ ဘာလို့ အိမ်ကို အကြောင်းမကြားပဲ တစ် ယောက်တည်း အရဲစွန့် ပြန်လာ ရသလည်း .

''ရပါတယ် ညီမလေး . .ဒါနဲ့ညီမကို အကိုဘယ်ကို လိုက်ပို့ပေးရမလည်း'' . .

''မြို့ အဝင်နားက ( - - -) ရပ်ကွက်ကို ပါအကို''. . .

'' သြော် . . .လမ်းသင့်ပါတယ် . .တက်လေ ညီမလေး '' . .

မိန်းကလေး ကျွန်တော့ ဆိုင်ကယ် အနောက်သို့တက်လိုက်သည်ဆိုလျှင် ပဲ မွှေးပျံ့သော အကောင်းစား ရေမွှေး ရနံ့က နှာခေါင်းထဲတိုးဝင်လာ၏ . . ကျွန်တော့နှလုံးခုန်သံများကလည်း စည်းချက်မမှန်ချင်တော့ . . .ကျွန်တော် ဆိုင်ကယ်ကို ဖြည်းဖြည်းမှန်မှန်လေး စထွက်ခဲ့၏ . .ဒီလိုအချိန်မမျိုးဝယ် . . စိတ်မခိုင်သော ယောင်္ကျားတစ်ယောက် သာဆိုလျှင်တော့ မိန်းကလေးဘဝတော့ မတွေးဝံ့စရာ . .

''ညီမနာမည် ဘယ်လိုခေါ်လည်း''

'' နန်းဧ- - - ပါရှင့်''

''သြော်''

''အကို့နာမည် က ရော''

''အကို့နာမည်က စော- - ''. .

''ဒါနဲ့ ညီမရယ် . .အကိုမေးချငိလို့''

''ဟုတ်ကဲ့ . .မေးပါအကို''

''ဒီအချိန်ကြီးဆိုင်ကယ်ပျက်တာများ ညီမရယ် . .အမှောင်ကြီးထဲ လမ်းလျှောက်ပြန်လာရတယ်လို့ . . အိမ်ကို ဖုန်းဆက် အကြောင်းကြားရော ပေါ့ . . . ဟိုဖက်မှာကော အကူအညီ တောင်းလို့မရဘူးလား ''.

''ဟုတ် . .ညီမ အိမ်ကိုဖုန်းဆက်တယ် အကို . .သူတို့ဖုန်းမကိုင်ကြဘူး . . လမ်းမှာကော ဆိုင်ကယ်တွေ တာ့းပြီး အကူအညီတောင်းကြည့်သေးတယ် . .တစ်ယောက်မှမရပ်ပေးကြဘူးလေ . . ဒါနဲ့အိမ်ကိုလမ်းလျှောက်ပြန်လာတာ''. .

''သြော် . .ဒါများညီမရယ်ဟိုဖက်မှာပဲ မိုးလင်းတဲ့အထိစောင့်ပေါ့ . .မိုးလင်းမှ ပြန်လာလည်း ရတဲ့ဟာကို ''

''မရဘူးအကိုရဲ့ . . အိမ်က အဖေနဲ့ အမေက အရမ်းစိတ်ပူတတ်တာ . . အခုတောင် သူတို့တွေေညီမကို စိတ်ပူ ပြီးလိုက်ရှာနေကြမလားမသိဘူး ''. .

''သြော် . .''

''အခုလို အချိန်မှာ ကူညီတဲ့ အကို စော - - ကို အရမ်းကျေးဇူးတင်ပါတယ်. . .အကိုဘယ်မှာ နေလည်း . . ညီမတို့အိမ်ကို နက်ဖြန်လာလည်လေ . အကို့ကိုကျေးဇူးပြန်ဆပ်ချင်လို့ ''

''ကျေးဇူးပါညီမလေး . .အကိုဆက်ဆက် လာခဲ့ပါ့မယ် . .အကိုက (- -)ဆေးရုံ ကလက်ထောက်ဆရာဝန်ပါ . . .''

''သြော်. .တွေ့ရတာ ဝမိးသာပါတယ် အကို . . .နက်ဖြန်ဆက်ဆက်လာလည် ဖြစ်အောင်လာလည်နော် . .''

''စိတ်ချ . . .ညီမလေး''

စကားကလည်းပြောလို့ကောင်း . . တစ်ချကိတစ်ချက်လေအသင့်မှာ . . သူမဆီက မွှေးပျံီ့သောရနံ့ . . တစ်ချက်တစ်ချက် ထိတွေ့မိသော နူးညံ့မှုတို့ကြောင့် သောက်ထားတာလေး တွေ . . . အစောက ကြောက်လန့်မှု နှင့် အအေးဓါတ်တွေ ဘယ်ဆီဘယ် ဝယ်ပျောက်ကုန် သည်မသိ . . တစ် သက်နဲ့တစ်ကိုယ် . .ယခုကဲ့သို့ ချောမော လှပသောမိန်းကလေးနှင့် ယခုလို ဆိုင် ကယ်အတူစီးဖို့ အိပ်မက်ပင် မမက်ဖူး . . ငါကံကောင်းလှချည်လား . . နတ်သမီး လေးနဲ့ ခင်ရချည်သေးရဲ့ . . . အတွေး တွေနယ်ချဲ့ရင်းမြို့အဝင်ကို ရောက်မှန်း မသိ ရောက်လာ၏ . .ဒါမျိုးဆို အချိန် ကလည်း ကုန်မြန်လိုက်တာ . .

''အကို . . .ညီမကို လမ်းထိပ်မှာပဲ ချပေးထားခဲ့တော့အကို . . တော်ကြာ လမ်းထဲကတစ်ယောက်ယောက်မြင် သွားရင် မကောင်းမှာစိုးလို့ပါ . .တစ်မျိုး တော့ . .မထင်နဲ့နော် အကို''

''သြော် . .အင်း . .ဟုတ်ပြီလေ . . ညီမလေး အဆင်ပြေတယ်မဟုတ်လား . ''

''ဟုတ် . . . အဆင်ပြေတယ်အကို''

ကျွန်တော်ဆိုင်ကယ်ကို သူတို့လမ်းထိပ် မှာရပ်ပေးလိုက်သည် . .

''ကျေးဇူးအများကြီးတင်ပါတယ် အကို . . လမ်းရဲ့ အစွန်ဆုံး . .ထောင့်က တိုက် ကညီမတို့ အိမ်ပါအကို. . .နက်ဖြန်လာ လည်နော်အကို . . .စောင့်နေမယ် ''

ု''စိတ်ချညီမလေး . .မလာမှာမပူနဲ့''

ကောင်မလေးပြုံးသွားသည် . .သွားတော့ မယ်နော်ဆိုပြီး နှုတ်ဆက် အကြညိ့လေး က နှစ်ဦးသားရင် ဝယ် ဖော်ပြလို့မရသော ဝေဒနာတစ်ခု . . . .

မနက်မိုးလင်းပြီး ward round ပြီး မနက်စာစားမယ်လုပ်တော့ . . .သူငယ် ချင်း ကျော်ကြီးက .

''ဟေ့ကောင် . .ငစော . . .နေ့ခင်း PM ရှိတယ် . .မင်းသွားမလား . .ငါသွား ရမလား''

''မင်းပဲသွားလိုက်ပါ
သူငယ်ချင်းရာ. . ငါမနေ့ညက အရှိန် အကင်းမသေသေး လို့ ''

''အေးပါကွာ . ရပါတယ် . .ထုံးစံအတိုင်းနော် နက်ဖြန် one table ဟဲ ဟဲ ''

''အေးပါကွာစိတ်ချပါ . . .ဒါနဲ့ PM က ဘာကေ့စ်လည်း ''

''RTAကွ ဆိုင်ကယ်မှောက်တာ . .ပွဲချင်း ပြီးပဲ . . ကောင်မလေးကွ . .သနားပါတယ် ကွာ . . ခေါင်းတစ်ခုလုံးရစရာမရှိဘူး''

''အော် . . .ဖြစ်မှဖြစ် ရလေ . . အော် . . ဒါနဲ့ ညနေ ငါချိန်းထားတာတစ်ခုရှိ လို့ . .ခဏပါ . . ညနေ အဲဒါ ဟဲ ဟဲ . .''

''ဟဲ ဟဲ ရပါတယ်ကွာ . . နက်ဖြန်တော့ one table နော် . .ဟီး ဟီး ''

''စိတ်ချ . .သူငယ်ချင်း ''

ညနေ ကျွန်တေိာ ရေမိုးချိုး ရှိုင်းစမိုင်း ပြီးတော့ နနိးတို့ ရပ်ကွက်ဖက် ဆိုင်ကယ် နဲ့ထွက်ခဲ့သည် . .နန်းတို့ အိမ်နားရောက် တော့ လူတွေတော်တော်စည်လှသည် . . သေချာတာတော့ သူတို့ အိမ်မှာ အလှု ရှိပုံပေါက်သည် . . .သူဒါ့ကြောင့်ငါ့ကို ဆက်ဆက်လညဖို့ခေါ်တာကို . . . အိမ်ရှေ့ လည်းရောက်တော့ . . . .ကျွန်တော့ မျက်လုံးတွေ ဝေဝါးသွား သည် . . . ဟုတ်မှဟုတ်ရဲ့လား . .မယုံ လို့ မျက်လုံးများပွတ်သပ်ကြညိ့မိသည် . . '' မနန်းဧ - - - အသက် (၂၅)နှစ် - - ရက် ည ၁၀း၁၅ အချိန်တွင် ယာဉ်တိုက် မှုဖြင့် ကွယ်လွန်သည်'' . . . ဘုရား . .ဘုရား . . . ကျက်သီးမွှေးညှင်း များ ဗျန်းကနဲ ထသွားသည် . . . မျက်စိများပြာဝေလာသည် . . . ဘာဆို ဘာမှကိုမမြင်တော့ . .ဘာကို မှလည်း မစဉ်းစားနိုင်တော့ . . ဆေးရုံဆီသို့သာ ဆိုင်ကယ်ကို လီဗာ အပြင်းဆွဲပြီး ပြန် ပြေးခဲ့ တော့သည် . . ဆေးရုံ ရောက် တော့ ရေးကြီးသုတ်ပြာနှင့် ကြောက် ရွံ့ ထိတ်လန့် နေသာ ကျွန်တော့အား ကျော်ကြီးက

'' ဟေ့ကောင် . . မင်းဘာတွေဖြစ် လာတာလည်း နှုတ်ခမ်းတွေလည်း သွေးဆုတ်လို့ ''

''ဟေ့ရောင် . . ငါ့ကိုနေ့ခင်းက PM Case လေးပြပါကွာ''

သူက ခေါင်းတကုတ်ကုတ်နှင့် PM Report အားထုတ်ပြသည် . . သေချာပါသည် . . နာမည်ကော အသက်ရော ဘာမှမလွဲ . . . ဓါတ် ပုံထဲတွင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေ သော ကောင်းမလေးက စုတ်ပြတ် နေသော ဂျင်းဘောင်းဘီ အနက်ရောင် လေးနှင့် ကုတ်အင်္ကျီလေး ဝတ်လို့ လောက ကြီးက မရှုမလှ ထွက် ခွါသွားခဲ့ရပေသည် . . . . ။ ။ ။


Credit by Saw Sai Latt

ADMIN - Htut Htet

### ဂတိမတည်လို့... ( ဖြစ်ရပ်မှန် ) ###

November 6, 2013 at 4:31pm
### ဂတိမတည်လို့... ( ဖြစ်ရပ်မှန် ) ###

မန်းလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မှာဖြစ်ပျက်ခဲ
့တာလေးပါ။ကျွန်တော့်
ဦးလေးတို့ကိုယ်တိုင် ကမြင်းကြောထပြီး သရဲတွေ့ခဲ့တာလေးပါ။ကျွန်တော့်ဦး
လေးအပါအ၀င်သူငယ်ချင်း ငါးယောက်ရှိတယ်ဗျ။သူတို့အုပ်စုကတော်တော်
လေးဗရုတ်ကျ ကြတယ်။ဦးလေးပြောပြတာကတော့သူတို့အုပ်စု သီတင်းကျွတ်မှာ သရဲခေါ်တာတဲ့ ငါးဇွန်ဘောလုံးကွင်းထဲမှာ။ဘောလုံးကွင်း
ရဲ့အလယ်မှာ စားပွဲဝိုင်းချတယ် ပြီးတော့ ကျပ်စေ့ပြားနဲ့သရဲခေါ်တယ် မရလို့ဆိုပြီး ညကြီးမိုးချုပ် အမဲသားဖျက်တဲ့အိမ်သွားပြီး အမဲသားဝယ်တယ်၊
အမဲသားဝယ်လာပြီးတော့ လာစားကြပါ ပြီးရင် မင်းတို့ရှိတဲ့အကြောင်း
ငါတို့ကို ကျပ်စေ့ပြားလေးကိုလှည့်ပြပါလို့ပြောတယ်တဲ့ဗျ။အမဲသားကို စားပွဲဝိုင်းပေါ်တင်လိုက်တယ် ပြီးတော့သူတို့စောင့်ကြည့်နေတယ်ပထမတစ်ခေါက်အမဲသားလေးနဲနဲတော့ရေ
ွ့သွားတယ် စားတာနေမှာဆိုပြီး
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်တဲ့ ဒါနဲ့ အမဲသားတုန်းကို ပြန်ယူလိုက်တယ် လုပ်ပြလေကွာ မင်းတို့ကိုကျွေးပြီးပြီလို့ပြောတယ်။ငါးမိနစ်လောက်နေတော့ ကျပ်စေ့ပြားလေး ကိုချွင်ခနဲနေအောင်လုပ်ပြလိုက်တ
ယ် သူတို့လည်း
ဟားဆိုပြီး အသံထွက်သွားတယ်။ခိုင်းလို့ရပြီဆ
ိုပြီး အတွေးနဲ့ တစ်ခေါက်
လောက်ထပ်လှည့်ခိုင်းတယ်တဲ့ ဟိုကထပ်လှည့်ပြတယ်တဲ့ တစ်ယောက်က
ထပ်ပြီးတော့ မင်းငါတို့ကို ဘောလုံးကြည့်စင်ပေါ်က သွပ်ပြားကို အကျယ်ကြီးခေါက်ပြရင် မင်းကိုရှိသမျှအမဲသားအကုန်ကျွေး
မယ်လို့ပြော
တယ် ပြောပြီးတစ်မိနစ်လောက်ပဲကြာတယ် ၀ုန်းဒိုင်းဆိုပြီးသွပ်ပြားပေါ်လူပြေးတဲ့အသံလုပ်ပြတယ်။ပြီးလဲပြီ
းရော အမဲသားကျွေးမယ်ဆိုပြီး မကျွေးပဲ ဘောလုံးကွင်းကနေထွက်ပြေးတယ်တဲ့
ဗျ အပေါက်ဝမရောက်ခင် ကျွေးမယ်ဆိုတဲ့လူပြေးရင်မှောက်ရ
င်လဲပါရောတဲ့
မှောက်နေရာကနေထလိုက်ရော နဖူးမှာ ဘုသီးကြီးတဲ့ဗျာ အကြီးကြီးပဲတဲ့
မျက်လုံးကလဲရဲစုတ်လို့တဲ့ ပြီးတော့အသံသြကြီးနဲ့မင်းတို့ဘာ
လို့ဂတိမတိ
မတည်တာလဲလို့ပြောတယ်တဲ့ဗျာ ကြောက်ပြီးတော့ သူတို့လဲ အမဲသား
ထုတ်ကြီးရော သူငယ်ချင်းရောထားပြီးပြေးကြတာတဲ
့၊ပြီးမှ ငါန်းဇွန်ဘုန်းကြီး
ကျောင်းက ကျောင်းထိုင်ကိုခေါ်လာပြီးတော့သူငယ်ချင်းကိုသွားခေါ်ကြတယ်ဟိုရောက
်တော့သရဲစီးတဲ့လူက မေ့နေပြီတဲ့ နဖူးကဘုသီးကြီးတော့မ
ပျောက်သေးဘူးတဲ့ဗျာ ဘုန်းကြီးက ဒကာတို့မင်းတို့တောင်းပန်လိုက်ပ
ါဆို
ပြီးဦးလေးတို့အုပ်စုကိုပြောတယ်
 ဦးလေးတို့လဲကြောက်ပြီး တောင်းပန်ကြ
တယ် အာ့တော့မှ မေ့နေတဲ့သူငယ်ချင်း နိုးလာပြီကယောက်ခြောက်ခြားနဲ့
ငိုပါလေရောတဲ့ဗျာ ဘုန်းကြီးက သူ့လက်နဲ့ခေါင်းကိုကိုင်ပြီး ဘုရားစာရွတ်
လိုက်မှာနဖူးကဘုအယောင်ရော့သွားတ
ယ် ဘုန်းကြီးက ဒကာတို့ သရဲ
ဆိုတာ တကယ်ရှိတယ် သူတို့ကိုမလှည့်စားနဲ့လို့မိန့်သွားပါတယ်.....။ ။ ။

Cerdit - Htut Htet

ADMIN - Htut Htet

*****၀ါယာကြိုးပူးတာလား...နှုတ်ဆက်တာလား******

November 6, 2013 at 4:34pm
### Emc Demonphyo ရဲ့ ကိုယ်တွေ့ဖြစ်ရပ်ဆန်းလေးကို ဖတ်ပေးပါဦးနော်... လက်ဆောင်ပေါ့ဗျာ.............. ###

ကျွန်တော်ငယ်ငယ်ကပျည်းမနားမှာနေတုန်းကပေါ့(အဲ့အချိန်ကနေပြည်တော်မဖြစ်သေးပါဘူး) လွန်ခဲ့တဲ့၇နှစ်လောက်ကပါ ကျွန်တော်ကပျည်းမနားသကြားစက်မှာနေတာပါ ကျွန်တော်.ကိုနေ.တိုင်းမာစတာဂျစ်မောင်းပီးကျောင်းလိုက်ပို.ပေးတဲ့ဦးလေးကြီးရှိတယ် တစ်နေ့တော့သူလူကြီးရောဂါနဲ့နေထိုင်မကောင်းဖြစ်ပီးဆုံးသွားရော...ပြောရဦးမယ်ကျွန်တော်တို.အိမ်ရှေ.
မဟော်ဂနီပင်ဘေးမှာငှက်ကျွေးဖို့လုပ်ထားတဲ့စင်လေးရှိတယ် အဲ့ပေါ်မှာထမင်းတွေဘာတွေတင်ပီးငှက်ကျွေးတာပေါ့ ဆွန်းတော်စွန်.တာတွေအဲ့ပေါ်ကိုသွားတင်တယ်လေ အဲ့နေ့ကမှတ်မှတ်ရရ ကျွန်တော်ရယ်အကိုလတ်ရယ် အဲ့ဒီ.အပင်ပေါ်ကငှက်လေးတွေကို သေနတ်နဲ့ပစ်နေကြတာ မနက်၉နာရီလောက်ပေါ့ အရင်နေ့တွေဆိုအဲ့ချိန်ကျောင်းသွားနေကြချိန်ပေါ. မာစတာဂျစ်ကလည်းအိမ်ခေါင်းရင်းက သရက်ပင်အောက်မှာထားတာ အဲ့ချိန်မှာကားထဲကနေတီတီလို့ဟွန်းသံနှစ်ချက်မြည်သွားတယ် အကိုရယ်ကျွန်တော်ရယ်သွားကြည့်တော့လည်း ကားထဲမှာဘယ်သူမှမရှိဘူး နှုတ်ဆက်တာလား ဒါမှမဟုတ် ၀ါယာကြိုးပူးတာလားတော့ခုချိန်ထိမသိပါဘူး....... ။ ။ ။

Credit by Emc Demonphyo

ADMIN - Htut Htet

******နည်းတာမဟုတ်တဲ့ကောင်ကြီး...******

November 6, 2013 at 4:36pm
******နည်းတာမဟုတ်တဲ့ကောင်ကြီး...******

### ကိုယ်တွေ့ဖြစ်ရပ်လေးကို ပြောပြပေးသော ကို Yar Zar Ko Ko အား ကျွန်တော်တို့ Admin များမှ ကျေးဇူးအထူးတင်ရှိပါတယ်..........။ ။ ###

အဖြစ်အပျက်ကဒီလိုဗျ လွန်ခဲ့တဲ့၆နှစ်လောက်ကပေါ့... ကျွန်တော်နေတာကမြောက်ဥက္ကလာမှာပါ တစ်နေ့ပေါ့ဗျာ ည၇:၀၀လောက်ပေါ့ ကျွန်တော်တို့လမ်းထဲက (ဒီနေရာမှာနာမည်လွှဲပါရစေ )ဦးအေးပေါ့ သူကအရက်ဆိုဘာအရက်လာလာအကုန် ကြိုက်အကုန်သောက်ဆိုတဲ့လူစားမျိုးဗျ ဖြစ်ချင်တော့အဲ့နေ့မတိုင်မီ၂ရက်၃ရက်လောက်ထဲကအောင့်တယ်အောင့်တယ်ဆိုပြီးဆေးခန်းသွားပြထားရတာ ဆရာဝန်ကတော့ပြောတာပေါ့ အရက်ဆက်မသောက်ဖို့ ဒါလည်းဒီလူကမရပါဘူး ဖြစ်တဲ့နေ့ကသူ့ဘော်ဒါတွေကလည်းနယ်ကပြန်လာတော့လူစုံတုန်းဆိုပြီးဆိုင်သွားကြပါရော အပြန်အိမ်လည်းရောက်ကောဆရာသမားကအောင့်ရုံတင်မကတော့ဘူးအန်ပါအန်တော့တာအန်တာမှသွေးတွေချည်းပဲ အဲ့ဒါနဲ့အိမ်နီးနားချင်းတွေဆေးရုံပို့မှရမယ်ဆိုပြီးဆေးရုံပို့ဖို့လုပ်ကျတာပေါ့ လမ်းထဲကလူငယ်တွေကျွန်တော်အပါအဝင်ပေါ့ သူ့ကိုဆေးရုံပို့ဆိုက္ကားခေါ်ပြီးပို့ကျတာပေါ့ အဲ့မှာကျွန်တော်ရယ်ကျန်တဲ့လမ်းထဲကကိုကျော်ကြီးနဲ့နောက်၂ယောက်က နောက်မှထမင်းပို့ရင်းနဲ့လိုက်ခဲ့မယ်ဆိုပြီးနေခဲ့ကျတာပေါ့ င်္ဒီလိုနဲ့ ည၉:၃၀လောက်မှ၎ယောက်သားဆေးရုံလိုက်သွားတဲ့လူတွေအတွက်ထမင်းထုတ်တွေထုတ်ပြီး ဆိုက်ကား ၁စီးနဲ့လိုက်သွားကျတာပေါ့ ဆိုက်ကားကို ကိုကျော်ကြီးကနင်းတာပါကျွန်တော်ကတော့အနောက်ခုံ မှာထိုင်လာတာပေါ့ ဆေးရုံနားနီးတော့မှသသတိထားမိတာ ထည့်လာတဲ့ထမင်းထုပ်တွေက ဝက်သား အမဲကြော် နဲ့ဝက်အူချောင်းတွေဟ ဒါနဲ့ သတိရပြီးကိုကျော်ကြီးကိုပြောလိုက်သေးတယ် ဟင်းတွေကရှယ်တွေဆိုတော့ ဖြစ်ပါ့မလားလို့ပေါ့ အဲ့မှာစတာပဲဇာတ်လမ်းက သွားပြောမိတဲ့ကျွန်တော်ကိုကမှားတာပါ ပြောလိုက်မှပဲဆရာသမားက ဘာလည်းမင်းကကြောက်လို့လားတဲ့ ဒါနဲ့ကျွန်တော်ကလည်းမကြောက်ပါဘူးလို့ပြောလိုက်တာပေါ့ ဟုတ်တယ်လေ ဆိုက်ကားမှာကလူ၎ယောက်တောင်ပါတာကိုး အဲ့ဒါကိုအပြင်ဘေးခှာံထိုင်တဲ့တစ်ယောက်ကအေးမကြောက်ရင်ထမင်းထုတ်မင်းကိုင်ဆိုပြီးကျွန်တော့်လာပေးရော ကိုကျော်ကြီးကလည်းဆိုက်ကားကိုဆေးရုံဝင်ပေါက်ကမဝင်ပဲ ရေခဲတိုက်လမ်းကဝင်ပါလေရော ဘာဖြစ်လို့လည်းမေးတော့ မြန်အောင်လို့တဲ့အဝင်ပေါက်ကဝင်ရင် အပေါက်စောင့်တွေက ရစ်ချင်တယ်ဗျ ဒါနဲ့အဲ့ ရေခဲတိုက်လမ်းကဝင်တာပေါ့ စဝင်လိုက်ပြီဆိုကတည်းကနှာခေါင်းထဲအနံ့အသက်ကသိပ်မကောင်းချင်ဘူး ဆိုက်ကားကလည်းကိုကျော်ကြီးတမင်လုပ်နင်းနေလားအောက်မေ့ရတယ်အိပဲ့အိပဲ့နဲ့ အဲ့အချိန်မှာဗျာအူလိုက်တဲ့ခွေးတွေ ဘာကိုတွေ့လို့အူမှန်းကိုမသိတာ လူတောင်ကြက်သီးနည်းနည်းထသွားတယ် ဆိုက်ကားကလည်းနှေးချက် ဒါနဲ့ကျွန်တော်ကကိုကျော်ကြီးကို ဟေ့လူမြန်မြန်နင်းပါဟလို့ပြောတော့ သူကလည်းဟငါလည်းနင်းနေတာပဲတဲ့ ဆိုက်ကားကအနောက်ကတစ်ယောက်ယောက်ဆွဲထားသလိုပဲတဲ့လေးတယ်ဟ လို့ပြောပြီးအံကျိတ်နင်းနေတယ် ကျန်တဲ့၂ယောက်ကတော့မျက်စိမျက်နာပျက်နေပြီ ကျွန်တော်ဆိုမပြောနဲ့ထမင်းထုတ်ကိုလက်နှစ်ဖက်နဲ့ပိုက်ပြီးအရှေ့ကိုလှည့်နေတာနောက်ကိုမကြည့်ရဲဘူးအဲ့မှာဘေးကတစ်ယောက်ကထအော်ပါလေရော အောင်မလေးဗျသရဲဆိုပြီး အော်လည်းအော်ဆင်းလည်းပြေးတာတန်းနေတာပဲဆေးရုံဝင်းထဲကို ကျွန်တော့်မှာတော့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အရှေ့ကလူကိုဖမ်းဆွဲထားရတယ်ပါးစပ်ကလည်းကိုကျော်ကြီးနင်းဟနင်းဆိုပြီးဇွတ်ကိုနင်းခိုင်းတော့ဒီလူကလည်းနင်းချက်ကချိန်းပျက်မထွက်ပဲရှယ်ကိုနင်းတာ ဝီခေါ်နေတာပဲဒါပေမယ့်ဆိုက်ကားကထင်သလောက်မသွားဘူးဗျ အခုမှသတိထားမိတာ ကျွန်တော့်လက်တစ်ဖက်ကရှေ့ကလူကိုဆွဲထားတော့ ကျန်လက်တဖက်ကကော ဘယ်မှာလည်းငါ့လက်ဆိုပြီးကြည့်လိုက်မိမှ ဟိုက် ကျွန်တော့်လက်ကြီးကလေထဲမှာတန်းလန်းကြီး ထမင်းထုတ်ကြီးကိုင်လို့ လူကလည်းတချက်တချက်ကြွကြွသွားတာများ အမငှီးရေးရင်းနဲ့တောင်ဒူးတုန်တယ် ဒါနဲ့ကျွန်တော်လည်းအော်ပါလေရောဟလုပ်ကျပါအုံးဘာတုံးဟဘာလည်းဟဆိုပြီး အရှေ့ကလူတွေကိုပြောတော့ သူတို့လှည့်အကြည့် အားလားလားအဲ့ဒါမှပိုကျန်းတော့တာလေထဲကလက်က ဘယ်ညာကိုရမ်းပြီးတော့ဆွဲခါနေတော့တာကျွန်တော်ကြောက်ချက်က9လောက်ရှိတယ်မလွှတ်ဘူး မျက်စိစုံမှိတ်ပြီးတော့ကိုပြန်လုနေတာ ကြားထဲက ကိုကျော်ကြီးက ကျွန်တော့်လက်ကိုအတင်းပြေးပြီးဆောင့်ဆွှဲလိုက်တော့်မှ လူကောထမင်းထုတ်ကောဆိုက်ကားပေါ်ကျတာ ခါးကိုကျိုးပြီမှတ်တယ် ကိုကျော်ကြီးကလည်းကျွန်တော့်လက်ထဲကထမင်းထုတ်ယူပြီး လမ်းဘေးတစ်နေရာချပေးကာ မင်းတို့စားချင်တာဒီမှာစားပြီးနေခဲ့တော့လိုက်မနှောင့်ယှက်နဲ့ဆိုတော့မှ နည်းနည်းငြိမ်သွားတော့တယ် ကျွန်တော်လည်းနာသွားတော့ကိုယ့်များထူမလားဆိုပြီးအရှေ့ကလူကိုကြည့်လိုက်တော့ အောင်မာ ငနဲသားက မတ်တပ်ရပ်ပြီးကြောင်ကြည့်နေတာကျွန်တော့်ကို လှုပ်လည်းမလှုပ်ဘူး ကိုကျော်ကြီးပါး၂ချက်လောက်ရိုက်ပေးလိုက်မှဟမ်ဟမ်ဆိုပြီးသတိပြန်လည်လာတာဗျ မတ်တပ်မေ့တာဒီတစ်ခါပဲမြင်ဘူးသေးတယ် ဒါနဲ့ကိုကျော်ကြီးလည်း ကျွန်တော်တို့၂ယောက်ကိုဆိုက်ကားပေါ်တင်ပြီးတွန်းပြေးခဲ့ရပါလေရောကျွန်တော်တို့လည်း အဲ့ထဲကမှတ်ပြီးနောက်ဆိုဆေးရုံဘက်ကိုညနေစောင်းတောင်ချေဦးမလှည့်ကြတော့ဘူး……။

နောက်နေ့ကျတော့ကျွန်တော်ဖျားပါလေရော ကြောက်တာရောနာတာရောပေါင်းပြီးဖျားလိုက်တာ၅ရက်လောက်ကြာမယ်ထင်တယ်မမှတ်မိတော့ဘူးကိုကျော်ကြီးကတော့လန့်ရုံတင် ဟို၂ရောက်ကတော့ ပထမဆုံးပြေးတဲ့ငနဲကဆေးရုံထဲရောက်မှချော်လဲပြီးထိပ်ပေါက်သွားတယ်နောက်တစ်ယောက် မတ်တပ်မေ့တဲ့တစ်ယောက်ကသူ့အိမ်ပြန်ရောက်တာတောင်စကားပြန်မပြောနိုင်ဘူးဗျာ ဟမ်ဟမ်နဲ့ကြောင်တောင်တောင်ဖြစ်နေတာ ဘုရားစင်ကရေမန်းယူတိုက်လိုက်မှပဲ သက်သာသွားတယ်တဲ့ နောက်နေ့တွေမှသူပြန်ပြောပြတာကအဲ့ညကကျွန်တော်နဲ့အပြိုင်သူဆွဲကိုယ်ဆွဲလုနေတဲ့အကောင်ကတဲ့အားလားလားလက်ကြီးမှမည်းနက်နေတာပဲတဲ့နည်းတဲ့အကောင်ကြီးမဟုတ်ဘူးတဲ့ဗျအမွှေ
းတွေနဲ့တဲ့
ပြန်ပြောရင်းနဲ့တောင်ကျောချမ်းတယ်ဗျ အဲ့ဒါတကယ့်ဖြစ်ရပ်ဗျ မယုံ ရင်ကိုယ်တိုင်သွားကြည့်လို့ရတယ် အဲထမင်းထုတ်တော့မမေ့နဲ့နော်ဒါမှအဆွှဲခံရမှာ မြောက်ဥက္ကလာ ဆေးရုံဘေးက ရေခဲတိုက်လမ်းဗျ ။

နေရပ်လိပ်စာနဲ့လူနာမည်တွေမဖော်ပြရတာတော့ဆောရီးပါ.....။ ။ ။

Credit by Yar Zar Ko Ko

ADMIN - Htut Htet

*****သတိ...တောက် မခေါက်ရ...(နာပန်ကျင်းခံရမည်!!!!!)

November 6, 2013 at 4:40pm
*****သတိ...တောက် မခေါက်ရ...(နာပန်ကျင်းခံရမည်!!!!!)

မန်ဘာ--Phyo Pyae Sone Kyaw ရေးသားတင်ဆက်သည်..။

ကျွန်တော်တခါမှ ယခုလိုမရေးဖူးတဲ့အတွက်ပထမဆုံးအနေနဲ့ကြိုတောင်းပန်ပါရစေနော်...အမှားပါရင်လည်းခွင့်လွှတ်ကြပါနော်. အခုကျွန်တော်ပြောပြမှာကတော့ ၂၀၀၆-၀၇တုန်းက ကျွန်တော်နေခဲ့ရတဲ့ဆယ်တန်းအဆောင်အကြောင်းလေးပါ.......တနှစ်လုံးစာဆိုတော့စာကနဲနဲရှည်မယ်ထင်တယ်ဗျ သည်းခံပီးဖတ်ပေးကြပါနော်
အဆောင်နာမည်ကတော့မပြောပါရစေနဲ့နော် ကျွန်တော့ကိုပညာသင်ပေးခဲ့တဲ့ကျေးဇူးရှင်မို့လို့ပါ အဲ့တုန်းက ကျွန်တော် အဆောင်ကို သင်္ကြန်ပီးမှဝင်တာဗျ.....အဆောင်တည်ထောင်သူကတော့ဗျာထုံးစံအတိုင်းပြောတာပေါ့ စာကြိုးစားပါ ရန်မဖြစ်ရဘူးနော် ဘာညာပေါ့ဗျာ....ဒီလိုနဲ့ ကျွန်တော်နေရမယ့် ယောကျာ်းလေးဆောင်ကိုခေါ်သွားတာပေ
ါ့ဗျာ....အဲ့အဆောင်ရောက်တော့ အဆောင်တွင်းစည်းကမ်းတဲ့ ထပ်ဖတ်ရတယ် ဘာတွေရေးထားလဲဆိုတော့
အဓိကအချက်ဘဲပြောပြတော့မယ်ဗျာ. သူကပြင်းပြင်းထန်ထန်တားမြစ်ထားတ
ာတွေဘဲပေါ့ဗျာ
အဆောင်ထဲတွင်. တောက် လုံးဝ လုံးဝ မခေါက်ရ. ရေအိုးအား အဆောင်အတွင်းသို့မသယ်ရ
ညပိုင်းတွင် ရေချိုးကန်နားမှာရေကိုသုံးထားလျှင် အဆောင်မှူးထံ ချက်ချင်းသတင်းပို့ရမည်. တဲ့ အဲ့သုံးချက်က အထူးဆန်းဆုံးဘဲဗျ. ဘာမှလည်းမဆိုင်သလိုဘဲ...ဒါနဲ့ဘဲ အီလည် အီလည်နဲ့ အဆောင်ဝင်လာခဲ့တယ်.....ကျွန်တော်တို့အဆောင်ရဲ့ဘယ်ဘက်ကောညာဘက်ကပါကွက်လပ်ကြီးတွေဘဲ ပိုင်ရှင်လည်း တယောက်တည်းဗျ. အဆောင်နောက်မှာကျတော့ ကျွန်းသစ်တွေနဲ့ချည်းဆောက်ထားတဲ့အိမ်ကြီးဗျာ မိုက်တာမှ...လူကတော့တယောက်မှမနေဘူးး အဲ့အိမ်ကြီးက ကျွန်တော်တို့အဆောင်နဲ့ တပုံစံတည်းတူအောင်ဆောက်ထားတာဗျ....ကျွန်းသစ်တွေကတော့တရားဝင်မဟု
တ်ဘူးပေါ့ဗျာ....
ဒီလိုနဲ့အဆောင်ကို အဆောင်းစည်းကမ်းလေးတွေနဲ့အညီနေလာတာပေါ့ဗျာ သုံးလလောက်တော့ကြာပီဗျ..အဲ့အတောအတွင်းမှာအောက်ထပ်ကကောင်တွေပြောတာ အိမ်သာမှာမှသရဲရှိတယ်ပေါ့ အလကားပါ တခါမှမတွေ့မိပါဘူး. အဲ့တေ့ကမှတ်မှတ်ရရဗျ စနေနေ့. Class ပီးလို့အဆောင်ပြန်လာတော့ ကျွန်တော်တို့ Section A တွေက အပေါ်ထပ်မှာနေရတာလေ အဲ့မှာ အပေါ်ထပ်ကို ကျွန်တော့တို့ အုပ်စုလိုက်လေးပြန်လာပီး နားတဲ့ကောင်ကနား စားတဲ့ကောင်ကစားနဲ့. ကလေးမြို့ကနေလာတဲ့ ကောင်က စာကျက်မလို့တဲ့ စာအုပ်ရှာတာပေါ့ဗျာ Physics စာအုပ်ဗျ သူ့နာမည်က ဖြိုးကို တဲ့. အဲ့မှာ သူစာအုပ်က သူ့ဖာသာClassRoom မှာမေ့ကျန်ခဲ့တာလေ အဲ့ဒါဒေါကန်ပီး သတိလွတ်ပီးတောက်ခေါက်လိုက်တာဗျာ တောက် ဆိုပီးတော့ နောက်ကလည်း နားရင်းကို ပြင်းပြင်းနဲ့ အုပ်ထဲလိုက်တဲ့အသံနဲ့အတူ အဲ့ကလေးသားမှောက်သွားရော...ဒါတောင်နေ့ခင်းကြောင်တောင်နော်. အဲ့မှာအဲ့ကောင်ဒေါသတွေဖြစ်ပီး ဘယ်သူလုပ်တာလဲဘာညာနဲ့ နောက်တခါ ထပ်ခေါက်တာ နောက်တချက်ထပ်တီးတယ်ဗျာ. ဘယ်ကနေဘယ်လိုလာတီးမှန်းလည်းမသိပါဘူးဗျာ ကျွန်တော့တို့ရှေ့တင်ဗျ. ခဏကျတော့ဟိုကောင်လည်းတော်တော်အီသွားတယ် အဲ့မှာ သွင်လင်းနိုင်ဆိုတဲ့ရှမ်းတရုတ်တကောင်က ဖြိုးကို တောက်ခေါက်တာကို ရိတ်မိပုံရတယ် သူစမ်းပီးခေါက်ကြည့်တာ သူပါအတီးခံရတယ်ဗျ. ဒီလိုနဲ့ဆူညံနေတော့ အဆောင်မှူးတတ်လာပီးဆဲပါလေရောဗျာ. အဲ့မှာတောက်လုံးဝ လုံးဝမခေါက်ရကို နားလည်သွားပါပီ...နောက်တခုက ရေအိုးဗျ. အဲ့တောက်ကိစ္စက သရဲမှန်းကျွန်တော်တို့သိပီလေ အဲ့တော့ ရေအိုးလည်းသိချင်လာတာပေါ့ဗျာ. ဒါနဲ့စမ်းသပ်ကြည့်တာပေါ့. အဆောင်မှူးမသိအောင် ရေအိုး တလုံးကို အပေါ်ထပ်ကို မရောက်ရောက်အောင်ပို့. ပီးဖွက်ထားတာပေါ့. အဲ့နေ့ညက ရေအိုးကို ကျွန်တော့ကုတင်အောက်မှာထားတာနော
်. အဲဗျာ မနက်ကျ အဲ့ရေအိုးက အစိတ်စိတ်အမွှာမွှာကွဲနေလေရဲ့ ရှင်းလိုက်ရသေး. ဒါနဲ့နောက်ဆုံးတခုပေါ့. ရေသုံးမယ်ပေါ့ဗျာ
ကျွန်တော်တို့ရေချိုးကန်က ခြံဝန်းထဲမှာကို ဘေးကပ်ရပ်ပေါ့ဗျာ. ရေကတော့ ညနေစောင်းဆို အမြဲအပြည့်. မနက်ဆိုလျော့လျော့နေတတ်တယ်ဗျ. စဥ့်အိုးကြီး အိုးလေးတွေနဲ့ပေါ့ဗျာ 15လုံးလောက်တော့ရှိမယ် တရက်ကျစမ်းကြည့်ကြတာပေါ့ဗျာ. အဆောင်မှူးက ညနေ ခြောက်နာရီဆို စဥ့်အိုးတွေအပြည့်ရေဖြည့်ပီး ဘယ်သူမှမသုံးတော့ဘူးလေ အဲနေ့ ညStudy Guide ကအပြန် အဆောင်တံခါးဖွင့်ပေးတော့Section A က ချီးထုပ် ကိုးယောက်ပေါ့ဗျာ ကျွန်တော်အပါအဝင်ပေါ့ မြန်မြန် မြန်မြန် စဥ့်အိုးသုံးလုံးလောက်ကို ရေလျော့အောင်သွားခပ်ပတ်ပစ်ထားလိုက်တယ် မနက်ကျဗျာ အဲ့သုံးလုံးစလုံးကွဲနေလေရဲ့ အဆောင်မှူးက သိပုံရတယ်ဗျ. နောက်နေ့ကျ နေ့တိုင်းရေကန်တွေစစ်စစ်ပီးမှတတ်လာတော့တယ. အဲ့ဒါအဆောင်စည်းကမ်းတွေထဲကသုံးခ
ျက်စလုံးက သရဲချည်းဘဲ နောက်ထပ်ထူးခြားတာတွေက. ညည့်နက်ရင် အဆောင်ထဲလမ်းလျှောက်တာတွေ. ပီးနောက်က ကျွန်းအိမ်ကြီးထဲက လူညီးသံတွေ. အဆောင်ထဲလမ်းလျှောက်တာ အစက အဆောင်မှူးဘဲထင်ထားတာဗျ. အဲဒါဘယ်သူမှမသိဘူး နှစ်ကုန်လို့ပြန်တော့မှ အဆောင်မှူးက နူတ်ဆက်အနေနဲ့ပြောပြတာဗျ....
ဘယ်လိုပြောပြလဲဆိုတော့ မင်းတို့တွေကတဲ့ ဒီအဆောင်ကြီးရဲ့နောက်ဆုံးကျောင်
းသားတွေဘဲတဲ့ဒီအဆောင်က ဒီနှစ်ပီးရင် ငှားထားတဲ့စာချုပ်ပြည့်ပီတဲ့ အဲ့တော့ မင်းတို့ကိုပြောပြမယ်ဆိုပီး ပြောပြပါလေရဲ့ဗျာ
ညဆို အဆောင်ထဲမှာ ကုတင်တခုပီးတခုလိုက်ကြည့်တာငါမဟုတ်ဘူးတဲ့ အဆောင်မှူးကပြောတယ်ဗျာ နောက်ပီး အနောက်ကကျွန်းသစ်အိမ်ကြီးမှာက ကြိုးဆွဲချသေဖူးတဲ့သူရှိတယ်တဲ့ဗျာ. အဲ့လူက တောက်ခေါက်တာ တအားမုန်းတယ်တဲ့ဗျာ. ပီးး ရေအိုးစင်ကိုလည်း ဘယ်တော့မှအိမ်ထဲကို မယူရဘူးတဲ့ သူရှိစဉ်ကတည်းကပေါ့. ခြံဝန်းထဲဘဲထားရတယ်တဲ့. ရေချိုးကန်ကိစ္စကလည်း. သူ့အတွက်တဲ့ အမြဲရေဖြည့်ပေးထားရတာတဲ့ ညဆိုသူချိုးတာလားတော့မသိ. မနက်ဆိုလျော့လျော့နေလိုက်တာ. အမလေးးဗျာာ. စဉ်းစားကြည့်ပါအုံး တနှစ်လုံးလုံး ကိုယ်အိပ်တဲ့ကုတင်ကိုခြေရင်းကနေလာလာကြည့်တာ သရဲတဲ့. အဆောင်မှူးမှတ်နေတာ တနှစ်ပတ်လုံးးတဆောင်လုံးကကောင်တွေလေ. အဆောင်မှူးပြောပြပီး အိမ်ပြန်ရောက်တော့မှ ကျွန်တော့မှာ တပတ်ကျော်ကျော်လောက်ဖျားသွားတယ်ဗျ နောက်ထပ်ရှိပါသေးတယ် ကျွန်တော့ညီလေး ဘုန်းကြီးသရဲပူးတာ. အခုကို ဒီဟာက တအားရှည်သွားလို့ တောင်းပန်ပါတယ်ဗျာ နောက်မှဘဲထပ်ရေးပါတော့မယ်. ကျေးဇူးတင်ပါတယ် Admi နှင့် စာဖတ်သူများအားလုံး

ယခုဇာတ်လမ်းအတွက်- မန်ဘာ--ကိုPhyo Pyae Sone Kyaw ကိုအထူးကျေးဇူးတင်ရှိပါသည်..။
Admin-မိုးတိမ်ပုံပြင်

*****မယ်ဇလီပင်မှာနေတဲ့ ...ဆရာမ******

November 6, 2013 at 4:38pm
*****မယ်ဇလီပင်မှာနေတဲ့ ...ဆရာမ******

### ကို Yethway Eain ရဲ့ ဖြစ်ရပ်မှန်လေးကိုလည်း ဖတ်ပေးပါဦးနော်.....
နောက်ထပ်လည်း ဒီထက်မက အားပေးကြပါဦးလို့.......... ###

ငယ်ငယ်ကရွာကလေးတစ်ရွာမှာကျွန်တေ
ာ်ကျောင်းတက်ရပါတယ် အဲ့
ရွာကလေးကကျွန်တော့်ရွာကလေးနဲ့ ၃ မိုင်စက်ဘီးစီးရတယ် ဒီလိုနဲ
့ဆယ်တန်းနှစ်ကိုရောက်တော့ ဆရာဆရာမတွေက ကျောင်းသားလေး
တွေကိုကျူရှင်မရှိဘူးဆိုပြီးစာတွေကို အသည်းအသံနေ့ ရောညပါ သင်
ပေးတယ် ဒီလိုနဲ့  ဆယ်တန်းစာမေးပွဲကြီးဖြေဖို့  နှစ်လလောက်အလိုမှ
ာ ကျောင်းဆရာဆရာမတွေက ညအချိန်ပို အမြဲတမ်း တက်ရမယ် စာ
သင်မယ်လို့ပြောတယ် အဲလိုကျောင်းသားတွေကို ပြောပြီး တစ်ပတ်ေ
လာက်ကြာတော့ နေ့ဘက်ရောညဘက်ပါ စာတွေမနားတန်းသင်ရတ
ယ် ကျတ်ရတယ် ကျောင်းအဆောင်က သုံးတွဲရှိတယ် ကျွန်တော်တို့ သ
င်တဲ့ အတွဲက အလယ်မှာ ကျန်တဲ့ ကျောင်းဆောင်နှစ်တွဲ့ ကတော့ညဘ
က်ဆိုရင် မီးမရှိဘူး အရမ်းမှောင်လွန်းတယ် ပတ်ပတ်လည်မှာလဲ မေ
လးရှားပိတောက်ပင်တွေက အုပ်ဆိုင်းလို့  တစ်ယောက်ထဲဆို ကျောင်း
အိမ်သာကိုမသွားရဲဘူး တစ်နေ့ မှာ ညခုနှစ်နာရီက စာစသင်တယ် ည
ဆယ်နာရီထို နားချိန်နာရီဝတ် ည၁၂နာရီဆိုရင်တော့ အတန်းလွှတ်ပါ
ပီး အဲဒီနေက အခန်းထဲကသူငယ်ချင်းတစ်ယောက်ပေါ့
 သူကအရမ်း
ဆိုးတယ် ညဘက်ကြီးအရက်တွေသောက်လာတယ် အရမ်းလဲမူးနေပါ
တယ် ဆရာမကသိတော့ သူကိုတုတ်နဲ့ ငါးချက်ရိုက်တယ် ပီးတော့ ကေ
ာင်းမထူနိုင်လို့  ပြောစရာရှိတာပြောပီ သူ့ ကိုကျောင်းသားတွေအကုန်
လုံးအိပ်တဲ့နေရာမှာ အိပ်ခိုင်းလိုက်တယ် ၁၀နာရီထိုးတော့ ကျွန်တော်
နဲ့ သူငယ်ချင်းတစ်ယောက်က သူငယ်ချင်းမိန်းကလေးတွေကိုနောက်
ချ
င်စချင်ဇောနဲ့ သူတို့ ထမင်းထုပ်လေးတွေကိုသူ တိုမသိခင် ယူပီးမီးမရှိ
တဲ့အခန်းတစ်ခန်းမှာ ပါတဲ့ဓါတ်မီးလေးထိုးပြီး ထမင်းခိုးစားနေတာ စ
ားလို့ လဲပီးရောငါးဟင်းအရိုးထုပ်လေးကု
ိ မေ့ပြီးမစွန့် ပဲ အဲဒီအခန်း
ထဲက စာပွဲခုံတစ်ခုပေါ်မှာ တင်ခဲ့တယ် နောက်တစ်နာရီကြာတော့ စာ
သင်နေရင်းသူငယ်ချင်းနှစ်ယောက်လာ
ပြောတယ် ငါ့တို့ ဟိုကောင်ကြီး
မူးပီးအိပ်နေတာ သူရဲသွားချောက်မလို့ လိုက်မလားဆိုတော့ ကျွန်တော်
တို့ က စာသင်ချိန်မို့ ဆရာမရိုက်မှာဆိုးလို့ မလိုက်ပဲစာသင်ရင်းကျန်နေ
ခဲ့တာ မကြာပါဘူဘူး မူးနေတဲ့တစ်ယောက်ကိုသူရဲချောက်ခ
ံရလို့  စာ
သင်ခန်းထဲပြေးဝင်လာတော အသံကြယ်ကြီး နဲ့သရဲသရဲဆိုပီးဆရာက
မေးတယါ မင်းဘာဖြစ်လာတာလဲဆိုတော့ သူစကားပြောဖို့ အသံတေ
ွမထွက်တော့ဘူး ခနနေမှ သရဲသွားချောက်တဲ့ သူငယ်ချင်းနှစ်ယောက်
ကပြောပြတယ် (ကျွန်နဲ့ သူနဲ့ ဒီကောင်ကိုသူရဲသွားချောက်တာ ပါဆရာ
သူကကျောင်းသားတွေအိပ်တဲ့အခန်းမှ
ာမအိပ်ပဲ မဇလီပင်ကြီးနားက
အခန်းထဲမှာ မီးမရှိပဲအိပ်နေတာ သူအိပ်တဲ့အခန်းမှာ ပြတင်းပေါက်ေ
တွအကုန်ပိတ်ထားတယ် အဲကြောင့်မို့ ကျွန်တော်နဲ့ ဒီကောင် ဟိုးဘက်
ထိပ်ဆိုးအခန်းကအပေါက်တစ်ပ်ေက်ပြ
ီး အထဲကိုဝင် အခန်းထဲရောက်
မှ နှစ်ယောက်သားမီးမဖွင့်ပဲ အထုပ်တန်းပေါ်ကနေ ဖြည်းဖြည်းချင်းသူ
ရှိရာကို လာပြီးချောက်မယ်ဆိုတဲ့စိတ်ကူနဲ့  လာရင်းလာရင်း အမှောင်ြ
ကီးထဲမှာ သူအိပ်တဲ့အခန်းကို ရောက်သွားတယ် အဲအခန်းကိုရောက်ေ
တာ့ လှမ်းကြည့်လိုက်တယ် သူဘယ်မှာရှိနိုင်မလဲဆိုတာ အပေါ်ကကြ
ည့်တာဆိုတော့ အခန်းပြည့်မြင်တယ် ခနလေး ညိမ်ပီးကြည့်လိုက်မှ စ
ာပွဲခုန်ပေါ်မှာ ဖွေးဖွေးကြီးတစ်ခုတွေတယ် တစ်ချိန်ထဲမှာပဲ ဒီကောင်
အခန်းထဲမှာအော်ပြီပြေးသံကြားတယ်
 မှန်ပြတင်းပေါက်တွေကိုလဲခုန်
နဲ့ ထုရိုက်နေတယ် မှန်တွေကွဲအောင်ထုပြီး ဒီကောင်အပြင်ကိုထွက်သ­
ွားတယ် သရဲလို့ လဲအဆကိမပြတ်အော်နေတယ် ကျွန်တော်တို့ နှစ်ယေ
ာက်ကလည်း အထုပ်တန်းပေါ်ကခုန်ချပီး တွေ့တဲပြတင်းပေါက်က မှန်ေ
တွ ထုခွဲပီ အပြင်ကိုနှစ်ယောက်သား အလုအယက် ကြောက်ကလည်း
ကြောက် ထွက်ပြေးလာတာ ပါ လို့  ဆရာကိုေ့ပြာပြတော့ ဆရာက အ
ချောက်ခံရတဲ့သူကို ထပ်မေးတယ် မေးတော့ ဟုတ်တယ်ဆရာ ကျွန်ေ
တ်ာမူးပီး အဲဒီအခန်းထဲမှာ အိပ်နေတာ တရေးနိုးတော့ ပုတ်အဲ့အဲ့အ
နံ့ ကြီးနံလာတယ် အခန်းပတ်ချာလည်လိုက် ကြည့်တော့ နံရံဘေးက စ
ားပွဲခုန်ပေါ်မှာ ဖြူဖွေးဖွေးကြီး ဆံပင်ကလဲဖားလားချပြီး ဘာတွေကိုစား
နေတာလဲမသိဘူး အံကြိပ်သံတွေလဲကြားတယ် ကျွန်တော်လဲသရဲချော
က်တယ်ဆိုပီး ထွက်ပြေးလာတာပါဆရာ နောက်ဆုံးသိရတာကတော့
အဲအခန်းထဲမှာဆရာမတစ်ယောက် ဆုံးခဲ့ဖူးတယ်လို့ပြောတယ် အခန်း
ဘေးက မဇလီပင်ကလဲ ခနခန အရိပ်အရောင်တွေပြတယ်လို့  ဆရာ
မကြီးတစ်ယောက်ပြောတာသိရတယ် တကယ်ဖြစ်ရပ်လေးပါ.....။ ။ ။

Credit by Yethway Eain

ADMIN - Htut Htet

*****ကျေးဇူးတင်လို့ နှုတ်ဆက်သူ******

November 6, 2013 at 4:39pm
*****ကျေးဇူးတင်လို့ နှုတ်ဆက်သူ******

Member-ခင် မြန်မာ ရေးသားတင်ဆက်သည်။

ဒါကတော့ခင်မြန်မာ့အမကိုယ်တိုင်ကြုံခဲ့တာပါ...။

မမကခုအသက်၂၄နှစ်ရှိပါပြီ....မိုးကုတ်မြို့......ဆေးရုံကသူနာပြုတယောက်ပါ။
၂၀၁၂ဒီဇင်ဘာမှာအလုပ်စရပါတယ်..သူနာပြုဆရာမအသစ်လေးဆိုတော့အတွေ့အကြုံကလဲမရှိဘူး

ဗျ..။

ဒါပေမဲ့အံ့သြစရာပဲအရမ်းအလှပကြိုက်တဲ့ကျနော့်အမကသူနာပြုလဲဖြစ်ရောအကုန်လုပ်ရဲကိုင်ရဲလ

ာတယ်...။အဲ့တာနဲ့မိုးကုတ်မှာတာဝန်ကျတော့....အိမ်ကတပတ်စောင့်ပြီးလိုက်နေပေးတယ်. ။

ပြီးတော့အမကနေခဲ့တယ်....။

ဒီလိုနဲ့အလုပ်လုပ်တာတလအကြာမှာ.....သရဲကြောက်တတ်တဲ့အမတွေ့ကြုံလာတော့တယ်...။

မွေးလူနာတယောက်ကိုယ်ဝန်အဆိပ်တက်တယ်ဆိုလားးးသိပ်မသိတော့ဘူးးဗျ..။

အမကတရက်တာဝန်ကျစောင့်ပေးရတယ်....။

အမကမိန်းမချင်းကိုယ်ချင်းစာတော့....တတ်နိုင်သလောက်ပြုစုရှာတယ်နွေးနွေးထွေးထွေးနဲ့..။

အိမ်ကလဲမှာထားတယ်ဗျ....လူနာတွေအပေါ်အော်တယ်ငေါက်တယ်အသံကြားကြည့်...အဖေကအရ

င်လာသတ်မှာလို့ကြိမ်းထားတာ....။

အဲ့ဒါနဲ့အဲ့နွမ်းပါးတဲ့မွေးလူနာကအမကိုအရမ်းကျေးဇူးတင်နေတယ်..။

အမဂျူတီချိန်ပြီးတော့ညနေခင်းအိမ်ပြန်တယ်...။အဆောင်ပြန်တယ်ပြောတ
ာ.....။
ရေမိုးချိုးအဝတ်လဲပြီးနားနေတာပေါ့....။

အဲ့ချိန်မှာတံခါးခေါက်သံကြားတော့အမကသွားဖွင့်တယ်....။

ဖွင့်ကြည့်လိုက်တော့....မွေးလူနာအမကြီးကိုကလေးလေးပိုက်ထားတာနဲ့တွေ့ရတယ်.။

ဆနွင်းအနံ့ကလဲထောင်းထနေတာပဲတဲ့..။ဆရာမကိုလာနှုတ်ဆက်တာတဲ့....။

အဲ့လိုပြောပြီးးပြန်သွားတယ်.....မီးရောင်ဖျော့ဖျော့ထဲမှာမျက်နှာကလည်းဝါထိန်နေတာပဲတဲ့.....။

အတွေ့အကြုံမရှိတဲ့ကျနော့်အမကခြောက်ခံရမှန်းလည်းမသိဘူးးဗျ...။

အဲ့တာမနက်ဆေးရုံလည်းသွားရော..အဲ့လူနာဆုံးတာကိုမြင်ရော....အမခဗျာ၁ပတ်လောက်ဖျားရော

......။နောက်လည်းခဏခဏအစခံရတယ်...။သရဲကစတာဗျ...။

ဆေးရုံဆိုတော့......ပေါတယ်လေ...ကြာတော့..အမလည်းရိုးးသွားတာပေါ့
....။
ခုတော့အမပြောသံမကြားရတော့ပါဘူးးး။ကျေးဇူးတင်ပါတယ်ရှင်။

ယခု post အတွက်.မခင်မြန်မာကိုအထူးကျေးဇူး
တင်ရှိပါသည်...။
Admin: မိုးတိမ် ပုံပြင်

မြိတ်တက္ကသိုလ်က သရဲအကြောင်း

November 6, 2013 at 4:43pm
မြိတ်တက္ကသိုလ်က သရဲအကြောင်း

Member-I'mFreelancer Jenny ရေးသားတင်ဆက်သည်..။

သမီး အဒေါ်က သတ္တ ဗေဒဌာနက ကထိက တစ်ယောက်ပါ အခု လွိုင် ကော် တက္ကသိုလ်မှာ

တာဝန်ကျ နေပါ တယ်သူ မြိတ်တက္ကသိုလ်မှာ တာဝန်ကျနေတုန်းက သူနေတဲ့အဆောင်က ခုတင်က

နှစ်ယောက်အိပ်ခုတင် ပါ...။သူက တစ်ရက် အဆောင်ကို နောက်ကျမှ ပြန်ရောက်တာ မီးကလည်း

မလာဘူး.......

"အခန်းဝင်ပေါက် တံ ခါး ကနေ ခုတင်ကို ကြည့် လိုက်တော့... မိန်းမတစ်ယောက်က နောက်ကျော

ပေးပြီးထိုင်နေ တယ် တဲ့"

အဒေါ်လည်းအရမ်းအံ့သြသွားမိတယ်....ဒီအချိန်ကြီးသူ့အခန်းထဲဘယ်သူဝင
်ပြီးလာနေလဲပေါ့....
အံသြတဲ့စိတ်နဲ့ သေချာပြန်ကြည့်တော့မရှိတော့ပဘူး...။ အဒေါ်မှာလဲ ကြက်သီးမွေးညင်းတွေထ

ခေါင်းနားပန်းတွေကြီးလာပြီး စိတ်ထဲမှာမသိုးမသန့်ကြီးခံစားနေရတယ်...။ မကောင်းဆိုးဝါးတွေ

ကျွန်မ တို့အနားမှာရှိနေတယ်ဆိုရင် မြင်တော့မမြင်ရပေမယ့် instant လို့ခေါ်တဲ့ မသိစိတ်က

ကိုယ့်ကိုနှိုးဆွပေးတာမျိုးပေါ့.....

ဒါနဲ့ပဲ..အဒေါ်မှာစိတ်ထဲမှာဘယ်လိုမှ မလုံခြုံသလိုခံစားလာရတယ်...အန္တရာယ်တစ်ခုခု

ကျရောက်တော့မယ်ဆိုရင် မျက်ခုံးတွေလှုပ်တာတို့ နမိတ်တွေပြတာမျိုးပေါ့....
အဲဒါနဲ့ ညမအိပ်ခင် ကိုယ့်ကိုယ်ကို လုံခြုံမှု့ရှိသွားအောင်ဆိုပြီး ဘုရား ရှိခိုးတယ်..
ဟောကြည့်...အဲ့တော့လည်း ခုနင်ကမြင်ရတဲ့မိန်းမအရိပ်ကြီး

ဟာအဒေါ်ဘေးနားမှာကျုံ့ကျုံ့လေးထိုင်ပြီး ပုတီးစိတ်တဲ့ပုံပန်းသဏ္ဍန်ဖန်ဆင်းပြပြတယ်..။

အဒေါ်ကတော့ အဲ့ဒီမိန်းမကြီးပုတီးစိတ်နေတာကိ
ုမြင်ရတာပေါ့...။
အဒေါ့်မှာ ဘုရားသာရှိခိုးနေရတယ် ဘယ်အချိန်များငါ့ကို ဘေးကနေလက်အေးကြီးနဲ့ဆွဲလိုက်မလဲ
..
လည်ပင်းပဲထညစ်တော့မလားဆိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ ဘုရားစာတွေတောင

်အမှားမှားအယွင်းယွင်း ဖြစ်ကုန်ရှာတယ်...။ မျက်လုံးကိုတော့စုံမှိတ်ထားတာပေါ့နော့်...။

ဒါပေမယ့်ထူးဆန်းတာက ဘုရားရှိခိုးလို့လဲပြီးရော အမျှဝေလိုက်တဲ့အချိန်မှာ

ခေါင်းနားပန်းကြီးတာလည်းရုတ်ချည်းပျောက်သွားလို့ မရဲတရဲမျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာတော့

အဲ့ဒီမိန်းမကြီးမရှိတော့ပါဘူး......။ အဲ့ဒီအခါကျမှသာ ဖူး ကနဲသက်ပြင်းချပြီး

အိပ်ကောင်းခြင်းအိပ်နိုင်ပါတော့တယ်..........။အဲ့ဒီနောက်တော့

အဲ့ဒီမိန်းမကြီးကိုမတွေ့ရတော့ပါဘူး..........။

ဇာတ်လမ်းရေးသားပေးသော-I'mFreelancer Jennyကိုအထူးကျေးဇူးတင်ရှိပါသည်
..။
Admin-မိုးတိမ် ပုံပြင် (အသစ်တစ်ဖန်ပြန်လည်ဖန်တီးပါသည်)

****မှတ်မိပါသေး၏#####

November 6, 2013 at 4:43pm
****မှတ်မိပါသေး၏#####

Member-Khwin Lan Thit ရေးသားတင်ဆက်သည်..။

ကျွန် တော် ဘ၀ မှာ ပ၇လော က ဆိုတာ ငယ် ငယ်တုန်း က မယုံ ခဲ့ဘူး ဗျ ခပ်ပေါ့ပေါ့ ပဲ စိတ်က ခြောက်လှန့်နေ တယ်လို့ သာ ထင်နေတာ ဒါပေမဲ့ ကျွန်တော် ၇ဲ့အထင်တွေက ကြာရှည်မခံ ပေ ကျွန်တော် ၇ဲ့အထင် တွေ ကျန်တော် ရှစ်တန်းမှာပင် ပျောက်ကွယ် ခဲ့ပါသည် ပ၇လော က ထဲ က သ၇ဲ ဆိုသော အ၇ာကြီးကို ၇ှစ်တန်းဟူ သော ကျောငဥားလေး ဘ၀မှာပင် မျက်မြင်ကိုတွေ့ကြုံခဲ့၇ပါသည် ထိုမြင်ကွင်းကားကျွန်တော် တသက်တွင် လုံးဝ.ကို မှတ်မိ ပါတေး သည်။

ထိုမြင်ကွင်းကို ကျွန်တော် စတင် ပြောကြားပါမည်။

ကျွန်တော်တို့မြို့လေးနာမည် ကကျောက်ဆည်မြို့တဲ့ ကျွန်တော်မြို့လေးမှာ အထက်တန်းကျောင်း ၃ ကျောင်း၇ှိတယ် ၁၂၃ ဆိုပြီးတော့ပေါ့ ကျွန်တော် က ထ ၁ ပေါ့ ဗျာ နာမည်ကြီးဆုံးကျောင်းပေါ့ နာမည် ကြီးတယ် ဆိုတာက စည်းကမ်းတို့ ကျောင်းအောင်ချက်တို့ပေါ့ ဗျာ ကျွန်တော်တို့ ကျောင်းတော်ကြီးက ကျောင်းသား/သူ လူဦးေ၇ ကများတယ် ၃၀၀၀လောက်တော့၇ှိတာပေါ့ ဆ၇ာ/မ တွေကတော့ ၉၄ ယောက်၇ှိတယ် ဗျာ
ကျွန်တော်တို့ကျောင်းမှာ အဲ့တုန်းက နာမည်ကြွးနေတဲ့သတင်း၁ခု၇ှိတယ် အဲ့ဒါဘာလဲ ဆိုတော့ အခန်းနံပါတ်G E co ခန်းပေါ့ အဲ့ခန်းက ကျောင်းသူတယောက်သေ သွားတာ ခုချိန်ထိ မကျွတ်ဘူးတဲ့ နာမည် ကြီးနေတာပဲ ကျောင်းသူလေးသေပုံကလည်းဆန်းသဗျာ ရုတ်တ၇က်ကြီး စာသင်ခန်းထဲမှာထိုင်နေ၇င်း သူ့ဘေးနားက ကောင်လေးနှစ်ယောက်ပြေးဆော့၇င်းနဲ့ အဲ့ကောင်လေးတွေဆော့၇င်းလက်က ကိုင်ထားတဲ့ ခဲတံနဲ့ လည်ပင်းစိုက်မိပြီးသေတာတဲ့ အဲ့ကောင်မလေးကတော့ပွဲချင်းပြီးသေ သတဲ့ ဟိုကျောင်းသား၂ယောက်လည်းငယ်ငယ်၇ွယ်၂နဲ့ထောင်ကျတာပေါ့ဗျာ အဲ့ဒါကိုပြောနေကြတာ ညကျောင်းလာတဲ့ကျောင်းသား/သုတွေကသူတို့ပြန်၇င်တဲ့အဲ့ခန်းကကောင်မလေး၁ယောက် ခဲတံကြွးကိုင်ပြီးအတန်းထဲ၇ယ် ကျောင်းခန်းေ၇ှ့မှာလမ်းလျှောက်နေသတဲ့ ဟုတ်လားမဟုတ်လားတော့မသိဘူး တကယ့်ကိုကျောင်းမှာဟိုးလေး တကြော်ပါပဲဗျာ ကျွန်တော်ကတော့အဲ့တုန်းကမယုံဘူးဗျ လျှောက်ပြောနေတာပဲလို့ထင်ခဲ့တာပေါ့ အဲ့ချိန်တွင်းမှာ ဗျာ ကျွန်တော် ညကျောင်း တက်ဖို့အခွင့်အေ၇း ကေ၇ာက်လာတယ် ကျွန်တော့်အိမ်က စီးပွါးေ၇း အဆင်မပြေတော့ ကျွန်တော့်ကိုပြောတယ် `မင်း ကျောင်းထွက်ပြီးအလုပ်လုပ်တော့တဲ့´ှ ကျွန်တော် ကပညာကို တော်တော်လိုချင်နေတဲ့သူ၁ယောက်ပါ ကျွန်တော်ကြိုကျောင်းထွက်ခိုင်းတော့ ကျွန်တော်ကမထွက်ချင်ဘူး အဲ့တော့ကျွန်တော်လည်းစိတ်ညစ်နေ၇င်းကနေ အကြံ၁ခု ၇သွားတယ် နေ့ဘက် အလုပ်လုပ်ပြီ ညကျောင်းတက်လို့၇တယ်ဆိုတာပေါ့ ဒါနဲ့ကျွန်တော်လည်း ကျွန်တော်အြိမ်ကလူကြီးတွေကို ပြောတာပေါ့`ကျွန်တော် နေ့ခင်းဘက်အလုပလုပ်ပြီး ညကျောင်းတက်ချင်တယ်´လို့ပြောတော့ သုတို့က`အင်းမဆိုးဘူး ကောင်းတယ်´ဆိုပြီးကျွန်တော့်အကြံကိုလက်ခံလိုက်ကြတယ် ဒါနဲ့ကျွန်တော်လည်းစီစဉ်တော့တာပေါ့ ကျောင်းေ၇ာက်ေ၇ာက်ချင်းဆ၇ာမတွေဆ
ီကိုစုံစမ¨တာပေယ့ ညကျောင်းတက်တု့သူနည်းတယ် ၉ယောက်လောက်ပဲ၇ှိတာ သင်တဲ့အချိန်တွေက ည ၇နာ၇ီကနေ ၉နာ၇ီထိ တဲ့မဆိုးပါဘူး ကျွန်တော်အလုပ်ပြီးမှာက ၆နာ၇ီ ဆိုတော့ ကြားထဲ၁နာ၇ီေ၇ချိုး ထမငဏားဖို့ အချိန်၇သေးတာပေယ့ ဒီလိုနု့ဆင်ပြေသွားေ၇ာ
ကဲလာပါပြီဗျာ ကျွန်တော့်အထင်အမြင်တွေကို ဖျောက်ပစ်တဲ့နေ့ဟာ ကျွန်တော်ညကျောင်းကို စတက်မဲ့၇က်ပါပဲဗျာ
ကျွန်တော့် အလုပ်ကပြန်လာပြီးေ၇ချိုး ထမင်းစားပြီးတော့ 6:30မှာ ကျောင¨ကိုလာခဲ့တယ် -ကျောင်းကြွးကတိတ်ဆိတ်နေတယ်ဗျာဘယ်လိုကြီးမှန်းမသိဘူး ကျွန်တော်ကကျောင်းကို ညဘက်တွေဆို၁ခါမှမေ၇ာက်ခူးဘူး ဒါနဲ့ကျွန်တော်လည်းကြောက်စိတ်ကိုဖျောက်ပြီး ကျောင်းထဲကိုဝင်လာတယ် ကျွန်တော်သင်၇မဲ့အခန်းကလည်းကျောင်းမှာ သ၇ဲခြောက်တယ်ဆိုပြီးနာမည်ကြီးနေတဲ့ အီကို ခန်း၇ဲ့ ဘေးကပ်လျက်ပဲဗျာ ကျွန်တော်လည်း ကျွန်တော် သင်၇မယ့်အခန်းကိုပဲလျှောက်လာခဲ့တယ် လူပုံစံကသာ မကြောက်ဘူးလို့တွေးနေပေမဲ့ စိတ်ကတော့ကြောက်တာပေါ့ဗျာ ဒီလိုနဲ့ ကျွန်တော်သင်၇မဲ့အခန်းကိုေ၇ာက်လာတယ် အခန်းထဲတော့ဘယ်သူမှမေ၇ာက်ကြတေးဘူး မီးတွေတော့ထွန်းထားတယ် ကျွနတော်လည်းနာ၇ီ ကိုကြည့်မိလိုက်တယ 6:43 ပဲ၇ှိတေးတယ် အော်စောသေးလို့မေ၇ာက်ကြတေးတာကိုး လို့ထင်လိုက်တယ် ကျွန်တော်ကတော့ဒီနေ့မှစတက်တာဆိုတော့စောစောလာ၇တာကိုး အခန်းတံခါးကကျောင်းစောင့်တွေက ညကျောင်းမဖွင့်မီ နာ၇ီဝက်လောက်တည်းကဖွင့်ပေးထားတာလေ ကျွန်တော်လည်း အတန်းထဲဝင်ပြီးဒုတိယခုံလောက်မှာဝင်ထိုင်တယ် ဒါနဲ့ကျွန်တော်လည်း စာအုပ်၁အုပ်ထုတ်ပြီး စာပဲကြည့်နေလိုက်တယ် သိပ်မကြာပါ အခန်းထဲသို့ ကျောင်းသူ၁ယောက် ၀င်လာတယ် ကျွန်တော်လည်းနည်း၂လန့်သွားတယ် သု့ပုံစံက ဆံပင် တွေကိုေ၇ှ့ ပါးနိစ်ဖက်ပေါ်ချထား နောက်အ၇ှည်ကလည်းပခုံးလောက်တော့၇ှိတယ် လွယ်အိတ်နက်ပြာဘေးနဲ့ လက်ကလည်း ခဲတံ လေးကို ကိုင်ထားသေးတယ် သူကအတန်းထဲဝင်လာပြီးတော့ ကျွန်တော့် ထိုင်နေတဲ့၇ိုး၇ဲ့ ညာဘက်မှာ ထိုင်တယ် ဒါနဲ့ကျွန်တော်ကလည်း အော်သူလည်းကျောင်းသုပဲနေမှာပေါ့လို့ထင်ခဲ့တာ် ကျွန်တော့်စာပဲကြည့်နေတယ် တခြားသူငယ်ချင်းတွေကလည်းကြာတာ ဘယ်သုမှမလာတေးကြဘူး ဘာလို့ပါလိမ့် ကျွန်တော်လည်းခုနကကောင်မလေးကို လှည့်ပြီးမေးမယ်အလုပ်ဗျာ ကျွန်တော်လည်းလှည့်ကြည့်ေ၇ာ ကောင်မလေးခုနကကိုင်ထားတဲ့ခဲတံ ကသူလည်ပင်းမှာစိုက်နေပြီး ထိုင်ခုံပေါ်မှာထိုင်လျက်သားလေးခွေကျနေတာ ကျွန်တော်လည်းတန်းပြေးတာပဲမြင်၂ခြင်းကြောက်လိုက်တာဗျာ။အဲ့မှာပဲကျွန်တော်သ၇ဲဆိုတာကို မျက်မြင်တွေ့ခဲ့၇တာပါ အဲ့အချိန်ကိုမှတ်မိပျါသးသည် စက်တင်ဘာ ၂၃ ၇က်ပါ အဲ့ချိန်ကစပီးသ၇ဲဆိုတာ တကယ်၇ှိမှန်းစယုကြည်ခဲ့တာပါဗျာ ။ ပြီး ပါပြီ

#############

ဇာတ်လမ်းပေးပိုသော Member-Khwin Lan Thit ကို Admin Team မှအထူးကျေးဇူးတင်ရှိပါသည်..။

Admin-မိုးတိမ် ပုံပြင်

******မေတ္တာခြုံ၍ လုံခဲ့သည်*****

November 6, 2013 at 4:44pm
******မေတ္တာခြုံ၍ လုံခဲ့သည်*****

မကြာသေးခင်အချိန်ရဲ့အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်တော် တို့ရဲ့စီနီယာ တစ်ယောက်ဖြစ်ပျက်လေးပါ။ ဧရာဝတီတိုင်း ရဲ့ရွာလေးတစ်ရွာပါ နာမည်တော့ထည့်မရေးတော့ပါဘူး ။အကိုကြီး ဘုရားတရားသမား သူကသက်ဝင်ယုံကြည့်လို့လုပ်တာပါ ။ ကိုယ်ကျင့်တရားတော့အတော်ကောင်းတယ်။ သူကပအို့ဝ်လူမျိုးပါ။ ကျွန်တော်တို့တပ်ရင်း ပင်လယ်ပြင် စိုးမိုးရေးအနေနဲ့ ၇ွာတွေဘက်ကို လုံခြုံရေးထွက်ရတယ် ။ တပ်ခွဲလိုက် စခန်းတွေယူရတယ်။အကိုကြီး ယူရတဲ့ စခန်းက ပြသနာစတာဘဲ ။အကိုကြီးစကားပြောပြတ်တယ်။ မဟုတ်မခံတုတ်ထိုးအိုးပေါက်စကားပြောတတ်လို့ တည့်တဲ့သူကရှားတယ်။ ဘုရားတရားတော့ အတော်ကိုလုပ်တယ်.။ စခန်းတွေကိုရောက်ရောက်ချင်း နဂိုရှိတဲ့တပ်ရင်းတွေနဲ့ချိန်းတော့ စခန်းမှာဘယ်သူမှမနေဘူး။ အဲဒါနဲ့သူကမေးတယ်။ ဘာဖြစ်လို့မနေတာလဲလို့ရှိနေတဲ့တပ်ရင်းကိုမေးတော့ နောက်တစ်ရက်ဆိုရင်သိမှာပေါ့ဆိုပြီးချိန်းသွားတယ်။သူကလည်း ရောက်တော့ စခန်းမှာ မြတ်တွေချည်းဆိုတော့ အားလုံးကိုလုပ်အားပေးဆိုပြီးကျွန်တော်တို့ပါ ကူလုပ်ရတယ်။ ကျွန်တော်က သူစခန်းကနေပြီးတဆင့်သွားရတာကိုး။ သူစခန်းမှာတစ်ညအိပ် သူနဲ့အတူတူ ၀ိုင်းပြီး မြတ်ရှင်းရတယ်။ ပြီးတော့ သူနေမဲ့အခန်းကလည်း ပင်ကူမျှင်တွေ ချည်းဘဲ။ ဘုရားဆောင် (စင်လို့ မသုံးရပါဘူး ဆောင်လို့သုံးတာ ပို့သင်လျော်သည်.နတ်စင် ရေစင် တန်းတူမသုံးရပါဘူး ဘုရားဆောင်လို့သုံးရပါသည်)ကလည်း ပန်းတွေခြောက်ကပ်ပြီး ပင်ကူမျှင်တွေနဲ့မို့ သူကလည်း ဘုရားဆောင်ကိုသန့်ရှင်းလုပ်ပါတယ်။ ဘုရားပန်းကပ် ဆီမီးပူဇော် ပြီးတော့ အိပ်ယာတွေဘာတွေ ခင်းနဲ့တစ်နေကုန်သွားတယ် ။ အဲဒီအချိန်မှာ ကံကောင်းတာလား တိုက်ဆိုင်တာလားတော့မသိဘူး။ ညနေစောင်းတော့ လိုင်း ပြေးဆွဲနေတဲ့ သင်္ဘော နဲ့ကျွန်တော်စခန်ကိုသွားရပါတယ် ။ ညမအိပ်ဖြစ်ပါဘူး ။အဲဒါနဲ့ ကျွန်တော်လည်း အကိုကြီးကိုနှုတ်ဆက်ပြီးတော့ ဆက်သွားခဲ့ပါတယ်.. ။ အကိုကြီးစခန်းနဲ့ရွာနဲ့က အတော်လှမ်းပါတယ်။ ..အဲဒီလိုနဲ့အုပ်ချုပ်မှုတွေလုပ်ပြီးတော့ ဒီလိုဘဲညအိပ်လိုက်ကြတယ် ။ မနက်တော့ ရွာက အကြီးအကဲတွေကမေးတယ်။ ဗိုလ်ကြီးတို့ညက ဘာမှမဖြစ်ဘူးလားတဲ့။ သူကဘာမှဖြစ်ပါဘူး။ အေးချမ်းပါတယ် ဘာဖြစ်လို့လဲမေးတော့ ဘာမှမဟုတ်ပါဘူးတဲ့ စခန်းထဲမှာ အသောက်အစားမလုပ်ပါနဲဆိုပြီး ပြောပြီး ပြန်သွားတယ်တဲ့။ ..နောက်နေ့ကျတော့ ရွာက လူကထပ်မေးတယ် ဘာမှဖြစ်ဘူးလားတဲ့ ။ သူကစိတ်ဆိုးပြီးဘာဖြစ်ရမှာလဲတဲ့ ပြန်မေးတော့ ဘာမှမပြောဘဲပြန်သွားတယ်တဲ့ ။ သူတို့စိတ်ထဲမှာမသိုးမသန့်ဖြစ်လာတယ်တဲ့ ။ သူက သူကိုယ်သူယုံကြည်ပြီးသားသူဆိုတော့ အေးဆေးပါဘဲ ။ စခန်းထဲမှာဇီးပင်တစ်ပင်ရှိတယ်။ ဇီးပင်အောက်မှာလဲ ပုလင်းကွဲ တွေ ဇီးပင်ရဲ့အကိုင်းတွေနဲ့ ၇ှုပ်ပွနေတာဘဲ။ အဲဒါနဲ့သူက ဒါလေးကိုရှင်းပြီး ညခင်းထိုင်လို့ရအောင် ခုံရိုက်ကြမယ်ဆိုပြီးသူကိုယ်တိုင်ဦးဆောင်ပြီး ပုလင်းကွဲတွေရှင်း ..ခုံတွေရိုက် အပင်တွေရှင်းထုတ်ပြီး တော့အားလုံးထိုင်ပီးစကာပြောကြတယ်။ တစ်ခုရှိတယ် သူကေ၇ာက်ကတည်းက စခန်းထဲကို မိန်းကလေးပေးမ၀င်ပါဘူး ..အခြားကိစ္စတော့မဟုတ်ပါဘူး စခန်းထဲပေးဝင်ရင် အများအမြင်မတင့်တယ်တာရယ်..အပြောအဆိုခံ၇မှာရယ်ဒါကြောင့် ကိစ္စကြီးငယ်ကို စခန်းစည်းရိုးရဲ့အပြင်မှာ တဲလေးတစ်ခုရှိတယ်။ အဲဒီမှာဘဲပြောဆိုလေ့ရှိပါတယ်။ မိန်းကလေးတွေနဲ့ပတ်သတ်တဲ့ကိစ္စဆိုရင် လုံးဝလုံးဝပေးမ၀င်ပါဘူး..။ ။ညခင်းဆိုရင် စခန်းထဲမှာသူက မေတ္တာပို့တယ်။ လမ်းလျောက်ပြီးရင်ဇီးပင်အောက်မှာလက်ဖတ်ရည် ထိုင်သောက်တယ်။ ပြီးရင် ဘုရားရှိခိုးပြီးအိပ်တယ် တစ်ပတ်လောက်ကြာတော့ ပြဿ နာ စဖြစ်တာဘဲ .. ။သူအခန်းထဲကို နေခင်းကြီးမိန်းမတစ်ယောက်ဝင်လာလို့ သူအရမ်းစိတ်ဆိုးသွားတယ်။ ဘာဖြစ်လို့ပေးဝင်တာလဲဆိုပြီး.ပြီးတော့ပိုဆိုးတာ သူအခန်းထဲထိအောင်ရောက်တယ်။ ၀င်လာတော့သူအရမ်းစိတ်ဆိုးပြီး ဘယ်သူပေးဝင်တာလဲ ဆိုပြီးအော်ခေါ်တယ် ..။ အဲဒီအချိန်မှာ သူကိုတောင်းပန်တယ်။ မဟုတ်ပါဘူး သူ ၀င်လာတာဘယ်သူမှမသိပါဘူးတဲံ။ အဲဒီလိုအမိန်ကြီးမထုတ်ထားပါနဲ့ နေလို့မရလို့ပါတဲ့။ ..ပုဆစ်တုပ်လေးထိုင်ပြီးတော့သူကိုပြောတယ်တဲ့။သူ မျက်နှာကိုကြည့်တော့ ဘာမှမပေါ်ဘူးတဲ့။ ပြီးတော့ အဖြူအစိမ်းနဲ့ တဲ့။ သူဝင်ဖို့ကြိုးစားတာခဏခဏရှိပြီး ၀င်လို့မရဘူး။ အခု အတတ်နိုင်ဆုံးကြိုးးစားပြီးဝင်တာပါတဲ့။ သူနေရာလေးကို ရှင်းပေးထားလို့ ကျေးဇူးတင်ပါတယ်တဲ့ ။ အရင်တုန်းက ဒီမှာအရက်တွေသောက်တယ် သူ့နေရာကိုလည်း သေးတွေနဲပန်းတယ်တဲ့။ ပြီးတော့ ဘုရားတရားလည်း မရှိကြဘူးတဲ့ ။ အဲဒီတုန်းက လုပ်လို့ရတယ်တဲ့ ။ ဗိုလ်ကြီးကျတော့ လုပ်လို့ကိုမရတာ ဆိုပြိးပြောတယ်။ ဟာမရဘူး ဒါက သင့်လျော်တဲ့အမိန့်ဆိုပြီးပြောလိုက်တဲ့အခါမှာ ဘာမှမပြောဘဲပြန်သွားတယ်တဲ့ ..။ အဲဒိအချိန်မှာသူ အိပ်ယာကလန့်နိုးလာတယ်တဲ့။ နေခင်းဘက်ကြီးသူအိမ်မက်မက်နေတာတ
ဲ့ ..။
သူဘယ်သူကိုမှမပြောပြဘဲနေတယ်.။နေ
ာက်နေ့ကျတော့ သူမေတ္တာကိုပိုပိးပို့လာတယ် ။စခန်းတွင်းစခန်းပြင်မှာ ပိုပြီးမေတ္တာပို့တယ်တဲ့။
နောက်နေ့ကျတော့ ရွာကအကြီးအကဲတစ်ယောက်လာပြီးတော့ ။

"ကျွန်တော်စောင့်နေတာတပတ်ပြည့်ပြီးတဲ့သေနတ်သံကြားရမလားဆိုပြီးတော့ အခုထိမကြားရသေးတော့ အံသြလို့လာပြီးမေးတာ ဗိုလ်ကြီးမှာဘာအဆောင်ရှိလဲ .."တဲ့ ..။ သူကမရှိပါဘူးဘာဖြစ်လို့လဲမေးတော့ မဟုတ်ဘူး။ အရင်တုန်းကတပ်တွေဆိုရင်ေ၇ာက်တာနဲ့ သေနတ်သံကြားရတာဘဲ တဲ့။ နေလည်း ဘယ်သူမှမနေကြဘူး။ ရွာထဲဘုန်းကြီးကျောင်းမှာဘဲတည်းကြတာတဲ့။ ဒီစခန်းက အရမ်းသရဲချောက်တာ ။မိန်းကလေးချောက်တာ ဆိုတော့မှ သူစဉ်းစားမိသွားတယ်။ အဖြူအစိမ်းနဲ့မဟုတ်လားလို့မေးလိုက်တော့မှ ရွာရဲ့ အကြီးအကဲက အံသြသွားတယ် ။ ဟုတ်တယ် အချောက်ခံရတယ်မဟုတ်လားပြောတယ်။ မဟုတ်ဘူးအိပ်နေတုန်းအိမ်မက်ပေးတာ ဆိုတော့ အာ ဗိုလ်ကြီးကျတော့မချောက်ဘူးအရင်တုန်းအသေချောက်တာတဲ့ ။ အဲဒီမှသူလဲလန်သွားပြီး ဘုန်းကြီးတွေပင့်ပြီးပရိတ်ရွတ်တော့တာဘဲ။ ပြီးတော့အမျှအတန်းတွေဝေတယ်တဲ့။ တစ်ခုသူလုပ်ရပ်က ထူးခြားတာက ပရိတ်ရွတ်တော့ မင်္ဂလာသုတ်ရယ် မေတ္တာသုတ်ရယ်ဘဲရွတ်တယ်။ ကျန်တာတွေမရွတ်ဘူး။ ဘာဖြစ်လို့လဲမေးတော့ တကယ်လို့အမျှဝေလို့မကျွတ်ရင် နေစရာမရှိမှာစိုးလို့တဲ့။ ပရိတ်ရွတ်ရင် သူဒီအထဲမှာနေလို့မရတော့ဘူးလေတဲ့။ အဲဒါမို့တဲ့ ..နောက်နေ့ကျတော့ သူအခန်းထဲကိုဝင်လာတယ်တဲ့။ အဲဒါက ညခင်း သူကိုရှိခိုးပြီးတော့ သူအရင်တုန်းက မှားခဲ့တာရှိရင် ခွင့်ွလွတ်ပေးဖို့တောင်းပန်တာပါတဲ့..ဆိုပြီး ပြန်သွားတယ်..။ အဲဒီနောက်ပိုင်း အဲဒီစခန်းက လုံးဝသရဲမချောက်တော့ဘူး .။နောက်တပ်ရင်းတွေလာလည်း မချောက်တော့ဘူး..သူလဲအရင်ကထက်ပိုပြီးဘုရားတရားကို ပိုပြီးလုပ်လာတယ်.....။

Credit To-ကွင်းပိုင်ကြီး

Admin-မိုးတိမ်ပုံပြင်

*****အင်းစိန် တွဲဖက်ထောင်က သရဲ*****

November 6, 2013 at 4:52pm
*****အင်းစိန် တွဲဖက်ထောင်က သရဲ*****

ကျနော် စစ်ကြောရေးမှ အင်းစိန်တွဲဖက်ထောင်သို့ ရောက်ရှိချိန်မှာ
၁၉၉၀ ခုနှစ် စက်တင်ဘာ လကုန်ပိုင်း ဖြစ်ပါသည်။ ကျနော်ကို တင်
ဆောင်လာသော အီတူးသောင်စင် ကားသည် ဟိုကွေ့ ဒီကွေ့ဖြင့်
တနေရာတွင် ထိုးရပ်လိုက်ပါသည်။ လက်ထိပ်နောက်ပြန် ခတ်ထား
ခြင်းနှင့် မျက်နှာပေါ်တွင် အုပ်ထားသော အ၀တ်စ ကို မောင်မင်း
ကြီးသားများက ဖယ်ရှားပေးလိုက်ပါသည်။

“လူသစ် (၄)ယောက် ပါလာတယ်၊ ကျား (၃)၊ မ (၁)၊ အားလုံး
ဂေါ်နိုက် (ဂေါ်=၅ , နိုက်=night=ည၊ ပုဒ်မ ၅(ည)ကို ထောင်
အခေါ်အဝေါ်) တွေချည်းဘဲ၊ ကရင်ရှိလားဟေ့၊ လူသစ်တွေကို
ပုံစံ နည်းနည်းပေးပြီး စာရင်း လုပ်ပါအုံး”

ကျနော်အပါအ၀င် အ.က.သ (အခြေခံပညာ ကျောင်းသားများ
သမဂ္ဂ၊ ရန်ကုန်တိုင်း) မှ ကျောင်းသား သုံးယောက်တို့သည် တွဲဖက်
ထောင် ဗူးဝ တွင် ထောင်အတွင်း ပုံစံဟု ခေါ်သော အနေအထိုင်
ပုံစံများကို ဗူးဝမှ ထောင်စာရေး ကရင်ဟု ခေါ်ဆိုခြင်း ခံရသူထံတွင်
ခြေထောက်ဖြင့် အသတ်လွတ် တစ်ချက် နှစ်ချက် အကန်ခံပြီး
သင်ကြား ရပါသည်။ ကျနော်တို့ လက်ဖျံပေါ်တွင် အကျဉ်းသား
နံပါတ်များကို ယင်း ကရင်ဆိုသူက ရေးပါသည်။

ထို့နောက် ကျနော်တို့ သုံးယောက်တွဲကို စောင်အဟောင်းတစ်ထည်
ဖြင့် ခေါင်းပေါ်တွင် အုပ်ပြီး ထောင်အတွင်းသို့ ခေါ်ဆောင် သွားပါသည်။
စောင် အအုပ်ခံ သုံးယောက်တွဲတွင် ကျနော်က အလယ်မှာ ဖြစ်ပါသည်။
အောက်သို့ မှန်းပြီး လမ်းလျှောက်နေရပြီး အချို့နေရာများတွင် အလင်း
ရောင် အနည်းငယ်ကို အောက်ခြေတွင် မြင်တွေ့ရပါသည်။ များသော
အားဖြင့် နေရာအတော် များများမှာ မှောင်မဲလျက် ရှိပါသည်။ လမ်းသိပ်
မလျှောက်ရပါ။ “ရပ်” ဟူသော အသံကြောင့် ကျနော်တို့ သုံးယောက်တွဲ
ရပ်လိုက်ပါသည်။ နောက်ဆုံးမှ ကျောင်းသားကို စောင်ထဲမှ ဆွဲထုတ်
သွားပါသည်။ “ဂျိုင်း” ဟူသော တံခါးဖွင့်သံ၊ ပိတ်သံများ၊ တီးတိုး စကား
ပြောသံများ ကြားနေရသောကြောင့် လူအများရှိသော နေရာတစ်ခု၏
ဘေးသို့ ရောက်နေကြောင့် သိလာ ပါသည်။

မကြာမီ “ရပ်” ဆိုသော အသံနှင့် အတူ ကျနော်သည် စောင်ထဲမှ
ဆွဲထုတ်ခြင်း ခံရပါသည်။ ကျနော်သည် အခန်းတစ်ခုသို့ တက်
ရန် ပြုလုပ်ထားသော အဆင့် သုံးဆင့်ပါ အုတ်လှေကား တစ်ခု
ထိပ်သို့ ရောက်ရှိ နေကြောင်း သိရပါသည်။ အုတ်လှေကားထိပ်
ရှိ သံတံခါး အတွင်း ဦးခေါင်းများ စုပြုံး၍ စကားပြောသံ ကြားနေ
ရပါသည်။ “တိုက်ပွဲဖော်ဆောင်ရေး အပြင်စည်း ဒုတာဝန်ခံ..ဟ” ဟူ
သော ရင်းနှီး နေသော အသံများကို ကြားရပါသည်။

ကျနော် အခန်းအတွင်းသို့ ၀င်ရောက်လိုက်သောအခါ ရန်ကုန်တိုင်း
မြို့နယ်အသီးသီးမှ အ.က.သ ကျောင်းသား (၆)ဦးခန့် ကိုတွေ့ရပါ
သည်။ သူတို့နှင့် အဖမ်းခံရပုံများ၊ စစ်ကြောရေး အကြောင်းများ၊
အဖမ်းမခံရခင် အပြင်အခြေအနေများကို ရောက်တက်ရာရာ ပြောဆို
နေစဉ် ထောင်ဝါဒါ တစ်ဦးက သံပန်းကန်ပြား တစ်ချက်တွင် ပဲဟင်းရည်
လောင်းထည့်ထားသော ထမင်းနှင့် လက်တဆစ်စာ ငပိလေး တင်ပြီး
လာ ပေးပါသည်။

ကျနော်အိပ်ဖို့ အပေါ့အပါး စွန့်ရာတွင် အသုံးပြုသည့် ဂန်ဖလား
တည့်တည့်တွင် နေရာ ရပါသည်။ ဂန်ဖလားကို ဖျားကြမ်း အကျိုးအပဲ့
တစ်ခုဖြင့် အနံမထွက်စေရန် ဖုံးအုပ်ထားပါသည်။ ကျနော်တွင် စစ်
ကြောရေးမှ ရခဲ့သော ဒဏ်ရာများကို အခန်းဖော် ကျောင်းသား
များက ၀ိုင်းဝန်းပြီး “ကြက်ပူ” ထိုးပေး ကျပါသည်။ အခန်းအတွင်း
၄၀ ၀ပ်အားရှိသော မီးလုံး တစ်လုံးကို တစ်ညလုံး မီးထွန်းထားပေး
သည်ဟု သိရပါသည်။ မအိပ်ခင် အချိန်တွင် တာမွေမြို့နယ်မှ ကျောင်း
သားတစ်ဦးက ကျနော်အား “ဒီအခန်းမှာ လူသစ်ရောက်ရင်၊ ဒီည ထူး
ခြားမယ်နော်၊ သိပ်မလန့်နဲ့” ဟု သတိပေး စကားပြော ပါသည်။

ထိုအခါ ကျနော်က “ဘာထူးခြားတာလဲ၊ လုပ်ပါအုံး” ဟု ပြန်မေးသော
အခါ နောက်ထပ် ကျောင်းသား တစ်ဦးက “ဘာမှ မဟုတ်ပါဘူး၊
ထောင်ဆိုတော့ မြေနည်းနည်း ကြမ်းတဲ့ သဘောပါ၊ သရဲလိုလို
ဘာလိုလို ပေါ့” ဟု ပြောပါသည်။ အခန်းအတွင်း ကျနော် အပါ
အ၀င် ကျောင်းသား (၇)ဦး ရှိရာ သရဲခြောက်မည်ဆိုသော စကား
ကို ကျနော် လုံးဝ လက်မခံခဲ့ပါ။ ဒီလိုနှင့် ကျနော်တို့ စတင် အိပ်စက်
ကြပါသည်။ ကျနော်တွင် ဒဏ်ရာများကြောင့် ချက်ချင်း အိပ်မပျော်ဘဲ
ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်ဖြင့် ကိုယ့်ဒဏ်ရာ ကိုယ်ကုစား
နေရ ပါသည်။ အခန်းအတွင်း ထွန်းထားသော မီးလုံးမှ မီးအလင်း
ရောင်ကို အိပ်စက်ရာတွင် မျက်စိအား ကာကွယ်ရန်အတွက် ထောင်
ဗူးဝတွင် ပေးသော အင်္ကျီဖြူကို မျက်လုံးပေါ်တွင် တင်ထားပါသည်။

ဗူးဝမှ (၁၂) နာရီ သံချောင်း ခေါက်သံ ကို ကြားရပြီး သိပ်မကြာဟု
ကျနော် ထင်ပါသည်။ ကျနော့် နံဘေးမှ အသံ တချို့ကို စ ကြားရ
ပါသည်။ အမျိုးသမီး တစ်ယောက် ညည်းသံကို တော်တော်ကြာ
အောင် ကြားနေရပါသည်။ ကျနော် တစ်ယောက်တည်း ကြားနေခြင်း
မဟုတ်ပါ။ တခန်းလုံး ကြားနေရပါသည်။ နံဘေးမှ ကျောင်းသားက
ကြောက်နေသော ပုံစံဖြင့် ကျနော်ကို လာဖတ်ထားပါသည်။ ညည်းသံ
များ ဆုံးသွားသော အခါ စကားသံများ ကြားပါသည်။

“နင် နေမကောင်းဘူးလား”
“ဟုတ်တယ်၊ ကျမ နေမကောင်းဘူး”
“သူတို့ဆီက ဆေးတောင်းသောက်လေ”
“ဆေးသောက်ပြီးပြီ၊ ဒါပေမဲ့ မသက်သာဘူး .. ဟင်း ..ဟင်း ..ဟင်း”
ဟု ဆက်လက် ညည်းတွားသံကို ဆက်တိုက် ကြားနေရပါသည်။

ကျနော့်တွင် ကြောက်စိတ် လုံးဝ မပေါ်သေးပါ။ ကျနော်သည်
ရုတ်တရက် မျက်လုံးပေါ်ရှိ အင်္ကျီဖြူကို ဘေးသို့ ဖယ်ထုတ်လိုက်ပြီး
တစ်ခန်းလုံး နေရာစုံသို့ လိုက်ကြည့် မိပါသည်။ ဘာမှ မတွေ့ရပါ။
ညည်းသံလည်း ဆက်လက်ကြားနေရပါသည်။ အဲဒီတော့မှ ကျနော်
လည်း ကြောက်စိတ် ၀င်သွားပါသည်။ ဒါ တကယ် သရဲ ပါလားဟု
သဘောပေါက်သွားပါသည်။ အဲဒီချိန်မှာ အခန်းအတွင်းရှိ ကျောင်းသား
အားလုံးနီးပါး ရသမျှ ဘုရားစာကို တုန်လှုန့်နေသော အသံများဖြင့်
အကျယ်ကြီး အော်ဆို နေကြပါသည်။ နောက်ထပ် ဆယ်မိနစ်လောက်
အကြာတွင် အားလုံး ငြိမ်သက် သွားပါသည်။

မနက်မိုးလင်းခါစ ခြောက်နာရီ မထိုးခင်တွင် ကျနော်တို့ ကိုယ့်အခန်း
ထဲတွင် အထိုင်ပုံစံဖြင့် ထိုင်ရသော အချိန်ရောက်မှ ကျောင်းသားတစ်
ဦးက ကျနော်ကို ပြောပြပါသည်။ ကျနော်တို့ အင်းစိန်တွဲဖက်ထောင်၊
အဆောင်(၂)၊ အခန်းနံပါတ် (၂၂) သည် နာမည်ကျော် သရဲခြောက်
သော အခန်း ဖြစ်ပါသည်။ တစုံတစ်ယောက်က အသံဖမ်းစက် သို့မဟုတ်
ကတ်ဆက်ခွေဖြင့် တမင်အကွက်ဆင် လုပ်ထားခြင်းမျိုး လုပ်ဝ မဟုတ်ပေ။

ယင်း သရဲ အခြောက်ခံရမှုသည် နေ့စဉ် ဖြစ်လေ့ မရှိပါ။ အခန်းအတွင်း
သို့ လူသစ်တစ်ဦး စတင် ၀င်ရောက်လာသော အခါများတွင် တစ်ခန်း
လုံး ခြောက်လန့် ခံရပါသည်။ ကျနော်တို့ အပါအ၀င် နံဘေးခန်းများမှ
ကျောင်းသားများ အားလုံးသည် ယင်း သရဲခြောက်မှုကို မယုံကြည်သဖြင့်
အုတ်နံရံများ၊ မျက်နှာကျက်များတွင် ကတ်ဆက် ၀ါယာကြိုး စသော
အသံထွက်ပေါ်စေသော အရာများကို ရှာဖွေသော်လည်း တစုံတရာ
မတွေ့ရှိ ရပေ။ အဆောင် အပေါ်ထပ်တွင် နေသော ထိုင်းအကျဉ်းသား
(မြန်မာ့ရေပိုင်နက်တွင် တရားမ၀င် ငါးခိုးဖမ်းသဖြင့် အဖမ်းခံရ သူများ)
များကို အကူအညီ တောင်းပြီး လိုက်လံ ရှာဖွေ သော်လည်း ၀ါယာကြိုး၊
ကတ်ဆက်များကို မတွေ့ရှိရပေ။

ကျနော်ရောက်ပြီး လေးရက်လောက် အကြာတွင် အခန်းတွင်းမှ ကျောင်း
သားတစ်ဦး ရုံးတင် အမိန့်ချခြင်း ခံရပြီး အခန်းသို့ ပြန်ရောက် မလာတော့
ပါ။ ထောင်ဝါဒါက လူတစ်ယောက်လျှော့ သွားသော ကျနော်တို့
အခန်းသို့ နောက်တစ်ရက်တွင် စစ်ကြောရေးမှ ပို့လိုက်သည့်
သာကေတမြို့နယ်မှ ကျောင်းသား တစ်ဦးကို ပို့လိုက် ပါသည်။
ထိုညတွင်လည်း အလားတူ နာရီဝက် နီးပါး သရဲခြောက်မှုကို ခံစား
ရပါသည်။

Credit To-ပျူနိုင်ငံ
Admin-မိုးတိမ်ပုံပြင်

*******Tour Guide အကိုမျိုးမြန်မာရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းများ******

November 6, 2013 at 4:48pm
*******Tour Guide အကိုမျိုးမြန်မာရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းများ******

Member-ကိုမျိုးမြန်မာ ရေးသားတင်ဆက်သည်..။
ကျွန်တော်က ဧည့်လမ်းညွှန် (Tour Guide) တယောက်ပါ။ လုပ်သက် ၁၅ နှစ် အတွင်း သူများတွေထက် ခရီးသွားရတော့ ကိုယ်သွားရတဲ့ ခရီးမိုင်တွေ ပြန်ရေရင် မိုင် သိန်းချီမလားပဲ။ ခရီးပေါင်းမြောက်မြားစွာထဲက တချို့ခရီးတွေရဲ့ အတွေအကြုံအချို့ပါ။ အချိန်ရရင် ထပ်တင်ပေးပါဦးမယ်။

ကျွန်တော် ဧည့်လမ်းညွှန်ဖြစ်ခါစကတည်းက ပညာသင်၊ ထမင်းကျွေးတဲ့ ဆရာတဦးရှိပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ဆရာ TB ဖြစ်တာ ဆရာဝန်က ငှက်ဖျားနဲ့ တိုက်ဖွိုက်ဆေးတွေမှားပေးတာ မျက်စိကွယ်တဲ့ အထိဖြစ်သွားတယ်။ လက်ဦးဆရာလဲဖြစ် ကျေးဇူးရှင်လဲ ဖြစ်တော့ အနိမ့်ဆုံးတပတ် တခေါက်လောက်သူ့အိမ်သွား စကားပြော ဟင်းချက်ပို့နဲ့ပေါ့။ သူ့အိမ်က တာမွေအ၀ိုင်းထိပ်မှာဆိုတော့ မော်ဒန်က လက်ဘက်ရည် ပါဆယ်ဆွဲပို့တာ ဆိုင်မှာသောက်ချင်တယ်ဆိုလို့ ခါးဖက်ပြီး ဆိုင်မှာ ကျွန်တော် လိုက်တိုက်ခဲ့ပါတယ်။ အန်တီက နတ်ကိုးကွယ်လို့ အိမ်မှာ ဝက်သားဟင်းမချက်တော့ ကျွန်တော်ကိုယ်တိုင် ၀က်သားမစားပေမယ့် သူငယ်ချင်းတယောက်ကို မြည်းခိုင်းပြီး ကျွန်တော် ချက်ပို့ခဲပါတယ်။ ဆရာ TB သက်သာလာတော့ မျကိစိခွဲပြီးပြန်မြင်ရင် ကျွန်တော့်အိမ်မှာ လာနေမယ်တဲ့။ သူ့မိန်းမက သူ့ထက် မမြင်ရတဲ့ နတ်ကို ပိုချစ်တယ်ဆိုပြီး အမြဲနောက်ပါတယ်။ တည သူနဲ့ သွားဖူးတဲ့ ဧည့်သည်က အိတ်ကြီးထမ်းပြီးသူ့အိမ်ပေါ်တက်သွားတာ နှလုံးရော အခံက ထဖောက်ပြီးအသက်ပါသွားပါလေရော။ မနက် ၂ နာရီကျော် ဆုံးသွားတာ ကျွန်တော့်အိမ် ၂ နာရီခွဲ လောက် လာနှုတ်ဆက်သွားတယ်။ အဲဒီညက ကျွန်တော် တယောက်ထဲဆိုရင်တောင် စိတ်ထင်တယ် ဖြစ်မှာ (တပည့်) သူငယ်ချင်းနှစ်ယောက် လာအိပ်တာ ကျွန်တော့် အိမ်အောက်ကနေ ကျွန်တော့် နာမည် လာခေါ်တာ ၃ ယောက်လုံး ကြားတယ် ထကြည့်တော့ ဘယ်သူမှ မရှိဘူး မနက်မိုးလင်း ၆ နာရီထိုးတော့ အန်တီက မင်းဆရာမင်းဆီ လာမနေနိုင်တော့ဘူး ဆုံးပြီဆို ဖုန်းဆက်တော့ မျက်ရည်တောင်ကျမိတယ်။ ကျွန်တော့်ကို နောက်ဆုံးအချိန်ထိ လာနှုတ်သွားတာလေ ကျွန်တော် အယူမသီးပါဘူး ဆရာသမား ကျေးဇူးရှင် နောက်ဆုံးခရီးမှာ ဝိဥာဏ်ခေါ် လိုတာအကုန်လုပ်ခဲ့ပါတယ်။ အမှန်ပြောရရင် အခုချိန်ထိ မနေ့ကလိုပါပဲ။

နောက်တခုက ပုဂံမြို့သစ်နဲ့ မြင်းကပါရွာကြားက စိုးမင်းကြီးကျောင်းချိုင့်ထဲမှာပါ။ ဧည့်သည်တွေတည်းတဲ့ ဟိုတယ်အချို့က မြို့ဟောင်းမှာရှိပြီး ကျွန်တော်တို့က များသောအားဖြင့် မြို့သစ်မှာတည်းကြပါတယ်။ တည မြို့ဟောင်းမှာ ဘုရားပွဲရှိလို့ သူငယ်ချင်းနဲ့ ဆိုင်ကယ်နဲ့ သွားကြတာ လမ်းညာဘက် သစ်ပင်တွေပေါ်ကနေ ဘာကောင်မှန်းမသိ မဲမဲ အရိပ်ကြီးက လွှားခနဲလွှားခနဲ ခုန်ပြီးလိုက်လာတာ ရသမျှ ဘုရားစာတွေ ရွတ်ပြီးဆိုင်ကယ်ကို မောင်းလိုက်ရတာ မနူဟာဘုရားရှေ့ မြင်းကပါရွာ ရောက်မှ ပျောက်သွားတယ်။ အပြန်တခြားသူငယ်ချင်းတွေနဲ့ တွေ့ပြီး ခရီးရှည်ပေမယ့် လေယာဉ်ကွင်းလမ်းက လှည့်ပြန်ခဲ့ကြရတယ်။

တခါတလေ အပျော်စီးသင်္ဘောတွေ သီလ၀ါမှာ ဆိုက်ကပ်ပါတယ်။ အဲဒီမှာ ကျွန်တော်အပါ တချို့တွေ သီလဝါမှာ ညပါစောင့်အိပ်ကြရပါတယ်။ အဲဒီ သီလဝါ ကန်တင်းဘေးမှာ သရဲ အရမ်းခြောက်တယ်ဆိုတဲ့ ဝန်ထမ်းတွေ အတွက်ရေချိုးခန်းရှိပါတယ်။ မနက် နယ်သွားမယ့် အဖွဲ့တွေ အတွက် မိုးမလင်းခင် အဲဒီရေချိုးခန်းမှာ ရေသွားချိုးပြီး ပြင်ဆင်ပေးရပါတယ်။ ရေချိုးခန်းဖွဲ့စည်းပုံက တံခါးတချက်ပဲရှိပြီး အတွင်းမှာ အကန့် ၃ ကန့် ကာထားပါတယ် တရက် ကျွန်တော်တို့ ၄ ရောက်အစွန်ဆုံး အကန့်မှာ မီးပိတ်ပြီးရေချိုးနေတုန်း ဆန့်ကျင်ဘက် အစွန်ဆုံးအကန့်က ရေသံတွေ နဲ့ တခြားလူတွေရေချိုးတဲ့ အသံ အားလုံးကြားကြပါရော။ ကျွန်တော်တို့လဲ အမှတ်မထင်နေမိပြီးကိုယ့်ကိစ္စပြီး ပြန်မယ်လုပ် မီးဖွင့်တော့ ဘယ်သူမှမရှိ ကြမ်းခင်းပေါ်ရေတစက်တောင်မရှိတာသိတော့ ထွက်ပြေးကြတာ သူငယ်ချင်းတယောက်ဆို ပုဆိုးတောင် မလဲနိုင်ပဲ နောက်က လိုက်လာတာ သတိရမိတယ်။

Junction-8 နောက် မြိုင်ဟေ၀န်အိမ်ရာမှာ ကျွန်တော်တို့ ရုံးရှိပါတယ်။ ကျွန်တော်လူပျိုဘ၀ လူလွတ်တုန်းက ဒီနေ့ မနက်ကနေ နောက်တနေ့ကူး လုပ်ရတာတွေ ရှိခဲ့ဖူးပါတယ်။ တည ကွန်ပြူတာ ပျက်လို့ service man နဲ့ ဝိုင်းပြင်နေတုန်း မီးပျက်သွားလို့ ရုံးအပြင်ရှိတဲ့ မီးစက်သွားနှိုးတာ မိုးရေထဲ ကျွန်တော့် ခြေရာမဟုတ်တဲ့ တခြားခြေရာ ပါလာတာ တွေ့ဖူးပါတယ်။ အဲလိုပဲ တမနက် စောစော ကားဂိုထောင် အပေါ်က ရေချိုးခန်းထဲ ရေချိုးနေရင်း လူတောင် သေချာ ဆွဲဖွင့်ရတဲ့ တံခါးကို လာဆွဲဖွင့်တာကြုံဖူးပါတယ်။ တရက် ကျွန်တော် ရက်ကျော်ပြီး အလုပ်ဆင်းလို့ ညနေ စောစော ပြောပြန်တာ account အခန်းကမှန်တံခါးကို လက်ဝါးနဲ့ လာပုတ်တာ အင်္ကျီ အဖြူရောင်တောင် မြင်လိုက်ကြသေးတယ်တဲ့။ သူတို့ ကျွန်တော် နောက်တယ်ထင်နေကြတာ။ သူတို့ပြောတဲ့ အချိန် ကျွန်တော် အိမ်ပြန်ရောက်နေပြီ။ နောက် ကျွန်တော် အဲဒီနေ့က အင်္ကျီ အဖြူ မဝတ်ထားပါဘူးဗျာ။

ဇာတ်လမ်းရေးသားပေးပို့သော ကိုမျိုးမြန်မာကို အထူးကျေးဇူးတင်ရှိပါသည်..Admin Team

Admin-မိုးတိမ်ပုံပြင်

******အမတော်မြနန်းနွယ်******

November 6, 2013 at 4:48pm
******အမတော်မြနန်းနွယ်******

မန်ဘာ-နတ်သမီးလေး ရေးသားပေးပို့သည်..။

ဥတ္တစောင့်...၇ှိလားဆို...၇ှိတယ်...အဲဒါကတော့...ဗိုလ်တထောင်ဘု၇ားက...အမမြနန်းနွယ်ပါဘဲ...၅တန်းလောက်က..စာအုပ်တအုပ်
ထဲကနေဖတ်ဘူးတယ်...အဲဒီစာေ၇းသူ၇ဲ့ အိမ်နားက...သမတ ကမ်းခြေဖက်မှာနေတဲ့...ကောက်ညှင်းပေါင်းေ၇ာင်းပေါင်းေ၇ာင်းတဲ့ အဖွားက...နေ့ တိုင်းလိုလို...သမတကမ်းခြေကနေ...မနက်တိုင်း
၅နာ၇ီဝေလီဝေဟင်းအချိန်..သဗ္မန် နဲ့ ဒီဖက်ဗိုလ်တထောင်ကမ်းခြေ ဖက်ကိုဈေးလာေ၇ာင်းတယ်...အဖွားကမေ၇ာင်းခင် နေ့ တိုင်း အမမြနန်းနွယ်ကို..ကောက်ညှင်းပေါင်း ဆက်သတယ်...၇ှိခိုးဖူးမျော်ပြီးမှေ၇ာင်းလေ့၇ှိတယ်....တနေ့ ကျတော့အဖွားက...သဗ္မန်...ကနေအဆင်း....ခြေခေါက်သွားတာ...
.တော်တော်လေးနာနေတယ်...လမ်းဆက်မလျောက်နိုင်ဘူး...ဒါပေမဲ့...အမမြနန်နွယ်ဆီတော့ပြုမြဲပြုစဉ်အတိုင်း

ကောက်ညှင်းပေါင်းပူဇော်ဆက်ကပ်၇င်း...အမမြနန်းနွယ်ကို..၇ှိခိုးတိုင်တည်တာပေါ့...အမေ..ဒီနေ့ .သဗ္မန်..အဆင်းမှာဖြေခေါ်က်သွားလို
့ဈေးဆက်မေ၇ာင်းနိုင်တော့ဘူးလို့ ညည်းနေလိုက်တာ.မွှေးပျံတဲ့အနံတွေကြိုင်သင်းလာပြီး..အနောက်ကနေ..အစိမ်းေ၇ာင်ဝမ်းဆက်..
.မိန်းမပျိုလေးတယောက်..ေ၇ာက်လာတယ်.

"အမေ...စိတ်မပူပါနဲ့ ..ခဏလေးနေ၇င်...ဒီနားလေး..မှာဘဲ...ေ၇ာင်းကုန်သွားမှာပါ."ချိုသာတဲ့အသံနဲ့ပြောပြီး ရုတ်တရက်ပျောက်သွားပါတယ်.အစိမ်းေ၇ာင်..မိန်းမပျိုလေးကို..မတွေ့ ၇တော့ဘူ့း...တအောက်နေတော့..အလုပ်ဆင်းတဲ့လုပ်သားတွေ..
.စုအုံးပြီး...၀ယ်လိုက်ကြတာ...ခဏလေး နဲ့ကောက်ညှင်းပေါင်းက...ကုန်သွားေ၇ာတဲ့ ...အဲဒီအစိမ်းေ၇ာင်ဝမ်းဆက်နဲ့ မိန်းမပျိုက...အမမြနန်းနွယ်ပါဘဲ....အဖွား..
ကသူ့ ကိုယ်တွေ့ ကို..စာေ၇းသူကိုပြောပြလို့ စာေ၇းသူက...ဥတ္တစောင့်..အကြောင်းတွေေ၇းတဲ့ စာအုပ်တအုပ်မှာေ၇းထားတာတွေ
့၇တယ်...ယုံလည်းယုံတယ်..ကိုးလည်းကိုးကွယ်တယ်...စာမေးပွဲ၇ှိတိုင်းသွားပြီးဖူဇော်ကန်တော့တယ်....

ရေးသားပေးပို့သော မန်ဘာနတ်သမီးလေးကို အထူးကျေးဇူးတင်ရှိပါသည်...
Admin Team

Admin-မိုးတိမ် ပုံပြင်

******အမတော်မြနန်းနွယ်******

November 6, 2013 at 4:48pm
******အမတော်မြနန်းနွယ်******

မန်ဘာ-နတ်သမီးလေး ရေးသားပေးပို့သည်..။

ဥတ္တစောင့်...၇ှိလားဆို...၇ှိတယ်...အဲဒါကတော့...ဗိုလ်တထောင်ဘု၇ားက...အမမြနန်းနွယ်ပါဘဲ...၅တန်းလောက်က..စာအုပ်တအုပ်
ထဲကနေဖတ်ဘူးတယ်...အဲဒီစာေ၇းသူ၇ဲ့ အိမ်နားက...သမတ ကမ်းခြေဖက်မှာနေတဲ့...ကောက်ညှင်းပေါင်းေ၇ာင်းပေါင်းေ၇ာင်းတဲ့ အဖွားက...နေ့ တိုင်းလိုလို...သမတကမ်းခြေကနေ...မနက်တိုင်း
၅နာ၇ီဝေလီဝေဟင်းအချိန်..သဗ္မန် နဲ့ ဒီဖက်ဗိုလ်တထောင်ကမ်းခြေ ဖက်ကိုဈေးလာေ၇ာင်းတယ်...အဖွားကမေ၇ာင်းခင် နေ့ တိုင်း အမမြနန်းနွယ်ကို..ကောက်ညှင်းပေါင်း ဆက်သတယ်...၇ှိခိုးဖူးမျော်ပြီးမှေ၇ာင်းလေ့၇ှိတယ်....တနေ့ ကျတော့အဖွားက...သဗ္မန်...ကနေအဆင်း....ခြေခေါက်သွားတာ...
.တော်တော်လေးနာနေတယ်...လမ်းဆက်မလျောက်နိုင်ဘူး...ဒါပေမဲ့...အမမြနန်နွယ်ဆီတော့ပြုမြဲပြုစဉ်အတိုင်း

ကောက်ညှင်းပေါင်းပူဇော်ဆက်ကပ်၇င်း...အမမြနန်းနွယ်ကို..၇ှိခိုးတိုင်တည်တာပေါ့...အမေ..ဒီနေ့ .သဗ္မန်..အဆင်းမှာဖြေခေါ်က်သွားလို
့ဈေးဆက်မေ၇ာင်းနိုင်တော့ဘူးလို့ ညည်းနေလိုက်တာ.မွှေးပျံတဲ့အနံတွေကြိုင်သင်းလာပြီး..အနောက်ကနေ..အစိမ်းေ၇ာင်ဝမ်းဆက်..
.မိန်းမပျိုလေးတယောက်..ေ၇ာက်လာတယ်.

"အမေ...စိတ်မပူပါနဲ့ ..ခဏလေးနေ၇င်...ဒီနားလေး..မှာဘဲ...ေ၇ာင်းကုန်သွားမှာပါ."ချိုသာတဲ့အသံနဲ့ပြောပြီး ရုတ်တရက်ပျောက်သွားပါတယ်.အစိမ်းေ၇ာင်..မိန်းမပျိုလေးကို..မတွေ့ ၇တော့ဘူ့း...တအောက်နေတော့..အလုပ်ဆင်းတဲ့လုပ်သားတွေ..
.စုအုံးပြီး...၀ယ်လိုက်ကြတာ...ခဏလေး နဲ့ကောက်ညှင်းပေါင်းက...ကုန်သွားေ၇ာတဲ့ ...အဲဒီအစိမ်းေ၇ာင်ဝမ်းဆက်နဲ့ မိန်းမပျိုက...အမမြနန်းနွယ်ပါဘဲ....အဖွား..
ကသူ့ ကိုယ်တွေ့ ကို..စာေ၇းသူကိုပြောပြလို့ စာေ၇းသူက...ဥတ္တစောင့်..အကြောင်းတွေေ၇းတဲ့ စာအုပ်တအုပ်မှာေ၇းထားတာတွေ
့၇တယ်...ယုံလည်းယုံတယ်..ကိုးလည်းကိုးကွယ်တယ်...စာမေးပွဲ၇ှိတိုင်းသွားပြီးဖူဇော်ကန်တော့တယ်....

ရေးသားပေးပို့သော မန်ဘာနတ်သမီးလေးကို အထူးကျေးဇူးတင်ရှိပါသည်...
Admin Team

Admin-မိုးတိမ် ပုံပြင်

####သြော် အစွဲ####

November 6, 2013 at 4:46pm
####သြော် အစွဲ####

မန်ဘာ-Khwin Lan Thit ရေးသားတင်ဆက်ပါသည်..။

ကျွန်တော် တကယ့်အဖြစ်ပျက်လေးတခုကိုပြောပြာ
ပါမယ် အားပေးကြပါဦး
ကျွန်တော်မြို့ကျောက်ဆည်မြို့လေးက မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားတဲ့ မြို့လေး၁မြို့ပါ စည်ကားတာတော့တော်၂စည်ကားတယ် ဒါပေမဲ့ ၇န်ကုန်တို့မန်းလေး တို့လိုမြို့ကြီး မဟုတ်တော့ကားတွေတော့သိပ်မ၇ှိဘူးပေ့ များသော အားဖြင်း ဆိုင်ကယ်နဲ့ စက်ဘီးတေပဲ၇ှိတာပေါ့ ဒါပေမဲ့ကျန်တော်တို့ မြို့လေးက၇န်ကုန်မန်းလေး သွားတဲ့ကားလမ်းပေါ်မှာ၇ှိတာဆိုတော့.ကားလေးကားကြီး ကုန်ကားကြီးတွေကဖြတ်တာပေါ့ ဒီလိုဖြတ်သန်းသည့်အလျောက် ယာဉ်တိုက်မှု လေးတွေကတော့၇ှိစမြဲပေါ့ ကျွန်တော်က အဲ့ချိန်တုန်းက ၁၀ တန်း သိပ်မကြာသေးပါဘူး လွန်ခဲ့တဲ့၁နှစ်ကပါပဲ ကျွန်တော့်မှာ ညီမသုံးဝမ်းကွဲ၁ယောက်၇ှိတယ် သူလည်း ၁၀ တန်းပါပဲ ဒါပေမဲ့သုနဲ့ကျွန်တော်နဲ့ သိပ်မခင်ဘူး သိပ်ပြီးတော့လည်းမဆက်ဆံဘူး ဒီတိုင်းပဲလူချင်းတွေ့တဲ့အခါလောက်ပဲပြံးပြ၇ယ်ပြယုံပဲ၇ှိတာ ကျောင်းတော့တူတယ် အတန်းတော့မတူဘူး ကျွန်တော်ကကျောင်းကိုစက်ဘီးနဲ့သွားတယ် သူလည်းပဲ ကျောင်းကိုစက်ဘီးနဲ့ပေါ့ များသောအားဖြင့်စက်ဘီးနဲ့သွားတဲ့သုတွေ့ပါပဲ ကျွန်တော်ကသုနဲ့ တစ်၇ပ်ကွက်ထဲဆိုပေမဲ့အိမ်က၃လမ်းလောက်ခြားတယ် ကျွန်တော်တို့ကျောင်းကအိမ်နဲ့နည်း၂ဝေးတယ် ၇န်ကုန်မန်းလးကားလမ်းကြီးကိုဖြတ်၇တာပေါ့ တစ်နေ့ကျွန်တော် မနက်ခင်းပုံမှန်ထမင်းစားပြီး ကျောင်းသွားတာပေါ့ ဒါနဲ့၁ခုပြော၇ဦးမယ် အဲ့ချိန်တုန်းက ဖုန်လေးတွေခေတ်စားတယ်လေ ဘယ်သူမဆိုဖုန်းကိုင်နိုင်တဲ့အ၇ွယ် ပေါ့ ကျွန်တော် မှာလည်းဖုန်း၇ှိတယ် အိမ်က၀ယ်ပေးထားတာပေါ့ ကျွန်တော် မှာ ဖုန်း၇ှိတာသိတော့ကျွန်တော့်ညီမကလည်းလိုခိင်တာပေါ့ ဒါနဲ့သူက အိမ်ကို ပူဆာတာပေါ့ သူ့အိမ်ကလည်း သူပူဆာတဲ့အတိုင်းပဲဝယ်ပေးလိုက်၇တယ် သူသိပ်ပျော်သွားတယ် အဲ့နေ့ကပဲ သူဖုန်းရချင်းငျောင်းကိုယူလာခဲ့သတဲ့ဗျာ ကျောင်းမှာ၇ှိတဲ့သူငယ်ချင်းတွေကိုပြပြီးသူ့ဖုန်းနံပါတ်ကို ပေးတာပေါ့ ကျွန်တော့်လည်းပြောသေးတယ် ဒီအယ်ငါ့ဖုန်းေ၇ာ့ကြည့် ငါ့ဖုန¨နံပါတ်လည်းမှတ်ထားလိုက်ဦးတဲ့ ကျွန်တော်လည်းအေးပါ ဆိုအြီးမှတ်ထားလိုက်တယ် ကဲကျောင်းကဆင်းသွားေ၇ာ ကျွန်တော်နဲ့သူနဲ့ကအိမ်ပြန်လမ်းချင်းမတူဘူးကျွန်တော် ကတလမ်းသူကတလမ်းပေါ့ သူကကျွန်တော်မြို့မှာ၇ှိတဲ့ နာ၇ီစင်လမ်းကနေသွားတာပေါ့ ကျွန်တော် ကလက်ပြတ်ုင်ဘက်ကသွားတယ် ဒီလိုနဲ့ကျွန်တော် အိမ်ပြန်ေ၇ာက်ေ၇ာ အိမ်မှာ လွယ်အိတ်ချ ခဏနားမယ်လုပ်တုန်း အိမ်အောက်ကနေ သားေ၇လာပါဦးလာပါဦးလို့အထိတ်တလန့်ခေါတယ် ဘာဖြစ်တာလဲလို့မေးတော့မင်းညီမကားတိုက်ခံ၇လို့တဲ့ ဆယ်ဘီးကားနဲ့တဲ့ ခုဆေး၇ုံမှာ သွားကြည့်၇အောင်တဲ့ပွဲချင်းပြ်းဥွေားတာတဲ့ ဟာ ကျွန်တော်တော်၂ကြီးကို လန့်သွားတယ် ကျွန်တော်နဲ့ဒီနေ့ကျောင်းမှာတုန်းက တောင်ပြောဆိုနေကြသေးတယ် မယုံကြည်လောက်အောင်ပါပဲဗျာ ဒီလိုနဲ့ဆေး၇ုံသွားကြတာပေါ့ ဆေး၇ုံကိုေ၇ာက်တော့သူ့အလောင်းကိုတွေ့၇တာပေါ့ ဒါနဲ့၁ခုပြော၇ဦးမယ် သူကသု့ဖုန်းကိုပျောက်မှာစိုးလို့လည်ပင်းမှာကြိုးလေးနဲ့ဆွဲထားတာဗျာ ခုသူသေတော့ဖုန်းလေးကလည်ပင်းမှာချိတ်ထားတုန်းပဲ ဖုန်းလေးကလည်းနည်းနည်းစုတ်သွားတယ် လေ ဒါနဲ့ ကျွန်တော်လဲသူ့အဖေအမေတွေကို ၀ိုင်းကူလုပ်ပေး၇တာပေါ့ သူ့အလောင်းကိုအိမ်ကိုပြန်ေ၇ွ့တော့မှာလေ သသယ်လာကြတာပေါ့ ဒီလိုနဲ့အသုဘချမဲ့၇ကိကိုေ၇ာက်လာေ၇ာ သူ့အိမ်ကလည်းသူ့သမီးကိုသိပ်ချစ်တော့သူ့သမီးသိပ်နှစ်သက်တဲ့ဖုန်းလေးကို တခါတည်းအလောင်းနဲ့ထည့်ပေးေ၇ာ သူကိုဂူသွင်းမှာလေ မီးမ၇ှို့ဘူး ဒါနဲ့ဂူသွင်းလိုက်ကြတာပြီးသွားေ၇ာ ဒါနဲ့အိမ်ကိုပြန်လာကြတာပေါ့ သူ့အိမ်ကလည်းပြန်လာတဲ့လမ်းတလျှောက်အော်ငိုလာကြတာပေါ့ ဒီလိုနဲ့ညေ၇ာက်လာေ၇ာ ကျွန်တော်လည်းစာကျက်ချင်စိတ်မ၇ှိသေးတာနဲ့ဖုန်းကို နည်ူနည်းကလိနေတယ် ကျွန်တော်အကြံ၁ခု ၇ပေါ်လာတယ် ကျွန်တော့်ကိုကျောင်းမှာတုန¨ကသူ့ဖုန်းနံပါတ်ကိုပေးသွားတော့ ဖုန¨ကလည်း သူဆီပါသွားတော့ ကျွန်တော်လည်းဘာ့ဖစ်မလဲဆိုပြီးဆကိယ်ကြည့်တာပေါ့ စိတ်ကလည်းကြောက်နေတယ် ဖုန¨က၀င်သွားေ၇ာ တူ.......တ.ူု....တဲ့ ပြီးတော့ ၁ယောက်၂လာကိုင်သလိုပဲ ကျွန်တော်အဲ့မှာတော်တော်လန့်သွားတယ် ပြီးတော့ အသံလေးတွေဝိုးတ်ုးဝါးတားထွက်လာတယ် ကျွန်တော်လည်းကြောက်၂လန့်၂နဲ့သေချာနားထောင်ကြည့်မှစောင်းသံလိုလိုခွေးအူသံတွေလိုထွက်လာတ်ာက်ျန်တော်လည်းအဲ့မှာတင် ထုန်းကိုလွတ်ချပြီးတော့အိမ်အောက်ကိုအသားကုန်ဆင်းလာခဲ့ကာ အိမ်ကလူတွေကိုပြောလိုက်တယ် သို့သော်အိမ်ကလူတွေခေါ်တော့မ၇ဘူး ဘာလို့မှန်းမသိဘူး ဗျာ ပြောတဲ့ကျွန်တော်ပဲအ၇ူးဖြစ်တာပေါ့ ကွ်ျနတော့်စိတ်ထဲမျာပဲမှတ်ထားလိုက်ပါတော့တယ် ငါအသံနဲ့ခြောက်ခံ၇တာပါ့လားလို့

သြော်........အစွဲအစွဲ####ပြီးပါပြီတကယ့်အထြစ်ပျက်လေး၁ခုပါဗျာအဲ့ဖုန်းနံပါတ်ကိုကျွန်တော်ထပ်ခေါ်ကြည့်ပါတေးတယ် ဒါပေမဲ့မ၇တော့ပါဘူး ဖခုတော့ ကျွန်တော်အဲ့ဖုန်းနံပါတ်ကိုဖျောက်ပြိးခဲ့ပါပြီ အဲ့ဖုန်းနံပါတ်ကိုဖျောက်တုန်းကလည်းကျွန်တော့်ညီမလေးအတွက် ဆုတောင်းပေးခဲ့ပါတယ် အစွဲအလန်းကိုဖြတ်တောက်နိုင်ကာ ကောင်း၇ာ လားပါစေသားဟု။ ။

ဇာတ်လမ်းရေးသားပေးပို့သောမန်ဘာ-Khwin Lan Thit ကိုအထူးကျေးဇူးတင်ရှိပါသည်....A
dmin Team.
Admin-မိုးတိမ် ပုံပြင်

ခေါ်ရင်လိုက်မသွားနဲ့!!!!!!!!!!

November 6, 2013 at 4:47pm
ခေါ်ရင်လိုက်မသွားနဲ့!!!!!!!!!!

ကျွန်တော့် ဦးလေးတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ပါ
...။
ကျွန်တော့်ဦးလေးခုနှစ်ယောက်ရှိတယ်ဗျ..။ အဲ့ဒီဦးလေးတွေထဲမှာ ဦးဝင်းဆိုတဲ့ ဦးလေးကတော့ဘယ်သူနဲ့မှမတည်ဘူး ညီအကိုတွေထဲမှာတောင် ဦးအောင်ဆိုတဲ့ ဦးလေးတစ်ယောက်နဲ့ပဲတည့်တယ်..။ ဦးဝင်း ကင်ဆာကျိတ်ပေါက်လို့ ဆေးရုံမှာအလူးအလဲခံနေရတဲ့အချိန်မှာ ကျန်တဲ့အမျိုးတွေဟာလည်းအပါရိကလောက်ပဲ လာကြည့်ကြပါတယ်...။ဥိးအောင် တစ်ယောက်သာ ဦးဝင်းရဲ့ဘေးမှာ ချေး၊သေး ကအစပြုစုပြီး စောင့်ရှောက်ပါတယ်....။ ဦးဝင်း ဟာဆေးရုံမှာ သုံးလလောက်တက်ပြီးတဲ့နောက်မှာတော့ ဘ၀တစ်ပါးကိုကူးပြောင်းသွားရှာပါ
တယ်..။ ဇာတ်လမ်းက အဲ့ဒီမှာစတာ.......။
ရက်လည်ပြီး မကြာခင်မှာ ဦးအောင်အိမ်မက်တစ်ခုမက်တယ် ဦးဝင်းဟာ သူ့သူငယ်ချင်း အသားမည်းမည်းလူတစ်ယောက်နဲ့အတူဦးအောင်အိမ်မက်ထဲကိုရောက်လာပါတယ်..။ ဦးအောင်ကသူ့အကိုဆိုတော့ သေဆုံးသွားမှန်းသတိမထားမိပဲ နှုတ်ဆက်လိုက်ပါတယ်..။ "ကိုဝင်း ဘယ်ကနေလာခဲ့တာလဲ" ဦးဝင်းကတစ်ချက်ပြုံးပြလိုက်ပြီး..။

ို" အောင်အောင် ရေငါနဲ့လိုက်ခဲ့စမ်းပါကွာ ငါပျင်းနေလို့" "ဘယ်ကိုလည်းဗျ....." "ဒီနားလေး ခဏပါကွာ...." "ဒါနဲ့မကြည်ကော....." ဦးအောင်က လောက၀တ်စကားအရ ဦးဝင်းရဲ့မိန်းမကိုပါမေးလိုက်တာပါ...။ ခါတိုင်းဆိုရင် ဦးဝင်းရဲ့ရောဂါကိုစိတ်မချလို့ ဦးဝင်းဘယ်သွားသွား ဦးဝင်းမိန်းမ မကြည်ကအနောက်ကနေလိုက်နေကျ..။ "အိမ်မှာကျန်ခဲ့တယ်ကွ..." အဲ့ဒီမှာ ဦးအောင်ကဦးဝင်းမိန်းမ မကြည်ဦးဝင်းအသုဘမှာရှိုက်ကြီးတင
င်ငိုနေတာကိုမှတ်မိသွားတယ်...။ အဲ့ဒီမှာပဲ....
"ဟာ...ကိုဝင်းက သေပြီးလေ...ကျွန်တော်ဘယ်ကိုလိုက်ရမှာလဲဗျ....." အိပ်မက်ထဲမှာတင်ပဲ ဦးအောင်ဟာ အထိတ်တလန့်ခေါင်းနားပန်းတွေကြီးသွားပါတယ်...။ "ဟာ..ဒီကောင်လေး ကိုယ့်အကိုကလိုက်ခဲ့ဆိုလိုက်ခဲ့ပေါ့ကွာ...." ပြောပြောဆိုဆိုနဲ့ ဦးဝင်းက ဦးအောင်လက်ကိုလှမ်းဆွဲဖို့ပြင်လိုက်တယ်....။ "ဟာ..မလိုက်ဘူး မလိုက်ဘူး ဆိုပြီး...ဦးအောင်ဟာအတင်းရုန်း
ပြီး ပြေးလိုက်ပါတော့တယ်..။ အဲ့ဒီမှာပဲ အိမ်မက်ထဲကနေချွေးအရွှဲသားနဲ့ လန့်နိုးလာပါတော့တယ်...။
ဦးအောင်ဟာသူနဲ့ ရင်းနှီးတဲ့ ပယောဂကုဆရာတစ်ယောက်ကိုမေးကြည့်ေ
တာ့....
"ဟာ...အောင်အောင် မင်းတကယ်ကံကောင်းတယ် မင်းသာလိုက်မယ်လို့ပြောပြီးပြီးလိုက်သွားတယ် ဆိုရင် မင်းအခုအချိန်အသက်တောင်ရှင်တော့မှာမဟုတ်ဘူး... မင်းတစ်ခါတည်းသေသွားမှာ...သူတို့ပရလောကသားတွေက မင်းသာခွင့်ပြုတယ်ဆိုရင်မင်း ၀ိဥာဉ်ကို အသာလေးထုတ်ယူသွားလို့ရတယ်...သူနဲ့လိုက်လာတဲ့အသားမည်းမည်းနဲ့သူငယ်ချင်းဆိုတာလည်း ပရလောကက ပြိတ္တာအကြီးစားပဲနဲ့တူတယ်.. အောင်အောင်..ဘုရားတရားသာလုပ်ပေတော့ မင်းကိုမင်းအကိုက လာခေါ်နေပြီ..." အဲ့ဒီဆရာရဲ့စကားရှည်ကြီးအဆုံးမှာ ဦးအောင်ဟာလည်း အင်မတန်ကြောက်လန့်သွားရှာတယ်...။ ပြီးတော့ အဲ့ဒီညက အသားမည်းမည်း ပိန်ခြောက်ခြောက်နဲ့လူရဲ့ မျက်နှာဟာစပ်ဖြဲဖြဲကြီးနဲ့ ကြောက်စရာကောင်းတယ်လို့ထင်နေတာလည်းမှန်ကြောင်းသိသွားပါတော့တယ်..........။

အဲ့ဒီနေ့ကနေစပြီးဦးအောင်တစ်ယောက်ဘုရားတစ်ရားဖက်ကို အာရုံစိုက်ပြီး အလေးထားလုပ်ဆောင်လာပါတော့တယ်...။

ဖြစ်ရပ်မှန်ဖြစ်ပါသည်....။
Admin-မိုးတိမ် ပုံပြင် (ကိုယ်တိုင်ဖန်တီး တင်ဆက်မှု့)

******နေပြည်တော်မှာကွယ် .....ဘယ်ရေစက်ရယ်ကြောင့် ဒီလောက်တောင်ခြောက်ရသလဲ******

November 6, 2013 at 4:46pm
******နေပြည်တော်မှာကွယ် .....******

ပေတပရိတ်သတ်ကြီး ...နန်းမြိုင်ဟော်တယ်မှ ကုလားမသရဲကို ဖတ်ဖူးပြီးသားလို့ ထင်ပါတယ် .... မေမြို့ ကနာမည်ကြီးဟော်တယ်တစ်ခုရဲ့  အကြောင်းကိုဖေါ်ပြရာမှာ ကိုယ်တိုင်တွေ့ ကြုံခဲ့တဲ့ အဖြစ်ကိုဖေါ်ပြခဲ့တာမို့ အမည်နေရာအတိအကျကိုဖေါ်ပြခဲ့သော်လည်း ...ဒီတစ်ခါရေးသားပေးမယ့်" နေပြည်တော်မှာကွယ်.." ကိုတော့ ပြောပြတဲ့မိတ်ဆွေလေးရဲ့  ခွင့်ပြုမိန့် ကိုတပါတည်းတောင်းဆိုမထားတာကြောင့် ..ဟော်တယ်အမည်လေးချန်လှပ်ထားပြီး တော်ဝင်ဆိုတဲ့ အမည်ထိပ်စည်းလေးသာ ရေးသားဖေါ်ပြပေးပါရစေလို့ ကြိုတင်တောင်းပန်အသိပေးပါရစေရှင့်...။ သိပ်မကြာသေးမီက ဖြစ်ခဲ့တဲ့အဖြစ်လေးပါ။ အလုပ်ကိစ္စလေးတချို့ ရှိလို့ လာခဲ့ကြတဲ့ ပိုင်ပိုင်တို့ သူငယ်ချင်းတစ်စုဟာ တော်ဝင်ဟော်တယ်မှာ တည်းခိုဖို့ စီစဉ်ထားတဲ့အတိုင်း ၂ယောက်ခန်း၂ခန်းယူပြီး အဝတ်အစားအိတ်တွေနေရာချထားအပြီးမှာ ရေချိုးဖို့ ပြင်ပါတယ် .. ကျွန်းသစ်ကိုလှိုင်လှိုင်ကြီးသုံးထားတဲ့ တော်ဝင်ဟော်တယ်ဟာ နေပြည်တော်ရဲ့ ပထမတန်းစားဟော်တယ်စားရင်းဝင်ပါ...။နေပြည်တော်ဟာလဲ မီးအားပြည့်တာမို့ လျှပ်စစ်ပစ္စည်းတွေကိုသေချာ အသုံးပြုလို့ အကောင်းဆုံးမြို့ တစ်မြို့ အနေနဲ့  မြန်မာပြည်တွင်းမှာတော့ နာမည်ကြီးမြို့ ပါရှင်။ ခုနစကားလေးဆက်ပါရစေ ကြော်ငြာထိုးနေတာနဲ့ သရဲက မခြောက်ရဘူးဖြစ်မှာစိုးလို့ ပါ။ ရောက်ရောက်ချင်းရေလေးချိုးပြီး တစ်ခုခုထွက်စားမယ်လို့ တိုင်ပင်ထားတာမို့  ရေချိုးခန်းထဲပိုင်ပိုင်ဝင်လိုက်တုံး အိမ်သာကမုတ်ဘေးက တစ်ရှုးလိပ်ကလေးက ကြွေပြားခင်းကြမ်းခင်းပေါ်ကို ဘတ်ကနဲပြုတ်ကျလာပါသတဲ့ ပိုင်ပိုင်လဲလန့် သွားတာမို့ တီးတိုးဆဲလိုက်ရင်းခြေနဲ့ ပိတ်ကန်လိုက်မိပါတယ် ဒီအချိန်မှာဘဲ အပြင်ဘက်ခန်းက ချောက်ကနဲမီးခလုတ်ပိတ်သံနဲ့ အတူ မီးတွေငြိမ်းသွားပါတယ် ပိုင်ပိုင်အနေနဲ့ တစ်ခုခုတော့တစ်ခုခုပဲဆိုတာ စဉ်းစားပြီး မီးခလုတ်ကိုသွားပြန်ဖွင့်လိုက်ပါတယ်တဲ့ လူမရှိတဲ့အခန်းထဲက မီးခလုတ်ကိုဘယ်သူလာပိတ်လိုက်နိုင်တာလဲဆိုတာ စဉ်းစားရင်းအပြင်မှာကျန်ခဲ့တဲ့လက်ကိုင်ဖုံးလေးကို ယူလာပြီးရေချိုးခန်းထဲပြန်ဝင်လာလိုက်တုံး မီးကတဖြတ်ဖြတ်မည်သံပြုပြီး ပျက်သွားပါတယ် ။ ပုံမှန်အားဖြင့်တော့မီးပျက်နေကြမြို့ မဟုတ်တဲ့အတွက် ရုတ်တရက်မှာ အံ့သြမိရုံထက်ဘာမှ ပိုပြီးတွေးစရာမရှိပေမယ့် ကျောတလျောက်စိမ့်နေအောင် ကြောက်လာမိတာကြောင့် မျက်နှာသုတ်ပုဝါပတ်လျက်နဲ့ ပဲ အခန်းတံခါးကိုဖွင့်ပြီးပြေးပါတယ် . ဒီနောက်မှာတော့ တံခါးဝကအထွက်မှာဘဲ ချော်လဲကျပါတော့တယ်။ကော်ရစ်ဒါမှာ ကော်ဇောထူတွေခင်းထားတဲ့ စင်္ကြန်လမ်းလေးပေါ်လဲကျသွားတဲ့ အရှိန်ကမပြင်းပေမယ့် ဘာကြောင့်သွေးထွက်သံယိုတွေဖြစ်ပြီး တစ်ကိုယ်လုံးစုတ်ပြတ်ပဲ့ရွဲ့ ထွက်သွားအောင်ဘယ်လိုလဲခဲ့တာလဲဆိုတာ ပိုင်ပိုင်ကိုယ်တိုင်လဲ စဉ်းစားလို့ မရခဲ့ဘူးလို့ ဆိုပါတယ် ။ အလဲလဲအကွဲကွဲနဲ့  အခန်းတံခါးကိုပြင်းပြင်းထုရင်း ဖွင့်ခိုင်းတဲ့ပိုင်ပိုင့် ကို မောင်ဇော်နဲ့  ဖိုးရှိန်က ရီပါတယ်။ သရဲထင်တာဘဲလို့ ပြောပြမိတဲ့ စကားကို အူနာအောင်ရီပြီးတော့ ဟေ့ကောင်မင်းဒီလောက်သွေးထွက်သံယို ချော်လဲလာတာရေချိုးခန်းထဲမှာ ချော်လဲလာတာမဟုတ်လားတဲ့ ..။အဖြစ်အပျက်ကို ပြန်ပြောပြတဲ့ ပိုင်ပိုင့်စကားကို တစ်ယောက်မှလက်မခံကြဘူး မောင်ရှိန်အာချောင်ချက်ကတော့ ခောတ်စကားနဲ့ ပြောရင် 9 လောက်များရှိမလားပါဘဲ။ဘယ်ကကောင်လဲဘာသရဲလဲ ထွက်ခဲ့စမ်း စသဖြင့်အော်ဟစ်ဆဲဆိုပါတယ် .ပိုင်ပိုင်ကတော့ ဘာစကားကိုမှထပ်မံမပြောတော့ဘဲ မောင်ရှိန်တို့ အခန်းထဲက နားကျပ်တံဂွမ်းလိပ်လေးနဲ့  နားကိုအသာသန့် စင်ရင်း ကြမ်းကြမ်းတမ်းတမ်းကြီး သောင်းကျမ်းတဲ့ ဘာမှန်းမသိတဲ့ပုဂ္ဂိုလ်ကို အာရုံညွတ်မိနေစဉ်မှာ သော့ပိတ်တဲ့နေရာက သံကြိုးတွဲလောင်းလေးကျနေတဲ့ တံခါးအဖွင့်အပိတ်ခလုတ်ကလေးက သံကြိုးလေးက သိသိသာသာ ထင်ထင်ရှားရှား လွှဲယမ်းလို့ နေတာကိုတွေ့ ရပါပြီ ..အခန်းထဲလူကုန် မင်တက်မိလို့ ငေးကြည့်နေစဉ်မှာ အဝတ်ဗီရိုတံခါးချပ်ကြီး ဝုန်းကနဲမြည်သံပေးရင်ပွင့်ထွက်လာပါတယ် ။သွေးကြောင်တယ်ပဲပြောပြောပါ နားကျပ်တံလေးနဲ့ နားကိုကျပ်နေတဲ့ အချိန်မို့  အခန့် မသင့်ဆွဲထုတ်လိုက်မိသလို ဖြစ်သွားတဲ့အခါ ကော်ချောင်းလေးအဖျားက ဂွမ်းစလေးက နားထဲကျန်ခဲ့ပါတော့တယ် ။ နားကိုတတ်နိုင်သလောက်လက်နဲ့ စမ်းပြီးဂွမ်းစလေး ဆွဲထုတ်ရင်း ဟော်တယ်ပြောင်းကြမလားလို့ မေးတော့ မောင်ရှိန်ရော မောင်ဇော်ရောက အေး ကောင်းတယ် ပြောင်းကြတာပေါ့ဆိုပြီး ပစ္စည်းလေးတွေ သွက်သွက်လက်လက် သိမ်းပြီး ပြောင်းပြေးကြရပါတော့တယ် ။ ဇာတ်လမ်းက ဒီမှာဆုံးပြီးဆိုပြီး သက်ပြင်းမချလိုက်ပါနဲ့ ပေတပရိတ်သတ်ကြီးရေ... နောက်ဟော်တယ် တစ်ခုရောက်မှ နားထဲက ဂွမ်းစလေးတွေကို သေချာလက်တစ်ဖက်နဲ့ ဖြေးဖြေးချင်းဆွဲထုတ်ယူရတဲ့ အခါမှာ ထွက်လာလို့ မဆုံးတဲ့ ဂွမ်းလိပ်အပုံကြီးဟာ ပိုင့်ပိုင့်လက်ခုတ်တစ်ခုလုံးအပြည့် ဆွဲထုတ်လို့ ထွက်လာကြောင်းပါ ပရိတ်သတ်ကြီးရေ.....

ရန်ကုန်ပြန်မှ ပိုင်ပိုင်တို့ အိမ်ကကိုးကွယ်တဲ့ ဘုန်းဘုန်းစီ ပိုင်ပိုင့်  မေမေကိုခေါ်လို့ သွားပြီး ပရိတ်ရေမန်းများနဲ့ဆေးကုယူရလောက်အောင် သောင်းကျမ်းခဲ့တဲ့ တော်ဝင်ဟော်တယ်မှ ပုဂ္ဂိုလ်ကြီးအကြောင်း ဖျားနာနေတဲ့ကြားက ရေးသားတင်ပြပေးလိုက်ပါတယ် ။

Credit To-တီတီ
Admin-မိုးတိမ် ပုံပြင်

*****Though Form (အတွေးပုံရိပ်-သို့မဟုတ်--စိတ်ကူးဖြင့်ပုံဖော်ဖန်တီးယူခြင်း...)*****(၁+၂)

November 6, 2013 at 4:44pm
*****Though Form (အတွေးပုံရိပ်-သို့မဟုတ်--စိတ်ကူးဖြင့်ပုံဖော်ဖန်တီးယူခြင်း...)*****(၁)

ကျွန်တော်တို့ ကိုယ်တိုင်ဖန်တီးမိသော မကောင်းဆိုးဝါးများ....

ကျွန်တော်တို့ လူသားတွေမှာ ကျွန်တော်တို့ကိုယ်တိုင်ကမသိပဲနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးသလို
လူသားတွေရဲ့စိတ်စွမ်းအားနဲ့ ဖန်တီးယူခဲ့မိတဲ့ မကောင်းဆိုးဝါးတွေ အကြောင်းကိုကျွန်တော်

ဥာဏ်မှီသလောက်လေးပြောပြချင်ပါတယ်..။ အမှားအယွင်းရှိခဲ့ရင်လည်း

ခွင့်လွှတ်ပေးဖို့ဦးစွာပထမတောင်းပန်ချင်ပါတယ် ခင်ဗျာ.....။

ကြက်ဥနဲ့ပေါက်ရင် ခုနှစ်ရက်အတွင်းသေတယ်....လို့ ကချင်တောင်တန်းဒေသက

ရွာလေးတစ်ရွာမှာ အယူရှိတယ်ဗျ..။ကြက်ဥနဲ့တမင်ရည်ရွယ်ပြီး ပေါက်တာကိုပြောတာနော်...။

ဘယ်နေရာကိုထိထိသေတယ်တဲ့ဗျ..။အဲ့ဒီဒေသကလူတွေဟာ

လူတစ်ယောက်ကိုကြက်ဥနဲ့ပေါက်တယ်ဆို ရင်အဲ့ဒီပေါက်တဲ့သူကို

လူသတ်မှု့နဲ့အပြစ်ပေးလေ့ရှိတယ်...။ တကယ်လည်းသေပါတယ်..။ မြေပြန့်ဒေသ

ကကျောင်းဆရာတစ်ယောက်ဟာ အဲ့ဒီရွာလေးမှာ စာသွားသင်ပေးရင်းနဲ့ ရွာသားတစ်ဦးနဲ့

စကားများရန်ဖြစ်ပြီး ကြက်ဥနဲ့အပေါက်ခံလိုက်ရတယ်ဗျ..။အဲ့ဒီကျောင်းဆရာဟာ

မြေပြန့်ဒေသကလူပီပီ အဲ့ဒီရွာဓလေ့ကြက်ဥနဲ့ပေါက်ရင် သေတယ်ဆိုတာမယုံကြည်သူပီပီ

အမှု့မထားဖူးပေါ့ဗျာ...။ တစ်ရက်လောက်လဲကြာရော

အဲ့ဒီကျောင်းဆရာလေးအပြင်းအထန်ဖျားပါတော့တယ်..။ ဘာဆေးသောက်သောက်မသက်သာဖူး..။

တစ်ကိုယ်လုံးပူခြစ်ပြီး ရေတောင်မသောက်နိုင်ပါဘူး ...။မျိုကိုမချနိုင်တော့တာ....။ အဲ့ဒီလိုနဲ့

နှစ်ရက်လောက်လဲ ကြာရော နားလည်တဲ့နတ်ဆရာကြီးတစ်ယောက်နဲ့တွေ့ပြီး နတ်ဆရာက

"မင်းရောဂါက ဒီဒေသရဲ့ နတ်ကျိန်စာမိနေပြီ...ဒီဒေသကနေလွှတ်အောင်ထွက်သွားမှ

မင်းရောဂါကောင်းမယ်လို့ ဆိုတယ်" ကျောင်းဆရာကမယုံကြည်ပေမယ့် သေမတတ်ခံစားနေရပြီမို့

ဟုတ်လို့ဟုတ်ငြား နေ့တွင်းချင်းပဲ ထမ်းစင်နဲ့ တောင်အောက်ကို ဆင်းရှာတယ်...။
တောင်အောက်လည်းရောက်ရောနည်းနည်းသက်သာတယ်တဲ့ဗျ...။

လမ်းတွေဘာတွေတောင်နည်းနည်းလျှောက်နိုင်လာတယ်....။ အဲ့ဒါနဲ့ အားတက်ပြီး...ချက်ချင်း

တောင်အောက်က ကားနဲ့အနီးဆုံးမြို့တစ်မြို့ကိုသွားလိုက်တာ...

ချက်ချင်းလူကောင်းပကတိပြန်ဖြစ်သွားပါတယ်...။

အဲ့ဒီအဖြစ်အပျက်မှာ နားလည်တဲ့သူကိုမေးကြည့်လိုက်တော့ အဲ့ဒီဒေသကလူတွေဟာ

ကြက်ဥနဲ့ပေါက်ရင်သေတယ်ဆိုတာကို ဘိုးစဉ်ဘောင်ဆက်နက်နက်ရှိုင်းရှိုင်းလက်ခံထားကြတဲ့ will

power တစ်ခုဖြစ်တည်ပြီး... ကြက်ဥနဲ့ပေါက်ခံရတယ်ဆိုတဲ့သူတိုင်းဟာ

ခုနှစ်ရက်အတွင်းသေတာပါတဲ့....။ အဲ့ဒါမျိုးကို အနောက်နိုင်ငံတွေမှာ Thought Forum

ခေါ်တယ်တဲ့..။
အဲ့ဒီဒေသကဖြစ်ရပ်ဟာ အစပိုင်းမှာတော့ ဥပဒါဏ်ကြောင့်ဥပါဒ်ရောက်တဲ့အဖြစ်ပါ...။နောက်တော့

လမိုင်းလို့ခေါ်တဲ့ မကောင်းဆိုးဝါး တွေကပါ အဲ့ဒီ စိတ်အပေါ်မှာ အခြေတည်ပြီး

ကြက်ဥနဲ့ပေါက်ခံရတဲ့သူတွေကိုဖမ်းစားခွင့်

ပါမစ်ရထားသလိုကောင်းကောင်းကြီးဖမ်းစားနိုင်သွားတဲ့အဖြစ်ပါ.....။

နောက်ထပ်လည်း Thought Form အကြောင်းတင်ဆက်ပါဦးမယ်...။
နားဦးမယ်ကွယ်.................
.။
Admin:မိုးတိမ် ပုံပြင်(ဖန်တီးတင်ဆက်မှု့


*****Though Form (အတွေးပုံရိပ်-သို့မဟုတ်--စိတ်ကူးဖြင့်ပုံဖော်ဖန်တီးယူခြင်း...)*****(၂)

ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးမိသောမကောင်းဆိုးဝါးများ.....(2)

တောထဲမှာ စလောင်းနှစ်ချပ်တီးရင်ကျားကိုက်တယ်ဆိုတဲ့ ယုံတမ်းစကားလည်းရှိတယ်ဗျာ...။ ရခိုင်ရိုးမဘက်က အဲ့ဒီအယူစတယ်လို့သိရပါတယ်...။ကျွန်တော့် အဖေကအဲ့ဒီလို ယုံတမ်းစကားတွေကို လုံးဝအယုံအကြည်မရှိပါဘူး..။ အဖေပြောတဲ့စကားက ရယ်တော့ရယ်ရတယ်ဗျ..။ "ကျားတစ်ကောင်လုံးမှာပစ်စရာမရှိဘူး သိန်းချီတန်နေတာကို..စလောင်းနှစ်ချပ်တီးတိုင်းသာ ကျားလာကိုက်တယ်ဆိုရင် တောထဲမှာလင့်လေးထိုးပြီး စလောင်းနှစ်ချပ်တီး.....ကျားလာရင် ပစ် ....အဲ့ဒီအလုပ်ဆိုတော်တော်ပိုက်ဆံရမှာပဲနော်...တဲ့" ဟုတ်ပါတယ်.. အဲ့ဒီအယူကအခုခေတ်မှာတော့ အယုံအကြည်နည်း ကြတဲ့သူတွေများလာတဲ့ အတွက် အဲ့ဒီ Thought Form ဟာလည်းပျက်ပြယ်စပြုလာပါပြီ....။
 ကျွန်တော်တို့ အတိတ်နမိတ်...တဘောင် အစရှိတဲ့ အယူတော်မင်္ဂလာပညာ ဟာလည်း Thought Form အပေါ်မှာမူတည်နေပါတယ်...။
ဥပမာ...ပြည်ကြီးပျက်တော့မည် လို့တဘောင်ပေါ်လာပြီဆိုရင် လူတွေရဲ့စိတ်ထဲမှာ တကယ်လို့လက်ခံမိလိုက်ကြတာနဲ့ အဲ့ဒီ Thouth Form ဟာ ဖြစ်တည်မှု့ခိုင်မာလာပြီးတကယ်ပျက
်ရတာမျိုးပါ.....။
နတ်ဆိုးတစ်ယောက်အကြောင်းပြောပြမယ်.....။ ရွာလူမိုက်တစ်ယောက်ဟာ သူများဓားထိုးခံရပြီးသေသွားပါတယ်....။ သူဟာ အသက်ရှင်စဉ်ကာလ ကဘာကုသိုလ်ကောင်းမှု့မှမလုပ်ပေမယ့် ရပ်ရွာကိုသူခိုးဓားမြတို့လာရင်ရှေ့ကနေဦးဆောင်ပြီး တိုက်ထုတ်လေ့ရှိတယ်...။ သူသေသွားတဲ့အခါ မှာရွာထိပ်က ညောင်ပင်ကြီးမှာသူ့ကိုတွေ့တယ်..တွေ့တယ် နဲ့သတင်းထွက်လာတယ်...။လူတွေကအဲ့ဒီ့လူမိုက်ကို မသေခင်ကထဲကကြောက်ရတယ်ဆိုတော့ သေပြီးသရဲဖြစ်သွားတဲ့အခါမှာဆိုပိုဆိုးပေါ့...။ ရွာကလူတွေကလည်း ကြောက်လည်းကြောက်တယ် ပြီးတော့သူအသက်ရှင်စဉ်ကလိုရွာကိုပါကာကွယ်ပေးစေချင်ကြတယ်..။ ဒါနဲ့ ပဲ သိပ်မကြာဘူး အဲ့ဒီရွာလူမိုက်ဟာ ရွာထိပ်ညောင်ပင်မှာ နတ်ဖြစ်နေပြီးရွာကိုစောင့်ရှောက်နေတယ်လို့ အိပ်မက်လာပေးတယ်ဆိုပြီး ရွာထဲမှာသတင်းကြီးလာပါတယ်..။ရွာထိပ်ကညောင်ပင်မှာ နတ်ကွန်းရှိတာကိုး။ နဂိုရ်ရှိပြီးသား နတ်ကိုတောင်မပသကြတော့ဘူး အဲ့ဒီရွာလူမိုက်အမည်ကိုပဲတတ ပြီးစားဖွယ်တွေ ဆီမီးတွေနဲ့ပူဇော်ကြတယ်...။ ရွာလူမိုက်သရဲ ကအဲ့ဒီရွာမှာတော့ နေ့ချင်းညချင်းကိုရွာစောင့်နတ်ြ
ကီးကိုဖြစ်သွားပါလေရောလား.....။
အဲ့ဒီလိုနဲ့ ကာလတွေကြာလာတော့ အဲ့ဒီရွာကိုကလေးတစ်ယောက်ရောက်လာတယ် အသက်ခုနှစ်နှစ်လောက်ပဲရှိဦးမယ် ကလေးက...။ ရွာလူမိုက်သေလို့ဝင်စားတာပါတဲ့....။ အဲ့ဒီမှာ တစ်ရွာလုံးကလူတွေ အုတ်အော်သောင်းနင်းဖြစ်ကုန်ကြတယ် သူတို့ကိုးကွယ်ထားတဲ့ ရွာလူမိုက် နတ်က မနေ့ကပဲ ရွာထဲကလူတစ်ယောက်ကိုဖမ်းစားထားလို့ သူတို့ ကန်တော့ပွဲနဲ့တောင်းပန်ထားရသေးတယ် ..။အခုဒီကလေး ကရွာလူမိုက်သေလို့ဝင်စားတာတဲ့...။ ဒါပေမယ့်မယုံလို့ လဲမရဘူး ကလေးကသူလူ့ဘ၀က ဆိုးခဲ့မိုက်ခဲ့တာတွေ သူ့အိမ်တွေ သူရစရာရှိတဲ့ အကြွေးတွေကအစအကုန်မှတ်မိနေတာကို
း....။
ကလေးပြောပြတာကဒီလို.......သူ သေပြီးတော့ ရွာထိပ်ကညောင်ပင်မှာ သရဲဖြစ်နေတယ်ဆိုတာဟုတ်ပါတယ်....ဒါပေမယ့် တစ်လလောက်ပဲကြာတယ်..သူဝင်စားရမယ့်သူ့အမေကိုတွေ့လိုဝင်စားပြီးလူပြန်ဖြစ်လာပါတယ်တဲ့..။ ဒါပေမယ့် အဲ့ဒီညောင်ပင်မှာ သဘက်အကြီးစားကြီးတစ်ကောင်လည်းရှိတယ် သူတို့လို သာမန်သရဲတစ္ဆေတွေကိုအုပ်ချုပ်နေတာပါ..။ အဲ့ဒီအကောင်ကြီးက အဲ့ဒီအပင်မှာလာနေသမျှသရဲတွေ အားလုံးရဲ့နာမည်ကိုယူထားတယ်တဲ့..။ ကျွတ်သွားတဲ့ကောင်တွေ ဘ၀ကူးသွားတဲ့ကောင်တွေရဲ့နာမည်တွေကိုယူထားတာပါ...။ ဥပမာ..မိုက်ခဲ လို့ခေါ်ရင်လည်းသူပဲသွားတယ်.. မင်းမင်း လို့ခေါ်ရင်လည်းသူပဲသွားတယ်.. အဲ့ဒါမျိုးကိုပြောတာ..။ ရွာကလူတွေက သူ့နာမည်နဲ့နတ်စင်ဆောက်ပြီး သူ့ကိုပဲပသကြတော့ နဂိုရ်ရှိပြီးသားနတ်တောင် စင်ပေါ်ကစင်းပေးရတယ်..။ ပြီးတော့လူတွေသူ့ကိုပိုပြီးယုံကြည်လာလေလေ သူ့တန်ခိုးကထက်လေပဲတဲ့......။ လူတွေရဲ့ Thought Form (ကြောက်စိတ်) ကသရဲကို ပိုပြီးအစွမ်းထက်လာစေတာပေါ့..။ အဲ့ဒီလိုရှင်းပြလိုက်တော့ လူတွေရဲ့စိတ်ဟာလည်းရှင်းသွားကြတယ်.. သူတို့ကြောက်နေတဲ့ ရွာလူမိုက်နတ်မဟုတ်ပဲ သာမန်သဘက်အကြီးစားကြီးဆိုတာလည်း
သိသွားကြတယ်...။
ဖြစ်ချင်တော့အဲ့ဒီအချိန်မှာပဲ ရွာသူတစ်ယောက်ကို အဲ့ဒီအကောင်ကြီးဝင်ပူးပြီး အစာတောင်းနေတာနဲ့သွားကြုံတယ်....။ ဒါနဲ့ အဲ့ဒီကလေးကိုပါခေါ်ပြီး အကောင်ကြီးဝင်ပူးနေတဲ့နေရာကိုလည်း ရောက်သွားကြတယ်လေ..။ အဲ့ဒီကလေးက တစ်ခွန်းပဲပြောလိုက်ပါတယ်... "တာတေကြီး ကျွန်တော်လူပြန်ဖြစ်နေတာဒီရွာကလူတွေသိသွားကြပြီ" အဲ့ဒီစကားလည်း ကြားရောခုနင်က ၀ုန်းဒိုင်းထပြီးသောင်းကျန်းနေတဲ့ သရဲဝင်ပူးနေတဲ့ရွာသူဟာ ဘောလုံးကိုလေလျှော့လိုက်သလိုပဲ ရှုးဆိုပြီး... အသံကြီးတစ်ချက်မည်ပြီး ပူးနေတဲ့သရဲထွက်သွားတယ်....။ အဲ့ဒီနောက်မှာ ကတော့ အဲ့ဒီရွာလေးမှာ ညောင်ပင်ကသရဲကြီးဖမ်းစားတယ်ဆိုတဲ့အသံကိုမကြားရတော့ဘူး....။ ဘာလို့လဲဆိုတော့ ရွာကလူတွေက ဒီအကောင်ကြီးကိုမပသကြတော့ဘူးလေ..ပြီးတော့ အရင်ကလိုနတ်မဟုတ်ဘူးဆိုတာလဲသိကြလို့ မကြောက်ရွံကြတော့ဘူး ....လူတွေရဲ့ thought form မရှိတော့တဲ့ အတွက်သရဲ ဟာလည်းလူတွေကို အလွယ်တကူမဖမ်းစားနိုင်တော့ပါဘူး....အင်မတန့်အင်မတန် ကံနိမ့်လွန်းနေတဲ့သူတွေမှသာဖမ်းစားနိုင်တော့မှာပါ...။

Thought Form အကြောင်းတွေလာပါဦးမယ်...။
ပရိတ်သတ်ရင်ထဲ အလင်းဝင်ပြီး အမှန်တရားကိုအထင်း မြင်စေဖို့ အတင်းကို Thought Form အကြောင်းပြောပြဦးမယ်နော်....။

Admin:မိုးတိမ်ပုံပြင်(ကိုယ်တိုင်ဖန်တီးတင်ဆက်မှု့)

***စုန်း (သို့) ကဝေအတတ်ပညာနှင့် ဖြစ်ရပ်မှန်ဇာတ်လမ်းများ*** (၁+၂)

November 6, 2013 at 4:54pm
***စုန်း (သို့) ကဝေအတတ်ပညာနှင့် ဖြစ်ရပ်မှန်ဇာတ်လမ်းများ***

ယခုရေးသားမည့် အကြောင်းများသည် “ စုန်း (သို့) ကဝေ ”ဟု အသိများသော အကြောင်းကို

ရေးသားပါမည်၊ ရေးသားရာတွင်လည်း အဖြစ်မှန်များကိုသာ ရေးသားပါမည်၊

ထိုအဖြစ်မှန်များသည်ပင် လိမ်လည်မှု့တစ်ခုပါဟု ဆိုလျှင်တော့ စာရေးသူလည်း

လိမ်လည်ခံရသူများထဲတွင် တစ်ယောက်အပါ အ၀င်သာ ဖြစ်သည်၊ သို့သော်လည်း တကယ်ကို

ဖြစ်ပျက်ခဲ့သည်ဆိုတာကိုတော့ အာမခံ ပြောရဲပါ သည်၊ စာရေးသူကိုယ်တိုင်

မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသော အဖြစ်အပျက်များကိုလည်း ထည့်သွင်း ရေးသားပါမည်၊

စာဖတ်သူအပေါင်းကို ပြောပြချင်တာ တစ်ခုရှိနေပါသည်၊ ထိုအချက်မှာ “ စုန်း (သို့) ကဝေများသည်

ပြိတ္တာများကဲ့သို့ ဘ၀တစ်ခုဖြင့်သီးသန့် တည်နေကြသူများ မဟုတ်၊ သာမာန်လူများထက်

ပိုလွန်သော အစွမ်းအစ စွမ်းအားရှိသူများဖြစ်သည် ” ဟူသော အချက်ဖြစ်သည်။

သာမာန်လူသားတွေထက် ပိုလွန်ထူးခြားသော စွမ်းအားများသည် များစွာရှိသည်၊ အကျဉ်းချုပ်လိုက်

လျှင်တော့ ကောင်းသော စွမ်းအားနဲ့ မကောင်းသော စွမ်းအားဟု နှစ်မျိုးသာ ရှိမည်ထင်သည်၊

ဘုရားစသော အရိယာသူတော်ကောင်းများသည် မဟဂ္ဂုတ်ဈာန်/ အဘိညာဉ်များ, လောကုတ္တရာ

ဈာန်/အဘိညာဉ်များ ရရှိကြသည်၊ ထိုသို့ရရှိခြင်းသည်လည်း သာမာန်လူများထက် ကျော်လွန်သော

စွမ်းအားရှိသူများဖြစ်သည်၊ ထိုဘုရားစသော အရိယာသူတော်ကောင်းများသည် ကောင်းမြတ်သော

အကျိုးများသော အေးချမ်းသော မြင့်မြတ်သော စွမ်းအားကို ပိုင်ဆိုင်ထားကြသူများဖြစ်သည်၊

ထိုပုဂ္ဂိုလ်များကို သာမာန်လူတန်းစားကအစ မည်သူကမျှ ကြည်ပယ်ထားလိုစိတ်မရှိပဲ မြတ်နိုး

တန်းဘိုးထားကြသောကြောင့် ပရလောကသားလို့တော့ မခေါ်သင့် မခေါ်ထိုက်၊ အထက်လမ်းဆရာ

အောက်လမ်းဆရာ ဂိုဏ်းဆရာများနဲ့ စုန်းကဝေအတတ် အပင်းအတတ် အင်းအတတ်

စသည့်စသည့် အတတ်များကို သိထားသော တတ်ထားသောသူများသည် မကောင်းသော စွမ်းအား

ဟု ဆိုနိုင်သည်၊ အဘယ့်ကြောင့် ထိုသို့ ဆိုနိုင်သနည်းဟူသော အချက်ကို ဒီဆောင်းပါးကို

ပြီးအောင်ဖတ်ပြီးသွားသော အခါ သိလာပါလိမ့်မည်။

ထိုမကောင်းသော အစွမ်းကို ပိုင်ဆိုင်ထားကြသူများကို ဥပမာပေးရမည်ဆိုလျှင် “အဆိပ်ရှိသောမြွေ

နဲ့တူသည်”ဟု ဆိုချင်သည်၊ ဥပမာပေးချင်သည်၊ အဆိပ်ရှိသော မြွေများသည် စွမ်းအားရှိကြသည်၊

ထိုစွမ်းအားသည် တစ်ဘက်သားကို ကြီးစွာသော ဆိုးကျိုးဖြစ်စေသည့်အတွက် မကောင်းသော

စွမ်းအားကို ပိုင်ဆိုင်ထားကြသူများဖြစ်သည်၊ ထိုသို့နည်းတူပုံများကို စာဖတ်လို့ ပြီးသွားသောအခါ

သိလာပါလိမ့်မည်၊ ဒီဆောင်းပါးမှာ အကြောင်းအရာ အဖြစ်အပျက်များကို အပိုဒ်များခွဲပြီး

ရေးသားသွားပါမည်။

(၁) ဒေါ်လေးနဲ့ အစ်မအကြောင်း
ဒေါ်လေး (ဖေဖေနဲ့မောင်နှမတစ်ဝမ်းကွဲ) သည် စာရေးသူတို့ အိမ်၏ တောင်ဘက်ခြံဝန်းထဲမှာ

နေသည်၊ ဒေါ်လေးသည် အကြော် (မုန့်ကြော်) ကြော်ရောင်းသည်၊ တစ်နေ့ သူအကြော်ကြော်နေစဉ်

ခွေးနီတစ်ကောင် သူတို့အိမ်လှေကားမှာ လာရပ်နေသည်၊ ထိုခွေးနီသည် “စုန်းပူးခွေး” ဟု

နာမည်ကြီးသည်၊ ဒေါ်လေးလည်း ထိုသို့နာမည်ကြီးတာကို သိသည်၊ ထို့ကြောင့် ကျက်ပြီးသော

မုန့်တစ်ခုကို သစ်ဖက်နဲ့ ထုပ်ကာ ကျွေးလိုက်သည်၊ မြန်လိုက်သည့်ခွေး ဘယ်လိုစားပစ်မှန်း

မသိလိုက်၊ ဒေါ်လေးလည်း မီးဖိုနားပြန်ရောက်တော့ ခွေးက ထပ်ပြီး ကြည့်နေပြန်သည်၊ ဒေါ်လေးက

စိတ်မရှည်သဖြင့် “ဟဲ့ ငါ့မှာ ဈေးဦးတောင် မပေါက်သေးဘူး၊ ငါ တတ်နိုင်သလောက် ကျွေးထားပြီးပြီ၊

တော်ပြီပေါ့ ၊ ပြန်တော့” ဟု ဒေါသသံနဲ့ ပြောပစ်သည်၊ ထိုသို့ အော်လိုက်ချိန်မှာပဲ မုန့်ကြော်နေသော

လက်သည် တဆတ်ဆတ်တုန်ခါလာတော့သည်၊ ဘယ်လိုမှ ဆက်ပြီး မုန့်မကြော်နိုင်တော့ပါ၊

ဒေါ်လေးက “လုပ်ကြပါဦး၊ ငါ့လက်တွေ အရမ်းတုန်နေပြီ” ဟု အော်ဟစ်တော့သည်၊ စာရေးသူတို့

အိမ်မှ ဖေဖေရော မေမေရော မမရော စာရေးသူရော ပြေးသွားရသည်။

စာရေးသူတို့ရောက်တော့ ဒေါ်လေးက လက်တင်မဟုတ်တော့ပါဘူး၊ တစ်ကိုယ်လုံး

တဆတ်ဆတ်တုန်ခါနေတော့သည်၊ ရွာရဲ့ထုံးစံအတိုင်း စာရေးသူတို့ရွာ၏ ဟို ခပ်ဝေးဝေး

တောမှာနေသော ဆေးဆရာကို သွားပင့်ရသည်၊ ဖေဖေအပါအ၀င် သုံးယောက်က သွားပင့်သည်၊

အိမ်နီးချင်းများလည်း ရောက်လာကြသည်၊ ဒေါ်လေးကို ဘယ်လိုမှ ထိန်းမနိုင်ပါ၊ စကားလည်း

မပြောတော့ပါ၊ အားလုံးက ဒေါ်လေးကို ဖက်ထားသူက ဖက် လက်ကို ကိုင်သူကကိုင်နဲ့ တုန်လှုပ်

တုန်ခါမှု့ကို ထိန်းချုပ်ပေးနေရသည်၊ ဖေဖေတို့အဖွဲ့လည်း အပြေးနှင်ကြသည် ထင်ရဲ့၊ မိနစ် (၂၀)

လောက်ကြာတော့ ပြန်ရောက်လာသည်၊ ဆေးဆရာလည်း ပါလာသည်၊ ထူးခြားတာက ဆေးဆရာ

ဒေါ်လေးတို့အိမ်ဝန်းထဲ ၀င်သည်ဆိုလျှင်ပဲ တုန်ခါမှု့တုန်လှုပ်မှု့သည် ရပ်တန့်သွားတော့ သည်၊

ဆေးဆရာကြီးက ပုတီးကုံး အကြီးကြီးနဲ့ မုတ်ဆိတ်မွှေးရှည်ရှည်နဲ့ပါ။

ဆေးဆရာသည် သူ့လုပ်နည်းလုပ်ထုံးအတိုင်း လုပ်သည်၊ ဘုရားစင် ပန်းအိုးထဲမှ ရေများဖြင့်

ပက်ဖျန်း သည်၊ ခဏကြာတော့ မေးတော့သည်၊
ဆေးဆရာ - “ဘာကြောင့် ဒီလိုလုပ်တာလဲ”၊
( ဆေးဆရာက မေးသည်၊ ဒေါ်လေးက ဘာမှ ပြန်မပြောပါ၊ မျက်လုံးနှစ်လုံးကို လုံးဝပိတ်ထားသည်၊

မေးတာ ပြန်မပြောတော့ မဖြေတော့ ဆေးဆရာက ဒေါ်လေးရဲ့ ပါးပြင်ကို ဘယ်ပြန် ညာပြန်

ရိုက်သည်၊ (ဂျပန်ရိုက်နည်းဆိုတာ ဒါများလားမသိ)၊ အချက်ပေါင်း (၂၀) လောက်ရှိမည်၊ ဒေါ်လေး

ပါးပြင်လည်း နီရဲလို့ပါပဲ၊ အားလုံးက ၀ိုင်းအုံကြည့်နေကြသည်၊ ဒေါ်လေးလည်း ခံနိုင်ရည် မရှိတော့

သဖြင့် ပြောရ ဖြေရတော့သည်)၊
ဒေါ်လေး “ ပြန် အော်ပြောလို့ပါ”။
(အသံက သေးသေးလေးပါ၊ ဒေါ်လေးအသံ မဟုတ်တာကိုတော့ စာရေးသူတို့ အားလုံး သိကြသည်)၊
ဆေးဆရာ “နင် ဘယ်သူလဲ”
ဒေါ်လေး “မပြောပါရစေနဲ့”
ဆေးဆရာ “ဘယ်အရပ်ကလဲ”
ဒေါ်လေး “ မပြောပါရစေနဲ့”
ဆေးဆရာ “နင်ဘယ်သူလဲဆိုတာကို မပြောလဲရတယ်၊ ခွင့်လွှတ်တယ်နော်၊ အေး

ဘယ်အရပ်ကပါလို့ မပြောရင်တော့ နင့်ဆံပင်ကို ကိုက်ဖြတ်ပစ်ရမယ်၊ ပေးကြစမ်း ကတ်ကြေး”
(ဆေးဆရာက တကယ်လုပ်မည့် ပုံစံနဲ့ ခပ်မာမာပြောသည်)၊
ဒေါ်လေး “ မလုပ်ပါနဲ့၊ အနောက်တောင်တောင့်ကပါ” (ငိုသံပါလျှက် ပြောသည်)၊
ဆေးဆရာ “အေး နောက်မလုပ်နဲ့၊ သစ္စာရေသောက်ပြီး ပြန်တော့”
ဒေါ်လေး “ဟုတ်ကဲ့ပါ” (သစ္စာရေတိုက်ပြီး ပြန်လွှတ်လိုက်သည်)။
စာရေးသူတို့ တစ်အိမ်လုံးလည်း ဒေါ်လေးအိမ်သို့ရောက်နေသည်၊ အိမ်တံခါးမပိတ်ခဲ့ရသည်မို့

အစ်မက အိမ်တံခါး ပြန်သွားပိတ်သည်၊ အစ်မက ဒေါ်လေးအိမ်ကို ပြန်လာသည်၊ ဖြစ်ချင်တော့

ဒေါ်လေးကို သစ္စာရေတိုက်ပြီး ပြန်လွှတ်ချိန်နဲ့ အစ်မဒေါ်လေးတို့အိမ်လှေကားရောက်ချိန်နဲ့

ကွတ်တိဖြစ်သွားသည်၊ ဒေါ်လေးလည်း ခဏနေတော့ အားလုံးကောင်းသွားပါသည်၊

တစ်ချို့လူတွေက သူတို့အိမ်များသို့ ပြန်သွားကြပြီ၊ စာရေးသူက မပြန်သေးပါ၊

ဒေါ်လေးနဲ့တစ်ခြားလူများပြောနေကြတာကို နားထောင်နေ သည်၊ ဒေါ်လေးသည် ဆေးဆရာ

အိမ်ခြံစည်းရိုးကို ရောက်သည်နဲ့ ဘာမှ မသိတော့ပါ၊ မမှတ်မိ တော့ပါ၊ အကြောင်းမှာ ဆေးဆရာက

သူတို့ဆေးပညာနဲ့ ဆုံးမကို စည်းချဖမ်းချုပ် လိုက်ခြင်း ကြောင့်ဖြစ်သည်၊ ဆေးဆရာက၏

ပါးရိုက်တာကိုလည်း မသိပါ၊ ဒေါ်လေးဘာမှ မသိပါ၊ နာကျင်တာလည်းမရှိ

ကြောက်လန့်တာလည်းမရှိ ၊ ခုမှ အိပ်ရေးမှ နိုးထလာသူကဲ့သို့ဖြစ်နေသည်၊ တကယ်မှာတော့

ဒေါ်လေးဟာ အိပ်မွေ့ချခံထားရသလိုပါပဲ၊ အိပ်ပျော်နေသူတစ်ယောက်လိုပါပဲ၊

မေ့မျောနေသူတစ်ယောက်လိုပါပဲ၊ သူဘာမှ မသိပါ၊ ပါးရိုက်ခံရတာ အသံသေးအသံကြောင်နဲ့ပြောဆို

နေတာဟာ ဒေါ်လေးကိုပူးဝင်ထားသော စုန်းမသာဖြစ်သည်၊ ဒေါ်လေးတို့ပြောဆိုနေတာကို

နားထောင်ရင်းက “အဖေရေ မမ ကိုယ်တွေတုန်နေလို့ ၊ လာပါဦး”ဟု အသံကျယ်ကြီးနဲ့ အော်သံ

ကိုကြားလိုက်ရသည်၊ ညီမလေး အော်လိုက်သည့်အသံပါ။

ဖေဖေက ဆေးဆရာကို ပြန်လိုက်ပို့ မလို့ ဒေါ်လေးအိမ်မှာ ဆေးဆရာနဲ့အတူရှိနေတာပါ၊

ဖေဖေလည်း ညီမအော်သံကြောင့် အိမ်သို့အမြန်သွားသည်၊ စာရေးသူလည်း လိုက်သွားသည်၊

အိမ်ရောက်တော့ အစ်မက တကယ်ကို တုန်လှုပ်နေပါပြီ၊ ဒါနဲ့ဖေဖေက ဒေါ်လေးအိမ်မှ ဆေးဆရာကို

ပင့်ခေါ်သည်၊ ဆေးဆရာ ရောက်လာသည်၊ အစ်မကိုလည်း မေးပြန်သည်၊ ထိုအခါ အစ်မက ”

အိမ်ပြန်တာ၊ သွားစရာလမ်းမရှိလို့ပါ” လို့ ပြန်ဖြေသည်၊ ဒါဆိုလည်း အေးဆေးပြန်တော့ဟု ပြောပြီး

ပြန်လွှတ်လိုက်သည်၊ ပြန်လွှတ် လိုက်ပြီးခဏမှာပဲ အစ်မလည်း ပင်ကိုယ်အတိုင်းပြန်ဖြစ်သွားသည်၊

ဒီအဖြစ်အပျက်ဟာ စာရေးသူကိုယ်တိုင် မြင်ခဲ့ရသော အဖြစ်အပျက်ပါ။

Credit To-မိုးအိမ်
Admin-မိုးတိမ် ပုံပြင်

***စုန်း (သို့) ကဝေအတတ်ပညာနှင့် ဖြစ်ရပ်မှန်ဇာတ်လမ်းများ(၂)***

(၂) ဒေါ်အေးကြည် အကြောင်း
ဒေါ်အေးကြည်ဆိုတာ ရဲသားတစ်ယောက်ရဲ့ဇနီးပါ၊ ဒေါ်အေးကြည်က ရခိုင်လူမျိုးလို့

မှတ်မိနေပါသည်၊ ဟုတ်သည် မဟုတ်သည်တော့ တိတိကျကျ မမှတ်မိတော့ပါ၊

စာရေးသူတို့အိမ်သည် ရဲစခန်းနဲ့ ကပ်လျှက်၊ ရဲစခန်း၏ အနောက်မုခ်မှာ ဒေါ်အေးကြည်တို့အိမ်နဲ့ မချို

(ဂတ်စာရေးဇနီး)တို့အိမ်ပဲရှိသည်၊ ရဲစခန်းအပြင်ဘက်ကပ်လျှက်မှာတော့စာရေးသူတို့အိမ်နဲ့

ဒေါ်လေးတို့အိမ်ရှိသည်၊ တစ်နေ့ နေ့ခင်း ၁း၀၀ လောက်ဖြစ်မည်၊ ဒေါ်အေးကြည် စုန်းပူးနေသည်ဟု

ကြားသဖြင့် စာရေးသူလည်း အပြေးသွားမိ သည်၊ မြင်လိုက်ရသည်က

အရူးမတစ်ယောက်လိုဖြစ်နေသည်၊ ခဏကြာတော့ ဆေးဆရာ ရောက်လာသည်၊ ဒီဆေးဆရာက

တစ်ယောက်၊ ဒေါ်လေးကို ကုပေးသောဆေးဆရာမဟုတ်၊ ဆေးဆရာက မေးသည်၊

ဒေါ်အေးကြည်က မဖြေ၊ ထို့ကြောင့် ဆေးဆရာက အမိန့်နဲ့ ဒေါ်အေးကြည်ကို ဘုရားစင်ရှိသော

အိမ်တိုက်ကို ခေါင်းနဲ့အချက်(၁၀၀)ဆောင့်ခိုင်းသည်၊ ခိုင်းတဲ့အတိုင်းမလုပ်လျှင် ဆံပင်ကို

ဖြတ်ပစ်မည်ဟုပြောသည်၊ ထိုအခါ “ဒိန်း ဒိန်း ဒိန်း”နဲ့ ဆောင့်ရှာသည်၊ အချက်(၁၀၀)

အကြာကြီးစောင့်ရသည်၊ ဆုံးမများသည် ဘယ်တော့မှ ဆံပင်ကို အဖြတ်မခံပါ၊ သနားစရာ

ကောင်းလောက်အောင် ငိုပြသည်၊ သူတို့ ဘာကြောင့် ဒီလိုလုပ်ရသည်ကို ဖြေကြသည်၊ ဘယ်ကလာ

သည်ကို ပြောပြကြသည်၊ သို့သော်နာမည်ကိုတော့ မပြောပြပါ၊ ဆံပင်ကိုအဖြတ်မခံပါ။

ခုဒေါ်အေးကြည်ကိုလည်း အချက်(၁၀၀)ပြည့်အောင် တိုင်ကိုခေါင်းနဲ့ဆောင့်ခိုင်းနေသည်၊ ဆောင့်ပါ

သည်၊ အချက်(၁၀၀)လည်းပြည့်ရော ရပ်သွားသည်၊ ဆေးဆရာက ပြည့်ပြီးလားလို့မေးတော့

အသံသေးသေးလေးနဲ့ ပြည့်ပါပြီလို့ ပြန်ဖြေသည်၊ တကယ်လည်းပြည့်ပါပြီ၊ စာရေးသူရေတွက်ထား

သည်လေ၊ နောက်ကို ထိုသို့မပြုလုပ်ရန် ပြောဆိုပြီး သစ္စာရေတိုက်ကာ ပြန်လွှတ်လိုက်သည်၊

ပြန်လွှတ်လိုက်ပြီးခဏကြာတော့ ဒေါ်အေးကြည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်၊

ဆေးဆရာကြီးက “ဒီစုန်းမတွေကို ဆရာက သတ်ပစ်လို့ရတယ်၊ သတ်ချင်ရင်လွယ်လွယ်လေး၊

မုန့်မှုန့်ကို လူရုပ်လုပ်ပြီး သူ့အသက်သွင်း၊ ပြီးလျှင် မုန့်ကြော်သလို ကြော်ပစ်လိုက်လို့ရတယ်၊ ဒါပေမဲ့

နောက်ဆက်တွဲပြဿနာတွေကြောင့် ဆရာတို့က စိတ်ကို ထိန်းထားရတာ”ဟု ဂုဏ်ယူဝင့်ကြွားစွာ

ပြောပြသည်၊ (ထိုဆေးဆရာကြီးသည် နောက်ပိုင်းတွင် တော်တော်လေး နာမည်ရလာသည်၊

သို့သော်လည်း တစ်ရွာတွင် ပေါင်မှာ သွေးစုနာပေါက်နေသော မိန်းမပျိုလေးတစ်ယောက်ကို

နှာဘူးထပြီး ပျောက်အောင်မန်းပေးမည်ဟု ပြောကာ မန်းပေးသည်တဲ့၊ ဆေးဆရာတို့စည်းသည်

ပင့်မှ လိုက်ရသည်၊ တောင်းဆိုမှ ကုသပေးရသည်၊ ဘာကိုမျှ မမျော်လင့်ရပါ” ၊ ထိုစည်းကို

ချိုးဖောက်မိသောကြောင့် ဆေးစွမ်းပြေသွားသည်တဲ့၊ ဒါကတော့ စာရေးသူ တဆင့်စကား ကြားမိ

တာပါ)။

(၃) ဒေါ်ချိုအကြောင်း
ဒေါ်ချိုဆိုတာ ဂတ်စာရေးကြီး၏ ဇနီးချောလေးဖြစ်သည်၊ တော်တော်ချောပါသည်၊ လှပါသည်၊ ဟိ၊

ဂတ်စာရေးကြီးနဲ့တော့ တော်တော်လေးကို မလိုက်ဖက်လှ၊ ဒေါ်ချိုသည် တစ်ရက်တွင် မနက်

စောစောကြီး အထိပ်တလန့်နဲ့ရောက်လာသည်၊ စာရေးသူက နွားချေးများ ကျုံးနေချိန်၊ မေမေက

“အန်တီချို အစောကြီးပါလား၊ ဒီနေ့ထူးထူးခြားခြား ၀ီရိယကောင်းနေပါလား”လို့ ရယ်သံနှောကာ

ပြောလိုက်သည်၊ ဒေါ်ချိုသည် ၀န်ထမ်းဇနီးပီပီ ဖင်နေထိုးအောင် အိပ်တတ်သည်၊ ဒေါ်ချိုက

“မလုံးရေ၊ ၀ီရိယကောင်းတာ မဟုတ်ဘူး၊ မအိပ်ရဲလို့ အိပ်မပျော်သေးတာ” လို့ ပြန်ဖြေသည်၊

စာရေးသူလည်း ဒေါ်ချို့ပုံစံကိုကြည့်ပြီး သဘောကျသွားသည်၊ သူ့ပုံစံက တစ်ခုခုကို

ကြောက်လန့်နေသည့်ပုံလေ၊ ဒေါ်ချိုက “ မလုံးရယ်၊ ညက ၁၂း၀၀ လောက်မှာလေ၊ ကျွန်မ အိမ်သာ

သွားချင်လို့ ထလာခဲ့တာ၊ အိမ်သာထဲမှာ ထိုင်ကာစပဲ ရှိသေးတယ်၊ ခြံစည်းရိုးကို ကျော်ပြီး

ပေါ်လာတယ် မလုံးရေ၊ မီးလုံးတစ်ခု၊ ကျွန်မမှာလေ ချွေးတွေကို ဆိုရွဲလို့၊ အော်လည်း မအော်ရဲဘူး၊

ပြေးလည်း မပြေးရဲဘူး၊ ပြီးတော့ မီးလုံးက ကျွန်မအိမ်သာရဲ့ အထက်မှာ ၀ဲနေတာ၊ လည်နေတာ၊

ကျွန်မလေ လန့်ပြီးသေတော့မလာတောင်း ထင်ရတယ်၊ စုန်းဆိုတာ အဲဒါဖြစ်မယ်နော်၊ ဒီတစ်ခါပဲ

ကိုယ်တွေ့မြင်ဖူး တော့တယ် မလုံးရယ်၊ နောက်နေ့တွေတော့ ကျွတ်ကျွတ် အိတ်နဲ့

ကိစ္စပြီးရတော့မယ်၊ အဲဒါ သတိရတုန်း ကျွတ်ကျွတ်အိတ်သွားဝယ်မလို့” ဟုပြောသည်၊ မေမေက

“ဖြစ်နိုင်တယ်၊ ကျွန်မကတော့ တစ်ခါမှ ကိုယ်တိုင်မမြင်ဖူးသေးဘူး၊ နာမည်တော့ ကြီးတယ်၊ ရွာထဲမှာ

အများကြီးရှိတယ် လို့ကြားတယ်၊ သူတို့က လပြည့် လကွယ်ဆို ထွက်တတ်တယ်လို့လည်း

ကြားဖူးတယ်၊ အန်တီချိုတို့ အိမ်သာပေါ်ဝဲနေတယ်ဆိုတော့ ချီးစားစုန်းများဖြစ်နေမလားမသိဘူး”လို့

ပြောပြသည်၊ ဒါကလည်း ကတယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ပါနော်၊ (ချီးစားစုန်းရှိသည်ဆိုတာ

ကိုတော့ စာရေးသူကြားဖူး သလို စာဖတ်သူလည်း ကြားဖူးလိမ့်မည်ဟု ယုံကြည်ပါသည်)။

(၄) ဦးလေးစိုးမောင်အကြောင်း
ဦးလေးစိုးမောင်သည် အမှတ်(၁)ရပ်ကွက်မှာနေသည်၊ မေမေတို့သည် အမှတ်(၅)ရပ်ကွက်သို့

ပြောင်းလာကြသည်၊ မေမေနဲ့ ဦးလေးစိုးမောင်သည် မောင်နှမတစ်ဝမ်းကွဲ တွေဖြစ်သည်၊

ဥိးလေးသည် သူ့ညီမဖြစ်သော မေမေ့ကို အရမ်းချစ်ရှာသည်၊ ထို့ကြောင့် မေမေ့ကို

စောင့်ရှောက်နေသည်၊ ဟိ၊ မေမေတို့ငယ်စဉ်က ညဘက်လသာချိန်ဆိုလျှင် ဦးဘိုးညွှန့်အိမ်ဝန်းထဲမှာ

အမျိုးသမီးများ စုကာ ချည်ငင်ကြသည်၊ ထိုဥိးဘိုးညွှန့်အိမ်သည် ဖေဖေတို့အိမ်နဲ့ တောင်ဘက်

မြောက်ဘက်၊ ဖေဖေက မေမေ့ကို ကြိုက်နေသည်တဲ့၊ ထိုအကြောင်းသိထားသော

ဦးလေးစိုးမောင်က မေမေ့ကို လိုက်ပြီး စောင့်ရှောက်နေဟန်တူသည်၊ သို့မဟုတ်

မေမေ့သူငယ်ချင်းကို သဘောကျ နေလို့များလားတော့ မပြောတတ်၊ ဦးလေးသည် မေမေတို့

ချည်ငင်ပြီးလျှင် မေမေ့ကိုလိုက်ပို့ပြီး သူ့အိမ်ကို ပြန်သည်၊ တစ်နေ့ ချည်ငင်ပြီးတော့ မေမေက “ဒီနေ့

လိုက်မပို့နဲ့တော့” လို့ ပြောသည်၊ ဟီးးးးးးး ၊ ဖေဖေလိုက်ပို့မှာ ဖြစ်လို့လားတော့ မသိ၊

ဦးလေးစိုးမောင်ကလည်း “အေး အဲဒါဆိုလည်း ငါပြန်မယ်၊ ငါ ဒီနေ့ လက်နှိပ်မီးမပါလာဘူး၊ နင်

လျှောက်သွားမနေနဲ့နော်၊ အိမ်ကို တန်းပြန်” လို့ မှာသည်၊ မေမေလည်း ခေါင်းငြိမ့်ပြသည်။

ဦးလေးလည်း လမ်းမကြီးအတိုင်း ပြန်မလို့ပါပဲ၊ သို့သော် တစ်နေရာအရောက်တွင် သီးသီးပင်

အောက်မှာ ဆံပင်ရှည်နဲ့အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်သည်၊ ဘယ်သူဘယ်ဝါလို့တော့ ကွဲကွဲ

ပြားပြားမသိ၊ ဆုံးမပဲဟု တွေးကား လမ်းမကြီးအတိုင်း မသွားရဲတော့၊ ဒါနဲ့ အနီးနားက

ဦးမောင်တင်တို့ အိမ်ဝန်းထဲမှ ဖြတ်ပြန်သွားဘို့ အိမ်အောက်ကို ၀င်လိုက်သည်၊ ထိုသို့ဝင်လိုက်လျှင်ပဲ

ဦးလေး၏ဆံထုံးကို ဆွဲဆောင့်ခံလိုက်ရသည်၊ “အမလေးးးးးးးးးးးးးးးးးးးးး” ဟု

ငယ်သံပါအောင်အော်ပြီး တစ်ဟုန်ထိုးပြေး တော့သည်၊ ဦးလေးသည် ဆံပင်ရှည်

ရောင်ထုံးနဲ့ဖြစ်သည်၊ ထိုသို့ဆွဲဆောင့်ခံရပြီး ကတည်းက ဆံရှည် မထားတော့၊ ဟိ၊

နောက်နေ့တွေလာလျှင်လည်း အစောကြီးပြန်သွားတော့သည်၊ ချည်ငင်ပြီးသည်ထိ မစောင့်တော့၊

ဟဲဟဲ ၊ ဖေဖေက နေ့တိုင်းလိုလို လိုက်ပို့ရသည်ထင်ရဲ့၊ အင်း ဦးလေးမလာတော့တာ ကလည်း

ဖေဖေအတွက် အခွင့်အရေးရလိုက်ခြင်းပါပဲ၊ ထိုအကြောင်းအရာများ သည် စာရေးသူ မမွေးခင်က

ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသာဖြစ်သည်၊ ထို့ကြောင့် စုံစုံစေ့စေ့တော့ မသိ၊ စုန်းအကြောင်း

ပြောရာတွင် ထိုအကြောင်းများ ပါလာသဖြင့် စာရေးသူမှတ်မိ နေခြင်းဖြစ်သည်။

Credit To-မိုးအိမ်
Admin-မိုးတိမ် ပုံပြင်

******ဟို.....ဟိုတယ်ရဲ့ဇာတ်လမ်းများထဲမှတစ်ခု.....******

November 6, 2013 at 9:38pm
******ဟို.....ဟိုတယ်ရဲ့ဇာတ်လမ်းများထဲမှတစ်ခု.....******

ဇာတ်လမ်း ပေးပို့တင်ဆက်သူ-Aung Htun Oo

ပြင်ဦးလွင်မှာ ဟိုတယ်တစ်ခုရှိတယ်ဗျ..။ နာမည်တော့ ထည့်မရေးတော့ပါဘူး..။ အင်္ဂလိပ်လက်ထက် ကတည်းက ရှိခဲ့တဲ့ဟိုတယ်တစ်ခုပေါ့ဗျာ.. ဒီလောက်ဆို သိမယ်ပါတယ်..။ တစ်ခေါက်က မိသားစုလိုက် ခရီးထွက်ရင်းနဲ့ အဲ့ဒီဟိုတယ်မှာ ၀င်တည်းခဲ့ဖြစ်ကြတယ်..။

ဟိုတယ်ဝန်းထဲ ၀င်ဝင်ချင်းပဲ ကျွန်တော့် ကိုယ်ပေါ်က ထူးဆန်းစွာ ကြက်သီးမွေးညှင်းတွေ ထလာတာကို သိလိုက်ရတယ်..။ ကျွန်တော် သိလိုက်ပြီ..။ ဒီဟိုတယ်မှာ တစ်ခုခုတော့ ရှိနေပြီ…။ ပြီးတော့ ကျွန်တော့် စိတ်ထင်နေလို့လား မသိဘူး…။ ဟိုတယ်က လူသူကင်းမဲ့ပြီး ခြောက်ကပ်နေတယ်လို့ ခံစားမိတယ်..။ ဒါနဲ့ပဲ Reception မှာ Check-In ၀င်တော့ မနေနိုင်ပဲ မေးမိသေးတယ်…။

"ခရီးသွားရာသီ မဟုတ်တော့ လူပါးနေတာပါ…" တဲ့..။

အဖြေက လက်ခံနိုင်စရာရှိတာကြောင့် ကျွန်တော်လည်း ငါကိုက အတွေးလွန်နေတာ ပါလေလို့ ဖြေသိမ့်လိုက်တယ်…။ ဒါနဲ့ပဲ အခန်းတွေ လိုက်ပြပေးဖို့ဆိုပြီး အဆောင် တစ်ခုကို ခေါ်သွားတယ်..။ ကျွန်တော် သိသလောက်တော့ အဲ့ဒီအဆောင်က ၀န်းကြီးကျင် ညာဘက်ထောင့်ဆုံး မှာ ရှိတယ်ဗျ..။ သီးသန့်ကြီး ရှိနေတဲ့ အဆောင်ကြီးပေါ့..။ သွားရင်းနဲ့ ကျွန်တော်လေ့လာကြည့်မိသလောက် ဒီအဆောင်ကြီးကို အင်္ဂလိပ်ခေတ်ထဲက တည်ဆောက်ထားပုံရတယ်..။ သစ်သားတွေကိုပဲ အများဆုံး အသုံးပြုထားပြီး ဒီဘက်ခေတ်မှာ အနည်းငယ်သာ ပြန်မွန်းမံထားတယ်လို့ ယူဆရတယ်..။

အဲ့ဒီအဆောင်ထဲ ၀င်လိုက်ချင်းပဲ ကျွန်တော် ကြက်သီးတွေ ထလာပြန်တယ်..။ အဆောင်စောင့်တဲ့ ကောင်လေး တစ်ယောက် ပြေးလာပြီး ဟိုတယ်ဝန်ထမ်းနဲ့ စကားတွေ ပြောကြတယ်..။ ပြီးတော့ ကျွန်တော်တို့ကို အပေါ် ထပ်ကို ခေါ်သွားတယ်..။ အဆောင်တစ်ခုလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး ကြမ်းခင်းပေါ်မှာ ကျွန်တော်တို့ရဲ့ လမ်းလျှောက်တဲ့ခြေသံ "တကျွီကျွီ" က ကျယ်လှောင်စွာ ထွက်နေတယ်..။ ဒီလိုနဲ့ အဖေနဲ့အမေက တစ်ခန်း ကျွန်တော်က တစ်ခန်း ကပ်လျက် အခန်း ၂ ခန်းကို ယူလိုက်ကြတယ်..။

"အစ်ကို ဒီအခန်းမှာ နေမလို့လား.."

"ဟုတ်တယ်လေ… ဘာလို့လဲ.."

"သြော်..ဘာမှမဟုတ်ပါဘူး..ဒီအခန်းထဲမှာ အခန်းတစ်ခန်း အပိုရှိတယ်..အဲ့ဒါကို မဖွင့်ပါနဲ့လို့ ပြောမလို့ပါ.."

"ဟင် …. အခန်းအပို ဟုတ်လား… ဘယ်မှာလဲ…? "

ဟိုတယ်ဝန်ထမ်းက အိမ်သာအခန်းလောက်ပဲ ကျယ်တဲ့ အခန်းတစ်ခန်းကို လိုက်ပြတယ်..။ ကျွန်တော့်ရဲ့ ကုတင် ခြေရင်းလောက်မှာ ရှိတာပါ…။ သံကြိုးနဲ့ သော့တစ်လုံးနဲ့လည်း အခန်းကို အကျအန ခတ်ထားပါသေးတယ်..။

"မင်းဟာက သော့ခတ်ထားတာပဲ..ဖွင့်ချင်ရင်တော့ ဖွင့်လို့မရပါဘူး.."

"အရင်က သော့မခတ်ထားပါဘူး… ခုမှ ဘာလို့ခတ်လိုက်လဲ မသိဘူး…"

ပြောပြောဆိုဆို ကျွန်တော်တို့ကို နှုတ်ဆက်ပြီး ဟိုတယ်ဝန်ထမ်းက အလောတကြီး ပြန်သွားခဲ့သည်။ အချိန်က နေ့လည် ၂း၀၀ နာရီလောက်ပဲ ရှိသေးပေမယ့် ခရီးကလည်း ပန်းလာတာကြောင့် တစ်ရေးတစ်မော အိပ်စက်ချင်တာကြောင့် အမေတို့ကို ပြောပြီး အိပ်စက်လိုက်သည်။
ရုတ်တရက် နိုးလာတော့ ညနေ (၅း၀၀) နာရီထိုးနေပြီ..။ အဖေနဲ့အမေ အခန်းကို သွားကြည့်တော့ မရှိ.. ။ အပြင်ထွက်သွားပြီ ထင်သည်။ ဖုန်းဆက်ကြည့်လိုက်တော့…

"သားရေ… အမေတို့ ဒီက အသိတစ်ယောက်အိမ်မှာ .. သားအိပ်နေတာနဲ့ မနှိုးတော့တာ..သား လိုက်ချင်လိုက်ခဲ့လေ.. အမေတို့တော့ ဒီည ပြန်လာချင်မှ ပြန်လာဖြစ်မယ်.. ညတစ်အားနက်သွားရင် ဒီမှာပဲ အိပ်လိုက်တော့မယ်… သားတစ်ယောက်တည်း နေရဲလား..အဲ့ဒီမှာ…"

"ဟုတ်…မလိုက်လာတော့ဘူး…သားနေရဲပါတယ်….."

ဗိုက်ကဆာလာတာကြောင့် အစောင့်ကောင်လေးကို လိုက်ရှာလိုက်သည်။

"ညီလေး..ဒီနားမှာ ဘာစားစရာရှိလဲ.."

"ဟိုးဘက်နားမှာ ထမင်းဆိုင်ရှိတယ်… ကျွန်တော် ပြန်တော့မှာ..ကျွန်တော်နဲ့ လိုက်ခဲ့လေ.. လိုက်ပြပေးမယ်.."

"ဟင်.. မင်းက ပြန်တော့မှာလား.. ဒီမှာစောင့်ရတာ မဟုတ်ဘူးလား.."

"ကျွန်တော်က နေ့ပဲ စောင့်တာ.. ညစောင့်တော့ မထားတာကြာပြီလေ…"

"သြော်…" ကျွန်တော် ဆက်မေးချင်ပေမယ့်လည်း မမေးဖြစ်ခဲ့..။ တော်ကြာ ကြောက်တတ်လှချေလားလို့ အထင်မခံနိုင်…။

ဒီလိုနဲ့ ထမင်းစားပြီး ဟိုတယ်ပြန်ရောက်တော့ ည၈း၀၀ နာရီထိုးပြီ..။ ဘာမှလုပ်စရာမရှိတာနဲ့ Laptop ဖွင့်ပြီး တွေ့ရာ ဗွီဒီယိုတစ်ဖိုင်ကို ဖွင့်လိုက်သည်။ Evil Dead …။ မဖြစ်သေးပါဘူး… ကိုယ်က တစ်ယောက်တည်းပါဆိုမှ သရဲကားနဲ့ လာတိုးနေတယ်..။ နောက်တစ်ဖိုင်ဖွင့်လိုက်သည်။ Walking Dead ..။ ဖွင့်သမျှ သရဲကားတွေချည်းဖြစ်နေတော့သည်။ ကိုယ့် laptop ထဲလည်း သရဲကားတွေပဲ စုထည့်ထားမိသည်ကိုး..။ နောက်ဆုံးတော့ ဘာမှမကြည့်တော့ပဲ laptop ပိတ်ပြီး အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။

အိပ်ခါနီး ဘုရားရှိခိုးပြီး မေတ္တာပို့အမျှဝေတော့ ကြက်သီးတစ်ကြိမ် ထလိုက်သေးသည်..။ ဘာမှ ထွေထွေထူးထူး မစဉ်းစားပဲ အိပ်ယာဝင်လိုက်သည်။ ဒီလိုနဲ့ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည် မသိ…. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာ

"အဟစ်…အဟစ်…အဟစ်…."

"ဟိ…ဟိ…ဟိ…ဟိ…"

ဟင်…. ကလေးနှစ်ယောက်ရဲ့ ရီသံ..။ တိတိကျကျပြောရရင်.. ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး တစ်ယောက်ရဲ့ ရီသံ…။ ကျွန်တော် မျက်လုံးမဖွင့်…။ ဒါပေမယ့် အိပ်ပျော်နေသည် မဟုတ်…။ ကျွန်တော် ကြားနေတာ ကျွန်တော်သိသည်။ ဒီရီသံတွေကို ကျွန်တော်ကုတင်ခြေရင်းကနေ ကြားနေရခြင်းဖြစ်သည်။ တိတိကျကျဆိုရရင် ဟိုအခန်းထဲကနေ ထွက်လာခြင်း..။

"ဟိ..ဟိ..ဟိ…ဟိ… အဟစ်…ဟစ်…ဟစ်…"

ကျွန်တော် စိတ်မထိန်းနိုင်တော့ပဲ အိပ်နေရင်းကနေ မျက်လုံးလေး အသာဖွင့်ပြီး ခြေရင်းက အခန်းကို ကြည့်လိုက် မိသည်။

ဟင်…။ သော့…သံကြိုး…။ တစ်ခုမှ မရှိတော့ပါလား…။ နေ့ခင်းက တွေ့ခဲ့သည့် သော့နဲ့သံကြိုး မရှိတော့..။ တံခါးမှ စေ့သာထားသည့် ပုံစံဖြစ်နေသလို အခန်းထဲမှ အလင်းရောင်အနည်းငယ်က အပြင်သို့ ဖြာထွက်နေသည်။ ကျွန်တော် ကုတင်ပေါ်က အသာထလိုက်သည်။ ပြီးတော့ အသံမထွက်အောင် ခြေဖျားထောက်ပြီး ဟနေတဲ့တံခါးကနေ အခန်းတွင်းကို ချောင်းကြည့်လိုက်သည်။ အခန်းအတွင်းမှာက….

အသက် ၅ နှစ်နဲ့ ၆ နှစ်ကြားမှာ ရှိတဲ့ အင်္ဂလိပ်လူမျိုး ကောင်ေ လးနဲ့ ကောင်မလေး နှစ်ယောက် ဆော့ကစားနေကြသည်။ ကျွန်တော် မယုံ…။ မျက်လုံးကို သေချာပွတ်ပြီး ပြန်ကြည့်ကြည့်သည်။ ကောင်လေးနဲ့ ကောင်မလေးကိုတွေ့ဆဲပင်… ကျွန်တော် အံ့အားသင့်စွာ ကြောင်ပြီး ငေးကြည့်နေမိသည်။ သူတို့ဆော့ကစားနေ ရင်းမှ ကောင်လေးက ကောင်မလေးလက်ကို ဆွဲလိုက်သည်။ ဒါပေမယ့် လူမပါလာပဲ ကောင်မလေး လက်ချည်းသက်သက်သာ ကောင်လေးဆီပါလာသည်။

"အောင်မလေးဗျ…."

ကျွန်တော်လန့်ပြီး အော်လိုက်မိသည်။ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မျက်လုံးအစုံက ကျွန်တော်ချောင်း ကြည့်နေတဲ့ တံခါးကြားသို့ ရောက်လာသည်။ သူတို့ရဲ့မျက်လုံးတွေက အသက်မပါတဲ့ အရုပ်မျက်လုံးတွေလို တံခါးကြားက ကျွန်တော့်မျက်လုံးနဲ့ ဆုံမိကြသည်။

"အားးးးးး…"

ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ… အခန်းပြင် ကိုထွက်ပြေး သည်။ အောက်ထပ်ကို ပြေးဆင်းသည်။ အောက်ထပ်ရောက်တော့ အပေါ်ထပ်က "တကျွီကျွီ" နဲ့ ခြေသံများကို ထပ်မံကြားရသည်။ သေချာပြီ..။ ကျွန်တော့် နောက်ကို တစ်စုံတစ်ခု လိုက်နေပြီ..။ အပြင်ထွက်ဖို့ တံခါးဆီကို ကျွန်တော်ပြေးသည်။ ကျွန်တော် တံခါးဖွင့်ဖို့ လုပ်နေတုန်း. အပေါ်က ခြေသံတွေက အောက်ကို ရောက်လာပြီ..။ ကျွန်တော် လှည့်ကြည့်လိုက် တော့ ဟို ကလေး နှစ်ယောက်….။ အရေးထဲ အဆောင်တံခါးက ဖွင့်လို့မရ ကြပ်နေသည်။ နောက်ဆုံး တံခါး ဖွင့်လို့ရတော့ အပြင်ကိုပြေးထွက်သည်။ အပြင်မှာလည်း မှောင်မည်းနေပြီး ဘာကိုမှ သည်းသည်းကွဲကွဲမမြင်ရ..။ နောက်ကိုလှည့်ကြည့်တော့ ဟိုကလေးနှစ်ယောက် လိုက်လာသေးသည်။ ဒါနဲ့ ခြံဝန်းတံခါးဆီကိုကျွန်တော် ပြေးသည်။ ကံဆိုးစွာ ခြံဝန်းတံခါးက သော့ခတ်ထားသည်။ မတတ်နိုင်..။ ခြံဝန်းကို ကျွန်တော် ခုန်ကျော်လိုက်သည်။ လမ်းမကြီးပေါ်ကို ရောက်တော့ လမ်းမီးတွေ ထိန်ထိန်သာနေတာကြောင့် အနည်းငယ်အားရှိသွားသည်။ ကလေးနှစ်ယောက်ကတော့ ဆက်မလိုက်လာတော့ပဲ ခြံဝန်းတစ်ခါးကို ကိုင်ပြီး ကျွန်တော့်ကို မျက်လုံး သေတွေနဲ့ ကြည့်နေကြသည်။

ကျွန်တော် ထိုနေရာက အမြန်ပြေးထွက်ခဲ့ပြီး…. ပြင်ဦးလွင် ဗိုလ်သင်တန်းကျောင်းရဲ့အရှေ့က ရုပ်ထုကြီးတွေ အောက်မှာ ထိုင်ပြီး မိုးအလင်းကို စောင့်နေခဲ့ရသည်။ နောက်နေ့ မနက်လင်းလင်းချင်းပဲ P.C.O ကနေ အမေတို့ဆီကို ဖုန်းဆက် အထုတ်အပိုးတွေ ပြန်ယူပြီး အဆိုပါ ဟိုတယ်ကနေ အပြီးပြောင်းခဲ့လေတော့သည်။

သြော်…မေ့လို့… ကျွန်တော် တည်းခဲ့ရတဲ့ အခန်း နံပါတ်က….101…ပါ…။ အခန်းအပိုရှိတဲ့ အခန်းဆိုရင် အဲ့ဒီ ဟိုတယ်က ၀န်ထမ်းတွေ အကုန်သိပါတယ်..။ မယုံရင်တော့ သွားပြီး တည်းကြည့်စေချင်ပါတယ်ဗျာ..။

ဇာတ်လမ်းပေးပို့တင်ဆက်သူ ကိုအောင်ထွန်းဦးကို အက်ဒမင်အဖွဲ့မှအထူးကျေးဇူးတင်ရှ
ိပါသည်...။
Admin:မိုးတိမ်ပုံပြင်